Channel Myanmar

Famke Janssen

Eulogy (2004)
Eulogy (2004) IMDb 6.5/10 ************************************* ဇာတ်လမ်းက​တော့ ကိတ်တီတစ်ယောက် သူနဲ့တစ်ခါမှမဆုံဖူးတဲ့လူတွေကို သတင်းဆိုးတွေသွားပြောပေးရတာနဲ့ ဇာတ်ဖွင့်ထားပါတယ် ဘာလို့သူဒီလိုလုပ်နေရတာလဲဆိုတော့ ဇာတ်ကြောင်းပြန်ရရင် သူ့ရဲ့ချစ်လှစွာသောအဖိုးဆုံးပါးသွားတာကနေ စတော့တာပါပဲဒီလိုနဲ့အဖိုးရဲ့အသုဘကိုအကြောင်းပြုပြီး သူတို့ညီအစ်ကိုမောင်နှမမိသားစုဝင်တစ်သိုက် ပြန်လည်ဆုံဆည်းဖို့အကြောင်းဖန်လာပါတော့တယ် ကိတ်တီဟာ အဖိုးအသုဘမှာချီးမွမ်းဂုဏ်ပြုစကားပြောပေးဖို့ဖြစ်လာရာကနေ မိသားစုတွင်းသဘောထားကွဲလွဲမှုတွေ နှစ်ဦးနှစ်ဖက်တင်းမာမှုတွေ ဖရိုဖရဲဖြစ်နေတဲ့မိသားစုကြားကအလွဲတွေနဲ့ နောက်ဆုံးမိသားစုလျှိူ့ဝှက်ချက်ကြီးကိုရင်ဆိုင်ကြရတဲ့အခါ ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာ ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် မိသားစုဝင်ညီအကိုမောင်နှမတွေကြားက မတည့်အတူနေ ခိုင်မြဲတဲ့သံယောဇဥ်ကြိုးတွေကို dark comedy စတိုင် ပုံဖော်ထားတာမို့ ကြည့်ရှူခံစားကြည့်ကြပါအုံး... File size…(1.6 GB)/(855 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Eain Si 
movie

Eulogy (2004)

I Spy (2002) 5.5
I Spy (2002)  ဒီကားလေးကတော့ Owen Wilson နဲ့ Shrek animationထဲက Donky အသံသရုပ်ဆောင် Eddie Murphy တို့နှစ်ယောက်တူတူပါဝင်ထားတဲ့ ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်.ဇာတ်လမ်းအကျဥ်းလေးကတော့ အစိုးရဆီကအခိုးခံလိုက်ရတဲ့ကိုယ်ပျောက်လေယာဥ်ကို ပြန်ယူပေးဖို့အထူးအေးဂျင့် အဲလက်စ် (Owen Wilson) နဲ့ အစိုးရကနေအကူအညီတောင်းခေါ်ယူထားတဲ့ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ကယ် ရော်ဘင်ဆန် (Eddie Murphy)တို့နှစ်ယောက် တာဝန်ပေးခံရပါတယ် ။နယ်ပယ်မတူတဲ့သူတို့နှစ်ယောက် အဖွဲ့​​​ဖြစ်သွားပြီးလေယာဥ်ကိုပြန်ရအောင်ဘယ်လိုကြိုးစားကြမလဲဆိုတာဟာသတွေအလွဲတွေနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ.. File size…1.87GB /1.1GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BELYS
movie

I Spy (2002)

Hide and Seek (2005) 5.9
Hide and Seek (2005) ဒီဇာတ်လမ်းကတော့ မိန်းမဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးတဲ့နောက်မှာ David တစ်ယောက် သူ့သမီးလေး Emily နဲ့ New York မြို့ကနေ စိတ်အပန်းဖြေဖို့ နယ်ဘက်ကို ရွှေ့ပြောင်းနေခဲ့တယ်။ ဒါပေမဲ့ သူ့သမီးလေး Emily မှာ Charlie လို့ခေါ်တဲ့ စိတ်ကူးယဥ်သူငယ်ချင်းတစ်ယောက် ပေါ်လာချိန်မှာတော့ ဖြေရှင်းလို့မရတဲ့ အဆန်းတကြယ်အဖြစ်အပျက်တွေ ပေါ်လာပါတော့တယ်။Charlie ဆိုတဲ့ စိတ်ကူးယဥ်သူငယ်ချင်းက Emily ရဲ့ စိတ်ရောဂါသက်သက်လား တကယ်ရှိနေတာလား၊ အံ့ဩစရာအဖြစ်အပျက်တွေရဲ့နောက်ကွယ်က Emily ကြောင့်ပဲလားဆိုတာကို ဇာတ်အိမ်လှည့်ကွက်တွေမျိုးစုံနဲ့ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာကြည့်ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Hide and Seek (2005)

