Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fabrizio Rongione
The Child (2005)
Dardenne brothers ရိုက်ကူးခဲ့တဲ့ ပြင်သစ်စကားပြော ဘယ်လ်ဂျီယံရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘရူနိုနဲ့ ဆိုနီယာတို့က အလုပ်ရယ်လို့ မယ်မယ်ရရမရှိဘဲ ဘ၀ကိုကြုံသလိုဖြတ်သန်းနေတဲ့ စုံတွဲလေးတစ်တွဲ။ သူတို့တွေ အတူနေရင်း ကလေးလေးတစ်ယောက်ရလာရော။ကလေးအတွက် စရိတ်စကရော နေရာထိုင်ခင်းပါ အဆင်မပြေတဲ့အဆုံး ဘရူနိုတစ်ယောက် ကြံမိကြံရာကြံရင်း ရက်သားကလေးလေးကို မွေးစားဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောင်းစားလိုက်မိတယ်။ ဒီမှာပဲ သူတို့စုံတွဲ စကားတွေများကြပြီး ပြဿနာတွေကြီးထွားလာခဲ့ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
The Child (2005)
7.3
Diaz – Don’t Clean Up This Blood (2012)
IMDb Rating 7.3 အထိရရှိထားတဲ့ Diaz - Don't Clean UpThis Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ်ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက်သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစားနေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိအကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့်ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲအကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကိုတစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.52GB / 1.21GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Diaz – Don’t Clean Up This Blood (2012)
7.4
Happening (2021)
Happening (2021)ဒီဇာတ်ကားလေးဟာ Annie Ernaux ရဲ့ "Happening" ဆိုတဲ့ ဝတ္ထုလေးကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.4 အထိရရှိခဲ့တဲ့အပြင် BAFTA Award တွေအတွက် ဆန်ခါတင်စာရင်းမှာ ပါခဲ့သလို အခြား ဆုတွေလည်း ၁၃ ခုလောက် ရရှိထားခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ကိုယ်ဝန်ဖျက်ချတာဟာ တရားဝင်တယ် တရားမဝင်ဘူး ဆိုတာ အခု ၂၂ ရာစုအထိ နိုင်ငံအချို့မှာ debate လုပ်နေကြဆဲဖြစ်ပါတယ်။1960 ခုနှစ်တွေတုန်းက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ဖျက်ပေးတဲ့ ဆရာဝန်ရော ကိုယ်ဝန်ရှိသူပါ ထောင်ချခံရတဲ့ အခြေအနေပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ...အန်းဆိုတဲ့ စာပေ မေဂျာ ကျောင်းသူလေးက ပညာရေးမှာ ပါရမီပါပြီး ထူးချွန်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့ထဲမှာမှ ကံဆိုးသွားသူက အန်း ပေါ့။ တစ်ညတာလေး ...
movie
Happening (2021)
6.6
Azor (2021)
Azor (2021) ဇာတ်လမ်းအညွှန်းဒီကားလေးကတော့ ရိုးရိုးလေးပါပဲ။ 1980 ခုနှစ်လောက်က အာဂျင်တီးနားနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဘဏ်လုပ်ငန်းရှင် ကီးစ်ဆိုသူဟာ ဘွာနိုးဆိုင်းရက်စ်မြို့ကနေ ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ ကီးစ်ရဲ့အလုပ်တွေကို ဆက်လုပ်ပေးဖို့ သူ့ရဲ့တွဲဖက်ဖြစ်သူ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် အီဗန်ဟာ အာဂျင်တီးနားနိုင်ငံကို ဇနီးဖြစ်သူနဲ့အတူ ရောက်လာခဲ့တယ်။ ကီးစ်ရဲ့အလုပ်တွေကို ဆက်လုပ်ပေးမဲ့ အီဗန်ရဲ့ စီးပွားရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို အေးအေးဆေးဆေးလေးပဲ လိုက်ပါခံစားရမှာပါ။ဒီကားထဲမှာဆိုရင် နိုင်ငံရေးစကားဝိုင်းတချို့တွေ့ရမယ်၊ စီးပွားရေးကိစ္စ ပြောဆိုတာတွေ တွေ့ရမယ်၊ ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကိုတော့ ကိုယ်တိုင်ပဲ ဇာတ်လမ်းထဲမှာ ရှာရပါလိမ့်မယ်။လှုပ်လှုပ်ရှားရှားနဲ့ အက်ရှင်တွေပါမှ ကြိုက်တတ်တဲ့လူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။ Rating အနေနဲ့ကတော့ IMDB မှာ 6.6 အထိရရှိထားပြီး Rotten Tomatoes မှာတော့ 100% အပြည့်ရရှိထားပါတယ်။(ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်ကတော့ Jumper Neysman ပါ။) File Size ...
