Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Erick Avari
7.1
Charlie Wilson’s War(2007)
"ကျုပ်မှာ အတော်ဆိုးတဲ့အိမ်နီးချင်းလူကြီးတစ်ယောက်ရှိခဲ့ဖူးတယ်.. မစ္စတာချားတဲ့...ဒီလူကြီးက အိမ်နီးချင်းတွေရဲ့ခွေးတွေ သူ့ပန်းခင်းကို လာနှောင့်ယှက်တာကိုမနှစ်မြို့ဘူး...တစ်နေ့တော့ လမ်းမှာ အော်သံတစ်ခုကြားလိုက်ရတယ်...ကျုပ်ရဲ့ခွေးဟာ သွေးတွေနဲ့မချိမခံမဆန့်ခံစားရင် လူးလှိမ်နေတယ်...မစ္စတာချားဆိုတဲ့သူက ခွေးစာနဲ့ဖန်ပုလင်းအကြေတွေနဲ့ရောကြိတ်ပြီးကျွေးလိုက်လို့ပါ...သွေးတွေအန်ရင်း ကျုပ်ခွေးသေသွားတယ်...""အဲ့ဒီတော့ရှင်ဘာပြန်လုပ်လိုက်လဲ""သူ့က ရွေးကောက်ခံအာဏာပိုင်ဗျ...မြို့ကောင်စီရဲ့ဥက္ကဌ..(၂)နှစ်ပြည့်တိုင်း ပြန်ရွေးခံရင်သူပဲပြန်ရမှာမြေကြီးလက်ခတ်မလွဲပဲ...ရွေးကောက်ပွဲရက်ကြတော့ တစ်ခါမှမဲမပေးဖူးသေးတဲ့ လူမဲတွေဆီကျုပ်ကားမောင်းသွားလိုက်တယ်...ကျုပ်အသက်(၁၃)နှစ်အရွယ်ပေါ့..လူမဲတွေကို မဲပေးမဲ့နေရာထိကားမောင်းပို့တယ်..မဲပေးပြီးရင်အိမ်ပြန်ပို့ပေးတယ်""မဲပေးဖို့ကားထဲက မထွက်ခင်သူတို့ကိုပြောတာတော့ရှိတယ်..ခင်ဗျားတို့ဆန္ဒကိုချုပ်ချယ်တာတော့မဟုတ်ဘူး..မစ္စတာချားကတော့ ကျုပ်ခွေးကိုရက်ရက်စက်စက်သတ်ခဲ့တာကိုတော့ ခင်ဗျားတို့သိသင့်တယ်လို့အကုန်လုံးကိုပြောခဲ့တယ်...အဲ့ဒီမှာ မစ္စတာချားကြီး (၁၄)မဲနဲ့ရှုံးသွားတယ်..."ဒီစကားကိုပြောနေတဲ့သူကတော့ အမေရိကန်လွှတ်တော်အမတ် ချာလီဝီလ်ဆင်ပင်ဖြစ်သည်..သူက ရုံးမှာတောင်မိန်းမလှတွေချည်း ခန့်ထားသူ..အရက်ကို တစ်ဂွပ်ဂွပ်သောက်သည်..ရုံးချိန်တွင်းပါသောက်သည်..ပြောရရင်တစ်ချိန်လုံးသောက်နေတယ်လို့တောင်ပြောရမည်...ဇိမ်မယ်တွေနဲ့တောင်ပျော်ပါးတတ်တဲ့သူ..သို့ပေမယ့် သူဟာ အထက်ကပြောခဲ့သလိုပင် အဓိကပျော့ကွက်ဟာကွက်တွေကို ခလုတ်နှိပ်ရမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူပင်...ဒါကြောင့်လည်း လွှတ်တော်အမတ်နေရာမှာ ဖင်မြဲနေတဲ့သူ... ဒီလိုနဲ့သူဟာ အာဖဂန်နစ္စတန်နဲ့ ရုရှားတို့ရဲ့ တို့ရဲ့စစ်ပွဲကိုမြင်တွေ့ပြီးတဲ့အချိန်မှာ ကူညီပေးလိုစိတ်ပေါ်လာတယ်...