Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
F. Murray Abraham
7.7
The Name of the Rose (1986)
ဒီကားကတော့ James Bond မင်းသားကြီး Sean Connery ရဲ့ 1986 မှာ ထွက်ခဲ့တဲ့ Mystery/thriller ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို အလယ်ခေတ်က ခရစ်ယာန် ကျောင်းတိုက်တစ်ခုမှာနေရာယူထားပါတယ်။ ဒီကျောင်းတိုက်က ကိုယ်တော်တွေ ထူးထူးဆန်းဆန်း သေဆုံးလာကြတဲ့အချိန်မှာ အကုန်လုံးက နတ်ဆိုးကြောင့်လို့ထင်ခဲ့ပါတယ်။အဲဒါနဲ့ပဲ ကျောင်းတိုက်ဟာ ကိုယ်တော် ဝီလီယမ်ကို ဒီလူသေမှုတွေကို စုံစမ်းဖို့အကူအညီ တောင်းလိုက်ပါတယ်။ ကိုယ်တော် ဝီလီယမ်ဟာ တခြားသူတွေလို သဘာဝလွန် စွမ်းအားတွေကြောင့်ဖြစ်နေတာလို့မယူဆပဲ လူသေမှုတွေကို အချက်အလက်ကျကျ လိုက်ပြီးစုံစမ်းပါတော့တယ်။ဒီကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေး အစွန်းရောက်ယုံကြည်မှုတွေနဲ့ ကိုယ်တော် ဝီလီယမ်ရဲ့ ယုတ္တိကျကျ တွေးခေါ် တတ်ပုံတွေနဲ့ အားပြိုင်တာကို တွေ့ရှိရမှာပါ။ File size…(2.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie
The Name of the Rose (1986)
6.4
Dead Man Down (2013)
“ကလဲ့စားဆိုတာ ချိုမြိန်တဲ့ဟင်းလျာတစ်ခုဆိုပေမယ့်တည်ခင်းတဲ့အချိန်မှာအေးစက်နေခဲ့ပါပြီ”နှစ်အနည်းငယ်အကြာက ရန်ကြွေးတစ်ခုကြောင့် အယ်လ်ဖွန်စေရဲ့ ဂိုဏ်းထဲကိုအယောင်ဆောင်ဝင်ရောက်ခဲ့တဲ့ ဗစ်တာကိုသူ့ကို စောင့်ကြည့်နေတဲ့ လမ်းတစ်ဖက်ခြမ်းက ကောင်မလေးဘီးထရစ်စ်က သူ့ရဲ့ မကောင်းမှုလုပ်ရပ်တစ်ခုကို မမျှော်လင့်ဘဲမြင်တွေ့ခဲ့ပါတယ်. ဗစ်တာရဲ့ စိတ်ထဲမှာလည်း သူ စနိုးစနောင့်ဖြစ်နေရတဲ့ကိစ္စကို ဖြေရှင်းဖို့ ဘီးထရစ်စ်ကို ချဉ်းကပ်ခဲ့သလိုဘီးထရစ်စ်ကလည်း သူ လိုချင်တဲ့လက်စားချေမှုကို ဗစ်တာကယူလာပေးနိုင်မှာလားဆိုတာသိချင်တဲ့စိတ်နဲ့ နှစ်ယောက်သားချိန်းတွေ့ခဲ့ကြပါတယ်. တစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်ကိုတစ်ယောက် သိသွားချိန်မှာတော့ လက်စားချေမှုကိုလိုချင်သူနှစ်ယောက် အချင်းချင်း ကူညီနိုင်မလား.ဗစ်တာကရော သူ့မိသားစုအတွက် လက်စားချေနိင်မလား. လူကြမ်းကြီး ဗစ်တာနဲ့ သိမ်ငယ်ရသူလေး ဘီးထရစ်စ်တို့ကြားထဲကသံယောဇဉ်တွေကရော သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အနှောက်ယှက်ပေးလာနိုင်မလား ဆိုတာကိုအခက်အခဲ နှင့် အားပြိုင်မှုများ၊လျှို့ဝှက်ချက် နှင့် ဖုံးကွယ်မှုများ၊ဇာတ်ကွက်အလှည့်အပြောင်းစတာတွေကို အက်ရှင်ကြမ်းကြမ်းနဲ့ တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.53GB / 551MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ..... Action , ...
