Channel Myanmar

Ernie Hudson

Nobel Son (2007) 6.1
Nobel Son (2007) ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ ​အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး ​မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ​၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ...
movie

Nobel Son (2007)

Batman: Bad Blood (2016) 6.7
Batman: Bad Blood (2016) Batman: Bad Blood (2016) IMDb - 6.7/10 Genre - Animation/Action/Adventure ကာတွန်းကားလို့တောင်ပြောဖို့မတန်တဲ့DCရဲ့ကားကောင်းတစ်ခုဖြစ်ပြီးဇာတ်လမ်းအတက်အကျကြမ်းလွန်းတဲ့batmanရဲ့ကားကောင်းတစ်ခုဖြစ်ပါတယ်။Batwomanနဲ့Electrocutioner, Blockbuster, Firefly,Killer Mothတို့လိုvillainအကြမ်းစားတွေချနေတာနဲ့ဇာတ်လမ်းကိုစဖွင့်ထားပြီးBatmanကဝင်ကူပေးတဲ့အခန်းမို့သူ့ရဲ့hero introကိုကောင်းကောင်းခံစားကြရမှာပါ။Hereticလို့ခေါ်တဲ့villainရောက်လာကာအဆောက်အဦးကိုပေါက်ကွဲစေခဲ့ပါတယ်။BatmanဟာBatwomanကိုကယ်ပြီးလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ရက်သတ္တပတ်တွေကြာပြီးတဲ့အခါမှာတော့AlfredဟာNightwingကိုအချက်ပြမှုတွေပေးပို့ခဲ့ပါတယ်။Damian Wayneဟာလည်းသူပျောက်သွားတာကိုသတင်းကနေကြည့်ရပြီးတော့Gothamကိုပြန်လာဖို့လုပ်နေပါပြီ။ဒါပေမယ့် သူဘာလို့ပျောက်သွားခဲ့တာလဲ...NightwingကBatman suitဝတ်ထားတာကိုရောDamian Wayneလေးကအမြင်ကြည်ပါ့မလား...Hereticကရော ဘာတွေကြံနေတာလဲဆိုတာကိုတော့...File size…    1 GB /  442 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Tariq L Walker
movie

Batman: Bad Blood (2016)

2016
Ghostbusters II (1989)
Ghostbusters II (1989) 1984 မှာထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်မှာတော့ နယူးယော့မြို့တော်ကြီးကို မာ့ရှ်မယ်လို လူသားကြီးရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့ပေမဲ့ အဆောက်အဦးပျက်စီးမှုတွေအတွက် သရဲဖမ်းသမားအဖွဲ့ကိုဖျက်သိမ်းပြီး သရဲဖမ်းတဲ့အလုပ်တွေလုပ်ခွင့်ရပ်ဆိုင်းထားပါတယ်။ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်အကြာမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် သရဲဖမ်းသမားဟောင်းတွေ သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုစုံစမ်းကြရင်း နယူးယော့ခ်မြို့အောက်မှု စီးဆင်းနေတဲ့ အကျိအချွဲမြစ်ကြီးကို တွေ့ခဲ့ကြပါတယ်။ ဒီအကျိအချွဲတွေက လူတွေရဲ့ မကောင်းတဲ့စိတ်ကိုတုံ့ပြန်နိုင်ပြီး လူမျိုးစုံရှိနေတဲ့ နယူးယော့ခ်မြို့လည်မှာစီးဆင်းနေတာပါ။ဒီအကျိအချွဲတွေစီးဆင်းနေကြတာကလည်း မန်ဟက်တန် အနုပညာပြတိုက်မှာရှိနေတဲ့ 17 ရာစုနှစ်က မင်းဆိုးတစ်ပါးဖြစ်တဲ့ ဗီဂိုရဲ့ပုံတူပန်းချီကားဆီဖြစ်ပြီး မြို့ထဲမှာလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမျိုးစုံ ကမောက်ကမဖြစ်လာတာကို သရဲဖမ်းသမားတွေ ဘယ်လိုတားဆီးကြမလဲ၊ ဗီဂိုပုံတူပန်းချီကားမှာရော ဘယ်လိုသဘာဝလွန်အစွမ်းတွေရှိနေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.8 GB)/(994 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Comedy, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Ghostbusters II (1989)

