Channel Myanmar

Erin Richards

Starve Acre (2023) 5.5
Starve Acre (2023)  ဒါကတော့ ဗြိတိန်ကျေးလက်ရိုးရာ Horror ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ လယ်ကွင်းထဲက စတာ့ဗ်ဧကလို့ခေါ်တဲ့မိသားစုအိမ်ကြီးကို ပြောင်းရွှေ့လာကြတဲ့ ရစ်ချတ်နဲ့ ဂျူးလိယက်ဝေလ်လဘီလို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ အိုဝင်လို့ခေါ်တဲ့တစ်ဦးတည်းသောသားလေး ရှိပါတယ်။သားဖြစ်သူက ပန်းနာရင်ကျပ်ရှိလို့ လေကောင်းလေသန့်ရတဲ့နေရာကို ပြောင်းလာရင် ပိုကောင်းမယ်ဆိုတဲ့အတွေးနဲ့ပြောင်းလာကြတဲ့ လင်မယားနှစ်ယောက်....သူတို့ရဲ့သားလေးဖြစ်သူက တစ်နေ့မှာ ရန်လိုတဲ့အပြုအမူတွေစလုပ်လာခဲ့တဲ့အတွက် ဆေးခန်းပြ စစ်ဆေးနေရင်းနဲ့မှပန်းနာရင်ကျပ်ရောဂါထပြီး ရုတ်တရက်သေဆုံးသွားတဲ့အခါ...သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် အမေဖြစ်သူကဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး ဝိညာဉ်ပိုင်းဆိုင်ရာအကူအညီတွေရယူလို့ ဝမ်းနည်းမှုကို ကျော်လွှားဖို့ကြိုးစားနေခဲ့ပါတယ်...အဖေဖြစ်သူကတော့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့တဲ့ဒဏ္ဍာရီလာသစ်ပင်ကြီးရဲ့ သဘာဝလွန်ဒြပ်စင်တွေကို တူးဖော်တွေ့ရှိခဲ့ရာကနေ..အဲဒီသစ်ပင်ကြီးက အမှောင်ဘက်ခြမ်းစွမ်းအားတွေနဲ့ပတ်သက်မှုရှိနေကြောင်းသိရှိလာတာနဲ့အမျှသူ့သားသေဆုံးမှုနဲ့ ပတ်သက်နေရမယ်လို့ ယူဆရင်း...သူတို့အိမ်ပတ်လည်က နယ်မြေရဲ့လျှို့ဝှက်ချက်တွေကိုစတင်ရှာဖွေပါတော့တယ်...အဲဒီလိုနဲ့ သားဖြစ်သူသေဆုံးရတဲ့ အကြောင်းအရင်းမှန်ကိုရှာတွေ့သွားမလား လင်မယားနှစ်ယောက်လုံး ဝမ်းနည်းပူဆွေးရမှုတွေကနေ လွတ်မြောက်သွားမလားဆိုတာကိုထိတ်လန့်မှုတွေ၊တွေးတောစရာတွေအပြည့်နဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.24GB / 644MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie

Starve Acre (2023)

Save the Cinema (2022) 6.7
Save the Cinema (2022) ပြဇာတ်ဆန်ဆန် ​အေး​အေးငြိမ့်ငြိမ့်​လေး ခံစားလို့ရမယ့် Drama ရုပ်ရှင်​လေးတစ်ကားကို တင်​ဆက်​ပေးချင်ပါတယ်။ ၁၉၉၃ခုနှစ် ဝေးလ်နိုင်ငံ၊ ကာမာသန်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အ​ခြေခံ၍ ရိုက်ကူးထားတာပါ။ IMDb - 6.7 နဲ့ Rotten Tomatoes 70%ထိရရှိထားပြီး Gotham series မင်းသမီး​ချော Erin Richards နဲ့Draco Malfoyအ​နေနဲ့ လူသိများတဲ့ Tom Feltonတို့ ပါဝင်ထားပါတယ်။ကာမာသန်မြို့ရဲ့ လစ်ရစ်ဇာတ်ရုံက ဟိုးနှစ်​ပေါင်းများစွာတည်းက စင်တင်ပြဇာတ်​​တွေနဲ့ ​အော်ပရာတွေ တင်ဆက်လာတဲ့ ဇာတ်ရုံကြီးဖြစ်သလို ​နောက်ပိုင်းနှစ်​တွေမှာ ရုပ်ရှင်ရုံအဖြစ် ပြောင်းခဲ့​​ပေမယ့် လာ​ရောက်ကြည့်ရှုသူ မရှိသ​လောက်နည်း​နေသလို ၂လ၃လ​နေမှ တစ်ခါပြတဲ့ ​ပြဇာတ်​တွေနဲ့ အသက်ဆက်​နေရတာပါ။ဒီလို​ဒေဝါလီခံရကာနီး​နေတဲ့ ရုပ်ရှင်ရုံကိုဖြိုချပြီး ​ဈေးဝယ်စင်တာ ​ပြောင်း​ဆောက်ဖို့ ကြံ​နေသူ​တွေက​တော့ ကာမာသန်မြို့​တော်ဝန်နဲ့သူ့ရဲ့ ခရိုနီ​တွေပါ။ လစ်ရစ်ရုံဟာ ဝင်​​ငွေမရ​တော့​ပေမယ့် မြို့​ခံလူ တချို့​အတွက်​ မ​​မေ့နိုင်တဲ့အမှတ်တရ​များစွာ ရှိ​နေတဲ့နေရာတစ်ခု ဖြစ်သလို မြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်​လို့ ဖြိုချမယ့် အကြံကို လုံးဝလက်မခံခဲ့ကြပါဘူး။ ဒါ​ပေမဲ့ ...
movie

Save the Cinema (2022)