Channel Myanmar
Etsushi Toyokawa
Hula Girls (2006) 7.0
Hula Girls (2006) The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာသူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရောယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာကညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာအပြောင်းအလဲတစ်ခုဖြစ်လာတယ်။မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ်အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့သူတို့ဘဝကို ...
movie
Hula Girls (2006)
Love Letter (1995) 7.9
Love Letter (1995) Love Letter ( 1995 )Directed by Shunji Iwaiရှုန်းဂျီအီဝေရဲ့ Love Letterက စီအမ်မှာတင်ပြီးသား သူ့ Last Letter နဲ့တော့ မဆိုသလောက်ဆင်တယ်။ ဆင်တယ်ဆိုတာက သူ့ဘဝထဲက ပျောက်သွားတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဆုံးပါးသွားပြီးမှ ခြေရာပြန်ကောက်ကြတဲ့ အကြောင်းအရာချင်းတူနေတာ။ ဇာတ်လမ်းအကြောင်းအရာအတိအကျကတော့ မပြောဘဲထားတာ ပိုကောင်းပါလိမ့်မယ်။ Love Letterဟာ အီဝေ့ပွဲဦးထွက်ရုပ်ရှင်ပေမဲ့ သူ့အကောင်းဆုံးတွေထဲတောင် စာရင်းသွင်းလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားမှာ ပထမဆုံးပြန်ပြတဲ့ ဂျပန်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို highest-grossing Japanese film in South Korea လည်းဖြစ်ခဲ့တယ်။ ဂျပန်အကယ်ဒမီဆုပေးပွဲမှာလည်း ဆုတွေရခဲ့တယ်။ရှန်းဂျီအီဝေဟာ မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရှုန်းဂျီအီဝေကို မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက အကောင်းဆုံးဒါရိုက်တာလို့ ကိုယ့်ဘာသာ သတ်မှတ်ချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရှုန်းဂျီအီဝေဆို All About Lily Chou-Chouလောက်ပဲ ရင်းနှီးခဲ့တဲ့အချိန်တုန်းက ...
movie
Love Letter (1995)
Revolver LILY (2023) 5.2
Revolver LILY (2023) Revolver LILY (2023)ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Revolver Lily ဆိုတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။၁၉၂၄ ခုနှစ်ကို အခြေတည်ရိုက်ထားတာဖြစ်ပြီး သုံးနှစ်ကျော်အတွင်းလူပေါင်း ၅၇ ယောက်ကို သတ်ခဲ့တဲ့ Yuri ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။ Yuri Ozone ဟာ အသက် ၁၆ နှစ်ကတည်းက လျှို့ဝှက်ထောက်လှမ်းရေးဖြစ်ခဲ့ရာကနေ သုံးနှစ်အတွင်းမှာ လူပေါင်း ၅၀ ကျော်ကိုသတ်ပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့ပြီး ဆယ်နှစ်ကျော်ကြာအောင် တိုကျိုက ပြည့်တန်ဆာအိမ်ရဲ့ပိုင်ရှင်အဖြစ် နေထိုင်နေခဲ့တာဖြစ်ပါတယ်။တစ်ရက်မှာတော့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ Hosomi Shinta ဆိုတဲ့ကလေးက သူ့ကိုကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ Shinta ဟာ သူ့အဖေဖြစ်သူ Hosomi Kinya ချန်ထားခဲ့တဲ့ ပျောက်ဆုံးနေတဲ့ရန်ပုံငွေတွေရဲ့ အဓိကသော့ချက်စာရွက်စာတမ်းတွေကို ကိုင်ဆောင်ထားတာဖြစ်ပြီး စစ်တပ်ရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရတာပါ။ Yuri ဟာ Shinta ရဲ့တောင်းဆိုမှုကို လက်ခံပြီး Shinta ကိုကာကွယ်ပေးခဲ့ပါတော့တယ်။ အဲဒီနောက်ပိုင်း Shinta ရဲ့အဖေဖြစ်သူနဲ့ လူသတ်သမားရဲ့ပတ်သက်ဆက်နွယ်မှုတွေ၊ ဂျပန်စစ်တပ်ကဘာကြောင့်မို့ အဲဒီစာရွက်စာတမ်းတွေကို အသည်းအသန်လိုချင်နေခဲ့ရလဲဆိုတာတွေကို Yuri က ဘယ်လိုတွေစုံစမ်းဖော်ထုတ်ပြီး ...
