Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fish Liew
6
Twilight of the Warriors: Walled In (2024)
Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့ အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲက သီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေး မတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ မဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့ ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက် လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက် နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်က လူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့ ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့ အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကား ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။ Filesize : 3.5 GB / 1.19 GB / 716 MB Quality : WEB-DL 2160p (4K), 1080p , 720p Format : mp4 Genres : Action , Crime , Thriller Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ...
movie
Twilight of the Warriors: Walled In (2024)
4K HEVC
7.2
A Guilty Conscience (2023)
A Guilty Conscience (2023) ======================= IMDb rating - 7.2, RT - 93% Awards - 4wins & 17 nominationsဒီကားလေးကတော့ crime/ mystery အမျိုးအစားဟောင်ကောင်ကားလေးဖြစ်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ အေဒီရီယန်လန်ဆိုတဲ့ ၀တ်လုံတော်ရရှေ့နေက ကလေးသူငယ်ညင်းပန်းနှိပ်စက်မှုနဲ့စွဲချက်တင်ခံထားရတဲ့ ဆင်ဂယ်မားကျန်းမျိုးရိုးကို အမှုလိုက်ပေးပါတယ်။ နောက်တော့ သူ့ရဲ့ပေါ့ပျက်ပျက်နိုင်မှုကြောင့် မိခင်ဖြစ်သူကအပြစ်မရှိဘဲ လူသေစေမှုနဲ့ (၁၇)နှစ် ထောင်ဒဏ်ကျခံလိုက်ရပါတယ်။အဲဒီကနေမှ အေဒရီယန်လန်က အပြစ်ရှိစိတ်နဲ့ အဲဒီအမှုကိုအယူခံပြန်၀င်နိုင်ဖိုကြိုးစားပြီး ဆင်ဂယ်မားဖြစ်သူကို တရားသေလွှတ်နိုင်ဖိုကြိုးစားပါတယ်။ ဒါပေမဲ့ အမှူကမရိုးရှင်းပဲ နောက်ကွယ်မှာ အင်အားကြီးမိသားစုတစ်ခုရှိနေပါတယ်။ ငွေများငွေနိုင်တဲ့လောကကြီးမှာ ကျန်းမျိုးရိုးမိခင်ဖြစ်သူက အပြစ်မရှိကြောင်းပြသနိုင်ပါ့မလား တကယ့်တရားခံအစစ်ကိုရော ဖော်ထုတ်နိုင်ပါ့မလား စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ရထားတဲ့ဆုတွေနဲ့ ratingတွေကိုကြည့်လိုက်ရင် ပြစ်ရက်စရာမရှိတဲ့ကားလေးမလို တင်ဆက်ပေးလိုက်ရပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:15:00 Genre_Crime , ...
movie
A Guilty Conscience (2023)
Ready or Not 2 ( 2023 )
မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , ...
movie
Ready or Not 2 ( 2023 )
6
A Guilty Conscience ( 2023 )
တရားဥပဒေရှေ့မှာ လူတိုင်းဟာ တန်းတူညီမျှကြသလား။ ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ရှေ့နေလင်လျန်ဆွေက အပြောကြမ်းတယ်ဆိုပြီး နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများဂရုစိုက်နေကြတဲ့ ကလေးညှဉ်းပန်းနှိပ်စက်မှုတစ်ခုကို ဖြေရှင်းချိန်မှာတော့ ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးခဲ့တဲ့အတွက် သူ့ရဲ့ အမှုသည် ကျန်းကျဲအာဟာ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။လင်လျန်ဆွေကလည်း နာမည်ပျက်သွားခဲ့ပြီး ဈေးပေါပေါနဲ့ သာမန်ပြည်သူတွေအတွက်ပဲ အမှုလိုက်ပေးနေရပါတယ်။ အမှုကို ပြန်လှန်ဖို့ အခွင့်အရေး ရလာတဲ့အခါမှာတော့ သူက ပြန်လည်အမှုစစ်ဖို့ တင်ပြနိုင်ခဲ့ပါတယ်။ ဒီအမှုက ချမ်သာကြွယ်ဝတဲ့ ကျုံးမိသားစုက လင်မယားနှစ်ယောက်နဲ့ ပတ်သက်နေခဲ့ပါတယ်။ကျုံးမိသားစုရဲ့ ဥပဒေအကြံပေး တုံဝေ့ကော်ရဲ့ အောက်တန်းကျတဲ့ အကြံအစည်တွေကြောင့် သတင်းထောက်တွေရော ရဲဌာနတွေ ဥပဒေဌာနတွေက လင်လျန်ဆွေကို ရန်လိုနေခဲ့ပါတယ်။ တရားရုံးထဲမှာ လင်လျန်ဆွေဟာ အမှုစစ်ရှေ့နေကို ရင်ဆိုင်ပြီး အာဏာရှင်တွေကို အစွမ်းကုန်ကြိုးစား တိုက်ခိုက်ခဲ့ပါတယ်။ကျန်းကျဲအာတစ်ယောက် အပြစ်မှ လွှတ်မြောက်နိုင်ပါ့မလား...... လင်လျန်ဆွေကလည်း လွန်ခဲ့တဲ့ ၂ နှစ်က အမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , ...
