Channel Myanmar

Erik Chitty

Oliver Twist (1948) 7.8
Oliver Twist (1948)  အိုလီဗာတွစ်ဆိုတဲ့ ကောင်လေးဟာ အဖေဖြစ်သူကိုလည်းမသိရ အမေဖြစ်သူကလည်း သူ့ကို မွေးမွေးပြီးချင်း ဆုံးပါးသွားလို့ ခိုကိုးရာမဲ့ပြီး ပရဟိတအသင်းတစ်ခုမှာ နေရရှာတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ကို ပရဟိတအသင်းက သူဌေးတစ်ယောက်ရဲ့အိမ်ကို ထမင်းစားကျွန်ခံဘဝနဲ့ လွတ်လိုက်ပါတော့တယ်။ဖြစ်ချင်တော့ ဒီသူဌေးရဲ့အိမ်မှာ အလုပ်လုပ်နေတဲ့ အသက်ကြီးကြီး အစေခံအဘွားကြီးက အိုလီဗာကို မွေးဖွားပေးခဲ့တဲ့လူဖြစ်ပြီး အိုလီဗာနဲ့ သူ့အမေရဲ့ ဘဝအမှန်ကို သိပြီး မသေခင် အဲဒီအိမ်က သူဌေးမကို ပြောပြသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အိုလီဗာတစ်ယောက်က လုံးဝမခံစားနိုင်တဲ့အတွက် ထွက်ပြေးရာကနေ မဲဂင်းဆိုတဲ့လူဦးဆောင်တဲ့ ကလေးသူငယ်ခါးပိုက်နှိုက်အဖွဲ့ထဲ ရောက်သွားပါတော့တယ်။မဲဂင်းဆိုတဲ့လူဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို လမ်းမှားရောက်အောင်တွန်းပို့ ခိုးဆိုးလုယက် ခါးပိုက်နှိုက်ခိုင်းတဲ့ လူယုတ်မာဖြစ်ပါတယ်။ ဒီတော့ အိုလီဗာလေးဟာ သူထင်ထားသလို မိဘဆွေမျိုးမရှိတဲ့မိဘမဲ့လေးလား၊ အဘွားကြီးက မဆုံးခင်မှာ သူဌေးမကို အိုလီဗာအမေနဲ့ပတ်သက်ပြီး ဘာပြောပြခဲ့တာလဲ၊ ဒါကို ဘာလို့ သူဌေးမက လျို့ဝှက်ထားတာလဲ၊ အိုလီဗာကရော ခါးပိုက်နှိုက်အဖွဲ့ထဲက လွတ်မြောက်ပြီး ...
movie

Oliver Twist (1948)

Doctor Zhivago (1965) 8.0
Doctor Zhivago (1965) Doctor Zhivago (1965)IMDb (8/10) / Rotten Tomatoes 84%ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့်‌ ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့‌အကြောင်းကို အရင်ပြောပါရ‌စေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ...
movie

Doctor Zhivago (1965)