Ghostbusters (1984)
Ghostbusters (1984) ငယ်ဘဝအမှတ်တရ မူရင်း သရဲဖမ်းသမားများရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက ဝက်ဝက်ကွဲအောင်မြင်လူကြိုက်များခဲ့တဲ့အပြင် Oscar nominations လည်း 2 ခုဝင်ခဲ့ပြီး တခြားဆု‌တွေလည်းရရှိခဲ့ပါသေးတယ်။ အခုနှစ်ထဲမှာလည်း Ghostbusters: Frozen Empire ဆိုတဲ့ sequel တစ်ကားထပ်ထွက်ထားပါသေးတယ်။ဒီပထမဆုံးရုပ်ရှင်မှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ခေတ်သစ်သိပ္ပံပညာနဲ့ ပေါင်းစပ်ပြီး ရူးသွပ်စွာလေ့လာကြတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းသုံးယောက်၊ သူတို့အလုပ်လုပ်တဲ့ တက္ကသိုလ်ကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါမှာ မီးသတ်ရုံအဟောင်းတစ်ရုံနဲ့ ကားအစုတ်တစ်စီးကိုဝယ်လိုက်ပြီး သရဲဖမ်းသမားများအဖွဲ့ကို တည်ထောင်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့ သူတို့ဖန်တီးထားတဲ့ သရဲဖမ်းကိရိယာတွေကိုသုံးပြီး မြို့ထဲမှာ သောင်းကျန်းနေတဲ့ သရဲတွေကို လိုက်လံဖမ်းဆီးပေးရင်း ဂိုဇာ လို့ခေါ်တဲ့ ရှေးခေတ်ဟစ်တီ ဖျက်ဆီးခြင်းနတ်ဘုရား ပြန်လည် နိုးထလာမဲ့အရေးကို တားဆီးပေးဖို့ဖြစ်လာပါတော့တယ်။ ငယ်ငယ်က ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်ခဲ့ရတဲ့ ဟာသ-ဟော်ရာအမျိုးအစား ရုပ်ရှင်ဖြစ်တာမလို့ ပြန်ကြည့်ပြီး စိတ်အပန်းဖြေလို့ကောင်းမဲ့ ရုပ်ရှင်တစ်ကားပါဗျ။File size…(2.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Comedy, ...
movie

Ghostbusters (1984)

Leviathan (1989) 5.2
Leviathan (1989) Leviathan (1989)===========ထရိုင်အိုးရှင်းဆိုတဲ့ကော်ပိုရေးရှင်းကြီးတစ်ခုဟာ ဘူမိပညာရှင်တစ်ဦးဖြစ်တဲ့ စတိဗ်ဘတ်ခ်ကို ငှားရမ်းပြီးပင်လယ်အောက်သတ္တုတူးဖော်မှုကိုကာလရှည်ဆောင်ရွက်နေပါတယ်။တစ်နေ့တော့ အဖွဲ့သားနှစ်ယောက်ဟာစခန်းထဲကအပြင်ထွက်ပြီး တူးဖော်ရေးလုပ်နေချိန်မှာ လဗိုင်ယာသန် ဆိုတဲ့သင်္ဘောပျက်တစ်စီးကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သင်္ဘောဟာရုရှားသင်္ဘောဖြစ်ပြီး ရှာတွေ့ခဲ့တဲ့စာရွက်စာတမ်းတွေအရ သင်္ဘောပေါ်မှာရှိသမျှလူအားလုံးဟာ သေဆုံးခဲ့ပြီးသားဖြစ်ပါတယ်။သင်္ဘောကိုလည်း ရည်ရွယ်ချက်ရှိရှိပစ်ခတ်နှစ်မြုပ်ခဲ့တာလို့သိရပေမယ့်တစ်ခြားအချက်အလက်တွေကပဟေဠိဖြစ်နေခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီသင်္ဘောထဲကို ဝင်ရောက်သွားခဲ့တဲ့ အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ဆစ်ပတ်ခ်ဟာအရေပြားအင်ပြင်တွေထရာကနေ နာရီပိုင်းအတွင်းသေဆုံးသွားခဲ့သလို ဆစ်ပတ်ခ်နဲ့အတူသွားခဲ့တဲ့ ဘိုးမန်းဆိုတဲ့အဖွဲ့သူကတော့ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပါတယ်။ အဲ့ဒီနှစ်ယောက်ရဲ့အလောင်းနှစ်လောင်းဟာတစ်ခုတည်းအဖြစ်ပူးပေါင်းသွားခဲ့ပြီး သူတို့ကိုစတင်တိုက်ခိုက်ခဲ့သလို အဲ့ဒီကနေပြတ်ကျန်နေခဲ့တဲ့ ခြေထောက်တစ်ဖက်ကပါအသက်ဝင်အသွင်ပြောင်းလာတဲ့အခါမှာတော့..။Alien တို့၊ Virus တို့လို Vibe မျိုးနဲ့အမိုက်စား science fiction horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:40:00 Genre_Adventure, Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias 
movie