movie
A Guilty Conscience ( 2023 )
6
Table for Six ( 2022 )
ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ Comedy အမျိုးအစား ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်ရှင် ။ဒီဇာတ်ကားလေးကတော့ မအေတူ ဖအေကွဲ ညီအစ်ကိုသုံးယောက်အကြောင်း ရိုက်ကူးထားတာပါ ။ အိမ်ရဲ့ အစ်ကိုကြီးဆုံးဖြစ်သူဟာ အစွဲအလန်းကြီးသူဖြစ်ပြီးတော့ သူ့ရဲ့အရင်ရည်းစားဖြစ်တဲ့ မိုနီကာကို မမေ့နိုင်ဖြစ်နေခဲ့ပါတယ် ။ဒါပေမဲ့လို့ သူ့ရဲ့ အရင်ရည်းစားဟာ သူ့ရဲ့ မအေတူ ဖအေကွဲ ညီလေး (၂) ရဲ့ လက်ရှိရည်းစားဖြစ်နေခဲ့သောအခါ...။ သူ့ရဲ့ မာနတရားတွေအတွက် သူဟာ လက်ရှိသူ့မိတ်ဆွေ မြောင်မြောင်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။နောက်ထပ် ညီအငယ်ဆုံးလေးဖြစ်သူဟာလဲ သူ၏ ချစ်သူနဲ့ နှစ်ပေါင်းရည်ကြာလာအောင်တွဲလာခဲ့ပေမဲ့ လက်ရှိမှာတော့ အချစ်ရေးဟာ ပြတ်ဆဲလုနီးပါးဖြစ်ပြီး နေ့တိုင်းပြဿနာတွေနဲ့ပဲ ကြုံတွေ့ရနေရတာပါ ။ တစ်မိုးအောက်ထဲမှာ စုံတွဲ ၃ တွဲ ဆက်ဆံရေး ၄ ခုနဲ့ အတူ အစ်ကိုကြီး အဖအရာ ဆိုတဲ့ စကားအတိုင်း အစ်ကိုကြီးဖြစ်သူတစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ -❏ အချစ်ဟောင်းနဲ့ အချစ်စစ်တို့ ထိပ်တိုက်တွေ့လာတဲ့အခါမှာရော ဘယ်လိုဖြေရှင်းကြမလဲ? ❏ အိမ်ရဲ့ ပြဿနာတွေကိုရော သူတို့တွေ ဘယ်လိုကိုင်တွယ်ကြမလဲ? ❏မိသားစုအငွေ့အသက်လေးတွေ ...
