Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eugene Cordero
6.8
Ghostbusters (2016)
Ghostbusters (2016) Extended Cut VersionIMDb (6.8) / Rotten Tomatoes (74%)2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် ...
movie
Ghostbusters (2016)
2016
4K HEVC
6.8
Kong: Skull Island (2017)
MonsterVerse TimelineMonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။- 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ...
movie
Kong: Skull Island (2017)
2017
4K HEVC
6.0
Mike and Dave Need Wedding Dates (2016)
REVIEW: Mike & Dave Need A Wedding Datesဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။ ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊ 18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။ ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။ အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ - ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။ ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊ ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။ တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့ မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။ လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။ ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့ အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။ ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။ ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက -Mike အဖြစ်က Adam Devine ပါ။ လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊ နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။Dave အဖြစ်နဲ့က Zac Efron ပါ။ ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။ မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင် အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က Aubrey Plaza ...
movie
Mike and Dave Need Wedding Dates (2016)
2016
4K HEVC
6.4
The High Note (2020)
The High Note (2020)~ IMDb - 6.4/10, Rotten Tomatoes - 71% ~မာဂရက် ရှားဝုဒ် (မက်ဂ်) ဆိုတဲ့ ကောင်မလေးဟာ တန်းဝင်အဆိုတော်ကြီး ဂရေ့စ် ဒေးဗစ် ရဲ့ အတွင်းရေးမှူးလေးတစ်ယောက်ပေါ့။ မက်ဂ်ရဲ့ မိခင်က အဆိုတော်၊ ဖခင်က ရေဒီယိုအစီအစဉ်မှူးဆိုတော့ ဂီတနဲ့ ရင်းနှီးသူဖြစ်ပြီး ဂီတအကြောင်း ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ဂရေ့စ်ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်လာချင်တာပါ။ ဒါပေမဲ့ ငယ်ရွယ်နုနယ်လွန်းတာကြောင့် ယုံကြည်မှုမရရှာတော့ တိတ်တိတ်လေးခိုးပြီး သီချင်းလေးတွေ အစမ်းထုတ်လုပ်ကြည့်နေသူပေါ့။ဒီလိုနဲ့ အသံသိပ်ကောင်းပြီး ဆွဲဆောင်အားပြင်းတဲ့ ကောင်လေးတစ်ယောက်ကို ချစ်လည်းချစ်မိ၊ အသံကိုလည်း ကြွေခဲ့ရတဲ့ မက်ဂ်က သူ့ကို သီချင်းတွေ ထုတ်လုပ်ပေးဖို့ ကြိုးစားကြည့်တယ်။ ဂရေ့စ်ဆီရယ်၊ ကောင်လေးဆီရယ် အပြန်အလှန် ပြေးပြေးလွှားလွှားနဲ့ သူ့ရဲ့ ထုတ်လုပ်ရေးမှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်လာတဲ့အခါ၊ မက်ဂ်တစ်ယောက် ငါးရံ့နှစ်ကောင်ဖမ်းရင်း ...
