Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fivel Stewart
Wake (2024)
Horror/Thriller ရုပ်ရှင်တစ်ခုပါ။ လိတ်ခ်လို့အမည်ရတဲ့မိန်းကလေးတစ်ယောက်က ဟောလီးဝုဒ်မှာ နာမည်ကြီးရုပ်ရှင်တစ်ခုဖြစ်တဲ့ Wake ဆိုတဲ့ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးမယ့်ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးနေရာမှာပါ၀င်ရဖို့ အသည်းအသန်ဖြစ်နေပါတယ်။လိတ်ခ်ဟာ Wake မူလရုပ်ရှင်ရဲ့ သရုပ်ဆောင်ဖြစ်ခဲ့ဖူးတဲ့ အကယ်ဒမီဆုရှင်အမျိုးသမီးကြီးဖြစ်တဲ့ မစ္စအေဘယ်လ်ဆိုသူဆီသွားပြီးတော့ သူမ ခေါင်းဆောင်မင်းသမီးနေရာကို ရနိုင်ရေးအတွက် ကူညီပေးဖို့တောင်းဆိုပါတော့တယ်။ ဒါပေမဲ့ မင်းသမီးကြီးက သူမကို ကိုယ့်ရဲ့ဇာတ်ကောင်နဲ့တသားတည်းကျအောင် ဘယ်လိုပေါင်းစည်းရမလဲဆိုတဲ့ သရုပ်ဆောင်နည်းနာတွေကိုပဲ သင်ပေးဖို့ကမ်းလှမ်းလာတဲ့အခါမှာတော့ လိတ်ခ်တစ်ယောက်လည်း မင်းသမီးကြီးရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပါတယ်။ဒီလိုနဲ့ လိတ်ခ်တစ်ယောက် မင်းသမီးကြီးနားကနေ ဒီနည်းလမ်းကိုသင်ယူနေတဲ့အချိန်မှာ သူမရဲ့စိတ်ထဲက ကွယ်ပျောက်နေတဲ့မှတ်ဉာဏ်တွေ တစတစပြန်ပေါ်လာတဲ့နောက်မှာတော့ လိတ်ခ်နဲ့ မင်းသမီးကြီးအေဘယ်လ်တို့က ဘယ်လိုဆက်စပ်နေကြတာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(890 Mb)/(400 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:25:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie
Wake (2024)
5.1
Umma (2022)
Umma (2022) ====================== Killing Eve ဇာတ်လမ်းတွဲနဲ့လူသိများတဲ့ ကိုရီးယားမင်းသမီး Sandra Oh ဦးဆောင်ပါဝင်ထားတဲ့ Horror ကားကောင်းလေး ဖြစ်ပါတယ်။ Asian အငွေ့အသက်တွေပါတဲ့ Horror Genre အမျိုးအစားဖြစ်တာကြောင့် ကြောက်ဖို့ မကောင်းမှာတော့ မပူရပါဘူး။ဇာတ်လမ်းပုံစံကတော့ မိခင်ရဲ့ညှင်းပန်းနှိပ်စက်မှုကြောင့် ကိုရီးယားကနေ US ကိုထွက်ပြေးပြီး အခြေချနေထိုင်လာခဲ့တဲ့ အမန်ဒါဟာ ခရစ်ဆိုတဲ့ သမီးလေးတစ်ယောက် အရွယ်ရောက်လာတဲ့အထိပါပဲ။ သားအမိနှစ်ယောက် ပျားမွေးမြူရေးလုပ်ကိုင်ရင်း ဖုန်းမရှိ..အီးမေးလ်မရှိ အင်တာနက်မရှိဘဲ ပတ်ဝန်းကျင်နဲ့အဆက်သွယ်ဖြတ်ကာ ဇာတ်မြှုပ်နေထိုင်ခဲ့ကြပါတယ်။ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာဖန်လာတော့ အမန်ဒါရဲ့ ဦးလေးဖြစ်သူဟာ ကိုရီးယားကနေ အိမ်ရှေ့တံခါးဝဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။ သူနဲ့အတူ သေဆုံးသွားတဲ့ အမန်ုဒါအမေရဲ့ အရိုးပြာနဲ့အကြွင်းအကျန်ပစ္စည်းတွေ ပါလာခဲ့ပါတယ်။ သမီးကိုနောက်ဆုံးစွဲလန်းစိတ်နဲ့သေသွားခဲ့တဲ့ အမန်ဒါရဲ့ မိခင် ဝိဉာဉ်ဟာ ခရစ်နဲ့အမန်ဒါတို့ နှစ်ယောက်ဘဝထဲ ဂြိုလ်ဆိုးတွေဝင်လာခဲ့တဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဒီ Umma ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်Genre.....Drama,Horror, Mystery Quality….WEB-DL 1080p and 720p and 480p File size… 1.47GB and 728MB ...
movie
Umma (2022)
2022