Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Estelle Harris
Home on the Range (2004)
Disney ရဲ့ ဇာတ်ကားဟောင်းလေး တစ်ကားဖြစ်တဲ့ Homeon the Range ဆိုတဲ့ ဟာသ animation ရုပ်ရှင်လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ old but gold ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ရဲ့အမည်Home on the Range က အမေရိကန်တောင်ပိုင်းဒေသရဲ့ ဂန္တဝင်သီချင်းကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်ဘက်ဒေသရဲ့ ကောင်းဘွိုင်ခေတ်မှာ အခြေပြုထားတာဖြစ်ပေမဲ့ အဓိကဇာတ်ကောင်တွေက ကောင်းဘွိုင်တွေ မဟုတ်ဘဲ နွားမတွေပါ။ဇာတ်လမ်းအကျဥ်းကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်းကင်ဘုံစားကျက်မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်တွေကို ခြံရှင်ဖြစ်သူ မစ္စပါးလ်က မိသားစုဝင်တွေလို သဘောထားပြီး အတူပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ ပြည်နယ်တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့ နာမည်ကျော်နွားခိုးသမား လက်ချက်ကြောင့် ခြံရှင်လယ်သမား အတော်များများ ဒုက္ခရောက်နေကြပါတယ်။အလာမီဒါဆလင်းရဲ့ ပယောဂကြောင့် ...
movie
Home on the Range (2004)
7.9
Toy Story 2 (1999)
ဒီဇာတ်လမ်းက ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဂျက်စီဆိုတဲ့ ကောင်းဘွိုင်မလေးနဲ့ ဝူဒီရဲ့မြင်းလေး ဘူးလ်အိုင်းစ်တို့ စပါလာတဲ့ ဇာတ်ကားလေးပါ။အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်က မတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန် အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေ ရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်း သိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ် နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ် ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။ အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချ တာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက် လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 2.1GB / 1GB Quality…4k HEVC / BluRay 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit ...
movie
Toy Story 2 (1999)
1999
4K HEVC
8.3
Toy Story 3 (2010)
ဒီဇာတ်ကားက ၂၀၁၀မှာထွက်ရှိခဲ့တာဖြစ်ပြီး animation တွေရဲ့ Villainစာရင်းမှာ ထိပ်ဆုံးနားအထိ စာရင်းချိတ်နိုင်တဲ့ ပန်းရောင် မွေးပွဝက်ဝံရုပ်ကြီး လော့ဆိုက ဒီဇာတ်ကားရဲ့ အမှတ်အသားလို ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားက အန်ဒီဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ ဝူဒီတို့အရုပ်တွေကြားက နွေးထွေးတဲ့ ဆက်ဆံရေး ကို အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းဆိုရင်လည်း မမှားပါဘူး။ အရွယ်ရောက်လာတဲ့ အန်ဒီက ကောလိပ်ကျောင်းကို သွားရတော့မှာမို့လို့ ဝူဒီကလွဲလို့ ကျန်တဲ့အရုပ်တွေကို ထပ်ခိုးထပ် ပေါ် ထားခဲ့ဖို့ လုပ်ခဲ့ပေမဲ့ မိသားစုချင်းနားလည်မှုလွဲကာ အမှိုက်ပုံး ထဲကို ရောက်သွားခဲ့ပါတယ်။ဒါကိုအထင်လွဲသွားတဲ့ အရုပ်တွေက အမှိုက်ကားထဲ လိုက်သွားမယ့်အစား မူကြိုကျောင်းကိုသွားလှူမယ့် ပစ္စည်းပုံးထဲကို လိုက်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဆန်နီဆိုက်ဒ်ဆိုတဲ့ မူကြိုကျောင်းကို ရောက်လာပြီး အဲဒီမှာ နဂိုရှိပြီးသား လော့ဆိုတို့ အရုပ်အဖွဲ့ရဲ့ ကြိုဆိုမှုကြောင့် သူတို့တွေပြန်အဆင်ပြေတော့မှာလို့ ထင်ခဲ့ပေမဲ့ လက်တွေ့မှာ လော့ဆိုက မင်းသားမျက်နှာဖုံးနဲ့ ဘီလူး တစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် မူကြိုကျောင်းကနေ အန်ဒီဆီ ပြန်ထွက်ပြေးလာဖို့ ကြိုးစားရပါတော့တယ်။သူတို့ရဲ့ကြိုးစားမှုကအရာထင်ပါ့မလား၊ ကောက်ကျစ်ယုတ်မာတဲ့ လော့ဆိုတို့အဖွဲ့ကဘယ်လိုမျိုး ဒုက္ခပေးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…5.5GB/ 2.4GB / 1.22GB Quality…4k HEVC / ...