Boy Kills World (2024) 6.7
Boy Kills World (2024)  ဒီကားက အက်ရှင် ဟာသ စိတ်ကူးယဉ်ကားပါ။တကယ့် ငစားကားလို့ ပြောလို့လည်းရတယ်။ဒါရိုက်တာ Moritz Mohr ကလည်း ရုပ်ရှင်အများကြီးရိုက်ဖူးတာမရှိဘူး။ ဒါပေမဲ့ Bullet Train တို့ ဂျွန်ဝစ်တို့ရဲ့ ဒါရိုက်တာလိုမျိုး စကေးတွေ ပြသွားတယ်။မင်းသားကတော့ IT ထဲက ပန်နီဝိုက်စ်ကြီး Bill Skarsgårdပါပဲ။ The Raid ထဲက ဆရာကြီး Yayan Ruhian လည်းပါပြီးAction တွေကလည်း The Raid ကို မှီနေတယ်။ပါဏာတိပါတာတွေ အနိဌာရုံတွေကတော့ အရမ်းများတာသတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း*****************ဗန် ဒါ ကွိုင်း မိသားစုဟာ မြို့ကြီးတစ်မြို့လုံးကိုချုပ်ကိုင်ထားတဲ့ အာဏာရှင်တွေပါ။ နှစ်တိုင်းမြို့သူမြို့သားတွေ မတော်လှန်ရဲစေဖို့ ကားလင်းပွဲဆိုတာလုပ်လေ့ရှိတယ်။ အဲဒါကတော့ မြို့ထဲကနေ သူ့ကိုဆန့်ကျင်ချင်တဲ့လူတွေကို ရှာပြီး အစုလိုက်အပြုံလိုက်ရှင်းပစ်တာပါပဲ။ အဲဒီလိုပွဲကြောင့် မိသားစုတစ်ခုလုံးဆုံးရှုံးသွားတဲ့ နားမကြား ကောင်လေးတစ်ယောက်ဟာတောထဲမှာ ဆရာကြီးတစ်ယောက်နဲ့ သိုင်းတွေကျင့်ပြီးလက်စားချေဖို့ မြို့တက်လာပါတယ်။ဇာတ်လမ်းအစကတည်းက မျိုးစုံတလွဲတွေဖြစ်ပြီးအသားကုန် ချကြတာ အဆုံးအထိပါပဲ။ ...
movie

Boy Kills World (2024)

4K HEVC
Taken (2008) 7.7
Taken (2008) Taken 1 (2008) Unrated Extended CutOld but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ    https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းကို ပြောပြရရင်တော့ ဘရိုင်ယန်က စီအိုင်အေစုံထောက်ဟောင်းတစ်ယောက်ပါ။ အလုပ်မှာပဲအချိန်ပေးခဲ့တာကြောင့် မိန်းမနဲ့ကွာရှင်းလိုက်ရပြီး ၁၇ နှစ်အရွယ်သမီးလေးကိုပါ သူ့အမေလက်ထဲထည့်ပေးလိုက်ရတာမို့ အငြိမ်းစားယူပြီးနောက် သမီးဖြစ်သူကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ ...
movie

Taken (2008)