movie
Revolver LILY (2023)
2023
Earwig and the Witch (2020)
Earwig and the Witch (2020) ဒီတခေါက်တင်ဆက်ပေးမှာကတော့ ၂၀၂၀ ခုနှစ်ထွက်Studio Ghibli ကထုတ်တဲ့ ပထမဆုံး 3D CG animation ကားလေးပါပဲAnime လို့ဆိုလိုက်တာနဲ့ ပြယုဂ်တခုအဖြစ် ပြေးမြင်ကြတဲ့Studio Ghibli ထုတ်ကားတွေရဲ့ ဖန်တီးရှင် ဆရာကြီးHayao Miyazaki ရဲ့သားဖြစ်သူ Goro Miyazaki ရဲ့လက်ရာပါHowl's Moving Castle ရဲ့ မူရင်းရေးသားသူ စာရေးဆရာမDiana Wynne Jones ရဲ့စာအုပ် Earwig and The Witch ဆိုတာကိုရိုက်ကူးထားတဲ့ Fantasy/Adventure ဇာတ်လမ်းလေးပါOriginal Soundtrack တွေနဲ့ Musical အမျိုးအစားလည်းဖြစ်ပါတယ်2D animation ကိုပဲ နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရမှာတမျိုးဖြစ်နေမှာပေမဲ့ ဇာတ်လမ်းလေးကကောင်းတာမို့ စမ်းကြည့်သင့်ပါတယ်အရင်ကားတွေကိုတော့ nostalgic မဖြစ်စေပေမဲ့သူ့ပုံစံနဲ့သူ တမျိုးဆွဲဆောင်မှုရှိပါတယ်ဇာတ်လမ်းလေးကတော့1990 ကာလတွေက အင်္ဂလန်မှာ စုန်းမတယောက်ဟာအခြေအနေတခုကြောင့် သူ့ကလေးကို မိဘမဲ့ဂေဟာမှာထားခဲ့ပြီးထွက်ပြေးသွားရပါတယ် သမီးလေးကို earwig ဆိုတဲ့နာမည်ပေးထားခဲ့ပြီး စာလေးတစောင်နဲ့ ထားခဲ့တယ်‌ဒီကလေး ...
movie
Earwig and the Witch (2020)
March Comes in Like a Lion Part1 (2017) 6.6
March Comes in Like a Lion Part1 (2017) March comes in like a lion (2020)ရေး ခီရိရာမဟာ အသက်၁၇ရှိတဲ့ အထက်တန်းကျောင်းသားလေး ဖြစ်ပြီးတော့ ​professional shogiကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်တည်းက သူ့မိဘတွေနဲ့ သူ့ညီမလေးဟာ ကားမတော်တဆမှုတစ်ခုမှာ ဆုံးပါးသွားတဲ့အတွက် အဖေ့မိတ်ဆွေဆီမှာ သွားရောက်နေထိုင်ခဲ့ရပါတယ်။အဖေ့မိတ်ဆွေဖြစ်တဲ့ မွေးစားက shogiပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူဟာ သူဝါသနာမပါတဲ့ shogiကို သဘောကျချင်ယောင်ဆောင်ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် နေခဲ့ရပါတယ်။ ဒါပေမဲ့ shogiကို အကောင်းဆုံးကြိုးစားခဲ့လို့ ငယ်ငယ်လေးနဲ့ ထူးချွန်တဲ့ပညာရှင် ဖြစ်ခဲ့ပါတယ်။ဒီလိုထူးချွန်တာကြောင့်ပဲ မွေးစားအဖေက "ရေး"ကို မနိုင်နိုင်လို့ shogiဆက်မကစားဖို့ တားခဲ့ပါတယ်။ သူဟာ မိသားစုအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်သွားတာကြောင့် အဲဒီအိမ်ကထွက်လာပြီး တစ်ယောက်တည်းနေခဲ့ပါတယ်။ဒီလိုနဲ့ shogiပြိုင်ပွဲတစ်ခုမှာ သူ့မွေးစားအဖေကို ပြိုင်ဖက်အနေနဲ့ပြန်ဆုံပြီး အနိုင်ယူမိတဲ့အခါမှာ သူ့ရဲ့အပြစ်မကင်းစိတ်က ပြန်ပေါ်လာပြီး အရက်သောက်ခဲ့ပါတယ်။ မူးနေရင်းနဲ့ စဉ်းစားလွန်ပြီး စိတ်ပူပန်မှုလွန်ကဲကာ လဲကျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အကရီလို့ခေါ်တဲ့ စိတ်ထားကောင်းတဲ့အစ်မတစ်ယောက်က ခေါ်ပြီး ...