movie
Azor (2021)
2021
6.9
Rose Island (2020)
Rose Island (2020)================IMDb Rating - 6.9/10#UnicodeNetflix ကအသစ်ထွက်လာတဲ့ adventure/ comedy/ drama အမျိုးအစား အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို ရိုက်ကူးထားပြီး တော်တော်လေးကို ကြည့်လို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျော်ဂျီရို ရိုဆာက အီတလီလူမျိုး အင်ဂျင်နီယာတစ်ယောက်ပေါ့...သူက အားအားရှိ ပစ္စည်းပေါင်းစုံ လျှောက်ထွင်ပြီးတစ်ချိန်လုံး အဖမ်းခံနေရတဲ့သူပါ...ဂတ်ဘရီအယ်လာက သူ့ရည်းစားဟောင်း ရှေ့နေမလေးပေါ့ တော်တယ် ထက်မြက်တယ်...ရိုဆာကို ချစ်ပေမယ့် လက်တွေ့ဆန်တဲ့ ဂတ်ဘီက ရိုဆာနဲ့တွဲရတာ စွန့်စားလွန်းရာကျတယ်ဆိုပြီး ပြတ်ခဲ့ကြတာပေါ့။တစ်ရက် သူတို့ပြန်ဆုံပြီး ကမောက်ကမတွေဖြစ်ကုန်တော့ ဂတ်ဘီက စိတ်ဆိုးပြီး ရိုဆာ့ကိုပြောတယ် သီးသန့်ကိုယ်ပိုင်ကမ္ဘာဆိုတာ မရှိကြောင်း လိုက်လျောညီထွေနေတတ်ဖို့လိုကြောင်းတွေပေါ့။ အဲဒီမှာ ရိုဆာက လက်မခံပဲ သီးသန့်ကိုယ်ပိုင်ကမ္ဘာ ဖန်တီးပြမယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ မော်ရီဇီရိုနဲ့အီတလီရေပိုင်နက်အပြင်မှာ နှင်းဆီကျွန်းလို့ အမည်ရတဲ့လူလုပ်ကျွန်းတစ်ခု ဆောက်ပြီး လွတ်လပ်တဲ့ပြည်ထောင်စုအဖြစ်ကြေငြာပစ်လိုက်တော့တယ်။ အဲဒီကျွန်းကို အီတလီအစိုးရက မျက်စိစပါးမွှေးစူးလာချိန်မှာတော့... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်လက်ရှုစားကြပါနော်...ဒီဇာတ်လမ်းလေးမှာ တီထွင်မှုတွေ . ...
