Channel Myanmar

Erik Tonelli

Klem (2023) 6.3
Klem (2023) Klem ( 2023 )ဒတ်ချ်ကားကိုမှ အီတလီမှာ ဇာတ်အိမ်တည်ထားပြီး ဝိုင်လုပ်ငန်းတွေ စပျစ်ခြံတွေနဲ့ အီတလီရဲ့ အလှတရားတွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ နယ်သာလန်က ပြောင်းလာတဲ့လူတွေ အီတလီမှာ အခြေချဖို့ကြိုးစားရင်း စပျစ်ခြံလုပ်ငန်းထဲ ဝင်ပတ်သက်မိရာကနေ စပျစ်ခြံကိုလိုချင်နေတဲ့ အီတလီမားဖီးယားတွေနဲ့ နယ်သာလန်က မိသားစုနှစ်စု ရင်ဆိုင်ရတဲ့အကြောင်းပါပဲ။ မှုခင်းကားကိုမှ ဥပဒေရေးတွေပါ ရောပြီး သမထားတဲ့အပြင် ဒီမိသားစုနှစ်စုရဲ့ခင်မင်မှုကိုကြည့်ရတာလည်း ချစ်စရာကောင်းတာမို့ အငွေ့အသက်ပေါင်းစုံ ပေါင်းပြီးရနေမယ့် မှုခင်းကားပေမဲ့ စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါးကားလေးပါပဲ။ ဇာတ်ကလည်း အကွေ့တွေအကောက်တွေနဲ့ ထူးတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ကားတစ်ကားရှာနေရင်တော့ အရွေးမမှားလောက်ပါဘူး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie

Klem (2023)

My Spy the Eternal City (2024)
My Spy the Eternal City (2024)  IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ ...
movie

My Spy the Eternal City (2024)