Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Faizon Love
7.1
The Last Stop in Yuma County (2023)
The Last Stop in Yuma County ဇာတ်ကားဟာ၂၀၂၃ ခုနှစ်ထွက် Crime Thriller ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်....ဒီကားက ဖတ်ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ဘာတွေ ဘယ်လိုဖြစ်မလဲဆိုတာ လုံးဝကြိုမသိနိုင်ပဲရင်တထိတ်ထိတ် ကြည့်ရှုရမဲ့ Thriller ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။အမြည်းပြောပြရမယ်ဆိုရင် အမေရိကန် အယ်ရီဇိုးနားကနယ်ဘက်လေးတစ်ခုက ဓာတ်ဆီဆိုင်နဲ့စားသောက်ဆိုင်အတွဲအစပ်လေး နေရာမှာပဲ ဇာတ်လမ်းရဲ့ 95% က ဖြစ်ခဲ့တာပါ။ ဆီဆိုင်မှာ ဆီကားရောက်မလို့ ဆီကုန်နေတဲ့အချိန်မှာလမ်းခရီးမှာ ဆီပြတ်ပြီးရောက်လာတဲ့ ခရီသည်တွေစားသောက်ဆိုင်လေးမှာ သောင်တင်နေကြပါတယ်။တစ်ချိန်ထဲမှာပဲ သူတို့ဆီကို မနက်ကမှ ဘဏ်ဓားပြတိုက်ပြီးပြေးလာတဲ့ လူ ၂ ယောက်လည်း လာသောင်တင်ပါတော့တယ်။ဒီစားသောက်ဆိုင်လေးထဲမှာ လူတွေ ဘယ်လိုဇာတ်လမ်းတွေဖြစ်ပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ရုပ်ရှင်တစ်ကားလုံးရင်တဖိုဖို ကြည့်ရှုနေရမှာ ဖြစ်ပါတယ်။ကိုယ်အားပေးတဲ့ဇာတ်ကောင်က သေမလား ရှင်မလားဘာဖြစ်မလဲဆိုတာ ရုပ်ရှင်ကို ဆုံးအောင်သာကြည့်လိုက်ဖို့ပြောပြချင်ပါတယ်.... File size…1.63GB/ 551MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ...
movie
The Last Stop in Yuma County (2023)
Torque (2004)
Torque (2004) Genre – Action, Crime, Comedy၂၀၀၀ ကျော်ခုနှစ်တွေမှာ Fast & Furious လို ပြိုင်ကားတွေစထွက်ပြီး နာမည်ကြီးလာတဲ့အချိန် ကျွန်တော်တို့ကရန်ကုန်ကမဟုတ်တော့ ဆိုင်ကယ်ကို ပိုပြီး ရူးသွပ်ကြတာပေါ့။အဲဒီအချိန်မှာ MI2 ထဲက တွမ်ခရုကြီး နောက်ဆုံးခန်း ဆိုင်ကယ်ကြီးနဲ့အလန်းတွေ လုပ်ပြခဲ့တာကို ကြွေနေရတာပေါ့။ ဒီလိုနဲ့ ဒီကားလေးကို ၆ တန်း ၇ တန်းလောက်မှာ ကြည့်ခဲ့ရတယ်ထင်တယ်ပြိုင်ကားအက်ရှင်တွေကြား ဆိုင်ကယ်ဦးစားပေး အက်ရှင်ကားလေးဖြစ်နေတော့ ထူးခြားတာကိုး။ အခုခေတ်အနေနဲ့တော့ မပြောနဲ့ပေါ့နော်ဒီတုန်းကတော့ Rating တွေလည်း မသိဘူးဆိုင်ကယ်တွေစီး စတန့်တွေပြ တိုက်ခိုက်ကြဆိုတော့မှတ်မှတ်ရရနဲ့ ကြည့်ပြီး ကြိုက်ခဲ့ရတာပေါ့။ ဒါနဲ့အခုကျ မြန်မာစာတန်းထိုးလေး ရှိမလားဆိုပြီး ရှာကြည့်တော့မရှိတာနဲ့ ကိုယ်တိုင်ပဲတောင်းဆိုပြီးကိုယ်တိုင်ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ငယ်ဘဝတုန်းက ကျွန်တော်တို့လိုမျိုး ကြည့်ပြီး အမှတ်တရဖြစ်နေမယ့်လူတွေလည်း ရှိချင်ရှိလောက်မယ် မရှိကြလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ရုပ်ရှင်ဆိုတော့ ခုခေတ်ပေတံနဲ့ ယှဉ်မယ်ဆို နည်းနည်းတော့ လိုတာတွေ ရှိပါလိမ့်မယ်။ နာမည်ကျော် ရပ်ပါမင်းသားကြီး Ice Cube ...