Leviathan (1989)

Ghostbusters: Afterlife (2021) 7.6
Ghostbusters: Afterlife (2021) Ghostbusters: Afterlife (2021) က ၂၀၁၆ က Ghostbusters ရဲ့ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File size…(4 GB)/(1.6 GB )/(999 MB) Quality….BluRay ...
movie

Ghostbusters: Afterlife (2021)

4K HEVC
Ghostbusters (2016) 6.8
Ghostbusters (2016) Ghostbusters (2016) Extended Cut VersionIMDb (6.8) / Rotten Tomatoes (74%)2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor  သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် ...
movie

Ghostbusters (2016)

2016
4K HEVC
Ghostbusters: Frozen Empire (2024) 6.3
Ghostbusters: Frozen Empire (2024) Ghostbusters: Frozen Empire (2024)IMDb Rating (6.3) / Rotten Tomatoes (83%)သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ အကြည်အစစ်ပါပဲ။ Ant Man မင်းသား Paul Rudd၊ Stranger Things မင်းသား Finn Wolfhard၊ ပြီးတော့ မင်းသမီး Mckenna Grace တို့ ပါဝင်ထားပါတယ် သူ့ကိုတော့ Gifted ဇာတ်ကားထဲက ဉာဏ်ကြီးရှင် ကလေးမလေးအဖြစ် သိကြမှာပါ။ဇာတ်လမ်းအကျဉ်းသရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့ မိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သရဲဖမ်းသမားတွေထုံးစံအတိုင်း ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လို့ရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ...
movie

Ghostbusters: Frozen Empire (2024)

4K HEVC
The Hand that Rocks the Cradle (1992) 6.7
The Hand that Rocks the Cradle (1992)  ပုခက်လွှဲတဲ့လက်က ကမ္ဘာကိုအုပ်စိုးနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားကိုကျွန်တော်တို့အားလုံး ကြားဖူးတာချည်းပါပဲ။ ဒါပေမဲ့ အုပ်စိုးတယ်ဆိုတဲ့စကားလုံးက ကောင်းတာရောဆိုးတာရော ဖြစ်နိုင်တာကိုတော့ ဘယ်သူမှသတိမထားမိကြပါဘူး။ကလဲရ်နဲ့မိုက်ကယ်တို့ဟာ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံတွေဖြစ်ပြီး အမ်မာဆိုတဲ့ချစ်ဖို့ကောင်းပြီး သိပ်စကားတတ်တဲ့ သမီးလိမ္မာလေးတစ်ယောက်ရဲ့ဂုဏ်ယူနေတဲ့မိဘတွေဆိုလည်းမမှားပါဘူး။ ဒီ့အပြင် ကလဲရ်မှာလည်းဒုတိယရင်သွေးလေးဖြစ်တဲ့ သားလေးကို ကိုယ်ဝန်လွယ်ထားရတာပါ။အလုပ်ကလည်းအဆင်ပြေ ရင်သွေးရတနာလည်းစုံလင်နေတဲ့ ဒီဇနီးမောင်နှံလေးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာပေါ်လာပါတယ်။ ဒါကတော့ကလဲရ်ရဲ့အရင် OG ပင်စင်ယူသွားလို့ ဆရာဝန်ပြောင်းပြချိန်မှာ OGအသစ်ဖြစ်တဲ့ ဗစ်တာမော့တ်က စမ်းသပ်တာလိုလို လက်သိုင်းကျင့်တာလိုလိုနဲ့ကလဲရ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်လိုက်တာပါပဲ။ သိပ်ကိုအားနာတတ်သူများကိုတွေးပေးတတ်လွန်းတဲ့ကလဲရ်က မှားယွင်းစွပ်စွဲမိမှာကို စိုးရိမ်ပြီးဘာမှမလုပ်ချင်ပေမဲ့ မိုက်ကယ်ရဲ့အားပေးမှုနဲ့ပဲ ကျန်းမာရေးဘုတ်အဖွဲ့ကိုတက်တိုင်လိုက်ပြီးနောက်မှာတော့ မကောင်းသတင်းက ဟိုးလေးတကျော်ဖြစ်ပြီးဗစ်တာမော့တ်တစ်‌‌ယောက် သူ့ကိုယ်သူ အ‌ဆုံးစီရင်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲ ခင်ပွန်းဖြစ်သူရော ဗိုက်ထဲကရင်သွေးလေး‌ရော မိခင်ဖြစ်ခွင့်ကိုပါ တစ်ပါးတည်းအတူဆုံးရှုံးလိုက်ရတဲ့အပြင် အမှုအခင်းဖြစ်နေတာကြောင့် ပိုင်ဆိုင်မှုပါ အကုန်သိမ်းခံလိုက်ရတဲ့ ဗစ်တာမော့တ်ရဲ့ဇနီးဖြစ်တဲ့ပေတွန်တစ်ယောက် ပြဿနာအရင်းခံဖြစ်တဲ့ ဘာတယ်မိသားစုကို လက်စားချေဖို့ကလေးထိန်းအနေနဲ့ ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…3.3 GB / 862 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ...
movie

