Channel Myanmar

Erika Karata

Lock-On Love (2018)
Lock-On Love (2018) Lock-On Love (2018) IMDb: 6.1/10 Genre: Comedy, Romance ပေါ့ပေါ့ပါးပါးပေမဲ့ နွေးနွေးထွေးထွေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဂျပန်လူငယ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လိုက်ကတော့ ပင်ကိုယ်ရူပကာ သနားကမားနဲ့ ကောင်မလေးတွေ ဝိုင်းသဘောကျကြတဲ့ အထက်တန်းကျောင်းသားလေးတစ်ဦးပဲဖြစ်ပါတယ်။ မွေးကတည်းကနေ အခုထက်ထိ ဘာမှထွေထွေထူးထူးမလုပ်ရပါဘဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ အော်တိုပြည့်နေသူမျိုးပေါ့။မိန်းကလေးတွေကြားရည်ပန်းစားနေတော့ သူ့ကိုယ်သူလည်း အချစ်ခံရတယ်ဆိုပြီး ဘဝင်လေဟပ်နေပေမဲ့ တစ်ရက်မှာ သူတို့အဖွဲ့ထဲက သာမန်ရုပ်ရည်နဲ့ သူငယ်ချင်းတစ်ယောက် ရည်းစားရသွားတော့မှ သူ့မှာ တကယ်တမ်း ချစ်သူရည်းစားကောင်မလေး တစ်ခါဆိုတစ်ခါမှ မရှိဖူးသေးဘူးဆိုတဲ့ အမှန်တရားကို သွားသတိထားမိလိုက်ပါတယ်။ ဟုတ်ပါတယ်၊ သူဟာ မိန်းကလေးတွေအဖို့ ချစ်စရာလေးဆိုပြီး ဝိုင်းဝိုင်းလည်နေပေမဲ့ အဲ့ဒီထက်မပိုတဲ့၊ ရည်းစားတော်ဖို့ကျ ဘယ်သူမှ မတွေးထားတဲ့ အလှကြည့်ယောကျ်ားသပ်သပ်သာဖြစ်နေခဲ့တာပါ။အဲ့ဒီလိုနဲ့ သူဟာ ရည်းစားတစ်ယောက်တော့မဖြစ်မနေရှာမယ်လို့ အပိုင်ခဲပြီး ဘော်ဒါတွေအကူအညီနဲ့ သူကြိုက်တဲ့မိန်းကလေးကို လိုက်ရှာရင်းကနေ လှလည်းလှ တော်လည်းတော် သွေးလည်းကြီးတယ်လို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို မျက်စိကျပြီး ဖွင့်ပြောလိုက်ရာက ချက်ချင်းအငြင်းခံလိုက်ရပြီး သူ့ရဲ့ ...
movie

Lock-On Love (2018)

Asako I & II(2018) 7.0
Asako I & II(2018) Asako I & II(2018)IMDb......7.0(unicode)အာဆာကိုဆိုတဲ့ကောင်မလေးတစ်ယောက် ဓာတ်ပုံပြပွဲတစ်ခုကိုသွားကြည့်ရင်း အမှတ်မထင် ဘတ်ခုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး သူတို့(၂)ဦးဟာ မြင်မြင်ချင်းပဲ ချစ်မိသွားကြတယ်။ဘတ်ခုဆိုတဲ့ကောင်လေးဟာ လူထူးဆန်းကောင်လေးတစ်ယောက်ပါ.. ဘာလို့ဆို သူဟာ ဘယ်သူ့မှ မ ပြောဘဲ ပျောက်ချင်ရာပျောက်နေတတ်တဲ့သူ.... တစ်ခါတစ်လေ အိမ်ကနေ မပြောမဆိုနဲ့ထွက်သွားရင်း တစ်လ ကိုးသီတင်းလောက် ပျောက်ချင်ပျောက်နေတတ်သည်။ အိမ်သားများအတွက် မထူးဆန်းတော့။ ဒီလိုနဲ့ ၆ လလောက်ကြာတော့ ဘတ်ခုတစ်ယောက် ပျောက်ချင်းမလှ ပျောက်ပြီး ပြန်ပေါ်မလာတော့။အာဆာကိုဆိုတဲ့ကောင်မလေးအတွက်တော့ ကြေကွဲခြင်းတွေ ထွေးပိုက်ပြီး ကျန်ခဲ့ရတာပေါ့.... ၂ နှစ်လောက်ကြာပြီးနောက် အာဆာကို တစ်ယောက် အံအားသင့်စရာတစ်ခုနဲ့ကြုံရတယ်...ပျောက်သွားတဲ့ ချစ်သူနဲ့တစ်ထေရောထဲတူတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ရသလို သူပျောက်ပြီလို့ ထင်တဲ့ ချစ်သူကလည်း ပြန်ရောက်လာတဲ့နောက်မှာတော့.... ဘာတွေဆက်ဖြစ်ကြမလဲ ခံစားကြည့်ကြပါ...ဒီကားက အချစ်ရိုမန့်ကားလေးဖြစ်သလို မင်းသားရော မင်းသမီးရော ချောမောလှပကြပါတယ်...တကယ့်ကို ရင်ခုန်စိတ်ကြည်နူးရတဲ့ကားလေးပါ.ပြီးတော့ ဒီဇာတ်ကားဟာ 2019 ခုနှစ်အတွက် Asian Film Awards မှာ ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၄)ဆုနဲ့ ဆန်ကာတင်(၁၀)ဆုလည်းစာရင်း ဝင်ခဲ့တယ်.....ခံစားကြည့်ကြပါဦး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်.....(zawgyi)အာဆာကိုဆိုတဲ့ကောင်မလေးတစ်ယောက် ဓာတ်ပုံပြပွဲတစ်ခုကိုသွားကြည့်ရင်း အမှတ်မထင် ဘတ်ခုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး သူတို့(၂)ဦးဟာ ...
movie

Asako I & II(2018)