movie
Torque (2004)
4.2
Back on the Strip (2023)
Back on the Strip (2023) ===================မာလင်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ကတည်းက မျက်လှည့်ကို ဝါသနာပါခဲ့ပြီး သူ့ရဲ့ငယ်သူငယ်ချင်း ရော်ဘင်ကို အရူးအမူးချစ်ခဲ့သူပါ။ ဒါပေမဲ့ ရော်ဘင်က ကောလိပ်သွားတက်တော့ သူနဲ့ကွဲသွားပြီး သုံးနှစ် အကြာမှာ သူ့ဆီပြန်ရောက်လာခဲ့တယ်...ရည်းစားကြီးနဲ့ပေါ့။ သူချစ်ခဲ့ရတဲ့ကောင်မလေးကို ဆုံးရှုံးပြီးတဲ့နောက်မှာ Las Vegas မှာ မျက်လှည့်ပွဲလုပ်နိုင်ရမယ်ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ Las Vegas ကိုရောက်လာခဲ့တယ်။ဒါပေမဲ့ မျက်လှည့်မပြရဘဲ အကြောင်းအမျိုးမျိုးကြောင့် stripper ဘဝ ကိုရောက်သွားပါတယ်။ အဲဒီနောက်မှာ မာလင်ကဘယ်လိုမျိုး အိပ်မက် ကို ဆက်ပြီး အကောင်အထည်ဖော်ရင်း ရော်ဘင်နဲ့ဆက်ဆံရေးကိုပါ ထိန်းထားပြီး နောက်ဆုံးမှာ သူအောင်မြင်နိုင်မလားဆိုတာကို ကြည့်ရှု ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kasashi ဖြစ်ပါတယ်)File Size..........(2 GB) / (1 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 57Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Kasashi Encoder..........SWM
movie
Back on the Strip (2023)
2023
7.1
Elf (2003)
ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားကောင်းကောင်းလေးတွေရှာရတာ ပင်ပန်းနေရောပေါ့။အဲ့ဒါဆိုရင် ၂၀၀၃ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ခရစ္စမတ်နဲ့ပတ်သတ်ရင်နာမည်ကြီးခဲ့တဲ့ လူတော်တော်များများလည်းကြည့်ဖူးလောက်ပြီဖြစ်တဲ့Elf ဆိုတဲ့ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ခရစ္စမတ်မှာ ကြည့်ဖို့ဇာတ်ကားတွေထဲမှာ ဒီကားလေးကိုပါထပ်ထည့်လိုက်လို့ရပါပြီ။ဘာလို့လဲဆိုတော့ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာလည်းပျော်စရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်နေလို့ပါ။ဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေပဲနဲ့ဇာတ်ကားအကျဉ်းချုပ်လေးကို ပြောလိုက်ရအောင်။ဘက်ဒီဆိုတဲ့ မိဘမဲ့ကလေးပေါက်စလေးတစ်ယောက်က မိဘမဲ့ဂေဟာမှာရှိနေတုန်းဆန်တာကလော့စ်က လက်ဆောင်ပစ္စည်းတွေလာပို့တဲ့ အချိန်မှာ ဆန်တာ့ရဲ့အိတ်ကြီးထဲကိုဝင်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ မြောက်ဝင်ရိုးစွန်းကို