The Hand that Rocks the Cradle (1992)

The Ron Clark Story (2006) 7.5
The Ron Clark Story (2006) The Ron Clark Story (2006)~ IMDb - 7.5/10, Rotten Tomatoes - 85% ~အမေရိကန်နိုင်ငံက နာမည်ကျော် ဆရာတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဝါသနာနဲ့ စေတနာတွေကို တွင်တွင်သုံးတဲ့ ဆရာတွေအများကြီးရှိပေမဲ့ အနစ်နာ ဆရာမျိုးကတော့ ပိုပြီးတွေ့ရခဲတယ်ထင်ပါတယ်။ရွန်ကလက်ကတော့ နာသုံးနာပြည့်စုံတဲ့ ဆရာမျိုးဖြစ်ပြီး ဆရာဆိုတဲ့ အသံကြားတာနဲ့ ကျေးဇူးတင်တဲ့အသိ၊ နွေးထွေးတဲ့ခံစားချက်မျိုးရလာပြီး ဆရာက ကိုယ့်ဖက်မှာရှိနေသရွေ့ ဘာကိုမှကြောက်စရာမလိုဘူးလို့ ထင်လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဆရာတစ်ယောက်ပေါ့။ ဆရာဆိုတာ ဒါမျိုးပဲလို့ ပြရလောက်အောင် ဂုဏ်ယူစွာနဲ့ ပြနိုင်လောက်တဲ့ ဆရာမျိုးပါပဲ။နယ်မှာ အောင်မြင်မှု အထိုက်အလျှောက်ရထားတဲ့ မူလတန်းဆရာလေး ရွန်ကလက်က အိပ်မက်အကြီးကြီးနောက်ကို လိုက်ဖို့ နယူးယော့ခ်မြို့ကြီးကို မျှော်လင့်ချက်တွေ တသီကြီးနဲ့တက်လာတယ်။ မြို့ကြီးတွေဆိုတာကတော့ သိကြတဲ့အတိုင်း အပြိုင်အဆိုင်တွေများ၊ ရှုပ်ယှက်ခတ်နေပြီး အနားမရတဲ့နေရာမျိုးမလား။ဒါပေမဲ့လည်း မြို့ပြရဲ့ တိုက်စားတဲ့ဒဏ်ကို ...
movie

The Ron Clark Story (2006)

2006
The Retirement Plan (2023) 5.2
The Retirement Plan (2023) The Retirement Plan (2023)~ Rotten Tomatoes - 60% ~မင်းသားကြီး Nicolas Cage လို့ ပြောလိုက်ရင်တော့ မသိတဲ့သူက မရှိသလောက်ပါပဲ။ ဒီတစ်ခေါက် ဇာတ်ကားမှာတော့ နစ်ကိုလပ်ကေ့ဂ်အပြင် သူ့ရဲ့ ဘော်ဒါရင်းတစ်ယောက်လည်းဖြစ်သလို "Hellboy" ကားတွေနဲ့ လူသိများခဲ့တဲ့ မင်းသားကြီး Ron Perlman လည်း တွဲဖက်အနေနဲ့ တဖန်ပြန်လည်ပါဝင်လာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ အက်ရှ်လေဆိုတဲ့ အမျိုးသမီးဇာတ်ဆောင်ရဲ့ မိသားစုအပေါ်အခြေခံပြီးရိုက်ကူးထားတာပါ။ အက်ရှ်လေရဲ့ အမျိုးသား ဂျင်မီက လူမိုက်အဖွဲ့ထဲဝင်ထားတဲ့ လျှို့ဝှက်သတင်းပေးတစ်ယောက်ပေါ့။ ဒါပေမဲ့ တစ်နေ့မှာ ဂျင်မီက အထက်အမိန့်နဲ့ သူ့အလုပ်က ထိပ်တန်းလျှို့ဝှက်ချက်တွေပါနေတဲ့ ဟာ့ဒရိုက်တစ်ခုကို ခိုးလာခဲ့ပါတယ်။ ဂျင်မီရဲ့ ဒုစရိုက်အဖွဲ့အစည်းက ခေါင်းဆောင်ဖြစ်တဲ့ ဒွန်နီက ဂျင်မီတို့မိသားစုကို လိုက်ဖမ်းတော့ ဂျင်မီတို့ခဗျာ ထွက်ပြေးရရှာတာပေါ့။ ဒါပေမဲ့ ဂျင်မီရဲ့သမီးဖြစ်သူ ဆာရာကပဲ သူတို့အဘိုးနေတဲ့နေရာကို လေယာဉ်နဲ့လွတ်သွားရှာပါတယ်။ လွတ်သွားတဲ့နေရာကတော့ ...
movie

