Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fernanda Urrejola
You Can’t Run Forever (2024)
မီရန်ဒါဟာ မျက်စိရှေ့မှာ သူ့အဖေသတ်သေသွားတာကို ကိုယ်တိုင်မြင်တွေ့လိုက်ရပြီးတဲ့အခါ တစ်နှစ်ကျော်ကြာပြီးတာတောင် စိတ်ဖိစီးမှုဝေဒနာခံစားနေရပြီး အမေဖြစ်သူနဲ့လည်း အဆင်မပြေတော့ပဲ တစ်ယောက်တည်း အချိန်ကုန်ဆုံးနေပါတော့တယ်။ ဒါကို မကြည့်ရက်တဲ့ အမေဖြစ်သူက သူ့လက်ထပ်တော့မယ့် နောက်ယောက်ျား မီရန်ဒါရဲ့ ပထွေးဖြစ်သူ အက်ဒီကို မြို့ထဲသွားတဲ့အချိန်မှာ မီရန်ဒါတစ်ယောက် စိတ်ပြေလက်ပျောက်ဖြစ်အောင် ခေါ်သွားဖို့ တိုက်တွန်းရှာပါတယ်။ဒီလိုနဲ့ အက်ဒီကလည်း မီရန်ဒါကို မြို့ထဲသွားဖို့ ကားပေါ်ခေါ်လာခဲ့ပြီး စကားစမြည်ပြောနေတုန်း မီးနီသွားလို့ ကားရပ်လိုက်ပါတယ်။ အဲဒီအချိန်မှာ သက်ကြီးပိုင်း လူတစ်ယောက် ဘေးမှာ ဆိုင်ကယ်နဲ့ပေါ်ချလာပြီး အက်ဒီကို သေနတ်နဲ့ ပစ်သတ်ပါတော့တယ်။ အဲဒီအချိန်မှာ မီရန်ဒါတစ်ယောက် ဘေးက တောအုပ်ထဲကို ကမန်းကတန်း ထွက်ပြေးရပြီး သူ့နောက်မှာ ဒီလူကြီးက သေနတ်နဲ့ လိုက်လာပါတော့တယ်။ဒီတော့ ဒီလူကြီးက ဘယ်သူလဲ ဘာလို့ မီရန်ဒါတို့ကို လိုက်သတ်နေတာလဲ မီရန်ဒါကရော တောအုပ်ထဲမှာ ဒီလူကြီး အသတ်မခံရအောင် ဘယ်လိုထွက်ပြေးမလဲ လွတ်ရော လွှတ်မြောက်နိုင်ပါ့မလားဆိုတာကို ...
movie
You Can’t Run Forever (2024)
The Black Demon (2023)
မက်ဂါလိုဒွန်လို့ခေါ်တဲ့ငါးမန်းကြီးတွေဟာ ကမ္ဘာဦးခေတ်တုန်းက ရှင်သန်နေထိုင်ခဲ့တဲ့ အလွန်ကြီးမားတဲ့ ဧရာမငါးမန်းမျိုးစိတ်တစ်ခုဖြစ်ပြီး ကြောက်စရာအကောင်းဆုံးနဲ့ အသက်အန္တရာယ်အပေးနိုင်ဆုံးသတ္တဝါတွေအဖြစ် မှတ်တမ်းဝင်ပါတယ်။အခုချိန်မှာ မျိုးသုဉ်းသွားပြီဖြစ်ပေမဲ့လည်း "မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သော ကြောက်စရာအကောင်းဆုံး သတ္တဝါဆန်းကြီးများ"၊ "မက်ဂါလိုဒွန်ငါးမန်းကြီးတွေသာ မျိုးမသုဉ်းသွားခဲ့လျှင်" အဲဒီလိုခေါင်းစဉ်တွေနဲ့ YouTube မှာတော့ hot topic တစ်ခုဖြစ်နေဆဲပါပဲ။ မက္ကဆီကန် ဘာဂျာကမ်းခြေက တံငါသည်တွေရဲ့ ပါးစပ်ဒဏ္ဍာရီမှာတော့ ဒီမက်ဂါလိုဒွန်ကြီးတွေကို ရိုးရာနတ်ဘုရားတစ်ပါးရဲ့ အမျက်ဒေါသကြောင့် ဆင့်ခေါ်ခံလိုက်ရတဲ့ မိစ္ဆာကြီးတွေရယ်လို့ အယူရှိပါတယ်။ ဒီလိုအယူရှိတဲ့ မက္ကဆီကန်ကမ်းခြေ ဘာဟီရာဒေသရှိရာကို ပေါလ်နဲ့သူ့မိသားစုဟာ အလုပ်ကိစ္စလည်းလုပ်ရင်း အပန်းဖြေခရီးလည်းထွက်ရင်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပါတယ်။ကံဆိုးချင်တော့ နတ်ဘုရားတစ်ပါးရဲ့အမျက်နဲ့ တည့်တည့်တိုးပြီး