Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ernest Borgnine
7.0
RED (2010)
Red ဆိုတာကတော့ Retire: Extremely Dangerous ကို အတိုကောက်ခေါ်တာဖြစ်ပြီး "အငြိမ်းစား-အလွန်ကြမ်း" ဆိုသလို အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကို ဟာသတွေနှောလို့ အက်ရှင်စွန့်စားခန်းအဖြစ် ခမ်းခမ်းနားနားရိုက်ကူးထားတာပါ။အငြိမ်းစားဇာတ်ကောင်နေရာတွေမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Bruce Willis , Morgan Freeman , John Malkovich , Helen Mirren , Mary-Louise Parker တို့နဲ့တည်ဆောက်ထားပြီး The Boys ထဲက ဝူးဝါးဇာတ်ကောင်ကြီး Karl Urban လဲ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့....အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ...ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဒီဇာတ်လမ်းမှာ ဘယ်လိုပါဝင်ပက်သက်လာကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါဘယ်သူမှန်းမသိတဲ့တစုံတရာက သူတို့ကိုသတ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့ အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ်အန္တရာယ်ကြားက စွန့်စားခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာ ...
movie
RED (2010)
2010
4K HEVC
5.2
Strange Wilderness (2008)
Strange Wilderness (2008) ====================ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေက အညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေး တွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအ ကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့် ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်း - ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူး တင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်က တော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ် လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံး ဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံ ဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်း ရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့ တွေးသာကြည့်ကြပါတော့။ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူက အစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ...
movie
Strange Wilderness (2008)
.2008
7.8
Gattaca (1997)
သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မျိုးရိုးဗီဇမြှင့်တင်ပြောင်းလဲမှုတွေ လုပ်နိုင်လာပါပြီ။ လူတိုင်းဟာ အားနည်းချက်မရှိ ခြောက်ပစ်ကင်း သလဲစင်ဖြစ်လာကြတဲ့ခေတ်ပေါ့။ ဒါကြောင့် သဘာဝအတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီး မွေးတာက မရှိသလောက်နည်းလာပါတယ်။ သဘာဝအတိုင်းမွေးလာတဲ့သူတွေကိုတော့ 'စံချိန်မမှီ' သူတွေလို့ခေါ်ပြီး သူတို့ရဲ့ပြီးပြည့်စုံမှုမရှိတဲ့ မျိုးဗီဇတွေကြောင့်နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေကြရပါတယ်။ဒီကားရဲ့ ဇာတ်လိုက်ကျော် Vincent ဟာ အာကာသယာဥ်မှူးလုပ်ပြီး အာကာသထဲခရီးသွားနိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက 'စံချိန်မမှီ' တစ်ယောက်ဖြစ်တာကြောင့် အာကာသထဲသွားမဲ့ ဘယ်ပရိုဂရမ်ကမှ သူ့ကို အလုပ်မခန့်ကြပါဘူး။အဲဒါနဲ့ Vincent ဟာ ဗီဇမြှင့်တင်ပြီး မွေးလာတဲ့ Jerome Morrow ဆိုသူရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို တရားမဝင် ဝယ်ယူပြီး သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပါတော့တယ်အဲဒီအာကာသပရိုဂရမ်က အကြီးအကဲ ဒါရိုက်တာတစ်ဦး အသတ်ခံရတဲ့အမှုကြောင့် Vincent ရဲ့ အစီအစဥ်တွေ ရှုပ်ထွေးကုန်တဲ့အခါ...Vincent အဖြစ် Ethan Hawke Jerome အဖြစ် Jude ...
movie
Gattaca (1997)
6.1
Small Soldiers (1998)
ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘဝကို ပြန်ခံစားမိမှာအမှန်ပါပဲဲဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကိုသာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလိုစောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။Small Soldier ဇာတ်ကားဟာ သာမန်အမြင်နဲ့ကြည့်ရင်တော့ကလေးကြိုက်ကားလို့ထင်ကြေးပေးနိုင်ပေမယ့် သေချာခံစားကြည့်ရှုရင်အတော်လေး ခွီရတဲ့အပြင် မတူညီတဲ့ဒေသနှစ်ခုကခံစားချက်လေးတွေကို ခံစားရမှာပါကလေးဘဝတုန်းကတော့ အသဲယားစရာကောင်းတဲ့စစ်သားရုပ်တွေကိုအော်ဂလီဆန်ခဲ့တယ် လူငယ်ဖြစ်လာတော့ဟာသအထွေအထူးမထည့်ထားပေမယ့် အတော်လေးဗိုက်အောင့်လောက်အောင်ခွီရတဲ့ကားမှန်းသိလာတယ် ဟုတ်တယ်လေ။လက်တစ်ဖဝါးစာစစ်သားရုပ်လေးတွေ တကယ့်တိုက်ပွဲဝင်စစ်သားတွေလိုအတည်ပေါက်နဲ့အမိန့်တွေပေး mission တွေလုပ်နေတာကိုကြည့်ရတဲ့အရသာကတမျိုးလေးဗျ Long Long ago Spiderman Triologyထဲကမင်းသမီးချောလေးပါတွေ့ရတော့ကြည့်ရတာ မတန်ဘူးလို့ ငြင်းချက်ထုတ်စရာမရှိပါဘူး။ကလေးကားပေမယ့် ကလေးတကာ့ကလေးကားတွေထဲကခွဲထွက်လာတဲ့ လူငယ်တွေကို ရသတမျိုးအထူးဆန်းခံစားစေမယ့် ကားလေးလို့ဆိုလဲ မမှားပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။) File Size : ...
movie
Small Soldiers (1998)
1998