The Retirement Plan (2023)

2023
The Substitute (1996) 6.0
The Substitute (1996) IMDb Rating (6.0)Sniper ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီထဲက ထီမထင်တဲ့မျက်နှာပေးနဲ့ လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Tom Berenger ကို မှတ်မှတ်ရရရှိကြမှာပါ...ဒီဇာတ်လမ်းကလဲ သူ့ရဲ့အက်ရှင်ဇာတ်လမ်းနောက်တစ်ပုဒ်ပါပဲ။ဇာတ်လမ်းကတော့.... ဗီယက်နမ်စစ်ပြန်ကြီးတို့အဖွဲ့က အမေရိကန်အစိုးရရဲ့ ရုပ်သေးရုပ်လေးအဖြစ်နဲ့ အမည်မဲ့ စစ်ဆင်ရေးတွေမှာ တရားမဝင် စစ်တိုက်ပေးနေရပါတယ်။ သူတို့စစ်ဆင်ရေးဆိုတာက အောင်မြင်ရင်လည်း လူမသိ၊ တိုက်ပွဲကျတဲ့စစ်သားက အမည်မဲ့၊ သတင်းစာထဲပါသွားရင် ပိုင်ရှင်မဲ့ ကြေးစားစစ်တပ်၊ ဒီလိုလည်ပတ်ကြရတာပါ။ကျူးဘားကမ်းတက်စစ်ဆင်ရေးတစ်ခုမှာ စစ်သားကြီးတို့အဖွဲ့ အထိနာပြီး သုံးယောက်ကို သေမင်းလက် ဝကွက်အပ်လိုက်ရတယ်။ အဲဒါတောင် ပိုင်ရှင်မဲ့စီးနင်းမှုအဖြစ် အမေရိကန်အစိုးရက ခေါင်းရှောင်လိုက်ချိန်မှာ စစ်ပြန်ကြီးတို့ အံကြိတ် တောက်ခေါက်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ပိုင်ရှင်တကယ်မဲ့သွားတဲ့ စစ်ပြန်ကြီးတို့အဖွဲ့ 109 110 တွေဖြစ်ကုန်ချိန်မှာ အဖွဲ့ခေါင်းဆောင် ရှေးလ် က သူ့ချစ်သူဆီ ပြန်လာခဲ့တယ်။ သူ့ချစ်သူ ကျောင်းဆရာမက ကျောင်းသားဆိုးတွေ လက်ချက်နဲ့ ‌ခြေတောက်ကျိုးနေပါရော့လား။သူ့ချစ်သူနေရာမှာ အစားထိုးသမိုင်းဆရာအဖြစ် ဝင်လာတဲ့ စစ်ပြန်ကြီး ရှေးလ်၊ ကျောင်းသားဆိုးတွေကို ...
movie

The Substitute (1996)