မက်ဂါလိုဒွန်ငါးမန်းကြီးတစ်ကောင်က သူတို့ကိုအသင့်စောင့်နေပါတော့တယ်။ ဒီငါးမန်းကြီးရန်ကလွတ်အောင် သူတို့မိသားစုဘယ်လိုတွေ ရုန်းကန်ရမလဲ၊ မက်ဂါလိုဒွန်ကြီးကရော တကယ်ပဲဒဏ္ဍာရီတွေထဲမှာပြောထားသလို နတ်ဘုရားတစ်ပါးရဲ့ဆင့်ခေါ်မှုကြောင့် ရောက်လာတာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ တထိတ်ထိတ်နဲ့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငါးမန်းကားတွေ၊ မိကျောင်းကားတွေက အရင်ကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားကားတွေဖြစ်ပြီး ဒီလိုဇာတ်ကားတွေနဲ့ပဲကြီးပြင်းလာတာမို့ ကြည့်ရှုသူတွေနဲ့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အနည်းငယ်ထူးခြားနေတာမို့ ကြည့်ရတာတော့တန်မယ်ဆိုတာ ...
movie
The Black Demon (2023)
5.6
Fist of the Condor (2023)
ကဲ ဒီတစ်ခါတော့ စပိန်ကိုယ်ခံပညာကားလို့ပဲပြောမလား သိုင်းကားလို့ပဲပြောမလား ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ကိုယ်ခံပညာကားဆိုတော့ Body တောင့်တောင့်နဲ့ စပိန်မင်းသား Marko Zaror ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသလို Producer လည်းလုပ်ထားပြီး 2023 မှာထွက်ထားတဲ့ အသစ်စက်စက်ဇာတ်ကားလေးတစ်ကားပေါ့နော် rating လည်းသိပ်မဆိုးတဲ့ Fighting ကားလေးပေါ့ ဇာတ်လမ်းကတော့ ၁၆ရာစုလောက်ကသမိုင်းကိုဇာတ်အိမ်တည်ထားတယ် အာတာဟွာပအင်ပါယာ ခေတ်က အင်ကက်စ်လူမျိုးတွေအသုံးပြုခဲ့ကြတဲ့ သိုင်းပညာတစ်ရပ်ပေါ့ စာအုပ်တစ်အုပ်ထဲမှာရေးသားမှတ်တမ်းတင်ပြီး အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့ကြတာ မင်းသားမှာ အမွှာညီတစ်ယောက်ရှိတယ်လေ ရုပ်ကလည်းဆင် သိုင်းပညာအရည်အချင်းကလည်း အတူတူပဲ တစ်နေ့တော့ အဲ့ဒီသိုင်းကျမ်းစာအုပ်ကို လုပ်ကြံပြီးတော့ညီဖြစ်သူက ယူပြီးထွက်ပြေးတာကနေစလိုက်တဲ့ဇာတ်လမ်းက...... နောက်ပိုင်းဘာတွေဆက်ဖြစ်လာမလဲ အဲ့ဒီသိုင်းပညာကိုဘယ်လိုလေ့ကျင့်ရတာလဲ လေ့ကျင့်ဖို့ဘာတွေလိုအပ်လဲ ဘာတွေပေးဆပ်ခဲ့ရလဲ စသည်ဖြင့် အမွှာညီကိုနှစ်ယောက်ရဲ့ ခံယူချက်မတူတဲ့စရိုက်တွေနဲ့ ဇာတ်လမ်းအစကနေအဆုံး Fighting တွေကိုကြည့်ရှုရမှာဖြစ်တဲ့အပြင် Fighting ကားတွေ ကိုယ်ခံပညာကားတွေကိုကြိုက်နှစ်သက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် တရုပ်သိုင်းကားတွေကြည့် ဂျပန်သိုင်းကားတွေ ကိုရီးယားသိုင်းကားတွေ စတဲ့ အာရှသိုင်းကားတွေကြည့်နေကြဆိုပေမဲ့ စပိန်ကိုယ်ခံပညာကားဆိုတော့ ခံစားမှုတစ်ခုတော့ပေးမယ်လို့ယုံကြည်ပါတယ် File size…(1.6 ...
