Channel Myanmar

Espen Sandvik

Just Super (2022)
Just Super (2022) ဟက်ဒ်ဝစ်ဟာ ထရိုးမြို့ကလေးမှာ နေထိုင်ပြီး ဂိမ်းဆော့ရတာကို ကြိုက်တဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ သူတို့မြို့ကလေးမှာ ခေတ်အစဉ်အဆက် မြို့ကလေးကို လုံခြုံအောင် ကာကွယ်ပေးလာတဲ့ စူပါလိုင်းယွန်းဆိုတဲ့ သူရဲကောင်းရှိပါတယ်။ သူဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးက မသိရပေမယ့် သူရှိနေရင် မြို့ကလေးက လုံခြုံနေပါတယ်။တကယ်တော့ ဒီသူရဲကောင်းက ဟက်ဒ်ဝစ်ရဲ့ အဖေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖေဟာ ဟက်ဒ်ဝစ်ရဲ့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဟက်ဒ်ဝစ်အပေါ် မနွေးထွေးနိုင်တော့သလို သူတို့ကို မျိုးရိုးစဉ်ဆက် စွမ်းအင်ပေးလာတဲ့ စူပါဝတ်စုံကို လက်ဆင့်ကမ်းဖို့လည်း အတွေးထဲမရှိတော့ပါဘူး။အဲဒီတော့ ဟက်ဒ်ဝစ်အစား အရည်အချင်းရှိတဲ့ သူ့တဝမ်းကွဲအစ်ကို အေဒရီယန်ကို ဝတ်စုံကို လွဲပေးဖို့ လုပ်ပါတော့တယ်။ ဒီတော့ ဟက်ဒဝစ်လေးခမျာ သူ့အဖေကို သူလုပ်နိုင်ကြောင်း သူ့မှာလည်း အရည်အချင်းရှိကြောင်း သက်သေပြဖို့အတွက် ကြိုးစားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ သူ့အဖေကို သက်သေပြနိုင်အောင် ကြိုးစားနိုင်ပါ့မလား၊ ဒီဝတ်စုံကိုရော သူရမှာလား၊ သူ့တဝမ်းကွဲအစ်ကိုကရော ဒီဝတ်စုံနဲ့ တကယ်ထိုက်တန်ရဲ့လားဆိုတာကို ...
movie

Just Super (2022)

Kurt Turns Evil (2008) 6.3
Kurt Turns Evil (2008) Kurt Turns Evil (2008) IMDb - 6.3/10၂၀၀၈ခုနစ်ကထွက်ရှိခဲ့တဲ့ နော်ဝေသရီးဒီကာတွန်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ သားသမီးသုံးယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့အတူ နေထိုင်နေပေမဲ့ ဖော့ကလစ်မောင်းတဲ့ ကာ့တ်ကို မိသားစုဝင်တစ်ယောက်ကမှ အထင်မကြီးကြပါဘူး။ ဒီကြားထဲ ဘေးအိမ်ကို ဆရာဝန်တစ်ယောက်ပြောင်းလာတဲ့အခါမှာတော့ မိသားစုဝင်တွေအကုန်လုံးက စကားပြောတိုင်းမှာ ဆရာဝန်ရဲ့နာမည်မပါမပြီးဖြစ်နေကြရော။ ဒီမှာပဲ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့အရေး နည်းအမျိုးမျိုးနဲ့ ကြံဆောင်ရာကနေ အလွဲတွေဖြစ်ပါတော့တယ်။ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့ကြိုးစားမှု အောင်မြင်မလားဆိုတာကြည့်ရမဲ့ ကာတွန်းရုပ်ရှင်လေးပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Animation, Comedy, Family Quality…. 1080p | 720p File size… 1.2GB| 631MB Format… mp4 Duration…. 1h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Kurt Turns Evil (2008)

2008