movie
March Comes in Like a Lion Part1 (2017)
Kingdom 2: Far and Away (2022) 6.8
Kingdom 2: Far and Away (2022) Kingdom 2: Far and Away (2022)Alice in Borderland ထဲက အာရိဆု ပါင်သရုပ်ဆောင်ထားတဲ့ Kingdom 2: Far and Away ဆိုတဲ့ ဂျပန်ဇာတ်ကားလေး ထွက်ရှိလာပါပြီခင်ဗျာ။ သူ့ရှေ့ကား Kingdom 2019 လည်း ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်း ... တစ်မိုးအောက်စစ်သူကြီးဖြစ်ချင်တဲ့ ရှင်းတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဒုတိယမြောက် ဇာတ်ကားလေးပါ။ ဒီတစ်ခေါက်မှာလည်း မပျင်းရအောင်ဖန်တီးထားပြီး ဇာတ်အိမ်ကတော့ ရှင်းပြည်ထောင်နဲ့ ဂီပြည်ထောင်ကြားက နယ်မြေလုစစ်ပွဲတစ်ခု ကို အခြေတည်ထားပါတယ်။ဒီလိုနဲ့ပဲ ဘာမဆို ရှေ့တန်းကပါတတ်တဲ့ ရှင်းတစ်ယောက်လည်း စစ်ချီထွက်လို့လာခဲ့ပါတယ်။ လူကသာအာကျယ်ပေမယ့် ခန္ဓာကိုယ်က သေးသေးလေးမို့ အုပ်စုဖွဲ့ရာမှာအကျဉ်ခံရရင်း အားအနည်းဆုံးသော လူတွေနဲ့အတူတကွ စစ်ပွဲဆင်နွှဲဖို့ ဖြစ်လာပါတော့တယ်။ရှင်းတစ်ယောက် ဘယ်လိုလူတွေနဲ့ ဘယ်လိုသံယောဇဉ်တွေဖန်တီးပြီး ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်သွားမလဲ? နယ်မြေလုစစ်ပွဲကြားက ပြည်ထောင်စစ်သူကြီးတွေရဲ့ ဗျူဟာနည်းစနစ်တွေကိုရော ရှင်းဘယ်လိုသင်ယူသွားမလဲ? ဆိုတာကို ဓားရေးလှံရေး အမိုက်စားတွေနဲ့ တစ်ဝကြီးကြည့်ရှုရဦးမယ့် ဇာတ်ကားတစ်ခုပါပဲ။မင်းသမီးအလှလေးကလည်း ...
movie
Kingdom 2: Far and Away (2022)
2022
Last Letter (2020) 7.0
movie
Last Letter (2020)
2020
Midway (2019) 6.7
movie
Midway (2019)
2019
Samurai Marathon (2019) 6.2
Samurai Marathon (2019) Samurai Marathon (2019) IMDb - 6.2/10_____Rotten - 75%  Zawgyi ******* IMDb 7.1 ရရှိထားတဲ့ ဂျပန်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီတစ်ခါ ဆာမူရိုင်းခေတ်ကို ပြန်သွားကြတာပေါ့... ဂျပန်ပြည်ရဲ့ ပထမဆုံးသော မာရသွန် ဆာမူရိုင်းမာရသွန်အကြောင်းကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ... ဆာမူရိုင်းခေတ် တံခါးပိတ်ဝါဒကျင့်သုံးစဉ် ခေတ်ကနေ အနောက်တိုင်းသင်္ဘောတွေ ဝင်ရောက်ပြီး ပြောင်းလဲလာတဲ့ အခြေအနေကြောင့် ရိုက်ခတ်ခဲ့တဲ့ ဆာမူရိုင်းတို့ရဲ့ သဘောထားအမြင်နဲ့ အကြောက်တရားကို သရုပ်ဖော်ပြသထားပြီး... ဒီဆာမူရိုင်းတို့ရဲ့ မာရသွန်နောက်ကွယ်က ဇာတ်လမ်းလေးတွေကို ပေါင်းစပ်ပြီး ဇာတ်အိမ်တည်ဆောက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းတင်ဆက်ပေးလိုက်ပါတယ်....    Unicode ******* IMDb 7.1 ရရှိထားတဲ့ ဂျပန်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီတစ်ခါ ဆာမူရိုင်းခေတ်ကို ပြန်သွားကြတာပေါ့... ဂျပန်ပြည်ရဲ့ ပထမဆုံးသော မာရသွန် ဆာမူရိုင်းမာရသွန်အကြောင်းကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ... ဆာမူရိုင်းခေတ် တံခါးပိတ်ဝါဒကျင့်သုံးစဉ် ခေတ်ကနေ အနောက်တိုင်းသင်္ဘောတွေ ဝင်ရောက်ပြီး ပြောင်းလဲလာတဲ့ အခြေအနေကြောင့် ရိုက်ခတ်ခဲ့တဲ့ ဆာမူရိုင်းတို့ရဲ့ သဘောထားအမြင်နဲ့ အကြောက်တရားကို သရုပ်ဖော်ပြသထားပြီး... ဒီဆာမူရိုင်းတို့ရဲ့ မာရသွန်နောက်ကွယ်က ဇာတ်လမ်းလေးတွေကို ပေါင်းစပ်ပြီး ဇာတ်အိမ်တည်ဆောက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းတင်ဆက်ပေးလိုက်ပါတယ်....    File Size - 1.1 GB Quality - Blu-Ray 720p Format - mp4 Duration ...