movie
Fist of the Condor (2023)
6.6
Blue Miracle (2021)
Blue Miracle (2021) ==============IMDB 6.6/10Based on True StoryBisbee's Black & Blue ပြိုင်ပွဲဆိုတာ Super Bowl ပွဲလောက်ကြီးမားတဲ့ ကမ္ဘာ့ငါးဖမ်းပြိုင်ပွဲကြီးပါ ။ Blue Merlin လို့ခေါ်တဲ့ မာလင်ငါးပြာကြီးတွေကို ပင်လယ်ထွက်ပြီး တံငါတွေ အဖွဲ့လိုက် ဒေါ်လာ ၁ သန်းဆုကြေးအဖြစ်ဖမ်းယူ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲပေါ့။ ဒီပြိုင်ပွဲကို ထပ်မံယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်သူဟာ ချန်ပီယံ ၂ ကြိမ်ဆုရဖူးတဲ့ ချန်ပီယံဟောင်း ကပ္ပတိန် ဝိတ်မာလိုပါ ။ ဒါပေမယ့် သူဟာ နာမည်ကြီးထမင်းငတ်ဖြစ်ပြီး ချန်ပီယံ ၂ ကြိမ်ရခဲ့ပေမယ့် အရှုံးတွေနဲ့ဆက် တိုက်ရင်ဆိုင်ပြီး မိသားစုကစွန့်ပစ်သွားတာကြောင့် လှေပေါ်မှာပဲ လေလွင့်နေတဲ့ ဂွစာအဘိုးကြီးပေါ့။ ဒါကြောင့် လာမယ့်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ပြန်သိမ်းပိုက်ပြီး သူ့မိသားစုဆီ ပြန်သွားဖို့ တေးထားပါတယ်။တစ်ဖက်မှာလည်း ကာဆိုဟိုဂါလို့ခေါ်တဲ့ မိဘမဲ့ဂေဟာက အိုမာတို့ဇနီးမောင်နှံဟာ ဘဏ်ကြွေး ဒေါ်လာ ၁ သိန်းကျော်တင်ပြီး ဂေဟာကိုပိတ်သိမ်းပြီး မိဘမဲ့ကလေးတွေ အကုန်လုံး လမ်းပေါ်ရောက်မယ့်အခြေအနေဖြစ်နေပါပြီ။ပြိုင်ပွဲသတင်းကို ကြားမိတဲ့ အိုမာနဲ့ကပ္ပတိန် ...
