Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Erinn Bartlett
Raising Helen (2004)
၂၀၀၀ ခုနှစ်ကျော်ကာလတွေမှာ ခေတ်စားခဲ့တဲ့ အမေရိကန်ဟာသရုပ်ရှင်ကားတွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Family/Drama နဲ့ Comedy အမျိုးအစားရုပ်ရှင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Helen Harris က နာမည်ကြီး ဖက်ရှင်အေဂျင်စီတစ်ခုမှာ အလုပ်လုပ်တဲ့ ခေတ်ဆန်ဆန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သူ့အစ်မအကြီးဆုံး Lindsay တို့ဇနီးမောင်နှံ ကားမှောက်ပြီး ကွယ်လွန်သွားကြပါတယ်။Lindsay က သေတမ်းစာမှာ သူ့ရဲ့သားသမီးသုံးယောက်ကို ညီမအလတ်ဖြစ်တဲ့ မိခင်အဖြစ် အတွေ့အကြုံရှိပြီးသား Jenny လက်ထဲမအပ်ခဲ့ဘဲ ထူးဆန်းစွာနဲ့ ညီမအငယ်ဆုံး Helen လက်ထဲအပ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိခင်တစ်ဦးဖြစ်ဖို့ အသင့်မဖြစ်သေးတဲ့ Helen နဲ့ ကလေးသုံးဦးတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမှာပါ။ဟာသရုပ်ရှင်ဆိုပေမဲ့ မိသားစု၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေခြင်း စတဲ့ theme တွေ ထိတွေ့ထားတဲ့ လေးနက်ကြည်နူးဖွယ် Drama အငွေ့အသက်များလည်း ပါဝင်ပါတယ်။ Lindsay ...
movie
Raising Helen (2004)
5.3
Little Nicky (2000)
Little Nicky (2000) ===============ငရဲပြည်ကို အုပ်စိုးတဲ့ စေတန်သခင်ကြီးမှာ အေဒရီယန်၊ ကတ်ဆီးရပ်စ်နဲ့ နစ်ကီဆိုပြီးသား(၃)ယောက် ရှိပါတယ်။ ပျော့တိပျော့ညံ့ နစ်ကီက အစ်ကိုနှစ်ယောက် ဗိုလ်ကျ နှိပ် စက်တာကိုတစ်ချိန်လုံး ခါးစည်းခံနေရသူပါ။ တစ်နေ့တော့ စေတန် သခင်ကြီး ငရဲပြည်ကိုအုပ်ချုပ်တာ နှစ်(၁)သောင်း ပြည့်တဲ့နေ့ကို ရောက်လာပါတယ်။နှစ်(၁)သောင်းပြည့်ရင် အုပ်ချုပ်သူနေရာကို လွှဲပေးရတဲ့ စည်း မျဉ်းရှိပေမဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စေတန်နတ်ဆိုးကြီးက ဘယ် သူ့ကိုမှ လွှဲမပေးဘဲ သူကိုယ်တိုင်ပဲဆက်ပြီး အုပ်စိုးမယ် လုပ်ပါ တော့တယ်။ အဲဒီမှာပဲ အေဒရီယန်နဲ့ကတ်ဆီးရပ်စ်တို့က မကျေ မနပ်တွေဖြစ်၊ ငရဲပြည်အသစ် ဖန်တီးမယ်ဆိုပြီး ဝိဉာဉ်တွေ ဝင်တဲ့ ငရဲမီးဂိတ်ပေါက်ကနေတစ်ဆင့်ကမ္ဘာမြေပေါ်ကို ထွက်သွားပါ တော့တယ်။အဝင်ဂိတ်လို့ သတ်မှတ်ထားတဲ့ ငရဲမီးဂိတ်ကနေထွက်သွားတာ ကြောင့် ငရဲမီးဂိတ်ဝကြီး ခဲသွားပြီးဝိဉာဉ်တွေ ဝင်လို့မရ ဖြစ်ကုန် ပါတော့တယ်။ စေတန်ကြီးလည်း တတိတိနဲ့ အားနည်းလာပြီး သေမလို ဖြစ်လာတာပေါ့။ အဲဒီမှာပဲ ကမ္ဘာမြေပေါ် ထွက်သွားတဲ့ အစ်ကိုနှစ်ယောက်ကို ငရဲပြည်ဆီ ပြန်ခေါပြီး ဖခင်ဖြစ်သူကို ကယ် တင်ပေးဖို့ကနစ်ကီ့ခေါင်းပေါ် ရောက်လာပါတော့တယ်။ရုပ်ဆိုးဆိုး၊ စကားထစ်ထစ်၊ အူကြောင်ကြောင်ရုပ်နဲ့ ပျော့ဖတ်ဖတ် နစ်ကီတစ်ယောက်ကမ္ဘာမြေပေါ် ရောက်သွားပြီး အလွဲလွဲအချော် ချော်တွေ ဖြစ်ပျက်ပုံကိုအခွီတစ်လိုင်းနဲ့ ...
