Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fernanda Borches
6.2
Non Negotiable (2024)
"Non Negotiable" ရုပ်ရှင်ဟာ 2024 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့မက္ကဆီကို မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ အထူးစစ်ဆင်ရေးရဲဌာနရဲ့ ကျွမ်းကျင်ဓားစာခံညှိနှိုင်းရေးမှူး Alan Bender ကို အဓိကဦးတည်ပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။Alan ဟာ ပရော်ဖက်ရှင်နယ် နယ်ပယ်မှာအောင်မြင်နေပေမဲ့သူ့ရဲ့ဇနီး ဗစ်တိုးရီးယားနဲ့ အိမ်ထောင်ရေးသာယာမှုအပိုင်းကိုလျစ်လျူရှုနေတာကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကတင်းမာလာခဲ့ပါတယ်။ဒီအခြေအနေကိုဖြေရှင်းနေစဉ်မှာပဲ ပြန်ပေးသမားတဦးကနိုင်ငံတော်သမ္မတနဲ့ Alan ရဲ့ဇနီးကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးလိုက်တဲ့အခါမှာ သူဟာ အသက်အန္တရာယ်စွန့်စားရတဲ့ အခြေအနေနဲ့ရင်ဆိုင်ရပါတော့တယ်။ပြန်ပေးဆွဲသူ Vicente Zambrano ဟာ လူမှုတရားမျှတမှုကိုရှာဖွေသူဖြစ်ပြီး သူနှစ်သက်တဲ့ ဆေးရုံနဲ့ စာသင်ကျောင်းအတွက်အစိုးရကို အလှူငွေပေးဆပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ Alan နဲ့ Vicenteတို့ကြားက တင်းမာသောအငြင်းပွားမှုတွေ ဆက်တိုက်ပေါ်ပေါက်လာသည်နှင့်အမျှ သူတို့နှစ်ဦးဟာ ကိုယ်ရေးကိုယ်တာအရဘယ်လိုပတ်သက်မှုတွေရှိနေခဲ့တာလဲ၊ အတိတ်ကဒဏ်ရာဟောင်းတွေနဲ့သွေးကြွေးဆပ်ချင်နေတဲ့ Vicente ကို Alan က ဘယ်လိုစည်းရုံးသွားမှာလဲ၊ သူတို့နှစ်ဦးကြား ဉာဏ်ကစားမှု ခံစားချက်အားပြိုင်မှုတွေကိုသည်းထိပ်ရင်ဖိုစောင့်ကြည့်ရမယ့် မှုခင်းအက်ရှင်ကားကောင်းတခုဖြစ်ပါတယ်။ File size…1.21GB / 564MB Quality…NF WEB-DL 1080p 5.1CH ...
movie
Non Negotiable (2024)
7.0
Dive(2022)
Dive(2022)********** ၂၀၂၂ မှာထွက်ရှိထားတဲ့ Dive ဆိုတဲ့နိုင်ငံအဆင့်အမျိုးသမီးဒိုင်ဗင်သမားတွေကြားကဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီကားထဲမှာတော့နိုင်ငံအဆင့်အမျိုးသမီးဒိုင်ဗင်သမားတွေကြားမှာဘယ်သူမှမသိအောင်တိုးတိုးတိတ်တိတ်ဖြစ်သွားခဲ့တဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအကြောင်းကိုပြသထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့မာရီရယ်ဆိုတဲ့နိုင်ငံ့အဆင့်အမျိုးသမီးဒိုင်ဗင်သမားတစ်ယောက်ကပြိုင်ပွဲဝင်နေတဲ့အချိန်မှာသူ့ရဲ့တွဲဖက်ကဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပါတယ်။ဖြစ်ချင်တော့ ၂၀၀၄ ခုနှစ်အိုလံပစ်ပြိုင်ပွဲကြီးကလဲနီးလာပြီဖြစ်တော့အကုန်လုံးပျာယာခတ်နေတကြတဲ့အချိန်မှာအသက် ၁၄ နှစ်သာရှိသေးတဲ့နာဒီယာဆိုတဲ့ပါရမီရှင်ကောင်မလေးနဲ့ မာရီယယ်ကိုသူတို့ရဲ့နည်းပြနဲ့တွဲပေးခဲ့ပါတယ်။အဲ့လိုဖြစ်ပြီးသိပ်မကြာခင်မှာပဲကလေးမလေးနာဒီယာရဲ့အမေကသူတို့ရဲ့နည်းပြဟာသူ့သမီးကိုလိင်အကြမ်းဖက်တယ်ဆိုပြီးထစွပ်စွဲပါတော့တယ်။မျက်မြင်သက်သေမရှိတဲ့အပြင်သမီးဖြစ်သူကိုယ်တိုင်ကပါအမေကိုဆန့်ကျင်ပြီးပြောနေလို့အဲ့ဒီအမှုကမြန်မြန်ပဲပျောက်ကွယ်သွားပါတော့တယ်။ဒါပေမယ့်နောက်ပိုင်းမှာတော့မာရီယယ်တစ်ယောက်နည်းပြနဲ့ကောင်မလေးကြားကအပြုအမူတွေဆက်ဆံပုံတွေကိုမသင်္ကာတဲ့အတွက်စုံစမ်းကြည့်တဲ့အခါမှာတော့ဘာတွေသိလာရမလဲ။ဘယ်သူမှမသိတဲ့မာရီယယ်ကိုယ်တိုင်တောင်မသိတဲ့သူ့ဘဝရဲ့အိပ်မက်ဆိုးကြီးတစ်ခုကလည်းအဲ့ဒီအချိန်မှာထွက်ပေါ်လာပြီးမာရီယယ်ပါအဲ့ဒီအိပ်မက်ဆိုးထဲကရုန်းထွက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။File Size : (1.1GB),&(541MB) Quality : WEB-DL 1080p,720p Format…mp4 Duration…01:35:00 Genre : Sport, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Phyo Pyae
movie
Dive(2022)