Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Felipe Dieppa
6.8
Dan in Real Life (2007)
ဒီဇာတ်ကားလေးကတော့ ဇာတ်ကားနာမည်မှာပါတဲ့အတိုင်း Dan ဆိုတဲ့ လူတစ်ယောက် အကြောင်းပါ။ဇာတ်ကားအမျိုးအစားက အချစ်ဟာသဇာတ်မြူးလေးပါ။ ခွက်ထိုးခွက်လန်ရယ်ရတဲ့ဟာသကားမျိုးမဟုတ်ပါဘူး။ဒါပေမယ့် အချစ်ကားဆိုတာတော့ တကယ်အဟုတ်ပါ။Rating တွေကတော့ IMDb - 6.8/10 နဲ့Rotten Tomato 65% ဆိုတော့ ကြည့်ပျော်ပါတယ်ဆိုတာထူးညွှန်းစရာတော့ မလိုသလောက်ပါပဲ။ အရမ်းကြီးထူးထွေဆန်းပြားနေတာတွေ မပါဘဲဖြစ်တတ်တာလေးတွေကိုရိုက်ပြသွားတာကိုက တကယ်ဖြစ်ပျက်နေတာကို ကြည့်ရသလိုဖြစ်စေတာမျိုးပါ။Dan ဆိုတဲ့ သမီး ၃ ယောက်အဖေ မုဆိုးဖိုတစ်ယောက်ရဲ့အကြောင်းကို Thanks Giving အတွက်မိသားစုတွေဆုံကြတဲ့အချိန် ဆုံကြတဲ့နေရာလေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ။အချစ်အကြောင်းသိချင်တာဆို ကြည့်ကြည့်ပါလို့ပြောလို့ရတဲ့ ဇာတ်လမ်းပါ။ အချစ်က ဘယ်လိုဆိုတာပြထားတာလေးတွေအပြင် ထူးထူးခြားခြား အချစ်ကဘာဆိုတာ ပြောပြထားတာလေးပါ ပါတယ်။သိရအောင် ကြည့်ကြည့်လိုက်ပါဦး။အသက်အရွယ်ကို လိုက်ပြီးတော့ရောအချစ်က မတူကွဲပြားတတ်လားဆိုတာမျိုးကိုလည်းထည့်ရိုက်ပြထားသေးတယ်။နောက်ထပ်တစ်ခုက Right Time, Right Person မဖြစ်ရမကြုံရရင်ရော ဘာတွေများဖြစ်ကုန်တတ်လဲ၊အဲ့လိုကြုံရတဲ့လူတွေ ဘယ်လိုလုပ်ကြလဲဆိုတာလည်း သိရမယ့်ဇာတ်လမ်းလေးပါ။အချစ်အကြောင်းချည်းပဲလားဆိုတော့မဟုတ်ပါဘူး။ ဘဝအတွက် အရေးပါတဲ့သတင်းစကားလေးလည်း ပါတယ်။ဇာတ်ကားနာမည်မှာ In Real Life ထည့်ထားတာကအဲ့ဒီ့ ဘဝနေနည်းလေးကို သက်သေပြထားတာလို့ပြောလို့ရတယ်။ စာတွေရေးတဲ့လူက သူ့စာတွေထဲမှာရေးထားသလိုနေဖို့ထက် ...
movie
Dan in Real Life (2007)
5.4
Going Nowhere (2022)
Going Nowhere (2022) ================ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ရုပ်ရှင်ရိုက်တဲ့အကြောင်းကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ အစ်ဇီဟာ ဟိုးအရင်ကတည်းက ရုပ်ရှင်ရိုက်ဖို့ အိပ်မက်မက်ခဲ့ရသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူကိုယ်တိုင် ဒါရိုက်တာဖြစ်ရမယ်ဆိုတဲ့ အိပ်မက်ကို အကောက်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘက်ဂျက်မလုံလောက်မှုကြောင့် သူ့ရုပ်ရှင်လေးကလည်း ယိုင်နဲ့နဲ့ပေါ့လေ။ အဖွဲ့သားနည်းနည်း၊ ဘတ်ဂျက်နည်းနည်း၊ ကိရိယာနည်းနည်း၊ သရုပ်ဆောင်နည်း နည်းနဲ့ပဲ သူ့ခမျာ ကြိုးစားရိုက်ရရှာတယ်။ ရိုက်နေစဉ်အတွင်းလည်း အဖွဲ့သားတွေ ကြားကပြဿနာတွေ၊ ကိုဗစ်ကာလစည်းမျဉ်းတွေကြောင့် အခက်အခဲပေါင်းသောင်း ခြောက်ထောင်ပေါ့။ဒီဇာတ်ကားရဲ့ထူးခြားချက်က အပေါ်မှာပြောခဲ့သလို ရုပ်ရှင်ရိုက်တာကို ရုပ်ရှင်ပြန် ရိုက်ပြသွားတာပါ။ "Going Nowhere"ရဲ့ တကယ့်အပြင်ကဒါရိုက်တာဟာ ဒီဇာတ် ကားထဲမှာ ဒါရိုက်တာနေရာက သရုပ်ဆောင်တဲ့ "Isabel Shill"ကိုယ်တိုင်ပဲဖြစ်ပါ တယ်။ ဒါတင်မကသေးဘဲ တခြားသရုပ်ဆောင်တွေရောပါပဲ။ ဆိုတော့ကာ တစ်မျိုး လေးအမြင်ဆန်းတယ်ပေါ့ဗျာ။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin မှဖြစ်ပါတယ်)File Size..........(1.3 GB) / (648 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Ngwe Zin Encoder..........SWM
movie
Going Nowhere (2022)
2022