Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fernando Pardo
Nahir (2024)
Imdb - 4.7/10အာဂျင်တီးနားတစ်နိုင်ငံလုံးကို ဂယက်ရိုက်သွားခဲ့တဲ့ မှုခင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှ ထွက်ရှိထားပြီး Crime/ Drama ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ စပိန်စကားပြော အာဂျင်တီးနား ရုပ်ရှင်ဖြစ်ပြီး Nahir Galarza ဆိုတဲ့ ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး ကျူးလွန်ခဲ့တယ်ဆိုတဲ့ မှုခင်းတစ်ခုကို အခြေပြုထားပြီး ဖြစ်ရပ်မှန်ကို စိတ်ကူးယဥ် element အချို့ ထည့်သွင်းထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Nahir က Gualeguaychú မြို့မှာ ဖခင်ဖြစ်သူ ရဲအရာရှိ၊ မိခင်နဲ့ မောင်လေးတစ်ဦးနဲ့ အတူနေထိုင်တဲ့ ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ ရည်းစားဖြစ်သူ Fernando နဲ့ တကျက်ကျက် စကားများလေ့ရှိရာမှ တစ်နေ့မှာ Fernando သေနတ်နဲ့အပစ်ခံရပြီး ဆုံးပါးသွားပါတယ်။ Nahir က သူ့လက်ချက်ဖြစ်ကြောင်း ဝန်ခံရာကနေ ဒီရုပ်ရှင်ကိုအစပြုထားပါတယ်။Nahir Galarza အမှုဟာ အာဂျင်တီးနား ...
movie
Nahir (2024)
8.2
The Secret in Their Eyes (2009)
Original Title: El secreto de sus ojos Genre – Drama, Mystery, Romance IMDB – 8.2/10 ၂၀၁၀ ခုနှစ် အော်စကာပေးပွဲမှာ နိုင်ငံခြားဘာသာစကားပြောအကောင်းဆုံးရုပ်ရှင်ဆု ရခဲ့တယ် (စပိန်စကားပြောအာဂျင်တီးနားရုပ်ရှင်)။ IMDB မှာ 8.2 ကို လူနှစ်သိန်းကျော်ပျမ်းမျှအမှတ် ရထားတယ် IMDB အကောင်းဆုံးရုပ်ရှင်၂၅၀ ထဲမှာ ၁၆၅ ကားမြောက်ဖြစ်တယ်။ ဘာများပြောစရာလိုဦးမလဲ၊ ဟင်းလေးကြီးတစ်ခွက်ကို မြည်းစမ်းနေရသလိုပဲကြည့်ရတာတော့။ အငြိမ်းစား ဥပဒေအတိုင်ပင်ခံကြီးတစ်ယောက် အနားယူချိန်မှာ ဝတ္ထုရေးဖို့ ကြိုးစားကြည့်တယ်ကြိုးစားကြည့်တိုင်းလည်း လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ထူးထူးခြားခြား ဖြစ်ခဲ့တဲ့ အမှုကိုပဲ ပြန်ပြီး အောက်မေ့နေတယ်။ဒီတော့ ဒီအကြောင်းကို ဝတ္ထုလုပ်ရေးဖို့အတွက် သံယောဇဉ်ရှိခဲ့ပေမဲ့ အခြေအနေ ကွာခြားတာကြောင့် ရှေ့ဆက်မတိုးခဲ့ရတဲ့အထက်အရာရှိဟောင်း (ခုလက်ရှိ တရားသူကြီး) ဆီ သွားအကြံတောင်းရတော့တယ်။ အဲဒီမှာပဲ မေ့ပစ်လို့မရတဲ့ အမှတ်တရဟောင်းတွေ တစ်ပုံကြီး ပြန်ပေါ်လာတယ်။ ...
movie
The Secret in Their Eyes (2009)