ရောက်သွားခဲ့ပြီး နတ်သူငယ်တစ်ယောက်ရဲ့မွေးစားခြင်းကို ခံခဲ့ရပါတော့တယ်။ဘက်ဒီလေးက တခြားနတ်သူငယ်တွေနဲ့အတူတူကြီးပြင်းလာပေမဲ့ လူသားဖြစ်နေတဲ့အတွက် အရွယ်အစားကနှစ်ဆလောက်ပိုကြီးနေပါတော့တယ်။ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမဲ့ကြီးလာတဲ့အခါမှာတော့ လူသားတစ်ယောက်နဲ့နတ်သူငယ်တွေနေတဲ့ နေရာကအံဝင်ခွင်ကျမဖြစ်တော့ပါဘူး။ဒါ့ကြောင့်ပဲ ဆန်တာကသူ့ကိုသူ့အဖေအရင်းရှိရာ နယူးယောက်မြို့ကိုပြန်ပို့လိုက်ပါတော့တယ်အခုမှ လူ့လောကကြီးထဲကိုခြေပြန်ဆန့်တဲ့ ဘက်ဒီတစ်ယောက်သူ့အဖေနဲ့ပြန်တွေ့ပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ခရစ္စမတ် Vibe အပြည့်အ၀ရအောင်ရိုက်ကူးထားတဲ့ Old But Gold ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB / 835MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Adventure , Comedy , Family Subtitle….Myanmar ...
movie
Elf (2003)
4.4
Big Mommas: Like Father, Like Son (2011)
Big Mommas: Like Father, Like Son (2011) ===============================Big Momma's House သုံးကားရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မိန်းမဝဝ ဝတ်စုံကြီးဝတ်ရတာ မယ်လ်ကွန်တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဇာတ်ကားနာမည်အတိုင်း ဘမျိုးဘိုးတူအဖေတူသား ထရန့်ပါ,ပါလာပါပြီ။ Big Momma's House (1)ထဲက ပေါက်စနထရန့်လည်း ဆယ်ကျော်သက် အရွယ်ရောက်လာပြီး သူ့ရဲ့ရက်ပါအိပ်မက်ကြောင့် မယ်လ်ကွန်နဲ့ အတိုက်အခံတွေဖြစ်နေပါတယ်။ (အခုထရန့်က ရှေ့၂ကားမှာပါခဲ့တဲ့ ထရန့်ငယ် ဘဝသရုပ်ဆောင်မဟုတ်ပါဘူး၊ လူသစ်ဖြစ်ပါတယ်၊ ဤကားစကားချပ်)။ချက်ကော့ဖ်ဆိုတဲ့လူဆိုး လူသတ်လိုက်တာကိုထရန့်မြင်သွားတာကတစ်ချက်၊ ချက်ကော့ဖ်လိုက်ရှာနေတဲ့ယူအက်စ်ဘီကို မယ်လ်ကွန်လည်း လက်ဦးမှုယူဖို့လုပ် နေတာကတစ်ချက်နဲ့ သားအဖနှစ်ယောက် ယူအက်စ်ဘီဖွက်ထားတဲ့နေရာဖြစ်တဲ့ ဂျော်ဂျီယာမိန်းကလေးအနုပညာကျောင်းမှာ ယူအက်စ်ဘီရှာရင်း၊ ထရန့်ကိုလည်း ဖွက်ရင်း မိန်းမဝဝ ဝတ်စုံကြီးတွေဝတ်ပြီး ဟန်ဆောင်နေလိုက်ကြပါတယ်။ ဒီလိုနဲ့ မိန်းကလေးကျောင်းမှာ အထီးနှစ်ကောင်...အဲလေ သားအဖနှစ်ယောက်ရောက်လာ ပြီး ဘယ်လိုတွေခွီရဦးမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.84 GB) / (1.0 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Ngwe ...