Prisoner’s Daughter (2023) 6.3
Prisoner’s Daughter (2023) Prisoner's Daughter (2023)လူတိုင်းဟာအမှားနဲ့တော့ မကင်းနိုင်ကြပါဘူး တစ်ဘဝလုံးစာအမှားပဲကျုးလွန်ခဲ့ကျူးလွန်ခဲ့ အမှားသေးသေးလေးပဲ ကျူးလွန်ခဲ့ကျူးလွန်ခဲ့ လူတိုင်း ဒုတိယအခွင့်အရေးနဲ့ထိုက်တန်စမြဲပါပဲ။ လူတိုင်းဒုတိယအခွင့်ရေးလဲ ရထိုက်တယ်လို့ ထင်မိပါတယ်။ လူတိုင်းဟာလဲ အဲ့လိုပဲတွေးမိကြမှာပါပဲ ငါသာအဲ့လိုမလုပ်ခဲ့ဘူးဆိုပြီး တွေးမိတဲ့သူတွေလဲ ရှိကြမှာပါပဲ။ယခုဇာတ်ကားလေးကလဲ လူမိုက်ကြီးတစ်ယောက် သူ့ကြောင့်ထိခိုက်ခဲ့ရတဲ့ မိသားစုဘဝကို ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာ ကြည့်ရှုရမဲ့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ Family Drama ကားလေးပါ။ Rating တွေကလဲကောင်းသလို ဇာတ်လမ်းလေးကလဲကောင်းပြီး သရုပ်ဆောင်ထားတဲ့သူတွေကလဲ ထိတ်ထိတ်ကြဲတွေပါပဲ။ Leading Role မှာတော့ စကော့လူမျိုးမင်းသားကြီး Brian Cox ( Troy ဇာတ်ကားမှာ သူ့မိန်းမကိုခိုးသွားလို့ Troy မြို့ကိုစစ်သွားခင်းတဲ့ စစ်ဘုရင်ကြီး Agamemnon အဖြစ်သရုပ်ဆောင်ထားသူပါ) ကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ်ဆိုတဲ့လူမိုက်ကြီးတစ်ယောက် ထောင်ကျနေတဲ့အချိန်မှာပဲ ပန်ကရိယပ်ကင်ဆာဖြစ်နေတော့ ထောင်မှူးကလဲသနားပြီး သူ့သမီးသာ သူ့ကိုခေါ်ထားမယ်ဆို နေအိမ်အကျယ်ချုပ်နဲ့ နေလို့ရမယ်လို့ ပြောလာပါတယ်။ ခက်တာက သူ့သမီးနဲ့အဆက်အသွယ်မရှိတော့တာ ၁၂ နှစ်လောက်တောင်ရှိနေပါပြီ။ ခုမှပဲပြန်ဆက်သွယ်ရင်လဲ သူသမီးကပြန်လက်ခံမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့သူ့သမီးမှာလဲ ခွားမသေးတစ်ကောင်နဲ့ရတဲ့သားလေးတစ်ယောက်ကလဲ ရှိနေပြီး သူတို့သားအမိနှစ်ယောက်တည်း လောကကြီးအလယ် ရင်ဆိုင်ရှင်သန်နေရပါတယ်။ တစ်နေ့မှာတော့ သူ့အရင်ယောကျာ်းက ပြဿနာလာရှာတဲ့အတွက် သူ့ရဲ့လက်ရှိအလုပ်လေးကလဲ ပြုတ်သွားပြီး ...
movie

Prisoner’s Daughter (2023)

2023
Champions (2023) 6.7
Champions (2023) Champions (2023) ================ IMDb Rating - 6.7/10 Comedey, Drama, Sportဒီဇာတ်လမ်းလေးကတော့ Basketball ကိုကျောရိုးယူထားပြီး ကြည့်နေတဲ့သူတွေကိုပါ ဟာသဆန်ဆန်နဲ့ စိတ်ကြည်နူးမှုလေး ကို ခံစားစေနိုင်တဲ့ Sportဇာတ်လမ်းလေးကောင်းတစ်ခုပါ။ ဒီဇာတ်ကားမှာတော့ Now You See Me, Vernon, The Hunger Games စတဲ့ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Woody Harrelson က နည်းပြ Marcus Marakovich အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့.. Marcus Marakovich ဟာကစားသမားတွေကို လက်ရွေးစင် အသင်းအထိရောက်အောင် လေ့ကျင့်ပေးနိုင်တဲ့ အရည်အချင်း ရှိတဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ကစားပွဲတွေအတွက် ကစား နည်းပုံစံတွေကိုသာ အာရုံစိုက်လေ့ရှိပြီး အသင်းသားတွေကိုတော့ စိတ်ထဲတောင်မထားတဲ့သူပေါ့။ ဒီလိုလူကတစ်နေ့မှာတော့ အရက် မူးမူးနဲ့ကားမောင်းရင်း ရဲကားတစ်စီးကိုတိုက်မိသွားပါတယ်။ တရားရုံးကသူ့ကို ဉာဏချို့တဲ့နေတဲ့ အသင်းသားတွေကို ရက် ၉၀ ကြာ နည်းပြအဖြစ်လေ့ကျင့်ပေးဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အသင်းသားတွေကို ဂရုမစိုက်တတ်တဲ့ Marcus တစ်ယောက်က တော့ သေချာဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တဲ့ အသင်း သားတွေနဲ့ စိတ်ပျက်နေခဲ့ပါတယ်။ဒါပေမဲ့ တစ်ရက်ထက်တစ်ရက် သူ့အသင်းသားတွေက ထင်ထား တာထက် ပိုပြီးလုပ်နိုင်စွမ်းရှိတာကို သူသတိထားမိလာပါတယ်။ နည်းပြနဲ့အသင်းသားတွေကြားက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူတဲ့ပုံစံတွေ ...
movie

Champions (2023)

