Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eza Yoga
Ali Topan (2023)
အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီးIMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာအဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားကအကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေးအဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေမိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီကသူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေးတစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်းကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီးအန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုကသူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲမွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွားကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေအကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်းအိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေကပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.60GB / 749MB Quality…WEB-DL 1080p 5.1CH ...
movie
Ali Topan (2023)
8.2
Andragogy (2023)
Andragogy (2023)မျက်မှောက်ခေတ်မှာ မြင်ရတွေ့ရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တွေထဲတစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ဒုက္ခပေးပုံအဖုံဖုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မီဒီယာတွေကြောင့် လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ရိုက်ခတ်မှုကြီးမားသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရစေပြီး အင်ဒိုနီးရှားဇာတ်ကားဆိုပေမယ့် ဇာတ်အိမ်ခိုင်ခန့်မှုက တော်တော်ကို ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ ပညာရေးစနစ်၊ မိသားရေးရာ ပြဿနာ စတဲ့ အရာတွေကို ဇာတ်အိမ်လုံးတစ်ခုတည်းမှာ အကုန်လုံးကို စုပြုံထည့်ပြီး ပြသထားတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ အစပ်အဟပ်တည့်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သာမန်ပြဿနာလေးတစ်ခုကို လိုင်းပေါ်တင်လိုက်ရာကနေ ပြဿနာက တဖြည်းဖြည်းနဲ့ ကြီးလာခဲ့ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ လိုင်းပေါ်က နာမည်တအားကြီးနေတဲ့ အုန်းသီးကိတ်ဆိုင်မှာ ဆရာမ ပရာနီက ဝယ်ယူရင်း ကြားဖြတ်ဝင်တဲ့သူနဲ့ ရန်ဖြစ်မိခဲ့တာပါ။ ဒါပေမဲ့ အော်ကြီးဟစ်ကျယ်ဖြစ်နေတာက ဆရာမ ပရာနီဖြစ်တဲ့အတွက် လိုင်းပေါ်က လူတွေဟာ ဆရာမ ပရာနီကိုပဲ အပြစ်တင်ကြပါတယ်။ ဒါကြောင့် ဆရာမ ပရာနီရဲ့ ပတ်ဝန်းကျင်မှာ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်လာရပါတယ်။ အဲဒီအတွက် ဖြေရှင်းချက် ဗီဒီယိုတစ်ခုကို ပရာနီက ပြန်တင်ပြီး ဖြေရှင်းခဲ့ပေမယ့် တစ်ဖက်လူကလည်း ပြန်လည်ဖြေရှင်းခဲ့တာကြောင့် သံသရာက မဆုံးနိုင်ဘဲ တိုင်ပတ်နေပါတယ်။ အဲဒီလိုကနေ ...
movie
Andragogy (2023)
2023