Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ernie Anastos
Summer of Sam (1999)
ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ် ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တုန်းက နယူးယောက်မှာ ဆမ်ရဲ့သားလို့ အမည်ခံတဲ့ ကွင်းဆက်လူသတ် သမားတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ လူခြောက်ယောက်ကိုသတ်ခဲ့ပြီးပါပြီ။ ဆမ်ရဲ့သားဟာ .၄၄ ပြောင်းဝအကျယ် ရှိတဲ့ သေနတ်တစ်လက်နဲ့ ကားပေါ်မှာ ချိန်းတွေ့နေတဲ့ အတွဲတွေကို ပစ်ခတ်လေ့ရှိပါတယ်။ဆမ်ရဲ့သား ဆိုတဲ့ လူသတ်သမားက ဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပေမယ့် လူသတ်သမားရဲ့အကြောင်းကို အလေးထားရိုက်ပြထားတာတော့မဟုတ်ပါဘူး။ ဒီလူသတ်သမားကြီးစိုးနေတဲ့အချိန်မှာ ပြည်သူတွေ ဘယ်လိုနေကြလဲဆိုတာကို ပိုပြီး အသားပေး ရိုက်ထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဆမ်ရဲ့သား လူတွေပြန်စသတ်တဲ့အချိန်မှာ ရစ်ချီဆိုတဲ့ ကောင်လေးဟာ သူ့အရင်နေခဲ့တဲ့ ရပ်ကွက်ကိုပြန်ရောက်လာပါတယ်။ ရစ်ချီရဲ့ ပန့်ခ်ပုံစံအဝတ်အစားတွေ ခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်း ဗင်နီ ကလွဲလို့ တခြားသူတွေက သူ့ကိုသဘောမကျကြပါဘူး။ ကြောက်စိတ်တွေများနေကြတဲ့ ရပ်ကွက်ကသူတွေဟာ ရစ်ချီကို လူသတ်သမားလို့ သံသယဝင်လာကြတဲ့အခါမှာတော့... File size…(3 GB)/(1.7 ...
movie
Summer of Sam (1999)
5.6
The Sitter (2011)
The wolf of Wall Street ကြည့်ဖူးသူတိုင်း Jonah Hill ကို မှတ်မိကြမယ်ထင်ပါတယ် ဒီတစ်ခါမှာတော့ သူဟာ ကလေးထိန်းရင်း တိုင်ပတ်တဲ့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကိုကြည့်ရမှာဖြစ်ပါတယ် နိုအာဆိုတဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တဲ့သူဟာ တစ်ရက်မှာတော့ သူ့အမေအစား ကလေးထိန်းပေးဖို့ဖြစ်လာပါတော့တယ် သူ့ကိုသူ စိုးရိမ်လွန်တတ်တဲ့ရောဂါရှိတယ်လို့ ထင်နေတဲ့ စတေလာ အမြဲ လူကြီးတစ်ယောက်လို နေချင်နေတဲ့ ဘလိုက်နဲ့ ရိုဒရီကိုဆိုတဲ့ အမွှေစိန်လေး သုံးယောက်ကို ထိန်းရင်း သူ့ကောင်မလေးက ဆီကိုသွားဖို့အကြောင်းဖြစ်လာပါတော့တယ် ကလေးသုံးယောက်နဲ့ လမ်းမှာ ဘယ်လိုလွဲပြီးရင်းလွဲပြီး အရှုပ်တော်ပုံတွေကို ဘယ်လိုရှင်းမလဲဆိုတာကိုတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦးဗျာFile size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
The Sitter (2011)
The Yards (2000)
Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( ...
movie
The Yards (2000)
7.0
Independence Day (1996)
ဒီဇာတ်ကားက ထွက်ထားတာ တော်တော်ကြာနေပေမဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိူင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ၂၀၁၆မှာ ဒီဇာတ်ကား အနှစ် ၂၀ပြည့် အထိမ်းအမှတ်အနေနဲ့Independence Day 2လာဦးမှာမို့ ဒီဇာတ်ကားကို အရင် ကြည့်ထားသင့်ပါတယ်။ ဒီဇာတ်ကားက စိတ်ကူးယာဉ်သိပ္ဗံဇာတ်ကား တစ်ကားဖြစ်ပြီး ဂြိုလ်သားတွေက ကမ္ဘာမြေကို လာဖျက်ဆီးတဲ့ ဇာတ်ကားပါ။ နည်းပညာမြင့်တဲ့ဂြိုလ်သားတွေက လူသားတွေက ဘယ်လို စိတ်ဓာတ်၊ဘယ်လို အစီအမံတွေနဲ့ ရင်ဆိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။သူ့ခေတ် သူ့အခါတုန်းအနေအထားနဲ့ကြည့်ရင် ကွန်ပျူတာ ပြုလုပ်ချက်တွေ အဲလောက်ထိ ကောင်းမွန်တာက အံ့သြစရာပါ။ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် Will Smithက ခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မကြည့်ရသေးတဲ့လူများ ကြည့်လိုက်ကြပါဦး
movie
Independence Day (1996)
1996