Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eva Birthistle
6.4
The Delinquent Season (2018)
ဒရာမာမှဒရာမာဆိုသူများအတွက် Peaky Blinders မင်းသားကြီးCillian Murphy ပါဝင်သရုပ်ဆောင်ခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာမျိုးစုံကိုခံစားရမဲ့ 2018 တုန်းကဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Delinquent Season ဖြစ်ပြီးIMDb Rating 6.4 အထိရရှိထားပါတယ်။ဒီဇာတ်ကားထဲမှာတော့မိသားစုနှစ်ခုကြားကမိဘတွေရဲ့ကြားမှာအရင်းနှီးလွန်သွားရင်းနဲ့မိသားစုနှစ်ခုလုံးပြိုကွဲဖို့အကြောင်းဖန်လာရာကနေဖြစ်တည်လာခဲ့တဲ့ဒရာမာပေါင်းသောင်းခြောက်ထောင်ကိုမြင်တွေ့ရမှာဖြစ်တဲ့အတွက်ပညာပေးအနေနဲ့ရော Entertainment အနေနဲ့ပါကြည့်ဖို့အဆင်ပြေပါတယ်။အထက်မှာပြောခဲ့တဲ့ မိသားစုနှစ်ခုကတော့ ဂျင်မ်နဲ့ဒန်နီရယ်တို့ရဲ့မိသားစုနဲ့ခရစ်နဲ့အီဗွန်တို့ရဲ့မိသားစုပဲဖြစ်ပါတယ်။မိသားစုနှစ်ခုလုံးမှာကလေးနှစ်ယောက်စီရှိကြပြီး ဇနီးနှစ်ယောက်ဖြစ်တဲ့ဒန်နီရယ်နဲ့အီဗွန်တို့ကတော့သူငယ်ချင်းအရင်းတွေပဲဖြစ်ပါတယ်။နိုင်ငံခြားမိသားစုတွေရဲ့ထုံးစံအတိုင်းသူတို့တွေက မိသားစုနှစ်ခုအတူတူညစာစားကြပြီး ပေါင်းသင်းဆက်ဆံရေးတွေလုပ်ကြတဲ့အတွက် ဂျင်မ်နဲ့ခရစ်တို့ကလည်းအထိုက်အသင့်တော့ရင်းနှီးပါတယ်။ခရစ်နဲ့အီဗွန်တို့ရဲ့ မိသားစုဘ၀လေးကသာယာအဆင်ပြေနေပေမဲ့ ခရစ်ကအကြောင်းပြချက်မရှိ ကြမ်းတမ်းရိုင်းစိုင်းလာတဲ့အခါမှာတော့ အီဗွန်လည်းအရမ်းတွေစိတ်ညစ်ပြီး ကြံရာမရဖြစ်နေပါတော့တယ်။အဲ့ဒီလိုပျော့ညံ့နေတဲ့အချိန်မှာ အီဗွန်နဲ့ဂျင်မ်တို့ဖောက်ပြန်ဖို့ အကြောင်းဖန်လာခဲ့ပြီး မိသားစုနှစ်ခုကြားမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အရှုပ်အထွေးတွေဆက်ဖြစ်လာမလဲ အီဗွန်နဲ့ဂျင်မ်တို့ရဲ့အချစ်ကရောစစ်မှန်ရဲ့လား ဘယ်လိုဇာတ်သိမ်းမျိုးကိုရောကြည့်ရှုခံစားရမလဲအစရှိသဖြင့်ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားညှို့ယူသွားမဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.17GB / 515MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 43m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Delinquent Season (2018)
6.7
Imagine Me & You (2005)
Imagine Me & You (2005)IMDb – 6.7/10 Genre - Comdey, Drama, RomanceGOT စီးရီးမှာ ဆာဆီ လန်နစ္စတာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lena Headey၊ Watchmen နဲ့ The Imitation Game မင်းသား Matthew Goode နဲ့ မင်းသမီး Piper Perabo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရေချယ်က သူနဲ့အချိန်ကြာတွဲနေတဲ့ ကောင်လေးဖြစ်သူ ဟက်တာနဲ့ လက်ထပ်တော့မှာပါ။ ဒါပေမဲ့ လက်ထပ်ပွဲနေ့မှာ ပန်းအလှဆင်ပေးတဲ့ လုစ်နဲ့ တွေ့မိသွားပြီးချစ်မိသွားခဲ့ပါတယ်။လက်ထပ်ပွဲပြီးနောက်မှာလည်း လုစ်ကို ညစာလာစားဖို့ခေါ်ရင်း သူ့ရဲ့ခံစားချက်တွေက စစ်မှန်မှန်း ပိုသိသာလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ယောင်္ကျားဖြစ်သူ ဟက်တာကိုလည်း မထားခဲ့နိုင် ၊ သူ့ရဲ့ခံစားချက်တွေကိုလည်း ဖုံးကွယ်ထားရင်းနဲ့ အိမ်ထောင်ရေးမပြေလည်မှုတွေလည်း ဖြစ်လာပြီးနောက်မှာတော့ ရေချယ်တစ်ယောက် သူ့ရဲ့နှလုံးသားနောက်ကို ...