movie
Dead Man Down (2013)
5.6
Thir13en Ghosts (2001)
Horror ကားတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ညိုကီတို့ အတွက်သရဲကားတစ်ကား တင်ဆက်လိုက်ပါတယ်။2001 ခုနှစ်က ဇာတ်ကားဖြစ်ပြီး IMDb 5.6 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆိုးသွမ်းရက်စက်တဲ့ ၀ိညာဉ်တွေကိုအကြံတစ်ခုနဲ့ လိုက်ဖမ်းနေတဲ့ လူတစ်ယောက်ရဲ့ အိမ်ကိုအမွေဆက်ခံဖို့ ရောက်ရှိလာတဲ့ မိသားစုတစ်ခုရဲ့ကြောက်စရာအဖြစ်ဆိုးအကြောင်းပါ။ ဒီဇာတ်ကားမှာ ပါဝင်တဲ့သရဲတွေအကြောင်းကို သိနိုင်စေဖို့ ဘာသာပြန်သူ ညီသံလွင်မှ စာထဲမှာကွင်းစကွင်းပိတ်နဲ့ ထည့်ရေးပေးထားတဲအတွက် စာအနည်းငယ်များနေတဲ့နေရာတွေမှာ ရပ်ပြီး ဖတ်ကြည့်မယ်ဆိုရင် ပိုစိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။ File size…2.02GB / 866MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 31m Genre ..... Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nyi Than Lwin
movie
Thir13en Ghosts (2001)
5.6
The Magic Flute (2022)
The Magic Flute (2022) =================သီချင်းသံစဉ်တွေဟာ ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကို ရသ အမျိုးမျိုးပေးနိုင်စွမ်းရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက် ချင်းမတူညီရင်တောင်မှ ခံစားချက်တွေတူညီနေခဲ့လို့ နှစ်လွှာပေါင်းမှ တစ်ရွက်တည်းဆိုတဲ့ဘဝတွေ ဖြစ်တည်လာခဲ့တာပါ။ ဘဝမှာ တစ်ခု ခုလိုအပ်နေတဲ့အခိုက်အတန့်ကို လူတိုင်းခံစားဖူးကြမှာပါ။ အချစ်လား ငွေကြေးလား ပျော်ရွှင်ခြင်းလား အရာရာကို ကြုံတွေ့ခံစားရပြီးမှ ကိုယ် ဖြစ်ချင်တဲ့အရာကို သိနိုင်ခွင့်ရလာမှာပါ။ ဒီဇာတ်လမ်းကို သီချင်းသံစဉ်နဲ့ ဖောင်ဖွဲ့ထားတာဖြစ်လို့ တခြားရုပ်ရှင်တွေနဲ့မတူတဲ့ ရသမျိုးကိုခံစားရမှာပါ။Timဆိုတဲ့ကောင်လေးရဲ့အိပ်မက်က မိုဇတ်ဂီတကျောင်းတော်ကြီးကို တက်ခွင့်ရဖို့ပါ မိုဇတ်ကျောင်းသားဟောင်းဖြစ်တဲ့အဖေဖြစ်သူက မသေ ခင်မှာ စာအုပ်တစ်အုပ်ပေးခဲ့တယ်။ အဲဒီစာအုပ်ကို သူနဲ့သက်ဆိုင်တဲ့နေ ရာမှာ ထားပေးဖို့မှာခဲ့တယ်။ ကျောင်းတက်တဲ့နေ့ညမှာတော့ ဝိဉာဉ်အလုံး လေးသုံးလုံးထွက်ပေါ်လာပြီး Timကို ထူးဆန်းတဲ့ကမ္ဘာကြီးဆီပို့ဆောင် ပေးလိုက်ပါတယ်။ ဒီလိုနဲ့ အဆိုတော်ဖြစ်ချင်ခဲ့တဲ့ Tim တစ်ယောက် ကမ္ဘာနှစ်ခုကြား ဘယ်လိုတွေစီးချင်းထိုးမလဲဆိုတာတော့ ဇာတ်လမ်းလေး ထဲမှာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zwe Win Tun ဖြစ်ပါတယ်)File Size..........(1.7 GB) / (733 MB) / (408 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 55Mins Subtitle...........Myanmar ...
