Channel Myanmar
Fionn O'Shea
Dance First (2023)
Dance First (2023)   ဒီဇာတ်လမ်းလေးကတော့ နိုဘယ်ဆုရှင် စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆန်မြူရယ်ဘက်ကပ်ရဲ့ ဘဝဇာတ်ကြောင်းကို သူ့ရဲ့အတွင်းစိတ်ထဲကလူတစ်ယောက်နဲ့ စကားပြောနေဟန်နဲ့ဆွဲခေါ်သွားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။စာရေးဆရာ ဆန်မြူရယ်ဘက်ကပ် နိုဘယ်ဆုရရှိပြီးနောက် ဆုကြေးငွေကို မည်သူ့ကိုပေးရမလဲလွန်ဆွဲနေရင်းနှင့် သူ၏ငယ်ဘဝတွေဆီကို တဆင့်ချင်းဆွဲခေါ်သွားပါတော့တယ်။ မိခင်ဖြစ်သူနှင့် သူ၏ဆက်ဆံရေး အဆင်မပြေပုံ၊ စာရေးဆရာဂျွိုက်စ်ထံ သွားရောက်ပညာဆည်းပူးရာမှ ဂျွိုက်စ်၏သမီးဖြစ်သူကြောင့် မိတ်ဆွေဆက်ဆံရေး အက်ကြောင်းထင်ခဲ့ရပုံ၊ အချစ်ဆုံးသူငယ်ချင်း အဲဖရက်အပေါ် သူ၏အပြစ်ရှိစိတ် ၊အမြဲတမ်းနိုင်စားခဲ့ရသော မိမိ၏ဇနီးဖြစ်သူအပေါ် အားနာစိတ် စသည်ဖြင့် စာရေးဆရာဆန်မြူရယ်ဘက်ကပ် ဘဝနေဝင် ချိန်အထိ သူ၏ဘဝအပေါ်ရှူမြင်ပုံ သူ၏နောင်တတရားတို့ကို တဆင့်ချင်းဆွဲခေါ်သွားမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(697 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... History, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie
Dance First (2023)
Wolf (2021) 6.2
Wolf (2021) Wolf (2021)=========IMDb Rating - 6.2/10ဒီဇာတ်လမ်းကို စကြည့်လိုက်တာနဲ့ ဂျေကော့ဆိုတဲ့ ကောင်လေးနဲ့အတူ ခင်ဗျားတို့ကို ထူးဆန်းတဲ့အရပ်ကို ခေါ်ဆောင်သွားလိမ့်မယ်။ သာယာခမ်းနား၊ လှပတင့်တယ်နေတဲ့ နေရာတော့ မဟုတ်လေဘူး။ ခင်ဗျားတို့ ရောက်သွားမှာ စိတ္တဇဆေးရုံပဲ။ (စိတ္တဇလို့ ရာနှုန်းပြည့်မခေါ်နိုင်ပေမဲ့ ဒီလိုပဲ ခေါ်လိုက်ရအောင်ဗျာ)စိတ္တဇဆေးရုံကိုမှ ကိုယ့်ကိုယ်ကိုယ် တိရစ္ဆာန်လို့ ထင်နေကြတဲ့ စိတ်ရောဂါရှင်ရှိရာ စိတ္တဇဆေးရုံပါ။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကြက်တူးရွေးလို့ထင်ပြီး သူ့ကိုပြောသမျှ အကုန်လိုက်ပြောတယ်။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ခွေးလို့ထင်ပြီး အချိန်ပြည့် တဝုတ်ဝုတ်၊ တစ်ယောက်က သူ့ကိုယ်သူ ရှဉ့်မဟုတ်လို့ ရှဉ့်ဖြစ်ခွင့်ပေးပါဆိုပြီး ထိုင်ငိုနေတယ်၊ တစ်ယောက်က ပန်ဒါ၀က်ဝံ၊ တစ်ယောက်က မြင်းနဲ့ တိရစ္ဆာန်တွေမှ စုံလို့ဗျာ။ ဒီတော့ ဒီနေရာကို ရောက်လာသူ ဂျေကော့ကလည်း ပုံမှန်မဟုတ်တာ ရိပ်မိလောက်ကြပြီထင်ပါရဲ့။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ဝံပုလွေလို့ ထင်နေသူပေါ့။ ညဘက်တွေရောက်ရင် သူဖောက်ပြီး ထအူပါပြီ။ ဒီလူတွေကို ဒီနေရာပို့ရတဲ့ အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကိုယ် လူဆိုတာ လက်ခံပြီး သာမန်ဘ၀နဲ့ နေနိုင်အောင်ပါ။ဒီ တိရစ္ဆာန်ပေါင်းစုံကို အဓိက ထိန်းချုပ်ကုသပေးနေသူတွေက ဒေါက်တာမန်းနဲ့ သူ့အဖွဲ့သားတွေပေါ့။ ထိန်းချုပ်ရခက်တာတွေရှိသလို ...