movie
Samurai Marathon (2019)
2019
Laplace’s Witch (2018) 5.4
Laplace’s Witch (2018) ရေပူစမ်းမြို့လေးရဲ့တစ်နေရာမှာ ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓာတ်ငွေ့ကြောင့်ထူးဆန်းစွာ သေဆုံးနေတဲ့သူတစ်ယောက်ကို စစ်ဆေးရာမှ လူသတ်မှုလား..မတော်တဆမှုလား ဝေခွဲနေကြချိန်.. နောက်တစ်နေရာမှာလည်းအလားတူသေဆုံးမှုတစ်ခုကြောင့် စိတ်ဝင်စားစရာဇာတ်လမ်းတစ်ခုဖြစ်ခဲ့တယ်…တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခဖြစ်တဲ့ ပရော်ဖက်ဆာအာဝါအိရဲ့ထင်မြင်ချက်အရ လူတစ်ယောက်ကိုသတ်ဖို့အတွက်ဓာတ်ငွေ့ကိုမြေအနေအထားမကောင်းတဲ့ဆီကိုလူသတ်ဖို့ရည်ရွယ်ချက်တစ်ခုနဲ့ ယူဆောင်သွားဖို့မှာမဖြစ်နိုင်ဘူးကောက်ချက်ချထားတယ်ဒါကိုလက်မခံနိုင်တဲ့စုံထောက်ကြီးက တစ်ယောက်နဲ့တစ်ယောက်မသိတဲ့မတူညီတဲ့နေရာကတူညီတဲ့သေဆုံးပုံနဲ့လူနှစ်ယောက်ရဲ့သမိုင်းကို ပြန်လှန်နောက်ကြောင်းလိုက်ရာမှ....H2S ကြောင့်ပျက်စီးခဲ့ရတဲ့မိသားစုတစ်စုအကြောင်းကိုအစကောက်မိတယ်...တစ်ဖက်မှာလဲပရော်ဖက်ဆာအာဝါအိလည်း ကိုယ့်ကိုယ်ကို Laplace (သင်္ချာပညာရှင်) ရဲ့ စုန်းမအဖြစ်ခံယူထားတဲ့ သဘာဝတရားကိုကြိုတင်ခန့်မှန်းနိုင်စွမ်းရှိတဲ့မာဒိုကာဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံနေပါတယ်..ပရော်ဖက်ဆာနဲ့တွေ့ဆုံနေတဲ့မာဒိုကာအမည်တွင်တဲ့မိန်းကလေးနဲ စုံထောက်ကြီးအစရထားတဲ့မိသားစုထဲကရှင်ကျန်ရစ်သူခန်တိုတို့မှာ တူညီတဲ့စွမ်းအင်ရှိနေတဲ့အခါ....မာဒိုကာကခန်တို့ကိုကူညီချင်တဲ့စေတနာနဲ့ဘာကြောင့်ပရော်ဖက်ဆာအကူအညီကိုတောင်းပြီးလိုက်လံရှာဖွေနေတာလဲဆိုတာတွေကိုသိရဖို့အတွက်...ဒီဇာတ်ကားလေးထဲမှာသူတို့နဲ့အတူလိုက်ပါခံစားကြည့်ကြစို့နော်.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Htoo Htoo Ka Joe ပါ) File Size : (950 MB) and (450 MB) Quality : Blu-Ray 720p Running Time : 1h 35min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-WiK Translated by Htoo Htoo Ka ...
movie
Laplace’s Witch (2018)
2018