movie
Little Nicky (2000)
2000
5.9
Deep Blue Sea (1999)
ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ အဆုံးသတ်နားနီးတော့မှ ဇာတ်လိုက်က ဒီကားနာမည် Deep Blue Seaကို ညွှန်းလိုက်တဲ့စကားတစ်ခွန်းကြောင့် ခံစားရတဲ့ ရသလည်း အသစ်ပြောင်းသွားရပါတယ်။ ပြောရရင် ရှုထောင့်ပြောင်းပြီး မြင်လာတဲ့ အမြင်သစ်တစ်ခု ရသွားတာပေါ့လေ။Alzheimer's diseaseဆိုတာ လူတွေမှာ အဖြစ်အများဆုံး ဦးနှောက်ရောဂါတစ်ခုပါ။ မှတ်ဉာဏ်တွေ မေ့ပျောက်ကုန်တဲ့ရောဂါတစ်မျိုးပါပဲ။ သူငယ်ပြန်တာမျိုးလည်း မဟုတ်ဘဲ ကြာလေလေ ဘာကိုမှ မမှတ်တော့လောက်အောင် ဦးနှောက်ဆဲလ်တွေ သေဆုံးသွားတာမျိုးပါ။အဲဒီရောဂါနဲ့သူ့မိဘတွေ ကွယ်လွန်သွားရလို့ အခဲမကျေဖြစ်နေတဲ့ ဆရာဝန်မလေးတစ်ယောက်ဟာ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ အထောက်အပံ့နဲ့ အယ်လ်ဇိုင်းမားရောဂါ ကုထုံးသစ်အတွက် သုတေသနလုပ်နေပါတယ်။ သူလုပ်နေတဲ့ သုတေသနဌာနက ဒုတိယကမ္ဘာစစ်လက်ကျန် ရေငုပ်သင်္ဘောတွေ ဆီဖြည့်တဲ့ စခန်းဟောင်းတစ်ခုကို ပြုပြင်ပြီး လုပ်ထားတာပါ။ ဘာလို့ အဲဒီနေရာကိုမှ သွားလုပ်ရသလဲဆိုရင် သူတို့ စမ်းသပ်နေတဲ့ဆေးကုထုံးက ငါးမန်းတွေရဲ့ ဦးနှောက်နဲ့ ပတ်သက်နေလို့ပါပဲ။ငါးမန်းတစ်ကောင်ရဲ့ဦးနှောက်ကို ပုံမှန်ထက်ငါးဆလောက်ကြီးလာအောင် အရင်လုပ်လိုက်ကြတယ်။ အဲဒီငါးမန်းရဲ့ဦးနှောက်ထဲကို အယ်လ်ဇိုင်းမားလူနာရဲ့ ပျက်စီးနေတဲ့ဦးနှောက်ဆဲလ်တွေ မြှုပ်နှံထားပြီးတော့ ရလဒ်တွေကို သုတေသနပြုနေကြတာပါ။ ...
movie
Deep Blue Sea (1999)