Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fattah Amin
6.0
Trinil (2024)
ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲJump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက်ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း****************အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီးဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီလိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင်အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီးHoney moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတိုဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတုမကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းကပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူကသူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေစံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်းအဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိတန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာတန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL ...
movie
Trinil (2024)
5.6
Mat Kilau (2022)
IMDb 5.6 အထိရရှိထားတဲ့မလေးရှားအက်ရှင် ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး ဗြိတိသျှတွေနယ်ချဲ့ခံနေရတဲ့မလေးလူမျိုးတွေရဲ့ဘဝကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် အဓိကဇာတ်ဆောင်ကတော့ မက်ကီလူဆိုတဲ့မလေးစစ်သည်တစ်ယောက်ဖြစ်ပြီးဗြိတိသျှတွေကိုဆန့်ကျင်တဲ့နေရာမှာ သူ့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းထဲမှာတော့မလေးကျွန်းငယ်လေးတစ်ခုကိုနယ်ချဲ့တွေကမလိမ့်တပတ်နဲ့လာအုပ်စိုးနေပြီးမက်ကီလူတို့စစ်သည်တွေကနယ်ချဲ့တွေကိုပြန်တော်လှန်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ အကြီးအကဲတွေနဲ့ရွာသားတော်တော်များများကသက်သာရာမှာနေချင်ကြပေမဲ့မက်ကီလူတို့ကတော့နယ်ချဲ့လက်အောက်ကကျွန် မဖြစ်ချင်တာကြောင့်ရရာလက်နက်စွဲကိုင်ပြီးတိုက်ခိုက်ကြပါတော့တယ် ဘာသာတရားရဲ့အဆုံးအမတွေနဲ့သစ္စာတရားကိုအခြေခံထားတဲ့မက်ကီလူတို့လူမျိုးတွေကနယ်ချဲ့တွေကိုမောင်းထုတ်နိုင်ပါ့မလား မမျှတတဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ File size…(2.9 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Action, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Mat Kilau (2022)
6
Deleted ( 2022 )
လူသားတွေဟာ တကယ်တမ်းတော့ ရောင်းဝယ်ဖောက်ကားဖို့ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ ရောင်းကုန်ပစ္စည်းတွေမဟုတ်ချေပါဘူး ။ လူကုန်ကူးမှုတွေဟာ ယနေ့ထက်တိုင်အထိလဲ ရှိနေကြတုန်းပါပဲ ။ရွှေ့ပြောင်းနိုင်ငံတွေမှာ အများအပြားကြုံတွေ့ရတတ်ပြီးတော့ လူကုန်ကူးခံရတဲ့ လူဦးရေး သုံးပုံ နှစ်ပုံဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေပါ ။ ကလေးငယ်တွေရဲ့ ကျောက်ကပ်တွေ ကိုယ်တွင်း အင်္ဂါတွေကို ရောင်းချကြတဲ့ ဒုစရိုက်သမားတွေကလဲ အများကြီးပါပဲ ။ လူကုန်ကူးမှုကို တွင်တွင်ကျယ်ကျယ်တိုက်ဖျက်ပေးဖို့အတွက် ဇူလိုင်လ ၃၀ ရက်နေ့ကို တစ်ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှု တိုက်ဖျက်ရေး နေ့အဖြစ်သတ်မှတ်ထားခဲ့ကြပါတယ် ။ဒီတော့ ဒီကနေ့ တင်ဆက်ပေးသွားမဲ့ ဇာတ်ကားလေးကတော့ လူကုန်ကူးမှု ပညာပေးရေး ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ။ နိုင်ငံရပ်ခြားမှ ရွှေ့ပြောင်း တရုတ်မိသားစုတစ်စုက သမီးငယ်လေးတစ်ဦးဟာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးလို့သွားခဲ့ပါတယ် ။ အဲဒီအချိန်အတွင်းမှာလဲ နိုင်ငံအတွင်းမှာလူကုန်ကူးမှုတွေနဲ့ အတူ ကလေးငယ်အများအပြား သေဆုံးမှူကလဲ ဖြစ်ပေါ်လို့နေပါတယ် ။❏ ဒီတော့ အခြေအနေတွေ အကြပ်ရိုက်နေတဲ့ အချိန်မှာ သမီးငယ်လေးကိုကယ်တင်နိုင်ပါ့မလား ? ❏ လူကုန်ကူးခံရတဲ့ သမီးငယ်လေးအပြင် တစ်ခြားကလေးတွေကိုပါ ကယ်တင်ပြီး တရားခံကို လက်ရဖမ်းဆီးနိုင်မလား ? ❏ ဘယ်လို ဆုံးရှုံး စတေးမှုတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာ စိတ်လှူပ်ရှားစွာကြည့်ရှုရမဲ့အပြင် လူကုန်ကူးမှုပညာပေးရေးကိုပါ မြင်တွေ့ရစေမှာပါ ...
movie
Deleted ( 2022 )
7.6
KL Special Force (2018)
KL Special Force ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၈ခုနှစ်ထွက် မလေးရှားအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။အခုလက်ရှိတွင် IMDb rating 7.5 ရရှိထားပြီး ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Fattah Amin,Rosyam Nor,Syamsul Yusof စတဲ့သရုပ်ဆောင်မင်းသားတွေဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Roslan ဦးဆောင်တဲ့ အထူးအဖွဲ့ဟာ Asyraff ဦးဆောင်တဲ့ မာဖီးယားအဖွဲ့ဖြစ်တဲ့ "Gang Anarkis" ကိုနှိမ်နင်းဖို့တာဝန်ပေးအပ်ခြင်းခံရပါတယ်။ဒီအထူးရဲအဖွဲ့မှာ ပါဝင်လာသူနောက်တစ်ယောက်ကတော့ အသက်ငယ်ငယ်ရဲတပ်သားလေး Zul ဖြစ်ပါတယ်။Zul နဲ့ Roslan တို့နှစ်ယောက်ကြားကို မာဖီးယားခေါင်းဆောင်Asyraff မှ ဘယ်လိုခလောက်ဆန်မလဲ......ဒီအမှုမှာဘယ်လိုလျှို့ဝှက်ချက်တွေရှိတာလဲ.....ရဲတပ်ဖွဲ့မှ မာဖီးယားဂိုဏ်ကိုဘယ်လိုနှိမ်နင်းသွားမလဲစတာတွေကို အက်ရှင်စွန့်စားခန်းတွေနဲ့စိတ်ဝင်တစားကြည့်ရှုရမှာပါ။File Size : (850 MB) and (345 MB) Quality : WEBRip 720p Running Time : 1hr 45min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Source : 720p ...
movie
KL Special Force (2018)
2018