movie
Imagine Me & You (2005)
Wake Wood (2009)
IMDb 5.5 နဲ့ Rotten Tomatoes 88%အထိရရှိခဲ့တဲ့ ၂၀၀၉ခုနှစ်ထွက် သဘာ၀လွန် horrorကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၉နှစ်အရွယ်သမီးဖြစ်သူ အဲလစ်ဟာ လည်ပင်းကိုခွေးကိုက်ခံရပြီး သေဆုံးသွားပြီးတဲ့နောက်မှာ ပက်ထရစ်နဲ့ လူဝိစ်တို့ ဇနီးမောင်နှံဟာ မြို့ပြနဲ့ဝေးလံတဲ့တစ်နေရာက Wake Woodလို့အမည်ရတဲ့ မြို့လေးတစ်မြို့မှာအခြေချဖို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။မြို့ငယ်လေးရဲ့ အကြီးအကဲဖြစ်သူ အာသာဟာ ပက်ထရစ်နဲ့လူဝိစ်တို့ရဲ့သမီးဖြစ်သူကို ထူးဆန်းတဲ့သဘာ၀လွန်ဓလေ့ထုံးတမ်းတွေကိုအသုံးပြုပြီး သေရွာကပြန်ခေါ်ကာ လူ့ဘ၀ကို ခေတ္တပြန်ရောက်လာအောင် ကူညီပေးနိုင်ကြောင်းကမ်းလှမ်းလာပါတယ်။ဒီလိုနဲ့ ပက်ထရစ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ အာသာနဲ့ တင်းကြပ်တဲ့စည်းကမ်းတွေ အပေးအယူတွေကို သဘောတူညီမှုရပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။စပွိုင်လာကင်းအောင် အများကြီးမညွှန်းထားပါဘူး။ ဇာတ်အိမ်ကအတော်ကောင်းသလို ၉နှစ်သမီးအဲလစ်ရဲ့သရုပ်ဆောင်ချက်ကလည်း အတော်ပီပြင်တာမလို့ Horror ပရိတ်သတ်တွေအနေနဲ့ မြည်းစမ်းကြည့်ဖို့ မမှားတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ကြောင်း ညွှန်းဆိုပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ (သွေးသံတရဲရဲဇာတ်၀င်ခန်းတွေပါရှိတာကိုတော့ သတိပြုပေးစေလိုပါတယ်) File size…(1.5 GB)/(713 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Wake Wood (2009)
7.2
Breakfast on Pluto (2005)
Breakfast on Pluto (2005)ပီကီဘလိုင်းဒါမှာ စပယ်ရှယ်ကြမ်းတဲ့ ကျွန်တော်တို့အားလုံးရဲ့အချစ်တော် တွမ်မီ ဖာ့ခ်ကင်း ရှယ်လ်ဘီ ကြီးကို ဒီလိုပုံစံနဲ့မြင်တွေ့လိုက်ရလို့ အားလုံးပဲ ပါးစပ်အဟောင်းသားဖြစ်သွားကြမယ်ထင်ပါတယ်။အစကတော့ သူ့လိုလူနဲ့ ဒီလိုဇာတ်ကောင်ဘယ်လိုမှမလိုက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကြည့်ပြီးချိန်မှာတော့ သိပ်ကိုနွဲ့ပြီးလှပတဲ့ 'ကစ်တန်' ဆိုတဲ့ သူ့ရဲ့ မိန်းမလျာဇာတ်ရုပ်ကို ချစ်မိသွားတဲ့အထိ သရုပ်ဆောင်ပီပြင်တဲ့ Cillian Murphy ရဲ့အနုပညာစွမ်းရည်ကတော့ သြချလောက်စရာပါပဲ။ဇာတ်လမ်းအကျဥ်းပြောရရင်တော့ သူ့ကိုယ်သူ ကစ်တန်လို့ နာမည်ပေးထားတဲ့ ပတ်ထရစ် ဆိုတဲ့ကောင်လေးဟာ မွေးကင်းစအရွယ်မှာတင် စွန့်ပစ်ခြင်းခံခဲ့ရပြီး အဖေ အမေ ဘယ်သူမှန်း သိခွင့်မရခဲ့သူလေးပါ။မွေးစားမိသားစုနဲ့အတူ ကြီးပြင်းလာတဲ့ ပတ်ထရစ်ဟာ ငယ်ငယ်ကတည်းက ဂါဝန်တွေ မိန်းကလေးအသုံးဆောင်တွေကိုပဲ သဘောကျခဲ့ပြီး သူ့ကိုယ်သူ ဘာဆိုတာ သိခဲ့ပေမယ့် ပတ်ဝန်းကျင်နဲ့ မွေးစားမိသားစုရဲ့ ဟန့်တားမှုကြောင့် ပေါ်ပေါ်ထင်ထင် နေချင်တိုင်းနေလို့ မရခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့လိင်ခံယူချက်အတိုင်း ပေါ်တင်ပဲနေထိုင်ပါတော့တယ်။ဒါပေမဲ့ မိန်းမလျာတွေကို လုံးဝလက်သင့်မခံတဲ့ သူ့အသိုင်းအဝိုင်းကြောင့် တစ်နေ့မှာတော့ အိမ်ပေါ်ဆင်းပြီး သူ့အမေအရင်းရှိတယ်ဆိုတဲ့ လန်ဒန်မြို့ကြီးကို ရှာတော်ပုံတော်ခရီးစဥ် ထွက်လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ပတ်ထရစ် (ခ) ကစ်တန်တစ်ယောက် ...
movie
Breakfast on Pluto (2005)
2005
6.0
The Children (2008)
The Children (2008) ============================= ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲဖို့ Elaineတို့ မိသားစုဟာအမဖြစ်သူ Chloe ရဲ့ တသီးတခြားဖြစ်နေတဲ့ကျေးလက်အိမ်လေးကိုအလည်သွားခဲ့ကြပါတယ်..အဲ့ဒီအိမ်လေးမှာ ကလေးတွေဟာ ရောဂါပိုးကူးစက်ခံရပြီးရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်သမားလေးတွေ ဖြစ်သွားတဲ့အခါ...အချင်းချင်းသံသယတွေ ကိုယ်စီနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲ ..ပျော်ရွှင်စရာအားလပ်ရက်ခရီးလေးကနေ ပြောင်းလဲသွားတဲ့ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးကြီးကနေ ရှင်သန်နိုင်ကြမလား.......ဆိုတာကိုသည်းထိတ်ရင်ဖို စောင့်ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်အခုလို Christmas ကာလလေးကို Christmas horror, thrillerဇာတ်ကားကောင်းလေး ကြည့်ရင်း ကျော်ဖြတ်လိုက်ကြရအောင် File size…1.8Gb / 880MB Quality… 1080p Blu Rayx264 AAC 5.1CH / 720p Format…Mp4 Duration….1h 24mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khaing Su Su Htun
movie
The Children (2008)
2008
7.5
Brooklyn (2015)
movie
Brooklyn (2015)