movie
Big Mommas: Like Father, Like Son (2011)
2011
5.7
Blue Crush (2002)
Blue Crush (2002)~ IMDb - 5.7/10, Rotten Tomatoes - 62% ~ခုမိတ်ဆက်ပေးမှာကတော့ မမ Mitchelle Rodriguez ပါတဲ့ 2002 ခုနှစ်က ကားဟောင်းလေးဖြစ်ပါတယ်။ငယ်စဉ်တည်းက အတော်ဆုံးရေလွှာလျှောစီးသူဖြစ်ဖို့ ရည်မှန်းခဲ့တဲ့ ဟာဝိုင်အီကျွန်းသူလေး အန်းမယ်ရီ... မိခင်ဖြစ်သူက ဒုက္ခရောက်တဲ့အချိန် ထွက်ပြေးသွားလို့ ညီမလေး ပန်နီနဲ့ မိသားစု၀င်လိုသူငယ်ချင်းတွေနဲ့ ရုန်းကန်နေရသူ။အန်းမယ်ရီက ရေလွှာလျှောစီးချန်ပီယံဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃နှစ်က ပြိုင်ပွဲမှာ ရေနစ်သွားတဲ့ထိ မတော်တဆမှုဖြစ်ခဲ့လို့ ပွဲစဉ်ကနေ ထွက်လာရပါတယ်။ အဲ့အဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရပြီး လှိုင်းစီးဖို့ တွန့်ဆုတ်နေတာပေါ့။နေ့စဉ်ဘ၀ကို သူငယ်ချင်းတွေနဲ့ ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ပြီး ရုန်းကန်ရင်း ပန်နီကိုတော့ ကောလိပ်တက်စေချင်တာပါ။ မထင်မှတ်ထားဘဲ ဟာဝိုင်အီမှာ အားလပ်ရက်လာအပန်းဖြေတဲ့ ဘောလုံးသမား မက်ကို ငွေလိုတဲ့အတွက် ရေလွှာလျှောစီး သင်ခန်းစာသင်ပေးရာက တစ်စနဲ့တစ်စတွယ်ငြိလာတဲ့အခါ...ဒီတစ်ခေါက် ကျင်းပမယ့် ပြိုင်ပွဲမှာ အန်းမယ်ရီတစ်ယောက် သူ့စိတ်ဒဏ်ရာကို မေ့ပစ်ပြီး ...
movie
Blue Crush (2002)
2002
5.5
Couples Retreat (2009)
Vince Vaughn အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ပြီး Jason Bateman, Jon Favreau စတဲ့ စတားတွေ ခြံရံထားတဲ့ Couples' retreat ဆိုတဲ့ အိမ်ထောင်ရေးအချစ်ဟာသဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. အချစ်ရေးဆိုတာကလည်း ဘာပြဿနာမှမရှိနေတာကလည်း ပြဿနာတစ်ခုလို့ ဆိုရမလိုဖြစ်နေပါပြီ။ အိမ်ထောင် တစ်ခု ဖြစ်တည်လာပြီဆိုရင် စုံတွဲတွေအဖို့ အခက်အခဲတွေ ပြဿနာတွေကြားထဲကပဲ အချစ်ကိုတည်ဆောက် ပဲ့ပြင်ကြရစမြဲပါပဲ။ Couples' retreat ဆိုတာကတော့ စုံတွဲတွေအတွက် အေးစက်နေတဲ့အချစ်ရေးကိုပြန်စတင်ဖို့ အချိန်ကာလတစ်ခု ကိုဆိုလိုတာပါ စုံတွဲတွေအတွက် ခံစားချက်တွေ အေးစက်လာတဲ့အချိန်. ပုံမှန်နေ့စဉ်ဘဝကြီးထဲမှာ စိတ်လှုပ်ရှားစရာတွေကုန်ခမ်း