Channel Myanmar

Ettore Martini

Women’s Prison Massacre (1983) 5.1
Women’s Prison Massacre (1983) တစ်ချိန်က ကာလသားတွေကြားထဲနာမည်ကျော်ခဲ့တဲ့ မိန်းမထောင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။ Black Emanuelle ဇာတ်ကားတွဲတွေနဲ့ နာမည်ကျော်ခဲ့တဲ့ အင်ဒိုနီးရှား-ဒတ်ချ် မင်းသမီး Laura Gemser ခေါင်းဆောင်ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ Emanuelle ဟာစရိုက်ကြမ်းရက်စက်တဲ့အမျိုးသမီးအကျဉ်းထောင်တစ်ခုကို ပို့ဆောင်ခံလိုက်ရပါတယ်။အဲ့ဒီမှာပဲ အကျဉ်းသူလူမိုက်ခေါင်းဆောင် အယ်လ်ဘီနာနဲ့ထိပ်တိုက်တွေ့ဆုံ ရန်ပွဲဖြစ်ခဲ့ပြီးထောင်အာဏာပိုင်တွေရဲ့နှိပ်စက်မှုကိုလည်းခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲ မိုက်ရူးရဲဆန်လွန်းတဲ့ စိတ္တဇသမား သေဒဏ်ကျခံထားရတဲ့အကျဉ်းသားလေးယောက်ကို သူတို့ထောင်ထဲမှာထိန်းသိမ်းထားဖို့ စေလွှတ်လိုက်ပါတယ်။ထောင်ရောက်ပြီးမကြာခင်မှာပဲ အဲ့ဒီအကျဉ်းသားလေးယောက်ဟာ ထောင်တစ်ခုလုံးကို အပိုင်စီးပြန်ပေးဆွဲပြီး လွတ်လမ်းကိုရှာပါတော့တယ်။ ဒီဇာတ်ကားမှာတော့ လက်မရွံ့လူသတ်ကောင်တွေလက်က ထောင်တစ်ခုလုံးနဲ့ဘ၀တူအကျဉ်းသူတွေကိုကယ်တင်ဖို့ကြိုးစားတဲ့ Emanuelle ရဲ့စွန့်စားခန်းကိုရှုစားကြရမှာဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.7 GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action, Adult, Crime, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Women’s Prison Massacre (1983)

Inferno (1980) 6.5
Inferno (1980)  ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ်ထွက် "Inferno" ဖြစ်ပါတယ်။ ဒါရိုက်တာ Dario Argento ရဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်း ရုပ်ရှင်ဖြစ်ပြီးတော့ "Three Mothers" ဇာတ်လမ်းတွဲ၏ ဒုတိယမြောက်ကားဖြစ်ပါတယ်။ဇာတ်လမ်းက နယူးယောက်မြို့ကို နေရာယူထားပြီး Rose Elliot (Irene Miracle) ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ် စုံစမ်းမှုနဲ့ စတင်ပါလိမ့်မယ်။ Rose က "The Three Mothers" ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိပြီး အဲဒီစာအုပ်ထဲမှာ ကမ္ဘာ့အမှောင်မိခင်သုံးဦးတွေ့ရှိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။Rose က သူနေတဲ့ အဆောက်အအုံမှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရာက Mater Tenebrarum (အမှောင်၏မိခင်) နှင့် ဆိုင်တဲ့ ဖြစ်ရပ်ဆန်းတွေကို ရင်ဆိုင်တွေ့လာရတယ်။ Rose အမူအရာထူးထူးဆန်းဆန်း ဖြစ်နေတဲ့အခါမှာတော့သူရဲ့မောင်ဖြစ်သူ Mark (Leigh McCloskey) က ရောမကနေ နယူးယောက်ကို ခရီးထွက်ပြီး ...
movie

Inferno (1980)