movie
Toy Story 3 (2010)
2010
4K HEVC
8.2
Toy Story 4 (2019)
ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီးကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင်ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာမိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာနှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင်ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာအရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ်အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကိုရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ဒီတစ်ခေါက်မှာလည်း အန်ဒီဟာဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေပေးပစ်လိုက်တာကနေ စတင်ပါတယ်။ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့်သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့အရုပ်လေးတွေ ရှိတတ်ပါတယ်။အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော်ဝုဒီလည်း ပါနေတာပေါ့။ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကိုဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာအားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာဖော့ကီကို ...
movie
Toy Story 4 (2019)
2019
4K HEVC
8.4
Once Upon a Time in America (1984)
Once Upon A Time In America (1984) ========================သူများပြောတာ ကြားဖူးတာကတော့ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ စကားနှစ်လုံးနဲ့ ခြုံလွှမ်းဖော်ပြရရင် ခမ်းနားထည်ဝါခြင်းနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်းဆိုတဲ့ စကားလုံးနှစ်ခုကို ရွေးရလိမ့်မယ်တဲ့။ ကျွန်တော်တော့ အဲ့ဒီနှစ်ခုထက်ပို ဒီရုပ်ရှင်ရဲ့ အနှစ်သာရဖြစ်မယ်ထင်တဲ့ တတိယ စကားလုံးနဲ့ ဖော်ပြချင်တယ်။လွမ်းမောဖွယ်ကောင်းခြင်း။ Once upon A Time in Americaဟာ နာမည်နဲ့လိုက်အောင် လွမ်းမောဖွယ်အတိရှိနေတဲ့ ရုပ်ရှင်ပါပဲ။ ဘယ်လိုဇာတ်လမ်းအမျိုးအစားလဲပြောရရင်တော့ဂန်းရုပ်ရှင်ပါ။ အမေရိကရဲ့ လမ်းမပေါ်က ဘဝတွေအကြောင်းပါပဲ။ မူရင်းဝတ္တုဟာ တကယ့်အပြင်လောကက ဂန်းစတားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိပါ။ ဖြစ်ရပ်အများစုက အဖြစ်မှန်တွေလို့ ဆိုလို့ရတယ်။ ဒီဝတ္တုကို စာရေးဆရာဟာ ထောင်ကျနေတုန်း ရေးခဲ့တယ်လည်း ပြောကြတယ်။ မူရင်းဝတ္တုရဲ့စာရေးဆရာဟာ ဒီရုပ်ရှင်ထဲက Robert De niroရဲ့ ကာရိုက်တာလို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ဒီလေးနာရီကြာ ရုပ်ရှင်ကို ကျွန်တော်တော့ ရုပ်ရှင်တစ်ခုလို့ မခံစားခဲ့ရဘူး။ လူတစ်ယောက်ရဲ့ဘဝကို လေးနာရီအတွင်း ကြည့်နေရသလိုခံစားခဲ့ရတယ်။ ဂန်းစတားတစ်ယောက်ရဲ့တကယ့်ဘဝတစ်ခုကိုပေါ့။ဂန်းကားချင်း ယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျအမြင်အရတော့ ဒီရုပ်ရှင်ဟာ ...
movie
Once Upon a Time in America (1984)