Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Esnyr Ranollo
4.5
Shake, Rattle & Roll Extreme (2023)
Imdb rating- 4.5/10 Genre- Horrorဖိလစ်ပိုင် Horror ကားလေးပါ ဒီကားမှာ ၃ပိုင်း ပါ၀င်ပါတယ် Glitch: ဒါကပထမပိုင်းပါ. ဒီအပိုင်းမှာ လိုင်ကာဆိုတဲ့ ကောင်မလေးဟာ တပ်ဘလတ်နဲ့ Gary the goat လို့ခေါ်တဲ့ကလေးပြပွဲတစ်ခုကြည့်နေရာ မတော်တဆဂါထာတစ်ခုရွတ်ဖတ်မိလိုက်ပြီး မကောင်းးဆိုး၀ါးကိုဖိတ်ခေါ်မိသလိုဖြစ်သွားပါတယ်. ဒီမကောင်းဆိုး၀ါးကြီးက လိုင်ကာတို့မိသားစုကိုသတ်ဖြတ်ဖို့ကြိုးစားရာ ဘယ်လိုပြန်တိုက်ခိုက်ပြီး ရှင်သန်ကြမလဲဆိုတာကြည့်ရှုရမှာပါMukbang: ဒုတိယပိုင်းကတော့ Influencer ၂ယောက်ဖြစ်တဲ့ ရောဘင်နဲ့ရေး ဟာ အခြား influencer တွေကို Collab လုပ်ဖို့ သူတို့အိမ်ကို ဖိတ်ခေါ်လိုက်ပါတယ်. ဒါပေမယ့် ဒီအိမ်ကြီးက ရိုးရိုးအိမ်မဟုတ်ပဲ မကောင်းဆိုး၀ါးတွေနဲ့ပြည့်နှက်နေတဲ့ အိမ်ကြီးဖြစ်တာကြောင့် ဒီ influencer တွေဟာ ဒီအိမ်ကြီးကနေ ဘယ်လိုထွက်ပြေးလွတ်မြောက်အောင်လုပ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါRage: ထရီနာ နဲ့ မို့ဇ် တို စုံတွဲဟာ သူငယ်ချင်းတွေနဲ့ခရီသွားနေတုန်း ဥက္ကာပျံကြွေတဲ့ဖြစ်စဥ်တစ်ခုနဲ့ကြုံတွေ့ကြရပါတယ်. ဒီကြွေကျလာတဲ့ ဥက္ကာပျံတွေက ကပ်ပါးကောင်တစ်မျိုး ထွက်ပေါ်လာပြီ လူတွေကိုဇွန်ဘီအဖြစ်ပြောင်းလဲစေခဲ့ရာမှာ သူတို့သူငယ်ချင်းတစ်သိုက် ဘယ်လိုကြိုးစာရှင်သန်ရမလဲဆိုတာ ကြည့်ရှုရမှာပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ...
movie
Shake, Rattle & Roll Extreme (2023)
6.1
Third World Romance (2023)
ဆင်းရဲသားကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ အလုပ်တွေကြိုးကြိုးစားစားလုပ်ရင်း နောက်၃၊၄နှစ်နေတော့ ချမ်းသာသွားကြပါတယ်။...ဒီလိုဆိုရင်တော့ သိပ်ကိုစိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းဖြစ်နေမှာပေါ့။အချိန်တိုတိုလေးအတွင်း လူချမ်းသာကြီးဖြစ် အိမ်တွေကားတွေပိုင်သွားတယ်ဆိုတာဇိမ်ခံရုပ်ရှင်တွေထဲမှာပဲရှိတာပါ လက်တွေ့ဘဝကြီးမှာတော့ ဘာကိုမှအလကားရမနေပါဘူး။ လက်ရှိဘဝလေးကတဆင့် ချောင်လည်အောင် ကြိုးစားရုန်းကန်ရင်အသက်ရှင်နေရတာပါပဲ။ဒီဇာတ်လမ်းလေးထဲမှာလည်း အထက်လူကြီးရဲ့ခေါင်းပုံဖြတ်မှုကြောင့်အလုပ်ထွက်လိုက်တဲ့ Breeနဲ့ ပျော်ရွှင်ဖို့ကိုသာဘဝရည်မှန်းချက်အဖြစ်ထားတဲ့စူပါမားကတ်ကလုပ်သားလေးVinတို့ဟာ လက်တွေ့လောကကြီးဟာထင်သလောက်မလွယ်ကူကြောင်းပြနေပါတယ်။ကပ်ရောဂါကြီးဖြစ်ပြီးခါစ အားလုံးလည်း နာလန်ပြန်ထူဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။အစိုးရကထောက်ပံ့တဲ့ စားနပ်ရိက္ခာသွားယူရင်း Vinဟာ Breeကို သဘောကျသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်နေတဲ့ Breeကို လက်ရှိသူလုပ်နေတဲ့ စူပါမားကတ်မှာအလုပ်သွင်းပေးလိုက်ပါတယ်။ ဘဝမှာ နေပျော်ဖို့ပဲအဓိကထားပြီး စိတ်ထားပြည့်ဝတဲ့Vinဟာ Breeလိုအပ်တာမှန်သမျှကို တက်နိုင်သမျှလေးဖြည့်ဆည်းပေးရှာပါတယ်။ဆင်းရဲတဲ့ဘဝမှာ အကြောက်တရားကင်းဖို့ကလွဲရင် ဘာကိုမှရွေးချယ်စရာမရှိဘူးလို့ခံယူထားတဲ့Bree။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ခံယူချက်တွေကို ပြောင်းပြန်လှန်ပစ်ရမယ့်ဖြစ်ရပ်နဲ့ကြုံရတဲ့အခါ... File size…1.88GB / 892MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 52m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie
Third World Romance (2023)
8.6
Love is Color Blind (2021)
Love is colorblind (2021)ချစ်ခြင်းမေတ္တာဟာ ဘာအရောင်ရှိပါသလဲဒီတစ်ခါမှာတော့ ချစ်ခြင်းမေတ္တာအကြောင်းကို အရောင်တွေနဲ့ ပုံဖော်ထားတဲ့ ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်ကြားထဲမှာ တဝဲလည်လည်ဖြစ်နေတဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါအက်ဆီးဒင့် ဖြစ်ပြီးနောက်ပိုင်း အရောင်တွေကို မခံစားနိုင်တော့ဘဲ အကုန်လုံးကို မီးခိုရောင်အနေနဲ့ပဲ မြင်ရတဲ့ ပန်းချီဆရာကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်း ကောင်မလေးတို့ရဲ့ ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်နူးညံ့တဲ့ ချစ်ခြင်းမေတ္တာကို လှလှပပလေး ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးနဲ့အတူ ချစ်ခြင်းမေတ္တာရဲ့ရပ်ဝန်းထဲမှာ ခဏလောက် နားခိုလိုက်ကြရအောင်ပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Comedy, Romance Quality….WEB-DL 1080p and 720p and 499 File size…1.6GB and 864MB and 311MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August
movie
Love is Color Blind (2021)
2021