4K HEVC
Locked In (2023) 5.5
Locked In (2023)  X-Man movieတွေမှာ ဂျင်းဂရေးအဖြစ်သရုပ်ဆောင်တဲ့မမ Famke Janssen(ကတ်သရင်း)ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုထပ်မြင်တွေ့ရမယ့် ကားတစ်ကားပါပဲ....။ဇာတ်လမ်းလေးက ဆေးရုံကြီးတစ်ခုမှာ လော့အင် ဆင်ဒရုန်းဖြစ်နေတဲ့လူနာတစ်ယောက်(ကတ်သရင်း)က စပါတယ်...။လော့အင် ဆင်ဒရုန်း(Locked-in syndrome)ရောဂါဆိုတာ ကြွက်သားအားလုံးအကြောသေပြီး ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်နိုင်မရှားနိုင်ဘဲ မျက်တောင်အပိတ်အဖွင့်၊မျက်စိဘယ်ညာသာလှုပ်ရှားနိုင်တဲ့ရောဂါပါ....။ကတ်သရင်းဟာ ဘာလို့ဒီရောဂါဖြစ်ခဲ့ရလဲဆိုတော့.....ဒီရောဂါမဖြစ်ခင်ကဆို ကတ်သရင်းဟာ စံအိမ်ပိုင်ရှင်သူဌေးကြီးကိုလက်ထပ်ယူထားတဲ့ ထိတ်ထိတ်ကြဲ ဟောလိဝုဒ်မင်းသမီးပေါ့....‌ယောကျ်ားဖြစ်သူဆုံးသွားတော့ ကတ်သရင်းအတွက် ဘာဆိုဘာမှမထားခဲ့ဘဲသားဖြစ်သူအတွက်သာ အမွေ‌တွေအကုန်ပေးအပ်ခဲ့ပါတယ်...။ဒီတော့ စံသာစံနေရတယ် စံအိမ်မပိုင်တဲ့အိမ်ရှင်မကြီးဘဝရောက်ခဲ့ရတယ်ပေါ့....။အမွေရတဲ့ သားဖြစ်သူဟာငယ်ငယ်ကတည်းက ရောဂါကြောင့်အိပ်ယာထဲတစ်ဘိုင်းဘိုင်းလဲနေရသူပါ....။အမွေမရတဲ့ ကတ်သရင်းကတော့ သားဖြစ်သူကိုမကြည်တဲ့အပြင် အမွေတွေကိုပြန်အပိုင်သိမ်းဖို့သာ နည်းလမ်းရှာနေခဲ့ပါတယ်....။ဒီလိုနဲ့ သားဖြစ်သူလည်းအိမ်ထောင်ကျ ချွေးမတစ်ယောက်ပါထပ်ရလာတဲ့အခါမှာတော့....အမွေလုဖက်တစ်ယောက်တိုးလာခဲ့ပြန်ပါပြီ....။မိထွေးဖြစ်သူ၊ သားနဲ့ချွေးမတို့ကြား လူကောင်းမျက်နှာဖုံးအောက်ကအမွေလုပွဲကို မထင်မှတ်ထားတဲ့ Plotတွေ စုံစုံလင်လင်နဲ့ကြည့်ရှုရမယ့်Mystery Thrillerဇာတ်လမ်းလေးဖြစ်ပါတယ်...။ File size…1.10GB / 521MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Locked In (2023)

Deep Rising (1998) 6.1
Deep Rising (1998) Deep Rising (1998)မူလဘူထ Phoenix ဖြစ်ခဲ့တဲ့အပြင် Bond Girl ပါ ဖြစ်ခဲ့ဖူးတဲ့ မမ Famke Janssen ပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာတော့ CGI တွေပီပြင်လွန်းလို့ ကြည့်ရှုသူများကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားဖီနီဂန်ဟာ ပိုက်ဆံရရင်ပြီးရော ဘာမှဂရုမစိုက်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်ပြီး လူတစ်စုကို သူ့စက်လှေပေါ်တင်ဆောင်လာခဲ့တယ်။ ဘယ်ကို မောင်းနေမှန်းမသိ မောင်းပေးရင်း သူ့စက်လှေပေါ်မှာ အဲ့လူတွေက တော်ပီဒိုတွေ တင်ဆောင်လာတာကို သိလိုက်ရတယ်။သူတို့မောင်းစေချင်တဲ့နေရာ ရောက်ခါနီးမှာတော့ Speed Boat တစ်စင်းကို တိုက်မိသွားတယ်။ အနီးအနားမှာ ဇိမ်ခံသင်္ဘောတစ်စင်းကို တွေ့လိုက်ရတော့ အကူအညီတောင်းဖို့ စဉ်းစားလိုက်ပါတယ်။ ကံဆိုးချင်တော့ သူခေါ်လာပေးတဲ့လူတစ်စုဟာ အဲဒီဇိမ်ခံသင်္ဘောကို အနုကြမ်းစီးမယ့် အုပ်စု ဖြစ်လို့နေပါတယ်။ သူတို့ သင်္ဘောပေါ် ရောက်ချိန်မှာတော့ မျှော်လင့်ထားသလို မဟုတ်ဘဲ လူတွေအားလုံး ပျောက်ဆုံးနေပါတော့တယ်။အကြောင်းရင်းကိုရှာဖွေကြရင်း သူတို့ချည်းပဲ ရှိနေတာမဟုတ်ဘူးဆိုတာ သိလိုက်ရချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Deep Rising (1998)