movie
The Magic Flute (2022)
2022
Last Action Hero (1993)
IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie
Last Action Hero (1993)
6
Mimic (1997)
Mimic (1997)~ IMDb - 6/10, Rotten Tomatoes - 64% ~ဆရာ့ ဆရာကြီး Guillermo del Toro ကိုယ်တိုင် ဇာတ်ညွန်းရေးသားရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သူ့ရဲ့ ဒုတိယမြောက် Feature Film လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကားဟာ နောက်ခံသမိုင်းကြောင်း တစ်ခုရှိခဲ့သလို ဒီကားရဲ့ ရုံတင်ဗားရှင်းကလည်း del Toro ရဲ့ လက်ရာစစ်စစ် မဟုတ်ခဲ့ပါဘူး။ ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ del Toro ဟာ နာမည်ကျော်ထုတ်လုပ်သူတွေဖြစ်တဲ့ Harvey Weinstein နဲ့ Bob Weinstein တို့နဲ့ ပြဿနာတက်ခဲ့ပါတယ်။ Director's vision ကို သူတို့ဟာ မလေးစားခဲ့ကြသလို သူ့ကို တခြားဒါရိုက်တာနဲ့ပါ အစားထိုးဖို့ ကြံစည်ခဲ့ကြပါတယ်။ တာရန်တီနိုနဲ့ သူ့ရည်းစားရဲ့ ထောက်ခံအားပေးမှုကြောင့်နဲ့ တာရန်တီနို့ရည်းစားက ...
movie
Mimic (1997)
1997
7.5
How to Train Your Dragon: The Hidden World (2019)
How to Train Your Dragon: The Hidden World (2019) IMDb - 7.5/10_____Rotten - 91%How To Train Your Dragon ဟာ ၁ နဲ့ယခု ဇတ်သိမ်းမယ့် ၃ ဟာ ၉ နှစ်ခြားခဲ့ပါတယ်… How To Train Your Dragon ရဲ့ပရိတ်သတ်တွေ အမြောက်အမြားဆိုတာယုံမှားဖွယ်မရှိပါဘူးဇာတ်လမ်းအကျဉ်း ဟစ်ကပ်တို့ရဲ့ ဘာ့ခ်မှာ နဂါးတွေ တဖြည်းဖြည်းများပြားလာသလို နဂါးမုဆိုးတွေရဲ့ ရန်ကလည်း ပိုကြီးမားလာပါတယ်။ ဒါကြောင့် နဂါးတွေနဲ့ သူ့လူတွေ လုံခြုံစေဖို့ ဟစ်ကပ်ဟာ ကမ္ဘာကြီးရဲ့ အဆုံးက လျို့ဝှက်နေရာတစ်ခုကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ Filesize : 4.1GB / 1.74GB / 922MB Quality : 4K BluRay HEVC / 1080p BluRay / 720p Format : mp4 Running Time : ...
movie
How to Train Your Dragon: The Hidden World (2019)
2019
4K HEVC
5.3
Things Heard & Seen (2021)
Things Heard & Seen (2021)=====================IMDb Rating - 5.3/10ဒါဟာ သရဲကားပါ။ All Things Cease to Appear ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။သရဲကားပီပီ အသစ်ပြောင်းလာတဲ့အိမ်မှာ ခြောက်တာပါပဲ။ အိမ်ကိုပြောင်းလာတဲ့မိသားစုဝင်ကတော့ ၃ ယောက်ပါ။ဂျော့၊ကတ်သရင်း လင်မယားနဲ့ သူတို့ရဲ့ ၄ နှစ်သမီးလေး ဖရန်နီပေါ့။ ဂျော့က ဝိညာဉ်လောကကိုယုံကြည်တဲ့ ဆွီဒင်ဘော့ရဲ့အယူအဆလွှမ်းမိုးမှုခံရတဲ့ အနုပညာတွေအကြောင်း စာတမ်းရေးရင်းနဲ့ အဲဒီကောလိပ်မှာ ပါမောက္ခရာထူး ရရှိခဲ့တာပါ။ဒါပေမယ့် အိမ်ရဲ့သမိုင်းက ပဟေဠိဆန်တယ်။ ခြောက်နေတဲ့ သရဲနဲ့ ခြောက်ရတဲ့အကြောင်းကို ရှာဖွေရင်း ကတ်သရင်း နဲ့ဂျော့အပေါ် သရဲတွေရဲ့ သက်ရောက်မှုနဲ့ ပြောင်းလဲလာမှုတွေနဲ့ လျို့ဝှက်ချက်တွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာပါ။ သရဲကားငတ်နေတဲ့ သူတွေအတွက်တော့ ကြည့်ရတာ နောင်တမရမယ့် သရဲကားထဲမှာ ပါပါတယ်။ အားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) Quality ...