movie
The High Note (2020)
2020
5.3
Easter Sunday(2022)
Easter Sunday Netflix နဲ့ Comedy Central တို့ရဲ့နာမည်ကျော် Comedian ကြီး Joe Koy ရဲ့ဟာသရုပ်ရှင်လာပါပြီ။Joe Koy ဟာ Joe Valencia ဆိုတဲ့ရုန်းကန်နေတဲ့ Comedian နေရာသရုပ်ဆောင်ထားပါတယ်။Joe ဟာသူ့သားဖြစ်သူကိုကောင်းကောင်းမွန်မွန်ပျိုးထောင်နိုင်ဖို့ ရုန်းကန်ရင်း တစ်ဖက်မှာလည်း မိသားစုကိုအချိန်ပေးနိုင်ဖို့ လုံးပန်းနေရပါတယ်။ကက်သလစ်ဘာသာ၀င်ဖိလစ်ပိုင်လူမျိူးတွေအတွက် အထွတ်အမြတ်ဖြစ်တဲ့ အီစတာအတွက် မိသားစုရှိရာမြို့ကိုပြန်လာတဲ့အခါ Asian မိသားစုထုံးစံအတိုင်း အမျိုးတွေအများကြီးနဲ့ ဗြောက်သောက်တွေဖြစ်လာပုံကို ဟာသမြောက်စွာကြည့်ရှု့ရမှာပါ။ နာမည်ကျော် Comedian ကြီးJoe Koy အပြင် Jimmy O Yang,Lou Diamond Phillips တို့လို နာမည်ကြီး Asian သရုပ်ဆောင်တွေလည်းပါ၀င်ပါတယ်။File size…(2.05GB)/(1013MB)/(532MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Easter Sunday(2022)
7.1
The Mule (2018)
The Mule ဆိုတာ တကယ့်ကိုကောင်းတဲ့ဇာတ်ကားလေးတစ်ကား၊ကြည့်ရတာတန်စေမယ့်ဇာတ်ကားလေးတစ်ကား၊ပေးချင်တဲ့ message ကိုမိမိရရပေးသွားနိုင်ရုံတင်မကဘူး ရသအမျိုးမျိုးကိုပါခံစားပေးဝေနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ဇာတ်ကားအမျိုးအစားက Crime/Drama အမျိုးအစားလေးဖြစ်ပြီးကိုရီးယားစစ်ပြန်ကြီး၊ ပန်းစိုက်ပျိုးရေးမှာအောင်မြင်ခဲ့တဲ့ အဘိုးကြီးတစ်ယောက်အသက်ကြီးမှဒုက္ခရောက်ပြီး မက္ကဆီကန်မူးယစ်ဂိုဏ်းရဲ့လက်သုံးတော်ခံတစ်ာက်ဖြစ်သွားခဲ့ရတဲ့အပြင်ဘဝမှာအကြီးမားဆုံးအမှားတစ်ခုကို အချိန်လွန်မှသိခဲ့ရတာပါပဲ။ဇာတ်လမ်းအစကနေ အဆုံးထိ မငြီးငွေ့စေရဘဲ ဆွဲဆောင်လွန်းနိုင်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြတာထက် ကိုယ်တိုင်ပဲအစအဆုံးကြည့်ရှုခံစားစေချင်ပါတယ်။IMDb rating ဆိုရင်လည်း 7.1 အထိရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ပြောရရင် ဒီထက်ပိုကောင်းတဲ့ကားလေးဖြစ်ပါတယ်။ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်ဝင်တေးအေးအေးလေးတွေနဲ့ ဇာတ်ရှိန်အတက်အကျလေးတွေကို ကောင်းကောင်းကြီးခံစားရမှာသေချာပါတယ်။ကြည့်ပြီးရင် နောက်ပြန်ကြည့်ဖို့သိမ်းထားသင့်တဲ့ကားလေးလည်းဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (950 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Thura Zarni Aung Encoded by Thanhtike ...