လာတဲ့အချိန်မှာ ခြေတစ်လှမ်းဆုတ်ပြီး ဘဝကိုအနားခဏပေးကာ စိတ်ရောကိုယ်ပါအနားယူပြီး ခံစားချက် တွေကို တည့်မတ်ခွင့်ရတဲ့အတွက်လည်း Couples' retreat လို့ တင်စားပြောနိုင်ပါတယ် ဒီစိတ်ကူးကို ပထမဆုံးအကြံရပြီး အကောင်အထည်ဖော်ဖို့ တကယ်ကြီးတင်ဆက်လာတာကတော့ ဂျေဆင်နဲ့ စင်သီရာ တို့ အတွဲပါပဲ. သူတို့ရဲ့ ကျွန်းပေါ်ကအပန်းဖြေစခန်းမှာ အနားယူကြမယ့် အိုင်ဒီယာကို ပရိုဂျက်တာနဲ့ ပြပြီး ပါဝါပွိုင့်စလိုက်ရှိုးတွေနဲ့ပါ တင်ဆက်လာခဲ့ပါတော့တယ် ပထမအစမှာတော့ ကျန်တဲ့စုံတွဲ ၃ တွဲက သဘောမတူခဲ့ကြပါဘူး. ဒါပေမယ့် ဂျေဆင်ရဲ့ အထူးကြိုးပမ်းမှုအရ ဒေ့ဗ် နဲ့ ...
movie
Couples Retreat (2009)
5.2
Zookeeper (2011)
ဒီတစ်ခေါက်မှာတော့ Comedy Movie တွေမှာ မြင်နေကျ တလွဲking ကြီးလို့ ပြောလို့ရတဲ့ မင်းသားကြီး Kevin James ရဲ့ ကားတင်ပေးမှာပါ၊ ဒီကားထဲမှာဆို သူက ဂရစ်ဖင်း၊ တိရိစ္ဆာန်ရုံမှာအလုပ်လုပ်တဲ့သူ၊ ဝါသနာနဲ့ အလုပ် တထပ်တည်းကျတော့ အလုပ်အဆင်ပြေပေမဲ့ အချစ်ရေးကံခေနေရှာတာပေါ့ ၊ ဂရစ်ဖင်း ခမျာ အဲ့ကိစ္စနဲ့ပဲ စိတ်ညစ်တော့ အလုပ်ကထွက်ပြီး စော်ကြည်မယ်ထင်တဲ့အလုပ်ပြောင်းဖို့လုပ်တော့တာပါပဲ။ တစ်ခုရှိတာက ရုံကအကောင်လေးတွေက ဂရစ်ဖင်းစိတ်ထားကောင်းတာကိုသိတော့ မထွက်စေချင်ကြပါဘူး၊ အဲတာနဲ့ပဲ မထွက်ရအောင် ဂရစ်ဖင်းကို ဒီအလုပ်ကနေမထွက်ပဲစော်ကြည်စေနိုင်ဖို့ကူညီကြပါတယ် ၊ ကူညီကြပုံလေးတွေကချစ်စရာကောင်းအောင် စပရိုက်ဖြစ်တာမို့ ကြည့်ရင်းရယ်ရင်း နဲ့အမောပြေစေမှာအမှန်ပါFile size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Comedy, Romance, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Zookeeper (2011)
Just My Luck (2006)
Just My Luck (2006) ================ကံဆိုတာ အမြဲတမ်းကောင်းမနေသလို အမြဲလည်း ဆိုးမနေတတ်ပါဘူး။ ဒါပေမဲ့ ဒီကားကတော့ အမြဲကံကောင်းတတ်တဲ့ ကောင်မလေးနဲ့ ဘာလုပ် လုပ် ကြံဖန်ကံဆိုးတတ်တဲ့ ကိုလူချောတို့အကြောင်းကို ဟာသလေးတွေ နှောပြီး တွေးစရာလေးတွေပါအောင် ရိုက်ကူးထားပါတယ်။Ashley ဆိုတဲ့ မိန်းမချောလေးဟာ အလုပ်ကောင်းကောင်းရှိပြီး အစစအရာ ရာအဆင်ပြေနေတဲ့ မိန်းကလေးပါ။ နာမည်ကျော်သူဌေးသားတစ်ယောက် နဲ့လည်း