movie
Blue Miracle (2021)
2021
6.0
Cry Macho(2021)
Macho ဆိုတာ စပိန်လို သန်မာတယ် ဆိုတဲ့ အဓိပ္ပါယ်ပါမိုက်ကယ် ဟာ ဟိုးအရင်တုန်းက တက္ကဆက်က မြင်းပြိုင်ပွဲတွေမှာ ငါးနှစ်ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံ တစ်ယောက်ပါတစ်နေ့မှာတော့ သူ့မိန်းမနဲ့ သားဟာ ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားပါတယ်အဲဒီနောက်ပိုင်းမှာတော့ သူဘဝဟာ ဦးတည်ရာမရှိတဲ့ လှေတစ်စင်းလိုပဲ ပျက်စီးလာပြီး အရက်သောက်လိုက် ရမ်းကားလိုက်နဲ့ လမ်းပျောက်နေခဲ့ပါတယ်အဲဒါနဲ့ သူ့ရဲ့အရင်ကသူဌေးဖြစ်တဲ့ ဟောင်းဝဒ် က သူ့ကို နေစရာ စားစရာရယ် အလုပ်ရယ်ပေးပြီးသူ့ဘဝကို ကယ်ဆယ်ပေးခဲ့ပါတယ်အဲ့လိုလုပ်ပေးခဲ့တာတွေကြောင့် မိုက်ကယ့်မှာ ဟောင်းဝဒ် ကျေးဇူးကြွေးတွေ တင်နေပါတော့တယ်တစ်နေ့ကျတော့ မက္ကဆီကိုမှာနေတဲ့ သူ့ရဲ့သားကို ပြန်ခေါ်ချင်တဲ့ ဟောင်းဝဒ်ဟာ မိုက်ကယ့်အိမ်ကို ရောက်လာပြီး အကူအညီလာတောင်းပါတော့တယ်သူများရဲ့ ကျေးဇူးကြွေးတွေကို ပြန်ဆပ်ပြီး ဘဝကိုအေးအေးဆေးဆေး နေချင်နေတဲ့ မိုက်ကယ်ဟာလည်း ဟောင်းဝဒ်ရဲ့တောင်းဆိုမှု ကို လက်ခံပြီး မက္ကဆီကိုက သားဖြစ်သူကို သွားခေါ်ပေးဖို့ လုပ်ပါတော့တယ်မိုက်ကယ်တစ်ယောက် သူဌေးရဲ့ သားဖြစ်သူကို လွယ်လွယ်ကူကူနဲ့ရော ...
movie
Cry Macho(2021)
2021
5.5
Bring Me the Head of the Machine Gun Woman (2012)
Bring Me the Head of the Machine Gun Woman ဇာတ်ကားကတော့ Chilean action comedy အမျိုးအစားဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ Director: Ernesto Diaz Espinoza(Spanish)က ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ စပိန်ဘာသာစကား(Spanish)ဖြင့်ပြောသော ဇာတ်ကားလည်းဖြစ်ပါတယ်။ IMDb Rating 5.5/10 ဒီဇာတ်လမ်းကတော့ ဂိမ်းတစ်ခုကို ဆော့နေသလို ရိုက်ကူးထားတာကြောင့် ထူးခြားတဲ့ဇာတ်လမ်းဖြစ်ပြီး Sexy မိန်းမတစ်ယောက်ရဲ့ဇာတ်ကြမ်းကလည်း စိတ်လှုပ်ရှားဖွယ်ရသကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အသက်၁၉နှစ်အရွယ် Actionဂိမ်းဆော့ရတာကြိုက်သော ကောင်လေးတစ်ယောက်က Dance Club တစ်ခုမှာ အိမ်သာတက်နေတုန်း လူဆိုးဂိုဏ်တစ်ခုရဲ့ လျို့ဝှက်ပြောနေတာကို မထင်မှတ်ပဲ ကြားလိုက်မိပါတယ်။ အဲ့ဒါကတော့ စက်သေနတ်နဲ့မိန်းမကို အသေရရ အရှင်ရရ ဖမ်းမိရင် ဒေါ်လာ၃၀၀မီလီယမ်ပေးမယ်ဆိုတဲ့သတင်းပါ။ မထင်မှတ်ပဲ သူအိမ်သာထဲမှာ ရှိနေတာကို လူဆိုးဂိုဏ်းကသိသွားခဲ့ပါတယ်။ဒါကြောင့် ၁၉နှစ်အရွယ်ကောင်လေးက အခြေအနေအချိန်အခါအရ ထိုမိန်းမကို ဖမ်းပေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ထိုလူဆိုးဂိုဏ်းက ထိုမိန်းမကိုဖမ်းမိရင်ဖမ်းမိ မဖမ်းမိရင် သူသေမှာဆိုတာကို သိလိုက်ရချိန်မှာတော့ သူဘာတွေဆက်လုပ်မလဲ.... စက်သေနတ်နဲ့မိန်းမကိုရော ဘာလို့ဖမ်းချင်နေတာလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာဆက်လက်ရှု့စားကြပါတော့..။ File size…(650 MB) Quality…480p Format…mp4 Duration….01:13:35 Subtitle….Myanmar Subtitle (Hardsub) Encoded by Naing Aung Latt
movie
2012