2023
Congo (1995)
Congo (1995) ၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ ‘Congo’ ရုပ်ရှင်ကတော့ Oscar-nominated producer & director ကြီး Frank Marshall ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာဆိုရင်ဖြင့်E.T. the Extra-Terrestrial, The Sixth Sense, The Goonies, Jurassic World, Indiana Jones ရုပ်ရှင်အချို့နဲ့Back to the Future trilogy ၃ကားလုံးလည်း ပါဝင်တာဖြစ်တဲ့အတွက် တော်တော်လေးမခေတဲ့ ဒါရိုက်တာတစ်လက်လို့ ဆိုရမှာပါ။ဒါရိုက်တာကြီးရဲ့ ညွှန်ကြားမှုအောက်မှာတော့ ဒေါက်တာ Karen Ross အဖြစ် The Truman Show နဲ့ Love Actually ရုပ်ရှင်များမှ မင်းသမီးကြီး Laura Linney. The Lake House မှ Dylan Walsh. Ghostbusters ရုပ်ရှင်များမှ Ernie Hudson နဲ့ Home Alone ပရိသတ်တွေဆို တော်တော်လေးမစိမ်းကြမယ့် မျက်နှာပိုင်ရှင် Tim Curry တို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်File size…(2.0 GB)/(1.7 GB)/(890 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Action, Adventure, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M
movie

Congo (1995)

Beverly Hills Chihuahua 2 (2011) 5
Beverly Hills Chihuahua 2 (2011) Beverly Hills 2 (2011) အညွှန်းဒီတစ်ခါ Beverly Hills 2 မှာတော့ မကြီးကျယ်လေးခလိုဝီတစ်ယောက် LA ကိုပြန်ရောက်ပြီး သခင်နဲ့လည်းပြန်တွေ့ရ လင်လည်းရဆိုသလို ပါပီနဲ့လက်ထပ်လိုက်ပြီး ခွေးလေး၅ကောင်ပါမွေးလာခဲ့ပါတယ်။ပါပီ့သခင်ဆမ့်အိမ်ကို သွားလည်ကြတဲ့နေ့မှာတော့ ဆမ့်မိဘတွေမပြေမလည်ဖြစ်လို့ အိမ်ကိုဘဏ်မှာပေါင်ထားရပြီး အကြွေးမဆပ်နိုင်ဖြစ်နေတာကိုသိခဲ့ရပါတယ်။လမ်းဘေးခွေးလေးဘဝကနေ အိမ်ပေါ်ခေါ်တင်ပေးထားတဲ့သခင်တွေကြောင့် နေစရာအိမ်ဆိုပြီးရှိလာခဲ့တဲ့ပါပီကတော့ သခင်တွေရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ကြိုးစားပေမယ့် ပိုသာဆိုးသွားခဲ့ပါတယ်။ ပါပီတို့အမှားကြောင့် အချိန်၃ပတ်လေးတောင်မရတော့ဘဲ အိမ်ပေါ်ကနေချက်ချင်းဆင်းပေးလိုက်ရတဲ့ ဆမ်တို့မိသားစုလည်း အဝေးကြီးကိုပြောင်းသွားရဖို့ဖြစ်လာတဲ့အခါမှာ ......ဘဏ်ဓားပြတိုက်မှုကြောင့် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့အတူကြည့်ရှုရမှာပါ....။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:37:00 Type__Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt
movie

Beverly Hills Chihuahua 2 (2011)

The Crow(1994) 7.5
The Crow(1994) The Crow(1994) အညွှန်း*********************IMDb....7.5Halloween မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ စုံတွဲလေးဟာ တစ်ရက်အလိုမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။The Crow (ကျီးကန်း) ဟာ သေသူတွေရဲ့ ဝိဉာဉ်ကို သယ်ဆောင်ပေးတဲ့ အချိတ်အဆက်လေးပေါ့။ထူးဆန်းစွာ တစ်နှစ်ကြာအပြီးမှာ သေဆုံးသွားတဲ့ လူရွယ်ဟာ ထူးဆန်းစွာ  ပြန်လည်နိုးထလာခဲ့တယ်..နာကျဉ်းမှုတွေနဲ့နှိုးထလာခဲ့တဲ့ သူဟာ သူနဲ့ သတို့သမီးလောင်းလေးကိုသတ်ဖြတ်ခဲ့တဲ့ လူမိုက်တွေကိုလက်စားချေဖို့ကြိုးစားပါတော့တယ်...he Crow ဆိုတဲ့ အက်ရှင်ကားဟာ Bruce Lee ရဲ့ သား Brandon Lee မကြွေလွင့်ခင်ရိုက်ခဲ့တဲ့ နောက်ဆုံး ကားလေးပေါ့။ ဒီကား‌လေး ရုံတင်ဖို့ ရက်အနည်းငယ် အလိုမှာပဲ Brandon Lee ဟာ သေဆုံးသွားခဲ့တာပါ။1994 တုန်းက အင်မတန် နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေး။အက်ရှင်ကားကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း.ာ်   File Size :(1.9GB) (954 MB) and (309 MB) Quality : Blu-Ray 1080p5.1ch, ...
movie