တွဲနေပါသေးတယ်။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ တင်စားရလောက် အောင် သူ့လုပ်သမျှတိုင်းက ကံအားလျော်စွာ အဆင်ပြေခဲ့တာချည်းပါပဲ။Jake ကတော့ Ashley နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာသလို ဘာလုပ်လုပ် အဆိုးတွေပဲ ဖြစ်နေသူပေါ့။ တစ်နေ့မှာ Ashley စီစဉ်တဲ့ ပါတီပွဲကြီး တစ်ခုကို Jake ၀င်ရောက်နိုင်ခဲ့တာကတော့ သူ့အတွက် ကံကောင်းခြင်းလို့ ပြော ရမလိုပါပဲ။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးတပ်ပါတီပွဲမှာ Ashley နဲ့ Jake တို့ မထင်မှတ်ဘဲ တွဲကဖြစ်ပြီး နမ်းမိကြရာကစလို့ နှစ်ယောက်လုံးရဲ့ကံကြမ္မာဟာ ပြောင်းပြန်လှန်ပစ်သလို ပြောင်းလဲသွားတာကြောင့်ပါပဲ။အဲဒီနောက်ပိုင်းမှာ မယ်ကံကောင်းနဲ့ မောင်ကံဆိုးတို့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်သူကကံကောင်းပြီး ဘယ်သူက ...
movie
Just My Luck (2006)
7.0
The Replacements(2000)
The Replacements(2000) အညွှန်း****************************John Wick ဇာတ်ကားတွေရဲ့ စတား မင်းသားကြီး Keanu Reevesခေါင်းဆောင်ပါတဲ့ american football ကားပါ.... ဇာတ်လမ်းကတော့ ဝါရှင်တန်ဘောလုံးအသင်းက ကစားသမားတွေကပိုက်ဆံပိုလိုချင်လို့ ပိုင်ရှင်တွေကိုငွေပိုတောင်းပြီး ဆန္ဒပြတာပါ... ပိုင်ရှင်က မကျေနပ်ရင်ထွက်ဆိုပြီး တစ်သင်းလုံးကို အစားထိုးကစားသမားတွေငှားလိုက်ပါတယ် သူတို့နဲ့အတူ Coach အသစ်တစ်ယောက်ရောပဲ....Keanu က ခေါင်းဆောင်ကစားသမားအနေနဲ့အရွေးခံရပါတယ်.....သူတို့အသင်းက ၄ပွဲပဲ ကစားရမယ် ၃ပွဲနိုင်မှ ထိပ်ထဲပါမှာပါ....အသင်းစဖွဲ့ပြီးချိန်တစ်ပတ်တောင်အချိန်မရတဲ့အခါဘယ်လိုဆော့ကြမလဲ ဘယ်လို ရုန်းကန်ကြမလဲဆိုတာကိုတော့..... File Size :(4.89GB) (1.72GB) and (492MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:58:00 Genre : Comedy , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae
movie
The Replacements(2000)
7.3
Friday (1995)
