Channel Myanmar

Evander Holyfield

Summer of Sam (1999)
Summer of Sam (1999)  ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ် ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တုန်းက နယူးယောက်မှာ ဆမ်ရဲ့သားလို့ အမည်ခံတဲ့ ကွင်းဆက်လူသတ် သမားတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ လူ‌ခြောက်ယောက်ကိုသတ်ခဲ့ပြီးပါပြီ။ ဆမ်ရဲ့သားဟာ .၄၄ ပြောင်းဝအကျယ် ရှိတဲ့ သေနတ်တစ်လက်နဲ့ ကားပေါ်မှာ ချိန်းတွေ့နေတဲ့ အတွဲတွေကို ပစ်ခတ်လေ့ရှိပါတယ်။ဆမ်ရဲ့သား ဆိုတဲ့ လူသတ်သမားက ဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပေမယ့် လူသတ်သမားရဲ့အကြောင်းကို အလေးထားရိုက်ပြထားတာတော့မဟုတ်ပါဘူး။ ဒီလူသတ်သမားကြီးစိုးနေတဲ့အချိန်မှာ ပြည်သူတွေ ဘယ်လိုနေကြလဲဆိုတာကို ပိုပြီး အသားပေး ရိုက်ထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဆမ်ရဲ့သား လူတွေပြန်စသတ်တဲ့အချိန်မှာ ရစ်ချီဆိုတဲ့ ကောင်လေးဟာ သူ့အရင်နေခဲ့တဲ့ ရပ်ကွက်ကိုပြန်ရောက်လာပါတယ်။ ရစ်ချီရဲ့ ပန့်ခ်ပုံစံအဝတ်အစားတွေ ခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်း ဗင်နီ ကလွဲလို့ တခြားသူတွေက သူ့ကိုသဘောမကျကြပါဘူး။ ကြောက်စိတ်တွေများနေကြတဲ့ ရပ်ကွက်ကသူတွေဟာ ရစ်ချီကို လူသတ်သမားလို့ သံသယဝင်လာကြတဲ့အခါမှာတော့... File size…(3 GB)/(1.7 ...
movie

Summer of Sam (1999)

Grudge Match(2013) 6.4
Grudge Match(2013)  လက်ဝှေ့လောကမှာ ရှုံးပွဲမရှိ နာမည်ကျော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ရေဇာနဲ့ ကစ် တို့ ယှဉ်ပြိုင်ကြရာ တစ်ယောက်တစ်ပွဲ အနိုင်ရရှိခဲ့ကြပြီးအဆုံးအဖြတ်အဖြစ် နောက်ဆုံးတစ်ပွဲကို မယှဉ်ပြိုင်ခင်မှာ ရေဇာကလက်ဝှေ့လောကကနေ အနားယူသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ် ၃၀ အကြာမှာဒန်တေးဆိုတဲ့သူ ပေါ်လာပြီး သူတို့ကို ဆက်သွယ်လာပါတယ်။ ဒီလိုနဲ့ ရေဇာနဲ့ ကစ်တို့ နှစ်ယောက်သားပြန်ဆုံကြပြီး ဘယ်လိုတွေဖြစ်ကြမလဲ၊ဒန်တေးကလည်း ဘာတွေ စီစဉ်မလဲ၊ ရေဇာ လက်ဝှေ့လောကကအနားယူသွားခဲ့တာကရော ဘယ်လိုပြဿနာတွေကြောင့်ဖြစ်မလဲဆိုတာကို2013 ခုနှစ်မှာ ထွက်ခဲ့တဲ့ Grudge Match ကို ကြည့်ရှုအဖြေရှာလိုက်ကြရအောင်။ File size…2.08GB / 941MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 53m Genre ..... Comedy , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Benni
movie

Grudge Match(2013)

Arthur (2011) 5.7
Arthur (2011) Arthur (2011)ယခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ရိုမန့်ဟာသ ဇာတ်ကားအမျိုးအစားဖြစ်တဲ့ Arthur ဆိုတဲ့ ဇာတ်ကားလေးပါ။ ဟာသဇာတ်ကားကြိုက်သူတွေအတွက် ဟာသကောင်းလေးတွေနဲ့ တွေးရင်း ရယ်မောနိုင်စေမှာ ဖြစ်ပါတယ်။ ကျိကျိတက်ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတဲ့ အာသာဘာ့ခ် ဆိုတဲ့ လူတစ်ယောက်။ ချမ်းသာသည့် အလျှောက် သူ့ဘဝတစ်လျှောက်လုံးမှာ ဘာတာဝန်မှ မယူဘဲ ထင်ရာစိုင်းနေခဲ့ပါတယ်။ ပြဿနာတွေရှာလိုက် အရက်တွေသောက်လိုက်၊ ပိုက်ဆံတွေဖြုန်းလိုက်၊ မိန်မတွေ ရှုပ်လိုက်နဲ့ နေလာလို့ အမေဖြစ်သူဟာ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ဆူဆန်ဂျွန်ဆန် ဆိုတဲ့ မိန်းကလေးနဲ့ ပေးစားဖို့ စီစဥ်ပါတော့တယ်။ အကယ်၍ သူပေးစားတဲ့သူနဲ့ မယူရင် အမွေပြတ်စွန့်လွှတ်မယ်ပြောလို့ အာသာ ဟာ ရွေးချယ်စရာမရှိတော့တာနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ နေအိုမီ ဆိုတဲ့ ဧည့်လမ်းညွှန် ကောင်မလေးနဲ့တွေ့ဆုံဖြစ်ရာကနေ အာသာရဲ့ ဘဝ ပြောင်းလဲဖို့ အစပျိုးလာပါတော့တယ်။ အာသာ တစ်ယောက် ဘယ်လို ပေါက်တတ်ကရတွေ လုပ်မလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာ ဟာသမြောက်စွာ ...
movie

Arthur (2011)

2011