movie
Things Heard & Seen (2021)
2021
8.1
The Grand Budapest Hotel (2014)
The Grand Budapest Hotel (2014)IMDb - 8.1/10_____Rotten - 91%Won 4 Oscars. Another 130 wins & 225 nominations. ဒီရုပ်ရှင်အကြောင်းမပြောခင် ဒီရုပ်ရှင်ကားနဲ့ ရခဲ့တဲ့ Award တွေ အရင်ပြောပြပါမယ်... 1. Best Achievement in Costume Design 2. Best Achievement in Makeup and Hair styling 3. Best Achievement in Music Written for Motion Pictures, Original Score 4. Best Achievement in Production Design ဆိုတဲ့ အော်စကာ ဆု လေးဆု ရရှိခဲ့ပြီး တစ်ခြား Award များစွာကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ်... ဒီရုပ်ရှင် ကြည့်နေတုန်းမှာ မျက်လုံးကို အနားမပေးပါနဲ့ ဆံပင်ဒီဇိုင်း ဆက်တင်အခန်းအနား မျက်နှာအမူရာတွေကို မလွတ်တန်း လိုက်ကြည့်နေပါ အဖိုးတန်လွန်းပါတယ်... သင်ဟာ ...
movie
The Grand Budapest Hotel (2014)
2014
8.3
Scarface(1983)
Scarface(1983) ************** IMDb...8.3,,,,,Rotten .....82% Al Pacino ပါတယ် ...Rating တွေကလည်း အတော်ကောင်း ဆိုပေမယ့်လည်း ၁၉၈၃ ခုနှစ်က ကားဆိုတော့ လက်တွန့်နေတယ်....ဒါပေမယ့် ကြည့်ဖူးတာမမှားပါဘူးဆိုတဲ့အတွေးနဲ့အောင့်အီးသီးခံပြီးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်...သို့ပေမယ့် ဒီကားက ဇာတ်လမ်းအစထဲက ခပ်ကြမ်းကြမ်းနဲ့စထားတယ်...ပြသချိန်၃နာရီနီးပါးလုံးမှာ တစ်စက်ကလေးမှမပျင်းရိရဘူး...ဒီကားဟာ အပြင်မှာ တကယ်ရှိခဲ့တယ် မူးယစ်ရာဇာ ဂန်းစတားAl Capone ရဲ့အကြောင်းကိုအခြေခံရိုက်ကူးထားတယ်လို့ဆိုပါတယ်...သူ့ရဲ့နာမည်ပြောင်ဖြစ်တဲ့ Scarface ကိုပဲ ကားနာမည်အဖြစ်ယူပြီးရိုက်ကူးထားပါတယ်.....အန်တို နီယိုမွန်တားနားဆိုတဲ့ လူတစ်ယောက်ဟာ ကျူးဘားဒုက္ခသည်တွေနဲ့အတူ မိုင်ယာမီကိုရောက်လာတယ်.. သူနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ မန်နီ၊အိန်ဂျယ်နဲ့ချီချီတို့လည်းပါလာတယ်..မူးယစ်ဆေးဝါးကုန်သည် သူဌေးဖရန့်နဲ့အဆက်အသွယ်ရပြီး သူတို့အဖွဲ့ဟာ အရောင်းအဝယ်တစ်ခုလုပ်ခဲ့တယ်..တိုနီဟာ ဒီလောကနဲ့မစိမ်းသလို လက်ရဲဇက်ရဲ အကွက်မြင်တဲ့သူမို့ သူဌေးခိုင်းတဲ့အရောင်းအဝယ်ကိစ္စမှာ အအောင်မြင်ဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့တယ်...ဒီနောက်မှာတော့ သူဟာ တဖြည်းဖြည်းအောင်မြင်လာပြီး ကမ်းကုန်အောင်မိုက်တဲ့မူးယစ်ရာဇာဖြစ်သွားပါတော့တယ်...ကိုင်း ပရိတ်သတ်ကြီးရေ ခံစားကြည့်လိုက်ပါဦး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hnin Amy Khine ဖြစ်ပါတယ်...File Size : (950 MB) and (374 MB) Quality : Blu-Ray 720p Format…mp4 Duration…02:50:00 Genre : Crime,Drama Subtitle : ...
