Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fergie
5.2
Arthur and the Revenge of Maltazard (2009)
ဒီ ဒုတိယကားမှာတော့ မယ်သာဇာ ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ မင်းသမီးလေး ဆယ်လီနီယာ ကို သွားကူရမဲ့ကားလေးပါပဲ.....ပထမကားလိုပဲ တင်ဆက်ထားတာမို့ ဆက်လိုက်ကြည့်ရှုခံစားလိုက်ကြပါဦး......ရုပ်ရှင်ကား ၃ကား ထွက်ရှိထားတာဖြစ်ပြီး ၃ ကားလုံး CM ကနေ တင်ဆက်ပေးလိုက်ပါတယ်(1) Arthur and the Invisibles (2006) (2) Arthur and the Revenge of Maltazard (2009) (3) Arthur 3: The War of the Two Worlds (2010) တို့ပဲဖြစ်ပါတယ် File size…(1.8 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Adventure, Animation, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Z
movie
Arthur and the Revenge of Maltazard (2009)
Marmaduke (2010)
Marmaduke (2010) ==================ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိအမျိုးစုံ ဆိုဒ်စုံတွေကို တယုတယမွေးပြီးသားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။ တခါတလေကျ သူတို့စိတ်ထဲငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာသိချင်စိတ်လေးဖြစ်မိကြမှာပါ။ ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ် မာမဒုခ်ဆိုတဲ့ခွေးလေးကအဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီးComputer Animation နဲ့ သူတို့အတွေးတွေစကားပြောတာတွေကို ရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပဲ ခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါအနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။ ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ ဘရိုင်ယန်ဆိုတဲ့သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။မာမဒုခ်ဟာ Great Dane မျိုးနွယ်ဖြစ်တာကြောင့်သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။ တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့မိသားစုကပါ လိုက်ပြောင်းရတော့မှာပါ။ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင်မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျနေတဲ့ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ ရည်းစားဖြစ်တဲ့ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာမာမဒုခ်နဲ့ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာအဆင်ပြေဖို့ကြိုးစားရပုံတွေ၊ မိသားစုအတွင်းရေးပြဿနာတွေကိုဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက်ခွေးချစ်သူတွေသာမက မိသားစုနဲ့ အေးဆေးအနားယူချင်သူတွေDrama ကြိုက်သူတွေပါ သဘောကျမယ့်ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။ File size… 2 GB ...
movie
Marmaduke (2010)
2010
7.5
Grindhouse (2007)
ဒီ၂၀၀၇ ခုနှစ်ထွက်ဇာတ်ကားကတော့ ၃နာရီကျော်ကြာမြင့်ပြီး ရုပ်ရှင်ဖန်တီးသူနှစ်ဦးတို့ရဲ့ ရုပ်ရှင်တစ်ကားစီပေါင်းထားတဲ့ နှစ်ကားပါတစ်ကားရုပ်ရှင်လေးဖြစ်ပါတယ်၊ပထမကားမှာက ဖုတ်ကောင်ရှင်းခန်းဇာတ်လမ်းတစ်ခု ၊ ဒုတိယကားမှာက ကားနဲ့ လိုက်အသတ်ခံရတဲ့ မိန်းမပျိုလေးတို့ အုပ်စုနှစ်စုအကြောင်းပါ၊ ပုံမှန်ဒီလိုကားတွေဆို ကြားထဲမှာဘာမှမခံအမဲကြီးပေါ်လာပြီးနောက်တစ်ကားထပ်ရောက်တာပေါ့နော်။ ဒီကားကျ နာမည် Grindhouse ဆိုတဲ့အတိုင်း အမေရိကမှာဆို ဒီ Grindhouse က တန်ဖိုးနည်းရုပ်ရှင်ရုံ။အထူးသဖြင့် လူကြီးကားတွေ ၊ ပေါပေါပဲပဲဘတ်ဂျက်အနည်းငယ်ပဲသုံးရိုက်ထားတဲ့ သည်းထိတ်ရင်ဖိုကားတွေ ၊ မသတီစရာရုပ်ရှင်တွေ ၊ အထူးသဖြင့်လူကြီးတွေအတွက်ရည်ရွယ်တဲ့ကားတွေ တစ်ကားပြီးတစ်ကား မနားတမ်းပြတယ်။ အဲ့ရုံမှာပြနေသလိုကြည့်ရတာပါ။ဆိုတော့ရုပ်ရှင်စလာတည်းက တခြားပြနေတဲ့ကားကြော်ငြာတွေလာမယ် ။ တစ်ကားနဲ့တစ်ကားကြားမှာ ကြော်ငြာလေးတွေနဲ့ဆိုတော့ ပုံမှန်ကားမှာမရတတ်တဲ့theater vibe ခံစားရမှာပါ ၊ Rating အနေနဲ့ IMDb 7.5 , Rotten tomatoes 84% အသီးသီးရရှိထားပြီး တမူထူးတဲ့တင်ဆင်ပုံတွေနဲ့ ကြည့်ပျော်တဲ့အနေအထားရှိပါတယ် ။ ပါသမျှ ဣတ္ထိယတို့ကလည်း အနှစ်တွေပါ၊ (ရုပ်ရှင်ကတော့ Rated ...