movie
The Mule (2018)
2018
7.2
The Kings of Summer(2013)
The Kings of Summer(2013)IMDb....7.2မုဆိုးဖိုဖခင်ကြီး Frank နဲ့အတူတူနေရတဲ့ လူပျိုပေါက်အရွယ် Joe Toy တစ်ယောက်သူ့ရဲ့ဘဝကိုသူ့အဖေကလိုက်ပြီးစီမံနေတာကိုမနှစ်သက်သူ မြီးကောင်ပေါက်အရွယ်ပီပီ လွတ်လွတ်လပ်လပ်လုပ်ချင်ရာလုပ်နေချင်တဲ့ ကောင်လေးကသူ့ဖခင်ရဲ့လက်ကလွတ်ရင်ပြီးရော တာဝန်တွေဝတ္တရားတွေနဲ့ကင်းဝေးရင်ပြီးရောဆိုပြီး သူ့ရဲ့အခင်ဆုံးဘော်ဒါPatrick ရယ် ကြောင်တောင်တောင် Biaggio ဆိုတဲ့ကောင်လေးရယ်နဲ့ တောအုပ်ထဲကိုထွက်ပြေးကြတယ်...မိဘတွေရဲ့ချည်နှောင်မှုတွေ တာဝန်တွေနဲ့ကင်းဝေးအောင် အဲ့မှာသူတို့အိမ်ဆောင်နေကြမယ်ဆိုပြီးလုပ်ကြပါလေရောလူသူကင်းဝေးတဲ့တောအုပ်ထဲမှာ ကောင်လေး၃ယောက်က သူတို့ရဲ့နေရာထိုင်ခင်းတွေစီစဉ်ပြီးတဲ့အချိန်မှာသူတို့တွေကိုယ့်ကိုကိုယ်တွေး ဘယ်လိုတွေးမိကြလဲဆိုတော့...ငါသည်သာအရှင်သခင်...ငါသည်သာ အားလုံးရဲ့ဘုရင်ဆိုပြီး စိတ်ကြီးတွေဝင်ပြီးတဲ့နောက်မှာတော့....ကိုင်း ဒီလူရှုတ်လေးတွေ တောထဲမှာ ဘယ်လိုပေါက်ကရတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဟာသကားလေးမို့ခံစားကြည့်လိုက်ပါဦးဗျ...File Size : (900 MB) and (297 MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre : Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
The Kings of Summer(2013)
2013
3.8
Furry Vengeance (2010)
ဒီဇာတ်ကားလေးက Mummy မင်းသားကြီး Branden Fraser ရဲ့ ဟာသဇာတ်ကားလေးပါ။ အဟောင်းပေမယ့်ကောင်းလွန်းလို့ မရရအောင်လိုက်ရှာပြီး တင်ပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားကြီး က အိမ်ခြံမြေ အကျိုးဆောင်ဆောက်လုပ်ရေးကို ကြီးကြပ်ကွပ်ကဲနေတဲ့လူတစ်ဦး “ဒန်” အဖြစ်ပါဝင်ထားပါတယ်။ “ဒန်”က မိသားစုနဲ့အတူ ရော့ကီးစပင်းဆိုတဲ့ အမေရိကန်က တောကျကျနေရာလေးတစ်ခုကို ချီကာဂိုကနေ တစ်နှစ်စာချုပ်နဲ့ လာရောက် လုပ်ကိုင်နေပါတယ်။ ရော့ကီးစပင်း မှာ သိပ်လျင်သိပ်ထက်မြက်တဲ့ ရက်ကွန်းဝံတစ်ကောင်က တိရိစ္ဆာန်လေးတွေကို ဦးစီးနေရင်း သူတို့ရဲ့ တောတောင်ကို ကာကွယ်စောင့်ရှောက်နေပါတယ်။ အဲဒီနေရာလေးက မြို့ပြတည်ဆောက်ဖို့ နေရာတွေဈေးသက်သာတာကြောင့် ကုမ္ပဏီက မျက်စိကျနေပါတယ်။ ဒါကြောင့် မြို့ပြတည်ဆောက်ဖို့အကြံနဲ့ ဒန့်ကို ရာထူးတိုးပေးပြီး လေးနှစ်စီမံကိန်းစဖို့ ကြံစည်လာပါတော့တယ်။ အဲဒါကို ရက်ကွန်းဝံလေးကကြားပြီး မင်းသားကို ရှေ့ဆက် မလုပ်နိုင်အောင် ပညာတွေပြပါတော့တယ်။ မာမီတွေနဲ့တုန်းက ကြမ်းခဲ့အစွမ်းပြခဲ့သမျှ တိရိစ္ဆာန်လေးတွေနဲ့ကျမှ ဘယ်လောက်တောင် ပညာပြခံရတယ်ဆိုတာ ပျော်ပျော်ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ တိရိစ္ဆာန်လေးတွေရဲ့ ...
movie
Furry Vengeance (2010)
2010