Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fajar Nugros
Ali Topan (2023)
အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီးIMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာအဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားကအကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေးအဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေမိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီကသူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေးတစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်းကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီးအန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုကသူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲမွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွားကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေအကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်းအိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေကပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.60GB / 749MB Quality…WEB-DL 1080p 5.1CH ...
movie
Ali Topan (2023)
6.7
Sleep Call (2023)
ဒီရုပ်ရှင်လေးကတော့ Drama၊ Thrillerအမျိုးအစားအင်ဒိုရုပ်ရှင်ကားလေးဖြစ်တာမလို့ plotကောင်းကောင်းကိုခံစားချက်အပြည့်နဲ့ စီးမျှောကြည့်လို့ကောင်းဦးမှာပါ။အင်ဒို မော်ဒယ်၊မင်းသမီးချော Laura Basukiရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ချက်တွေကလည်း ဂရုဏာမသက်ဘဲမနေနိုင်အောင် မြင်တွေ့ရဦးမှာပါ...။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်ဒီနာဟာ အွန်းလိုင်းချေးငွေယူခဲ့မိပြီး အကြွေးသံသရာထဲကရုန်းမထွက်နိုင်အောင်ဖြစ်နေသူပါ...။အကြွေးတွေပြန်မဆပ်နိုင်တဲ့အဆုံး အွန်လိုင်းချေးငွေရုံးမှာပဲအလုပ်ဝင်လုပ်ရင်း အကြွေးဆပ်ဖို့ကြံရရှာပါတယ်...။အွန်လိုင်းချေးငွေဆိုတာ လိမ်လည်ကလိမ်ကကျစ်ကျတာနဲ့ထူးမခြားနားပေမို့ ဒီနာတစ်ယောက် နေ့စဥ်နေ့တိုင်းအလုပ်လုပ်နေရပေမယ့် ဘဝအဓိပ္ပာယ်ပျောက်၊ ခံစားချက်တွေပျောက်ဆုံးနေခဲ့ရပါတယ်။ သူ့အတွက် စိတ်ဖြေစရာဆိုတာကလည်းညညဆို မအိပ်ခင်ဖုန်းအတူပြောပေးတဲ့ အွန်လိုင်းချစ်သူလေးသာရှိပါတယ်...။ဒီနာတစ်ယောက် အကြွေးသံသရာထဲရုန်းကန်နေရရင်းအမြတ်ထုတ်လိုသူတွေကြား ဘယ်လိုဆက်လက်ရှင်သန်ရမလဲ...သူ့ရဲ့အွန်လိုင်းချစ်သူလေးကရော ဒီနာ့ဘဝကို ဘယ်လိုကယ်တင်နိုင်မလဲ...စတာတွေကို မထင်ထားလောက်တဲ့ plotအစုံနဲ့မြင်တွေ့ရမှာမို့ အခုပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…1.20GB / 520MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Sleep Call (2023)