movie
Wolf (2021)
2021
The Aftermath (2019) 6.3
The Aftermath (2019) The Aftermath (2019)Aftermath ဆိုတာ စစ်ပြီးစ အခြေအနေလို့ အဓိပ္ပါယ်ဖွင့်ရမှာပေါ့။ မိသားစုတွေဆုံးရှုံးရတယ်... နာကျင်ခံစားရတယ်... ချစ်တဲ့သူတွေနဲ့ ခွဲခွာကြရတယ်... အစစအရာရာကို ပြန်လည်တည်ဆောက်ဆဲကာလတစ်ခုပဲ။လူးဝစ်က မဟာမိတ်အဖွဲ့က ကာနယ်တစ်ယောက် ။ စစ်ကြီးပြီးတော့ ဂျာမနီကို လာအုပ်ချုပ်တဲ့အချိန်မှာ သူ့ဇနီးရေချယ်ကိုပါ ခေါ်လာခဲ့တယ်။ သူတို့နေရမယ့်အိမ်က ဂျာမနီလူမျိုး ပညာတတ်တစ်ယောက်ရဲ့အိမ်မှာ... စစ်ကြီးပြီးတော့ နိုင်သူအကုန်မှန်ပေါ့။ ဒါပေမဲ့ လူးဝစ်က ဖြောင့်မတ်ပြီး လူကြီးလူကောင်းပီသတဲ့သူတစ်ယောက်။ အိမ်ရှင် မစ္စတာလူးဘတ်ကိုလည်း လေးလေးစားစားဆက်ဆံတယ်။ ဂျာမန်လူမျိုးတွေအပေါ်လည်း အနိုင်မကျင့်ပဲ ညှာတာစွာအုပ်ချုပ်ပေးတယ်... ဒါပေမဲ့ စစ်ဖြစ်ထားကြတာဆိုတော့ တစ်ဖက်နဲ့တစ်ဖက် လွယ်လွယ်မပြေနိုင်တဲ့ အမုန်းတရားတွေဟာ သူ့ဇနီးက ဂျာမန်တွေကို ကြည့်မရတော့တာက စပြီး သူ့ခင်ပွန်းကို မကျေမနပ်တွေစဖြစ်လာတော့တယ်။လူတစ်ယောက်ကို မုန်းဖို့ အချိန်ဘယ်လောက်လိုသလဲ။ လူတစ်ယောက်ကို ချစ်မိသွားဖို့လည်း အချိန်ဘယ်လောက်လိုပါသလဲ။ ချစ်ခြင်းနဲ့ မုန်းခြင်းကြားက စည်းက တကယ်တမ်းတော့ ပါးပါးလေးပဲ။ အဲဒီစည်းကို ကျော်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လည်း " အမုန်းဆုံးတော့ အချစ် " ပါပဲ။(မင်းသမီးချော ကီရာနိုက်တလေရဲ့ 18+ ခန်းအချို့ပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်ရှုသင့်ပဲ တစ်ကိုယ်တည်း ...
