Channel Myanmar

Eva Ceja

Hall Pass Nightmare (2022)
Hall Pass Nightmare (2022)  ကယ်ရီနဲ့ဂျပ်စတင်တို့စုံတွဲဟာ လက်ထပ်သက်တမ်းကြာပြီး လူတိုင်းအားကျရတဲ့စုံတွဲဖြစ်ပါတယ် သက်တမ်းကြာလာတဲ့စုံတွဲတွေရဲ့ထုံးစံအတိုင်း တကယ်တမ်းကျသူတို့အိမ်ထောင်ရေးဟာခြောက်သွေ့စပြုနေပါပြီ ဒီလိုနဲ့ ကယ်ရီ့သူငယ်ချင်းနှစ်ယောက်က သူမကို'' Hall Pass''ထားကြည့်ဖို့ အကြံပေးကြတယ်Hall Passဆိုတာ စုံတွဲတွေအကြားမှာ နှစ်ဦးသဘောတူနားလည်မှုယူပြီး တခြားနှစ်သက်ရာအပြင်လူတစ်ယောက်နဲ့အပျော်တမ်းအိပ်ခွင့်ပေါ့ တချို့ကနာမည်ကြီးဆယ်လီအိုင်ဒေါတွေနဲ့Hall Passအဖြစ်နေချင်ကြတယ် ဒီလိုနဲ့ကယ်ရီအလုပ်ခရီးထွက်ရာက ဘားတစ်ခုမှာ သူ့အိုင်ဒေါရော့ခ်စတား''ဒန်တေး'' နဲ့ဆုံမိပါတော့တယ်ဒန်တေးရဲ့ပရိတ်သတ်အကြီးစားဖြစ်တဲ့ကယ်ရီဟာ ဒန်တေးနဲ့ရင်းနှီးလာပြီးအဖွဲ့ကျသွားရာကနေ နှစ်ယောက်သားခဏတာငြိတွယ်သွားကြပါတော့တယ် ကယ်ရီဟာ လက်ထပ်ပြီးသားမို့လို့ ငြင်းခဲ့ပေမဲ့ ကယ်ရီ့ကိုစွဲလမ်းသွားတဲ့ ဒန်တေးဟာ ကယ်ရီ့ကိုရနိုင်ဖို့ ဘယ်လ်ိုတွေဆက်ပြီး လှုပ်ရှားသွားမလဲဆိုတာ..... File size…(800 Mb) Quality….WEB-DL 720p Format…mp4 Duration….01:30:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C an dy
movie

Hall Pass Nightmare (2022)

Doomsday Meteor (2023) 5.0
Doomsday Meteor (2023)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၂၃ခုနှစ်ကထွက်ရှိထားတဲ့ Doomsday Meteor ဆိုတဲ့ သိပ္ပံဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားက ကမ္ဘာကြီးကို ဉက္ကာပျံတစ်ခုနဲ့ ဝင်တိုက်မည့်.အရေးကို လူသားတွေကာကွယ်တားဆီးကြပုံကို ရိုက်ကူးတင်ဆက်ထားတာပါ..ဒီဇာတ်ကားကို ဒါရိုက်တာ Noah Luke ကရိုက်ကူးပုံဖော်ထားပြီးမင်းသားPatrick Labyorteaux ,Joseph Michael Harris ,Anthony Jensen , Karan Sagoo နဲ့ မင်းသမီး CarolineWilliams ,Kennedy Porter , Eva Ceja စတဲ့ မင်းသားမင်းသမီးတွေက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအစမှာ ဒေါက်တာရစ်ခ်နဲ့ ဒေးဗစ်တို့ သူငယ်ချင်းနှစ်ယောက် အာကာသစူးစမ်းလေ့လာရေးဌာနမှာ အလုပ်ဆင်းပြီးအိမ်ပြန်ဖို့ပြင်နေချိန်မှာ ကမ္ဘာ့လေထုထဲကို ထူးဆန်းတဲ့အရာတွေဝင်လာတာကို တွေ့ရှိလိုက်ပါတယ် သေချာလေ့လာကြည့်လိုက်တဲ့အခါမှာတော့ မြို့လောက်အရွယ်အစားရှိတဲ့ဉက္ကာပျံကြီးတစ်စင်းက ကမ္ဘာဂြိုလ်နဲ့ ဝင်တိုက်ဖို့ လာနေတာကိုတွေ့ရှိလိုက်ရပါတယ် သေချာတွက်ချက်ကြည့်တဲ့အခါမှာသူတို့မှာ အချိန် ၆ရက် ၉နာရီနဲ့ ၁၉မိနစ်ပဲ အချိန်ရှိပါတော့တယ်အဲ့ဒီနောက် ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတွေအားလုံးကအဆိုပါဉက္ကာပျံကြီးကို ကိုယ်ပိုင်နည်းလမ်းတွေနဲ့ တားဆီးဖို့ပြင်ဆင်ကြပါတော့တယ် ...
movie

Doomsday Meteor (2023)

