Channel Myanmar

Florence Loiret Caille

Code Unknown (2000) 7.1
Code Unknown (2000) ဒီတစ်ခါတော့ ပြင်သစ်လမ်းမကြီးပေါ်မှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ဇာတ်လမ်းတွေကိုစုပေါင်းပြီး ရိုက်ပြထားတဲ့ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျွန်ဆိုတဲ့လူဖြူကောင်လေးတစ်ယောက်ကလမ်းဘေးမှာ မာရီယာ လို့ခေါ်တဲ့ပိုက်ဆံတောင်းတဲ့အမျိုးသမီးကိုရိုင်းပြတဲ့အပြုအမူပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကို အာမန်ဒူက ဝင်ဖြေရှင်းပေးခဲ့ပေမယ့်သူကလူမည်းတစ်ယောက်ဖြစ်နေတော့ပတ်ဝန်းကျင်က သူ့ကိုပဲအပြစ်တင်ခဲ့ပါတယ်။နောက်ဆုံး ရဲတွေရောက်လာပြီးနောက် ဂျွန်၊ အာမန်ဒူ နဲ့မာရီယာတို့ကို ရဲစခန်းခေါ်သွားခဲ့ပါတယ်။ လူဖြူလူမည်းခွဲခြားမှုတွေ ၊ ဆင်းရဲချမ်းသာမမျှတမှုတွေနဲ့နေထိုင်မှုပုံစံကွဲပြားခြားနားမှုတွေကိုအသားပေးရိုက်ပြထားတာမို့ ရဲစခန်းရောက်ပြီးနောက်ပိုင်းသူတို့သုံးယောက်ရဲ့ အနေအထားကဘယ်လိုဆက်ဖြစ်မလဲဆိုတာဆက်ကြည့်လိုက်ပါဦးနော်....  File size…    2.7 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa
movie

Code Unknown (2000)

About Joan (2022) 6
About Joan (2022) About Joan (2022)IMDb 6.2 ရထားတဲ့ ပြင်သစ်ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဂျိုအန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးပြထားတာပါ။ ပြင်သစ်ကားတွေရဲ့ ထုံးစံအတိုင်း Love and Relationship ကို အနုပညာမြောက်အောင် တင်ပြထားတာပါ။ဂျိုအန် ဆိုတဲ့ အမျိုးသမီး က အသက်ငယ်ရွယ်တဲ့အချိန်မှာ အချစ်ဦး နဲ့ ရင်သွေးကလေး ရသွားခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူ့ချစ်သူနဲ့ကွဲသွားပြီး ပြန်ဆုံတဲ့အချိန်ရောက်တော့လည်း သူ့ချစ်သူမှာ သက်ဆိုင်သူအသစ်ရှိနေပါပြီ။ ဒီတော့ ဂျိုအန်တစ်ယောက် ရည်းစားဦးကို ဖွင့်မပြောဘဲ ထားခဲ့ပါတယ်။ ဒီကြားထဲ မိခင်ဖြစ်သူက နောက်ယောက်ျားနဲ့ဖောက်ပြန်ပြီး သူတို့မိသားစုကို ထားသွားပါတယ်။ အဲဒီလို စိတ်ဒဏ်ရာတွေနဲ့ ဂျိုအန်တစ်ယောက် သူ့သားနဲ့အတူတူ ဘဝကို ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကို အတိတ်ကို ပြန်တွေးတဲ့ပုံစံနဲ့ ရိုက်ကူးပြထားပါတယ်။ Single Mom ဖြစ်တဲ့ ဂျိုအန်ရဲ့ ဘဝဖြတ်သန်းပုံ အသေးစိတ်ကို အနုပညာရသမြောက်အောင် ဘယ်လိုဖန်တီးထားတယ် ဆိုတာတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလိုက်ပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Drama, Romance Quality…. 1080p ...
movie

About Joan (2022)

2022