1998
Knights of the Zodiac (2023)
Knights of the Zodiac (2023) Knights of the Zodiac (2023)စိတ်ကူးယဉ် မှော်ရုပ်ရှင် အသစ်တစ်ကားလာပါပြီ။ ဂျပန် မန်ဂါကာတွန်း Saint Seiya ကို အခြေခံရိုက်ကူးထားပြီး မင်းသားကတော့ One Piece Live Action စီးရီးမှာ Roronoa Zoro အဖြစ်ပါဝင်ထားတဲ့ Mackenyu ပဲဖြစ်ပါတယ်။ အက်ရှင်ပိုင်းမှာ ပိုင်နိုင်ကြောင်းကိုတော့ Rurouni Kenshin: Final Chapter Part I မှာ Enishi Yukishiro အဖြစ် သရုပ်ဆောင်ခဲ့တာကို ကြည့်ရင် သိသာပါတယ်။ ဇာတ်ပို့အနေနဲ့ မင်းသားကြီး ရှောင်ဘင်း ( ကားတိုင်းသေ) နဲ့ ပါရာနာဝေမင်းသား Mark Dacascos တို့ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းသမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်နေခဲ့ကြပါတယ်။ ဒါကို လူသားတွေဘက်ကနေ စစ်နတ်ဘုရားမ အသီနာက ကာကွယ်ပေးခဲ့ပြီး လူသား သူရဲကောင်းတွေအများကြီး အသီနာဆီမှာ သစ္စာခံခဲ့ကြပါတယ်။ အဲဒီသူရဲကောင်းတွေဟာ ကော့စ်မိုလို့ခေါ်တဲ့ ကြယ်တွေရဲ့ စွမ်းအားကို ...
movie

Knights of the Zodiac (2023)

2023
Redeeming Love (2022)
Redeeming Love (2022) ရှင် ကျွန်မကို ဘာလို့ဒီ​​လောက်ချစ်ရတာလဲကျွန်မက အငယ်အ​နှောင်းရဲ့ သမီးတစ်​​ယောက်၊ ​လူ့​လောကထဲ ​ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်က​နေ အ​ပြောခံရသူပါ၊ အ​မေကလည်း မျိုးရိုး​ကောင်းမဟုတ်သလို ​လောကဓံလှိုင်းတံပိုး ကြား ကာလသား​ရောဂါနဲ့ ဆုံးခဲ့ရသူပါ။ ကျွန်မဆိုတာကလည်း မိခင်​သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်​​"ဆိုတဲ့ နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်း​တော့တဲ့ မိန်းက​လေးတစ်​ယောက်ကို ဘာလို့ဒီ​လောက်ထိချစ်ရတာလဲရှင် ကျွန်မရဲ့အတိတ်အ​ကြောင်း တစ်ဝက်​လောက်သိရင်​​​တောင် စွန့်ခွာထွက်​ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကို​​တောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သ​ဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်​ထောင်ဖွား ​ယောကျ်ားသား​တွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာ​ကြောင့် ကျွန်မကို ဒီ​လောက်ထိ လက်ထပ်ချင်​နေရတာလဲကျွန်မဆိုတာ ကိုယ့်ခံစားချက်ကို​ဘေးချိတ်ပြီး ဝမ်း​ရေးအတွက် ဒီအလုပ်ကို လုပ်​နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အ​တွေးထဲ​တောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုး​ကောင်းသားတစ်​ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းက​​လေး​တွေ လက်ချိုး​ရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ​ငွေနဲ့ဝယ်မယ်ဆိုရင်လည်း ဒီအိမ်​ထောင်မှုရဲ့အ​ဝေး ကျွန်မအမြဲထွက်​ပြေး​နေမိမှာပါ၊ ဒါဆိုလည်း ရှင်ကျွန်မကို ချစ်​နေ ဦးမှာလား..... မိုက်ကယ်အနာဂတ်မှာ ဘာဆက်ဖြစ်မလဲ​​တော့ ဇာတ်ဆရာအလိုကျ​ပေါ့ ==========================================မင်းကိုဘာလို့ ဒီ​လောက်ထိချစ်မိသွားမှန်း ကိုယ်မသိပါဘူးကိုယ်က လယ်သမားတစ်​ယောက်ပါ၊ အရာရာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုလို့ ...
movie