Friday ( 1995 )သောကြာနေ့... တစ်ချို့လူတွေ အတွက်တော့ ရုံးမပိတ်ခင် သာမာန်နေ့တစ်ခုပါပဲ။Craig ဆိုတဲ့ လူပေါင်းမှားတဲ့ ကပ္ပလီတစ်ကောင် အတွက်တော့ အတော်ဆိုးတဲ့ နေ့တစ်ခု ဖြစ်သွားလေရဲ့.....။သောကြာနေ့မတိုင်ခင်မှာ သူ အလုပ်ပြုတ်သွားပြီး သူ ပေါင်းမိတဲ့ သူငယ်ချင်းက Smoke ဆိုတဲ့ Weedရောင်းနေတဲ့ ငရှုပ်တစ်ကောင်ကြောင့် အရှုပ်ထုပ်ထဲ ရောပါပြီး အသတ်ခံရလုနီးနီး ဖြစ်လာခဲ့ပါတယ်။အသတ်မခံရဖို့ ငွေရှာရင်း တစ်ဖက်မှာလည်း သူတို့ ကပ္ပလီတွေအကုန် ကြောက်ရတဲ့ ငမိုက်တစ်ကောင်ရန်ကိုကလည်း ကြောက်ရပါသေးတယ်။အဲ့ဒီ အရှုပ်က သူတို့ကို ည ဆယ်နာရီထိပဲ အချိန်ပေးထားပါတယ်။ဒီကားရဲ့ ထူးခြားချက်က အရှုပ်ထုပ်တွေ အလွဲတွေကြားက.. တစ်နေ့တာကို ပဲ ရိုက်ပြထားတဲ့ ကားတစ်ကားပါ။Main Actor ကလည်း Hip Hop အဆိုတော် Ice Cube ဖြစ်တဲ့အပြင် ဒီကားက Smoke နဲ့ Craig တို့ရဲ့ ပုံဟာလည်း အတော် အသုံးများတဲ့ Meme usage တစ်ခုအဖြစ် လူသိများပါတယ်။ဒါနဲ့ လူမဲ တွေနဲ့ပဲ တစ်ကားလုံး ပြီးသွားတော့ ကိုယ့်ကိုကိုယ် အသားမဲလို့ စိတ်ဓာတ်ကျနေတဲ့လူတွေ ကိုယ့်ထက်မဲတဲ့လူတွေကို ကြည့်ပြီး အားတက်လို့ရပါသေးတယ်။ထပ်ညွှန်းရရင် ကိုယ့်ကိုကိုယ် ကံဆိုးလှပါတယ် ထင်ပြီး စိတ်ဓာတ်ကျနေတဲ့ လူတွေအတွက် အနည်းအကျဉ်းတော့ အားတက်စေမဲ့ကားဆိုလည်း မမှားပါဘူး။[Unicode]Friday ( 1995 )သောကြာနေ့... တစ်ချို့လူတွေ ...
movie
Friday (1995)
1995
4.8
Mr. Bones (2001)
Mr. Bones (2001)_____IMDb - 4.8/10 90's Born တွေတော်တော်များများ နဲ့ ရင်းနှီးကြတဲ့ ဟိုး ဗီဒီယိုတိတ် နဲ့ ခေတ်ကထဲ က ဂျီးကပ် မှိုတတ်နေတဲ့အခွေကို ဘာသာစကားနားမလည်ပဲ ကြည့်တာတောင် အူတက်မတတ် ခွီခဲ့ရတဲ့ အာဖရိက ရောက်လူဖြူကြီး Mr. Bone ရဲ့ မင်းသားရှာပုံတော် ခရီးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားက Comedy မှာ စွန်း ဖောက်တဲ့ ကားမို့ ဇာတ်ကြောင်းအထွေအထူးပြောစရာမလိုဘူးလို့ထင်မိပါတယ် ဒီကားကို ဒါရိုက်တာ Gray Hofmeyr က ရိုက်ကူးထားပြီး Google ကိုခေါက်ကျိမယ်ဆိုရင် ၉၇% သောသူတွေက ဒီကားကို ကြိုက်နှစ်သက်ကြပါတယ်တဲ့ဗျာ ကဲ သင်္ကြန်ပိတ်ရက်မှာ ဒီဟာသကားလေးကို ကြည့် စိတ်အမောတွေဖြေဖျောက်ပြီး နှစ်သစ်ကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းလိုက်ကြရအောင်လားဗျာ Translator က မမဖြူသန့်ဖြစ်ပြီးတော့Encoder ကတော့ Kyaw Ye Aung ပါ
movie
Mr. Bones (2001)
2001