The Crow(1994)

Redemption Day (2020) 5.3
Redemption Day (2020) Redemption Day (2021)===================IMDb Rating - IMDb Rating - 5.3/10 ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ဒီရက်ပိုင်း ပူပူနွေးနွေးထွက်ရှိထားတဲ့ action, thriller ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဘရက်ဒ်ပက်စတန်ဆိုတဲ့ အမေရိကန်ရေတပ်ကပ္ပတိန်တစ်ဦးရဲ့ ဇနီးဖြစ်သူ ရှေးဟောင်းသုတေသနပညာရှင် ကိတ်ပတ်စတန်ဟာမော်ရိုကိုနိုင်ငံမှာတွေ့ရတဲ့ လူသားအရိုးစုတွေကို သုတေသနလုပ်ဖို့ အဖွဲ့နဲ့အတူ မော်ရိုကိုနိုင်ငံကိုလာခဲ့ကြပါတယ်။ ကံဆိုးချင်တော့အရိုးစုတွေကိုလေ့လာရင်း မော်ရိုကိုနဲ့ အာလ်ဂျီးရီးယားရဲ့ နယ်စပ်မျဥ်းကို မတော်တဆဖြတ်မိသွားပြီး ဓားစာခံအဖြစ်ဖမ်းခေါ်သွားခံရပါတယ်။ ဒီသတင်းကိုကြားရတဲ့အခါ ခင်ပွန်းဖြစ်သူ ဘရက်ဒ်ပက်စတန်တစ်ယောက် သူကြုံခဲ့ရတဲ့ သူ့ကိုအိပ်မက်ဆိုးအဖြစ် ခြောက်လှန့်နေတဲ့ စစ်အနိဌာရုံတွေကို အန်တုပြီး ဇနီးဖြစ်သူကိုသွားကယ်ဖို့ သူ့မိတ်ဆွေဖြစ်သူ မော်ရိုကိုအထက်တန်းအရာရှိ ယိုးနက်စ်နဲ့အတူရန်သူ့နယ်မြေထဲ စွန့်စားလာကြတဲ့ စစ်ဆင်ရေးပုံရိပ်တွေကို မြင်ကြရမှာပါ။ Action ကားဆိုပေမယ့်လည်း သွေးထွက်သံယိုခန်းတွေသိပ်မပါတဲ့အတွက် အသည်းငယ်တတ်သူတွေအဖို့ရော မိသားစုတွေနဲ့ပါ ကြည့်လို့သင့်တော်မယ့်ဇာတ်ကားတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့  အညွှန်းကို MTA မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ MTA, August တို့ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie

Redemption Day (2020)

2021
The Basketball Diaries (1995) 7.3
The Basketball Diaries (1995) IMDb (7.3/10)လီယိုနာဒိုကို ခေါင်းဆောင်မင်းသားအဖြစ် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားဟာ Jim Carroll ဆိုတဲ့ အမေရိကန် နာမည်ကျော် ကဗျာဆရာ စာရေးဆရာ ဂီတပညာရှင် တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။သူ့အသက် ၁၃ နှစ် မြီးကောင်ပေါက်အရွယ်က ဘတ်စကတ်ဘောကစားခြင်း လူပျိုရည်ပျက်သုန်းခြင်း မူးယစ်ဆေးစွဲခြင်း နေ့စဉ်မှတ်တမ်းတွေအကြောင်းပေါ့။လူငယ်ဆိုတာ အဖြူထည်...လောကကြီးက နိုင်ရာစား...အရသာဆို ခါး..ဘဝက ဓါးသွား။လီယိုနာဒိုရဲ့ မြီးကောင်ပေါက်သရုပ်ဆောင်မှုတွေက Jim Carroll ဝိညာဉ်ပူးကပ်နိုင်မလား...မင်းသား Mark Wahlberg ကိုလဲ မအောင်မြင်ခင်က ဒီဇိုင်းနဲ့ ဒီဇာတ်ကားမှာ တွေ့မြင်ရမှာပါ။  File size…(999 MB) and (600 MB) Quality….Blu-ray Rip 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hein Htet Aung
movie


1995