movie
Rose Island (2020)
2020
7.3
Two Days, One Night 2014
ဆန်ဒရာဆိုတဲ့ အမျိုးသမီးဟာ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီကနေ အလုပ်ပြုတ်တော့မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါဟာလဲ စိတ်ဓာတ်မကောင်းတဲ့ အလုပ်သမားခေါင်းဆောင်ရဲ့ လုပ်ကြံမှုကြောင့်တစ်စိတ်တစ်ပိုင်းပါနေပါတယ်။ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲမပေးရင် သူတို့အလုပ်ထွက်ရမယ်ဆိုပြီး ကျန်တဲ့အလုပ်သမားတွေကို ခြိမ်းခြောက်ခဲ့တဲ့အတွက် အားလုံးဟာ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲပေးခဲ့ခြင်းပါ။ ကံကောင်းစွာနဲ့ ဆန်ဒရာဟာ သူတို့ရဲ့ သူဌေးရဲ့ ခွင့်ပြုချက်နဲ့ လျှို့ဝှက်မဲပေးစနစ်ကို နောက်တစ်ကြိမ်ထပ်လုပ်ဖို့အခွင့်အရေးရခဲ့ပါတယ်။ သူ့အလုပ်မထွက်ရစေဖို့ သူ့ဘက်ကမဲမေးဖို့ ကျန်တဲ့သူ တွေကို သူလိုက်ပြီး အကူအညီတောင်းရပါတော့တယ်။ အလုပ်သမားအများစုက သူ့အတွက် မဲပေးခဲ့ရင် ဆန်ဒရာဟာ အလုပ်ထွက်စရာမလိုတော့ပါဘူး။ သို့ပေမယ့် ဒီအတွက် အကူညီလိုက်တောင်းဖို့ရာ ဆန်ဒရာမှာ နှစ်ရက်နဲ့တစ်ညသာ အချိန်ရှိပါတော့တယ် ...... နှစ်ရက်နဲ့တစ်ညအတွင်းမှာ လုံလောက်တဲ့မဲအရေအတွက်ရဖို့ သူစည်းရုံးနိုင်ပါ့မလား .....Quality – 720p blurayrip Duration - 1 hr 35 min Subtitle – Myanmar ...
movie
Two Days, One Night 2014
7.1
Romulus & Remus: The First King(2019)
Romulus & Remus: The First King(2019)IMDb...7.1ခရစ်တော်မပေါ်ထွန်းမီ လူသားမျိုးနွယ်တို့သည် အယူအဆအမျိုးမျိုး နတ်ဘုရားအမျိုးနဲ့ ယဉ်ကျေးမှု ဓလေ့ခပ်ဆန်းဆန်းတို့ဖြင့်ရပ်တည်လျှက်ရှိသည်... ရိုမက်တို့ညီအကို (၂)ယောက်သည် သိပ်ချစ်ကြသည့် ညီအကို (၂)ယောက်ဖြစ်သည်.... တစ်နေ့ ရေဘေးဒုက္ခကြောင့် သူတို့ မသေရုံတစ်မယ် ထွက်ပြေးကြစဉ် အခြားမျိုးနွယ်တစ်စုရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရသည်.... လူသားဆန်မှုကင်းသည့်ရှေးအယူအဆများကြောင့် သူတို့ဖမ်းဆီးခံရမှုသည် သေဘေးမှ တစ်ပါး အခြားမရှိပေ... အကြောင်းမှာ ဖမ်းဆီးသည့်အဖွဲ့သည် ရိုမက်တို့ညီအကိုနှင့်အခြားသူများကို အချင်းချင်းတိုက်ခိုက် ခိုင်းပြီး ယစ်ပူဇော်ဟန်လုပ်ခိုင်းသောကြောင့်ဖြစ်သည်... သူတို့ညီအကို(၂)ယောက် ဒီသတ်ဖြတ်ပွဲကြီးက လွတ်မြောက်နိုင်ပ့ါမလား.... ဘယ်လို သူတို့ရှေ့ဆက်ကြမလဲ...... တခြား အရိုင်းဆန်တဲ့အဖွဲ့တွေနဲ့ ထပ်တွေ့ကြဦးမလား..... သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုရောထပ်တွေ့ကြဦးမလား.... ဒီကားကတော့ ရောမမြို့ဖြစ်တည်ရခြင်းအကြောင်းကို အဓိက အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်.... ရိုက်ချက်တွေက တကယ့်ကိုကောင်းသလို သတ်ဖြတ်ခန်းတွေကလည်း ပီပြင်လွန်းလေတော့ ကလေးငယ်တွေနဲ့အတူမကြည့်သင့်ပါဘူး.... ပြီးတော့ ဒီကားဟာ အီတလီရဲ့အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့သလို အခြားဆု (၅)ဆုနဲ့ ဆန်ကာတင်ဆု(၁၆)ဆုလည်းစာရင်းဝင်ခဲ့တယ်... File Size : (1 GB) and (369 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre : Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Ye ...
movie
2019