Redeeming Love (2022)

Dangerous (2021)
Dangerous (2021) အန္တရာယ်ကောင်ဆိုတဲ့ ဇာတ်လမ်းလေး ကြည့်လိုက်ရအောင်။ ဒီ ဖော်ရက်စတာဆိုတဲ့ လူတစ်ယောက်ဟာ လူတွေရဲ့ခံစားချက်ကို နားမလည်တတ်တဲ့ စိတ်ရောဂါတစ်မျိုးနဲ့လူပါ။ ဝမ်းနည်းတာတွေ ကြောက်တာတွေကို မခံစားတတ်ဘူး။ အထူးတပ်ဖွဲ့မှာ အထက်အရာရှိကို သတ်မိမလိုဖြစ်ပြီး တပ်က ထွက်လာခဲ့ရတယ်။ ပြီးတော့ လူဆိုးဂိုဏ်းတစ်ခုနဲ့ ပေါင်းမိပြီး သွေးအေး လူသတ်သမားဖြစ်လာတယ်။ ထောင်ထဲမှာ စိတ်ဆရာဝန်တွေပြပြီး သူ့ရဲ့ အရင်အကျင့်ဟောင်းနဲ့ စိတ်တွေကို ပြင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူ့မှာ သမိုင်းပါမောက္ခ လူရိုးလူဖြောင့် ရှောင် ဆိုတဲ့ ညီတစ်ယောက်ရှိတယ်။ ဇာတ်လမ်းက အဲဒီက စတာပါ။ ရှောင်ဟာ ကွှန်းတစ်ကျွန်းကိုဝယ်ပြီးမိသားစုနဲ့အတူနေထိုင်ရင် တစ်နေ့မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်။ အဲဒီစျာပနကို အစ်ကိုဖြစ်သူ ဒီ ရောက်လာရင်းနဲ့ ကျွန်းပေါ်မှာ လူဆိုးအဖွဲ့တွေနဲ့ အရှုပ်အရှင်းတွေကြားထဲကို ရောက်သွားပါတယ်။ သူ့မိသားစုကိုလည်း ကာကွယ်ရင်း အရင်လိုလည်း လူမသတ်မိအောင်ထိန်းနေရတဲ့ ဒီ တစ်ယောက်ဘယ်လို ရုန်းကန်ရမလဲဆိုတာ.....File Size : (1.5 GB) & (800 MB) Quality : Bluray rip 1080p & 720 p Running Time ...
movie

Dangerous (2021)

The Faculty (1998) 6.5
The Faculty (1998) Sci-Fi / Horror ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဟောင်းလေးတင်ဆက်လိုက်ပါတယ်။The Lord of the rings ဇာတ်ကားမှာ လူပုလေးဖရိုဒိုနေရာကနေဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Elijah Wood ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလည်းဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်အပြင် ဇာတ်ပျိုး၊ဇာတ်လယ်၊ဇာတ်တက်၊ဇာတ်ဆင်း ရှယ်ကြမ်း ရှယ်ကောင်းတဲ့ science-fiction တစ်ဖြစ်လဲ horror ကားကောင်းလေးလည်းဖြစ်ပါတယ်။ဇာတ်ကားနာမည်လေးကတော့ The Faculty (1998) ဖြစ်ပြီး IMDb အနေနဲ့ 6.5 ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ပြောပြနေတာထက် ကြည့်လိုက်တာက ပိုကောင်းတာမို့ မညွှန်းတော့ပါဘူးနော်။ File size…(1.8 GB)/ (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:44:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

The Faculty (1998)

