Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eugenia Forteza
7.5
Cabrini (2024)
"ကြွက်တွေလောက်တောင် ကလေးတွေက သားသားနားနား ဘဝနဲ့ မနေရဘူး"IMDb - 7.5, RT - 90%အမေရိကန်နိုင်ငံလို့ပြောလိုက်တာနဲ့ ခေတ်ရှေ့ပြေးနေတဲ့ နိုင်ငံတစ်ခုလို့မြင်မိတဲ့အပြင် လူအချင်းချင်းတန်းတူညီမျှမှု ရနေတဲ့နိုင်ငံလို့ တခါတည်းပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့သမိုင်းကတော့ အခု၂၁ရာစုက အခြေနေမျိုးမဟုတ်ဘဲ မရှု့မလှပါပဲ။ ပြောရရင် အမေရိကန်သမိုင်းကြောင်းအမှန်က အခု လူတွေမြင်နေကြသလို ဒီမိုကရေစီထွန်းကားတဲ့တိုင်းပြည်မို့လို့ လူအချင်းချင်း တန်းတူညီမျှမှုတွေက နိုင်ငံဖွဲ့စည်းစဥ်ကတည်းက ရှိလာတာ မဟုတ်ဘူးပေါ့လေ။ အမေရိကန်နိုင်ငံကလည်း ကမ္ဘာပေါ်က တခြားနိုင်ငံတွေလိုပါပဲ သမိုင်းစတင်ရေးထိုးကတည်းက ဖြစ်တည်လာတဲ့ သမိုင်း အမဲစက်က ကြောက်မခမ်းလိလိပါပဲ။ယခုရုပ်ရှင်ကတော့ ၁၈၈၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အမေရိကန်နိုင်ငံရဲ့သမိုင်းအမဲစက်တွေထဲက တစ်ခုဖြစ်တဲ့ ပြောင်းရွှေ့နေထိုင်သူတွေအပေါ်ကို ဖိနှိပ်ချုပ်ချယ်တဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးဖော်ပြထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်က အကောင်းတကာ့အကောင်းဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ မျှော်လင့်ချက်အသစ်တွေနဲ့ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရဖို့ အီတလီလူမျိုးတွေက အမေရိကကို လာရောက်အခြေချနေထိုင်ပါတော့တယ်။ သို့သော် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ မျက်နှာဖြူအမေရိကန်တွေရဲ့ဖိနှိပ်ချုပ်ချယ်တာတွေ လျစ်လျူရှု့ခံရတာတွေနဲ့ ကြုံတွေနေရပါတယ်။ကာဘရီနီဆိုတဲ့ သီလရှင်ဖြစ်သူ ...
movie
Cabrini (2024)