movie
The Aftermath (2019)
2019
Cherry (2021) 6.5
Cherry (2021) Cherry (2021)တွမ် ဟော်လန် ရဲ့ ရုပ်ရှင် အသစ်လေး ကြည့်လိုက်ရအောင်။The Devil All the Time လိုပါပဲ။ ဘဝသရုပ်ဖော် ဝတ္ထုတစ်ခု ဖတ်နေရသလိုပါပဲ။ဆေးတပ်သား အဖြစ် အီရတ်မှာ တိုက်ပွဲဝင် ...... သူရဘွဲ့တွေရ ..... စိတ်ဒဏ်ရာနဲ့ ပြန်လာပြီး ဆေးတွေစွဲ ရုန်းကန်ရတဲ့ ဘဝခပ်နာနာကို တွေ့ရမှာပါ။"ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား" ဝတ္ထုထဲကလို မိန်းကလေး မျိုးနဲ့အတူ ဘဝကို ဘယ်လိုရုန်းကန်ကြလဲ ပြထားတာပါပဲ။လက်ရှိမှာတော့ တစ်ကြိုစာရင်း နှစ်ကြိမ်ဝင်ခဲ့ပြီးပါပြီ။IMDb - 6.5/10 ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ LittleNeo ပဲ ဖြစ်ပါတယ်။File size…1GB and 3.2GB Genre ... Crime, Drama Quality….720p Web-dl and 1080P HEVC Format…mp4 Duration…. 2hr 22min Subtitle….Myanmar Subtitle (Hardsub) Translator ..... LittleNeo Encoder ...
movie
Cherry (2021)
2021
Dating Amber (2020) 7.0
movie
Dating Amber (2020)
2020
The Siege of Jadotville (2016) 7.2
The Siege of Jadotville (2016) The Siege of Jadotville (2016)IMDb - 7.2/10_____Rotten - 64%  (UNICODE)The Siege of Jadotville ---------------- "ကျုပ်အထင်ကတော့ ကျုပ်တို့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့လာခဲ့တဲ့ တပတ်မပြည့်ခင်ဘဲ ကျုပ်တို့တစ်တပ်လုံးသေတော့မယ်ထင်တာဘဲဗျို့" ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့ပြီ။ ရာစုနှစ်တစ်ခုရဲ့ တစ်ဝက်မကျိုးခင်မှာဘဲ လူသန်းပေါင်းများစွာဟာ ကမ္ဘာစစ်နှစ်ခုနဲ့အတူ ချုပ်ငြိမ်းသွားခဲ့ကြပါပြီ။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးပြီး ၅၂ ရက်တိတိ အကြာမှာ အနာဂတ်မှာ ကမ္ဘာစစ်တွေကို ကြိုတင်ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့အတူ ကုလသမဂ္ဂ အဖွဲ့အစည်းအကြီးကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီလို ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးမှုနဲ့အတူ စစ်တွင်းကတည်းက ဒါမှမဟုတ် စစ်ကြီးမတိုင်ခင်ကတည်းက ကိုလိုနီလက်အောက်ကျရောက်ခဲ့တဲ့ တိုင်းပြည်တွေဟာလည်း ကိုလိုနီနိုင်ငံ အဖြစ်ကနေ လွတ်မြောက်ဖို့အတွက် အဖက်ဖက်ကနေ ကြိုးစားနေကြပါတယ်။ စစ်ကြီးပြီးဆုံးပြီး ၁၅ နှစ်နည်းပါးကြာမြင့်လာသည့်တိုင် ကမ္ဘာကြီးရဲ့ တချို့နေရာတွေဟာ စစ်တွင်းမှာဘဲ ဆုံးဆုံးနှစ်လို့ ကောင်းနေပါသေးတယ်။ အမေရိကတိုက်မှာဆိုရင် ကျူးဘားတော်လှန်ရေးကြီးဟာ ၁၉၆၀ အတွင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းလာခဲ့ပြီး ...
movie
The Siege of Jadotville (2016)
2016