The Vault(2021) 7.0
The Vault(2021) The Vault(2021)အညွှန်း*********************IMDb...7.0Thomဆိုတဲ့ကောင်လေးက Cambridgeတက္ကသိုလ်ကအရမ်းတော်တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ပါ....ဉာဏ်ပြေးတဲ့Thomကို လစာဒေါ်လာသိန်းချီပြီးကမ်းလှမ်းတဲ့ကုမ္ပဏီကြီးတွေရှိခဲ့ပေမဲ့Thomကတော့ Walter Morelandရဲ့ကမ်းလှမ်းမှုကိုသာ စိတ်ဝင်စားခဲ့ပါတယ်....Walter Morelandတို့အဖွဲ့က နှစ်တရာကျော်သက်တမ်းရှိတဲ့စပိန်ဘဏ်အဆောက်အဦးကမြေအောက်ဘဏ္ဍာတိုက်တစ်ခုကိုဖွင့်ဖို့ ကြိုးစားနေတာပါ.....အဲ့ဒီစပိန်ဘဏ်က ကမ္ဘာ့အလုံခြုံဆုံးစနစ်နဲ့တည်ဆောက်ထားတဲ့ဘဏ်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီးထိုးဖောက်မရနိုင်တဲ့ အံ့မခန်းအင်ဂျင်နီယာအစွမ်းလို့ ပြောစမှတ်တွင်ပါတယ်.....လိုအပ်နေတဲ့ အင်ဂျင်နီယာဉာဏ်ကြီးရှင်Thomက Walterတို့အဖွဲ့ထဲရောက်လာတဲ့အချိန်မှာတော့ပျောက်ဆုံးနေတဲ့ရတနာသိုက်ကိုအရယူဖို့အတွက် ဘဏ္ဍာတိုက်ဖောက်ဖို့အစီအစဉ်ဆွဲကြပါတယ်....လုံခြုံရေးအထပ်ထပ်ကာထားတဲ့ဘဏ်ကို သူတို့ဘယ်လိုကြိုးစားပမ်းစားဖောက်ကြမလဲဆိုတာကိုတော့...ဒီကားက ထင်မထားလောက်အောက် နင်းကန်လန်းပါတယ်...ဒါ့ကြောင့်မို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတွေကတော့ Khine Khine Wai & Ei Phyu Khin တို့ပဲဖြစ်ပါတယ်.... File Size : (2.2GB) and (0.9GB) Quality : HEVC 1080p 5.1,WEB-DL720p Format…mp4 Duration…01:30:00 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae   
movie

The Vault(2021)

HEVC 1080p 5.1
[James Bond] GoldenEye (1995) Golden Eye 7.2
[James Bond] GoldenEye (1995) Golden Eye  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..သူ့ရဲ့ ဘွန်းဇာတ်ကား ၄ ကားထဲမှာ Rating အမြင့်ဆုံးဇာတ်ကားဖြစ်ပြီး လူသတ်မှုအများဆုံး ဘွန်းဇာတ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ဇာတ်ကားပါ...Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..IMDb Rating (7.2/10) ရရှိထားပါတယ်…။  File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie

[James Bond] GoldenEye (1995) Golden Eye

HEVC 1080p 5.1
The Postcard Killings(2020) 5.7
The Postcard Killings(2020) The Postcard Killings(2020)(unicode)ရဲသက်တမ်းအနှစ်သုံးဆယ်ရှိတဲ့ ဂျေကော့ရဲ့သမီးဟာ ဥရောပတစ်ခွင် ဟန်နီးမွန်းထွက်ရင်းအသတ်ခံလိုက်ရပါတယ် ...အသတ်ခံလိုက်ရတဲ့ပုံစံဟာ သာမန်လူသတ်မှုတွေနဲ့ကွဲပြားပြီး ပြတိုက်တွေထဲက အနုပညာပန်းချီကားတွေ ကျောက်စစ်ရုပ်ထုတွေ ပုံစံအတိုင်းဖြစ်နေတာပါ ...ဒီလိုအမှုကို အရင်ကစပိန်နိုင်ငံမက်ထရစ်မြို့မှာက လက်ထပ်ပြီးခါက စုံတွဲလည်းဖြစ်ခဲ့ဖူးပါတယ်... ရဲမှတ်တမ်းတွေအရ ပုံစံတူတဲ့အတွက် ကွင်းဆက်လူသတ်သမားအဖြစ်သတ်မှတ်လိုက်ပါတယ်... တစ်ဦးတည်းသောသမီး ဒီလိုမတရားသေဆုံးမှုဟာ သူ့အတွက်တော့ ဖြေမဆည်နိုင်အောင်ပဲ... အဲ့ဒါကြောင့်အမှုမှန်ပေါ်ဖို့အတွက် အခင်းဖြစ်ပွားခဲ့တဲ့ လန်ဒန်ကရဲတွေနဲ့ပူးပေါင်းလုပ်ဆောင် လူသတ်သမားကိုဖမ်းဖို့ကြိုစားပါတော့တယ် ....သူတကယ်ပဲဖမ်းဆီးဖို့ကြိုးစားရာမှာအောင်မြင်ပါ့မလား.... ဖမ်းဆီးဖို့ကြိုးစားစဉ်မှာလည်း အလားတူ လူသတ်မှုမျိုးတွေ ဆက်လက်ဖြစ်ပေါ်နေဉီးမှာလား....ဒီလောက်နှစ်ကြာနေတာတောင် ဘာဖြစ်လို့ လူသတ်သမားကို မဖမ်းနိုင်ကြတာလဲ....လူသတ်သမားကရော ဘယ်လိုရည်ရွယ်ချက်တွေကြောင့် ဒါမျိုးတွေလိုက်သတ်ရတာလဲ...ခံစားကြည့်ကြပါဉီး...Crime,Mystery ကားကြိုက်သူတို့အတွက် လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...(zawgyi)ရဲသက်တမ်းအနှစ်သုံးဆယ်ရှိတဲ့ ဂျေကော့ရဲ့သမီးဟာ ဥရောပတစ်ခွင် ဟန်နီးမွန်းထွက်ရင်းအသတ်ခံလိုက်ရပါတယ် ...အသတ်ခံလိုက်ရတဲ့ပုံစံဟာ သာမန်လူသတ်မှုတွေနဲ့ကွဲပြားပြီး ပြတိုက်တွေထဲက အနုပညာပန်းချီကားတွေ ကျောက်စစ်ရုပ်ထုတွေ ပုံစံအတိုင်းဖြစ်နေတာပါ ...ဒီလိုအမှုကို အရင်ကစပိန်နိုင်ငံမက်ထရစ်မြို့မှာက လက်ထပ်ပြီးခါက စုံတွဲလည်းဖြစ်ခဲ့ဖူးပါတယ်... ရဲမှတ်တမ်းတွေအရ ပုံစံတူတဲ့အတွက် ကွင်းဆက်လူသတ်သမားအဖြစ်သတ်မှတ်လိုက်ပါတယ်... တစ်ဦးတည်းသောသမီး ဒီလိုမတရားသေဆုံးမှုဟာ သူ့အတွက်တော့ ဖြေမဆည်နိုင်အောင်ပဲ... အဲ့ဒါကြောင့်အမှုမှန်ပေါ်ဖို့အတွက် အခင်းဖြစ်ပွားခဲ့တဲ့ ...
movie


Primal (2019) 4.9
Primal (2019) Nicholas Cage ရဲ့ အသစ်ထွက် အက်ရှင်ဇာတ်ကားသစ်ပါ။သာမန်အက်ရှင်ကားတွေနဲ့ မတူဘဲတမူထူးခြားနေတဲ့ ဇာတ်ကားမို့ ပရိသတ်တွေ သဘောကျဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ သင်္ဘောကြီးတစ်စီးပေါ်မှာအမဲလိုက်မုဆိုးတစ်ယောက်နဲ့ သူ့ရဲ့တိရစ္ဆာန်တွေရယ်၊လူသတ်မှုပေါင်းများစွာနဲ့ ဖမ်းဆီးလာတဲ့စိတ္တဇလူသတ်သမားတစ်ယောက်နဲ့သူ့ကို ဖမ်းဆီးလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေရယ် ပါလာကြပါတယ်စိတ္တဇ လူသတ်သမားက မထင်မှတ်ဘဲ လွတ်မြောက်သွားတဲ့အခါ.....သူတို့ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ?????သူတို့က သူ့ကို မိပါ့မလား????တစ်ကားလုံးကို အသည်းတယားယား ရင်တဖိုဖိုနဲ့ကြည့်ရမှာပါ။ File Size : ( 907 MB , 341 MB)Quality :  WEB-DL 720pRunning Time : 1 hr 37 minFormat : Mp4Genre : Action Subtitle : Myanmar Subtitle ...
movie

Primal (2019)

2019