movie
Table for Six ( 2022 )
7.2
Limbo ( 2021 )
ဟောင်ကောင်တွေကThrillerတွေရိုက်တာပိုင်နိုင်တယ်ဆိုတာဒီကားကိုကြည့်ပြီးတပ်အပ်ပြောလို့ရပါတယ်။အဖြူအမဲဆိုပေမယ့်အရာရာကိုရိုက်ပြထားတာပြတ်သားလွန်းပါတယ်။ရှင်းလင်းပြတ်သားလွန်းလို့ တရုတ်ပြည်မမှာပြသခွင့်မရပါဘူး။ဆိုပေမယ့် ၇၁ကြိမ်မြောက်ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသခွင့်ရခဲ့ပါတယ်။အဲဒါအပြင် Far East Film Festival မှာဆုရခဲ့တဲ့ အများချီကျူးမှုတွေရခဲ့တဲ့ ကားကောင်းတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ အရာရှိသင်တန်းဆင်း ဝါနုအရာရှိ ရန်ဝေဟာ ဝါရင့်ရဲအရာရှိအကိုချန်ရှိတဲ့မှုခင်းဌာနမှာတာဝန်ကျပါတယ်။ အကိုချန်ကဝါရင့်ပြီး တစ်မူထူးတဲ့နည်းတွေနဲ့အမှုလိုက်တတ်ပါတယ်။ဆင်တူတဲ့လူသတ်ပုံနဲ့အမှုတွေတစ်ခုပြီးတစ်ခုတိုးလာပြီး စုံစမ်းနေချိန်မှာ ရဲအရာရှိချန်ရဲ့မိန်းမကိုကိုမာဖြစ်အောင်ကားနဲ့တိုက်ခဲ့တဲ့ ကလေကချေမလေး ဝမ်ထောင်ကိုပြန်တွေ့လိုက်ရတော့အရာရှိချန်ကနာကျည်းမှုတွေနဲ့ အထိန်းချုပ်မဲ့သွားပြီး ဝမ်ထောင်ကိုသတ်မိမလိုဖြစ်သွားပါတယ်။ဝမ်ထောင်ကပြန်ပေးဆပ်တဲ့အနေနဲ့ မူးယစ်မှောင်ခို၊ ကားသူခိုးစတာတွေရဲ့သတင်းပေးလုပ်ပေးပါ့မယ်လို့ပြောလာပါတယ်။ဒီလိုနဲ့ ကိုကိုးဆိုတဲ့ တရားခံလက်ဖြတ်တာခံရပေမယ့် အသက်ရှင်နေသေးတဲ့တစ်ဦးသောသူကိုတွေ့လိုက်ရပြီး ဘာတွေဆက်ဖြစ်သလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်ရှုလိုက်ပါနော်။Limbo ကတရုတ်ဝတ္ထု(အံသွား)ဆိုတာကိုပြန်လည်ရိုက်ကူးထားတာပါ။အံဆုံးပေါက်တဲ့အခါနာကျင်ရသလို လူတွေရင်ထဲကနှုတ်လို့မရဖျောက်လို့မရတဲ့နာကျင်မှုမျိုးကို ဖော်ပြထားတာဖြစ်ပါတယ်။ဒါရိုက်တာကရှင်းရှင်းလင်းလင်းရဲရဲတင်းတင်းရိုက်ပြထားသလိုသရုပ်ဆောင်တွေကလဲတော်တော်ကောင်းတဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပြောချင်ပါတယ်ရှင်။ Quality : WEB-DL 1080pFormat : mp4During :1h 58minGenres : DramaSubtitle : Myanmar Subtitle ( Hardsub )Translated By Nu MonEncoded By LK
movie
Limbo ( 2021 )
5.3
Lazy Hazy Crazy (2015)
အမှန်ဆို 18+ ဆိုတာနဲ့(function(f,b,n,j,x,e){})();အိပ်ရာပေါ် ဝုန်းဒိုင်းပြေးတက် ဒချိ ဒချိ တွေ ကို ကျနော် တကယ်ကြီး မကြိုက်ပါဘူး တစ်ခါလာလဲ ဝုန်း တစ်ခါလာလဲဝုန်း ဇတ်လမ်းဇတ်ကွက်က ဝုန်းတဲ့ ဇတ်ဆို Pron ကားတွေ ကြည့်တာပဲ အကျိုး ရှိပါတယ်.. ကျနော် အရမ်းကြိုက်တဲ့ 18+ ထဲ မနက်ဖြန် တင်မယ့် ရုပ်ရှင်ကားလေးလဲ ပါပါတယ်... တရုတ်မလေး ကျောင်းသူ ၃ ယောက် ရဲ့ ဖြစ်ရပ်မှန် ဇတ်လမ်းလေး တစ်ပုဒ် ပါ... ချွိုင် ၊ ပင်ကီ ၊ ထရေစီ ဆိုတဲ့ သုံးယောက်ပါ ချွိုင် နဲ့ ပင်ကီ က အိမ်ကို အားမကိုးပဲ ကျောင်းလခ အိမ်ငှားခ တွေကို ရှာနေကြရတဲ့သူတွေပါ ဘယ်လိုရှာလဲတော့ မမေးနဲ့ We Chat လို အကောင့်တွေကနေ အော်ဖာ ရှာပါတယ် တစ်ညအိပ် ၅ ထောင်လောက် ခိုင်တယ် လူကသာ အထက်တန်း ကျောင်းသူ ပညာကတော့ အိမ်ရှင်မ အဆင့်ကျော်နေပါပြီ... သူတို့ သူငယ်ချင်း အရိုးခံလေး ထရေစီ ...
movie
Lazy Hazy Crazy (2015)
2015