movie
Scarface(1983)
1983
8.3
Amadeus (1984)
Amadeus (1984)[Unicode]အနုပညာတကာတို့ထဲမှာ ဂီတအနုပညာဟာ လူ့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်စွမ်းအရှိဆုံးအရာပါပဲ ။မိုးဇတ်ဆိုတာကတော့ ဂီတသမားတွေထဲ ပါရမီအထူးဆုံး အကျော်ကြားဆုံးတစ်ယောကပါ ၊ ဒီရုပ်ရှင်က မိုးဇတ်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။တစ်ရံတရာအခါတုန်းက ဝို့လ်ဖန် အာမာဒပ်စ် မိုးဇတ်လို့အမည်တွင်တဲ့ လူငယ်ကလေးတစ်ယောက်ရှိခဲ့ပါတယ် ၊ မိုးဇတ်ဟာ ဂီတအနုပညာနဲ့ပက်သက်ရင် အတော် ပါရမီကောင်းတဲ့ သူပါ ၊ အသက်လေးနှစ်မှာ စန္ဒားရားကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တဲ့အပြင် လေးနှစ်အရွယ်မှာ သီချင်းတစ်ပုဒ်စရေးခဲ့ပါတယ် ။သူ့ခေတ်သူ့အခါရဲ့ အနုပညာမြို့တော် ဗီယင်နာရဲ့ ဘုရင်ဟာ နာမည်ကျော် ဝို့လ်ဖန်း အမန်ဒပ်စ် မိုးဇတ်ကို သူ့ရဲ့ နန်းတော်ကို ဖိတ်ခေါ်ခဲ့ပါတယ် ၊ ပညာတော်သလောက် အနေမတော်တဲ့ မိုးဇတ်ဟာ စကားအပြောတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ။ ဘုရင်နဲ့ သူ့ဂီတမှူးတွေက ဂီတကို ချစ်တတ်ပေမဲ့လည်း မိုးဇတ်ရဲ့ ဂီတတွေရဲ့ ပြည့်စုံမှုကို ခံစားနိုင်စွမ်းမရှိကြတာကလည်း မိုးဇတ်နေရာမရခဲ့တဲ့ အကြောင်းတစ်ကြောင်းဖြစ်ခဲ့ပါတယ်။မိုးဇတ်ရဲ့ ဂီတတွေဟာ ပရိတ်သတ်လက်ခံအားပေးမှုနောက်ကို ဘယ်တော့မှ မလိုက်ခဲ့ပါဘူး ၊ ...