movie
Grindhouse (2007)
5.6
Be Cool (2005)
ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie
Be Cool (2005)
6.6
Madagascar: Escape 2 Africa (2008)
Madagascar: Escape 2 Africa (2008) IMDb - 6.6/10_____Rotten - 64% ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်Adventure comedy အမျိုးအစား ကာတွန်းကားလေးပါမာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ်သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါတိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ်သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က ...
movie
Madagascar: Escape 2 Africa (2008)
2008
7.1
Planet Terror (2007)
အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်ထဲက ကျေးလက်မြို့ကလေးတစ်မြို့မှာရှိတဲ့ ပျော်ပွဲစားရုံတစ်ရုံမှာ ဖော်ချွတ်အကမယ်တစ်ယောက်ဖြစ်တဲ့ မိန်းမချောလေး “ချယ်ရီဒါလင်”ဟာ မသထာရေစာလခနှစ်ပဲတစ်ပြားပဲရနေတဲ့ အလုပ်ကနေထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အလုပ်ကနေထွက်လာပြီဖြစ်တဲ့ ချယ်ရီတစ်ယောက် ညဘက်အိမ်အပြန်ခရီးမှာတော့ အဲလ်ရေး ဆိုတဲ့ သူ့ရည်းစားဟောင်းနဲ့ အသားကင်ဆိုင်တစ်ဆိုင်မှာ ပြန်ဆုံမိရင်းနဲ့ ကားကြုံလိုက်စီးမိရင်း …….တောအုပ်တစ်ခုအနားဖြတ်စဉ်မှာပဲ ဆစ်ကိုးစ်ဆိုတဲ့ အမည်မသိရတဲ့ လူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သူတို့နှစ်ယောက်စီးလာတဲ့ကားလည်း တိမ်းမှောက်သွားပြီးတဲ့နောက် ချယ်ရီရဲ့ ခြေထောက်တစ်ဖက်ကို ဆစ်ကိုးစ်တွေက ဖြတ်ယူသွားခဲ့ပါတော့တယ်…… ဒါဆို ဆစ်ကိုးစ်ဆိုတာ ဘယ်သူတွေများပါလိမ့် …..တကယ်တော့ လွန်ခဲ့တဲ့ မြို့စွန်တစ်နေရာမှာရှိတဲ့ စစ်စခန်းတစ်ခုမှာ မှောင်ခိုအရောင်းအ၀ယ်တစ်ခုလုပ်ခဲ့ကြတာကို လူတွေသတိမထားမိလိုက်ကြလို့ပါ။အဲဒီမှာပဲ အာရုံကြောကို ထိခိုက်ပျက်စီးစေတဲ့ အဆိပ်သင့်ဓာတ်ငွေ့တစ်မျိုးရဲ့ နမူနာပစ္စည်းတွေကို အရောင်းအ၀ယ်လုပ်ကြရင်း အချင်းများရာကနေ ခုလိုမျိုး ချယ်ရီရဲ့ ခြေထောက်တစ်ဖက်ပြတ်သွားတဲ့အထိကို ရောက်လာခဲ့တာပါ။အဖြစ်အပျက်တွေက ဒီလောက်နဲ့ ရပ်တန့်သွားမှာတော့ မဟုတ်ပါဘူး။ခုဆို ဆေးရုံမှာ ချယ်ရီလိုပဲ တခြားလူနာတွေအများကြီးရောက်လာနေပါပြီ။ လူနာတွေအားလုံးကတော့ သူတို့ကို ဘယ်သူတွေတိုက်ခိုက်သွားမှန်းသေချာမပြောနိုင်ကြသလို ဆရာဝန်တွေကလည်း ဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြပါပြီ….. ချယ်ရီကို ဆေးရုံလိုက်ပို့တဲ့ အဲလ်ရေး ကိုလည်း ရဲက ...
movie
Planet Terror (2007)
2007
5.7
Poseidon (2006)
Poseidon (2006)______IMDb - 5.7/10ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။ MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။ ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ် ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။ သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။ အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။ သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။ သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊ ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ .......... (ဘာသာပြန်သူကတော့ ကိုစည်သူထက်ပါ)File Size : (701 MB) Quality : Bluray ...
movie
Poseidon (2006)
2006