4 Horsemen: Apocalypse (2022)
4 Horsemen: Apocalypse (2022) 4 Horsemen: Apocalypse (2022) ကမ္ဘာပျက်ကိန်းကားတွေ သဘာ၀ဘေးအန္တရာယ်ကားတွေ ကြိုက်ကြတယ်ဆိုတဲ့ လူတွေအတွက်ပါ။ Moonfallတို့၊ 2012တို့ဟာ တစ်ချို့အတွက် ပေါပေမဲ့ ဒီလိုကားကြိုက်တဲ့လူတွေအတွက် ကောင်းနေပြန်တာပါပဲ။ ဒီတစ်ခါ ရုပ်ရှင်ကတော့ အဲဒီရုပ်ရှင်တွေနဲ့ လုံး၀မတူပါဘူး။ ကမ္ဘာပျက်ကိန်းရဲ့ မြင်းသည်တော်လေးယောက်ဆိုတာ စူပါနေထရယ်ဖန်တွေ မစိမ်းဘူးမလား။ ဒီရုပ်ရှင်ဟာ အဲဒီ ကမ္ဘာပျက်ကိန်းရဲ့ မြင်းသည်တော်လေးယောက်ရဲ့ ကမ္ဘာပျက်မှာကို တားတဲ့ရုပ်ရှင်ပါပဲ။ ပင်တဂွန်၊ မှိုပညာရှင်(အတည်မှိုပါ)၊ မိုးလေ၀သပညာရှင်၊ မီးတောင်လေ့လာရေး ပညာရှင်၊ စစ်သားတွေ အစုံအလင်နဲ့ တားကြတာပါ။ဒီနေရာမှာ ပြောချင်တာက ဇာတ်ကောင်တွေအားလုံးဟာ သူမတူအောင် ထူးခြားပါတယ်။ သရုပ်ဆောင်မှန်းသိသာနေအောင် ရုပ်သေကြီး‌တွေနဲ့ ဟာ ငါတို့ ဘာလုပ်မှာဆိုပြီး ကိုယ်ကြွေနေတဲ့ကောင်လေးရှေ့ အသံပေးတဲ့ ဆယ်ကျော်သက်မလေးတွေလို ခဏခဏကို သူတို့ဘာလုပ်မယ့်အကြောင်းကို ဆယ်ခါလောက်ကိုပြောနေတာပါ။ ဥပမာဆို ထမင်းစားမယ်ဆိုပါစို့။ ငါတို့ထမင်းစားမှာကွ။ ဇွန်းနဲ့ပန်းကပ်ထဲ ခပ်ပြီး ပါးစပ်ထဲထိုးထည့် သွားနဲ့ဝါးတာလေလို့ ထိုင်ပြောနေသလိုပါပဲ။ အကြောင်းအရာတော့မတူဘူးပေါ့။။သရုပ်ဆောင်တွေဟာ ဒါတင်ပဲလားဆိုတော့ ...
movie

4 Horsemen: Apocalypse (2022)

2022
Newness (2017) 6.3
Newness (2017) အိမ်ထောင်ရေးပြိုကွဲသွားတာခြောက်လခန့်ရှိပြီဖြစ်တဲ့Martin တစ်ယောက် ဟာ sex partners ရှာဖွေနေကြတဲ့သူတွေအတွက်ဖွင့်ထားတဲ့Winx app ကိုအသုံးပြုပြီး အထီးကျန်နေတဲ့တစ်ကိုယ်ရည်ညတွေအတွက်ဖြတ်သန်းလေ့ရှိပါတယ်ထိုနည်းတူတစ်ဖက်မှာလည်း Gabi ဆိုတဲ့ကောင်မလေးဟာ winx ကိုအသုံးပြုပြီးတော့သူမရဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မယ့်သူကို ရှာဖွေနေတယ်ဒီလိုသူတို့နှစ်ယောက်ဆုံဖြစ်သွားကြတယ် (ကြားထဲမှာ date ခဲ့သူတွေအများကြီးရှိကြပြီးသား)ဒီမှာဇတ်လမ်းကစတာပဲ အချစ်မပါပဲအသွေးအသားဆန္ဒအတွက်အဆင်ပြေတဲ့သူတွေရှာပြီးဖြစ်ချင်သလိုဖြစ်ကြတုန်းကအကောင်း (အထီးကျန်နေတယ်ဆိုတဲ့ ခံစားချက်ကလွဲလို့ပေါ့)Relationship တစ်ခုကိုအသေချာလေးတည်ဆောက်ပြီးကြတော့မှဆုံးရှုံးရမှာကြောက်တဲ့စိတ်တွေနဲ့ အချင်းချင်းနားလည်ပေးနိုင်ဖို့ကြိုးစားရင်းနားလည်မှုတွေလွဲပြီး မျက်ရည်တွေကိုဖန်တီးသွားစေခဲ့ရော သူတို့ရဲ့ relationship ကိုဘယ်လိုပြန်လည်တည်ဆောက်မလဲကြားထဲမှာရော သူတို့ဘာတွေခံစားရခဲ့ရတယ်ဆိုတာကိုယ်တိုင်လိုက်ပါစီးမျောကြည့်ရင်အဆုံးသတ်​ဟာ ဝမ်းနည်းဝမ်းသာနဲ့ Drama/Romance ရသတစ်ခုကိုရရှိစေမှာပါတော်ရုံ ရိုတာလောက်မကြိုက်တဲ့ကိုယ်ပါကြွေတယ် (ဇာတ်လမ်းအညွှန်းကိုတော့ Dave Harry ရဲ့ Facebook Account (https://www.facebook.com/profile.php?id=100010606993816) မှကူးယူဖော်ပြပါသည်။)  File Size : (900 MB) and (375 MB) Quality : WEB-DL 720p Running Time : 1hr 52min Format : Mp4 Genre :Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated ...
movie

Newness (2017)

2017