movie
Amadeus (1984)
5.3
Robin Hood (2018)
Robin Hood (2018)_____IMDb - 5.3/10 Robinhood အကြောင်း သင်ဘယ်လောက်သိလဲ???????? လူချမ်းသာတွေဆီက အသပြာခိုးယူပြီး ဆင်းရဲတဲ့သူတွေကိုဝေငှပေးတတ်တဲ့ သူခိုးတစ်ယောက်........လို့ အကြမ်းဖျဉ်းသိထားကြမှာပါ........... Robinhood လို့ပြောရင် မြှားပစ်ကျွမ်းကျင်သူတစ်ယောက် ဆိုတာလဲ မျက်လုံးထဲပြေးမြင်မိမှာပေါ့ ဒါပေမယ့် အထက်က ဆိုခဲ့တဲ့ အချက်တွေကြောင့်တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီး နာမည်တွင်ခဲ့တာ မဟုတ်ပါဘူး ..................... သင် ငယ်ငယ်က သိခဲ့တဲ့ တောပုန်းကြီး ရော်ဘင်ဟုဒ်ရဲ့ အကြောင်းတွေကို မေ့ပစ်လိုက်ပါတော့ သင် သူ့အကြောင်းကို သိပြီးသားလို့ ထင်နေတယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်....... သင်သိထားပြီးတဲ့ သူ့ရဲ့ဇာတ်လမ်းဟာ အိပ်ယာဝင်ပုံပြင်တစ်ပုဒ် ပါပဲ ဒီဇာတ်ကားလေးကတော့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်တော့ မဟုတ်ပါဘူး အသပြာတွေခိုးယူခဲ့ရုံသက်သက်နဲ့တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီး နာမည်တွင် ကျန်ရစ်မှာ မဟုတ်ပါဘူး သူ့ကို ရာဇဝင်မှာ ကဗျည်းတွင်စေခဲ့တဲ့ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် လုပ်ရပ်တွေကို ဒီဇာတ်ကားမှာတွေ့ရမှာပါ..... ဒီဇာတ်ကားမှာ ရော်ဘင်ဟုဒ်ရဲ့ တခြားထူးခြားတဲ့ အကြောင်းအရာတွေလည်း ပါဝင်နေပါတယ် ....... ရော်ဘင်ဟုဒ်ဆိုတဲ့ တောပုန်းတစ်ယောက်မဖြစ်ခင်က သူ့ဘဝဇာတ်ကြောင်း အခြေအနေကိုလည်း ပြောပြထားပါသေးတယ်...... လော့စ်လေကို ဟုဒ်အဖြစ် ပြောင်းလဲ ပေးခဲ့တဲ့ သူ့ရဲ့ဆရာနဲ့အတူ သူ လေ့ကျင့်ခဲ့ရတဲ့ ခက်ခဲထူးခြားတဲ့ မြှားပစ်သင်ခန်းစာတွေ........ သူကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအခြေအနေတွေ....... သူကြုံတွေ့ခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ စစ်ပွဲတွေ........ စသဖြင့် သူ့ရင်ဆိုင်ခဲ့တဲ့ အခက်အခဲတွေ ...
movie
Robin Hood (2018)
2018
7.5
Inside Llewyn Davis (2013)
Inside Llewyn Davis (2013) IMDb - 7.5/10_____Rotten - 92% ဂရင်းဝှစ်ရွာလေးရဲ့ 1960 ကာလကိုအခြေံထားတာပဲဖြစ်ပါတယ် Folk ဂီတပညာရှင်လူဝိန်ဒေးဗစ်အကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဇာတ်ဝင်သီချင်းတွေနဲ့တင်ကြည့်ရတန်စေမယ့်ဇာတ်လမ်းဖြစ်ပါတယ် ဂျက်စတင်တင်ဘားလိတ်ခ်လည်းပါဝင်ထားတဲ့ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ် စိတ်အားတက်ကြွစေမယ့်ကားမျိုးထဲမပါပေမယ့် တကယ့်လက်တွေ့ဘဝကပြသနာတွေကိုတော့ မီးမောင်းထိုးပြထားသလိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ရှားရှားပါးပါးကားတစ်ခုပါ လူဝိန်းမှာ ပါရမီရှိပါတယ် ပိုက်ဆံမရှိပါဘူး သမီးရည်းစားကိစ္စမှာလည်းအဆင်မပြေသလို အတူတွဲဆိုနေကျပါတနာကလည်းကိုယ့်ကိုကိုယ်သတ်သေသွားပါတယ် မသေချာတဲ့အနာဂတ်ကိုသူဘယ်လိုရွေးချယ်သွားမလဲ ဘယ်လိုကျဆုံးမလဲဆိုတာကို Folk ဂီတသံစဉ်လေးတွေနဲ့အခုပဲကြည့်လိုက်ပါ File Size - 1.5 GB File Format - mp4 IMDb rating - 7.5/10 Quality - Blu-ray 1080p Running Time - 1h 44min Translated by Aye chansu Encoded by sithu
movie
Inside Llewyn Davis (2013)
2013
7.3
Finding Forrester(2000)
Finding Forrester(2000) IMDb….7.3,,,Rotten….74 Finding Forrester(2000) ဇာတ်ကားကိုကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော် Good Will Hunting (1997)ဇာတ်ကားကို သွားသတိရနေတယ်… တစ်ခုခုတော့ဆက်နွယ်နေရမယ်ဆိုပြီး စုံစမ်းကြည့်တော့…(၂)ကားလုံးရဲ့ ဒါရိုက်တာက Gus Van Sant ဖြစ်နေတယ်… ဆိုတော့ Good Will Hunting (1997) ကိုကြည့်ဖူးတယ်ဆိုရင် ဒီကားက သဘောတရားတော့တူပေမယ့် ပေးချင်တဲ့ Message တွေတော့အတော်များများကွဲပါတယ်…(၂)ကားလုံးက ခမ်းနားတဲ့အလှတရားတွေပိုင်ဆိုင်ထားကြပါတယ်.. လူမဲကောင်လေးတစ်ယောက်ရှိတယ်..သူ့နာမည်က ဂျမား…ဆင်းရဲတဲ့အပြင် အဖေနဲ့အမေကလည်းကွဲနေရှာတယ်…မအေနဲ့အကိုနဲ့အတူနေတယ်… ကျောင်းတက်တယ်..သူငယ်ချင်းတွေနဲ့ဘတ်စကတ်ဘောဆော့တယ်…စာအုပ်တွေဖတ်သလို နုတ်စာအုပ်လေးတွေထဲမှာလည်း သူ့အမြင်လေးတွေချရေးလေ့ရှိတယ်… သို့ပေမယ့် ဒီလူမဲလေးဟာ သူမတူတဲ့ ဦးဏှောက်တော့ရှိတယ်…တစ်ခါလောက်ဖတ်ဖူးရုံနဲ့မှတ်မိသလို ဥာဏ်ကြီးရှင်တစ်ယောက်လို ဖြန့်ကျက်တွေးတောနိုင်စွမ်းလည်းရှိတယ်.. ဒီကောင်လေးက တစ်ဦးတည်းအထီးကျန်လျှို့ ဝှက်စွာနေထိုင်နေတဲ့ အဖိုးကြီး ဝီလီယမ် ဖော်ရက်စတာနဲ့ ခင်မင်မိတယ်…တစ်ချိန်ထဲမှာပဲ သူ့ရဲ့အရည်အချင်းကြောင့် ပုဂ္ဂလိကကျောင်းက ရွေးချယ်ခဲ့တဲ့အတွက် စိန်ခေါ်မှုအသစ်တွေစတင်ကြုံတွေ့ပါတော့တယ်.. ကိုင်း စပွိုင်လာ မလုပ်သင့်ဆုံးဇတ်ကားစာရင်းထဲမှာပါလို့ ဒီလောက်ပဲတော်ပါရစေနော်.. ဒီကားကို ကျွန်တော်တို့ ဂျိန်းစ်ဘွန်းမင်းသားကြီး Sean Connery နဲ့ Rob Brown က အဓိက သရုပ်ဆောင်ထားပါတယ်.. ဆုပေါင်း(၅)ဆုလည်း ရရှိခဲ့သလို အခြားဆု(၁၃)ဆုလည်း ဆန်ကာတင်စာရင်းဝင်ခဲ့တယ်… ဇတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ဖြစ်ပါတယ်… File Size : (1.15GB) and (425 ...
movie
2000
7.9
Isle of Dogs (2018)
Isle of Dogs (2018) IMDb - 7.9/10_____Rotten - 90% ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ်ဒါပေမယ့် ဒီကားဟာ IMDb 7.9 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူးကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင်လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူးအဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ိကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ်အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ်ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ်နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ်အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ...
movie
Isle of Dogs (2018)
2018