ဒါပေမယ့် အမေရိကန်က ဝင်ကူတာလို့ ရုရှားကို မသိစေလိုတဲ့အခါ၊ အမေရိကန် အစိုးရအဖွဲ့ဝင်တွေကလည်း အာဖဂန်နစ္စတန်တွေကို မယုံကြည်တဲ့အခါ ချာလီတစ်ယောက် နိုင်ငံရေး လှည့်ကွက်တွေသုံးပြီး မိမိလိုချင်တဲ့အကွက်ရအောင် ကြိုးစားရပါတော့မယ်။လွှတ်တော်အမတ်ချာလီဝီလ်ဆင်အဖြစ် ကျွန်တော်တို့ရဲ့ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်....ဖြစ်ရပ်မှန်ဇာတ်ကားကောင်းဖြစ်တဲ့အပြင် မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင်သရုပ်ဆောင်ထားပြီး သူဘယ်လိုတွေ ခလုတ်နှိပ်မလဲဆိုတာတော့ ...
movie
Charlie Wilson’s War(2007)
2007
5.8
Encino Man (1992)
Encino Man (1992)အားလုံးသိသလိုပဲ ဒီနှစ်ရဲ့ အမျိုးသားသရုပ်ဆောင် အော်စကာဆုရှင်၂ယောက်ဖြစ်တဲ့ ဘရန်ဒန်ဖရေဆာနဲ့ Ke Huy Quan တို့ဟာ ကားရိုက်တော်တော်နည်းခဲ့တဲ့၊ ရုပ်ရှင်လောကကနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာခဲ့ဖူးတဲ့ သူတွေပါပဲ။ ဒါပေမဲ့လည်း ၂ယောက်စလုံးက ကျွန်တော်တို့ငယ်ဘဝကို ကြီးစိုးထားတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ဖူးခဲ့တဲ့သူတွေပါပဲ။ ဆန်းကြယ်စွာနဲ့ပဲ ဒီနှစ်မှာ ဒီ၂ယောက်စလုံး အော်စကာဆုရသွားခဲ့တယ်။ ဒီလိုနဲ့ သူတို့၂ယောက်စလုံး အတူတူပါဖူးခဲ့တဲ့ ဟိုးတုန်းက ရုပ်ရှင်ကားတစ်ကားကို ပြန်တူးဖော်ဖို့ အကြောင်းဖန်လာခဲ့တယ်။ဒီရုပ်ရှင်မှာ ဘရန်ဒန်ကြီးက ရေခဲခေတ်ကလူအနေနဲ့ သရုပ်ဆောင်ထားတယ်။ ရေခဲခေတ်မှာ ရေခဲတုံးထဲခဲသွားပြီး ဒီဘက်ခေတ်မှာမှ အဲဒီရေခဲတုံးကြီး အရည်ပျော်ပြီး ဒီဘက်ခေတ်ကို ရောက်လာတဲ့သူပေါ့။ သူ့ကိုတွေ့သွားတဲ့ ဒေ့ဆိုတဲ့ကောင်လေးက အိမ်နောက်ဖေးမှာ ရေကန်တူးရင်း တွေ့သွားတာ။ ဒေ့ နေရာကို Sean Astin က သရုပ်ဆောင်ထားတယ်။ သူ့ကိုလည်း သိကြမှာပါ။ ဂန္ထဝင်ရုပ်ရှင် LoTR မှာ ဖရိုဒိုရဲ့ဘော်ဒါ ...
movie
Encino Man (1992)
1992
7.0
The Mummy (1999)
IMDb (7/10)....Rotten Tomatoes(56%)ဒီရုပ်ရှင်ဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။မင်းသား Brendan Fraser နဲ့ မင်းသမီးချောလေး Rachel Weisz တို့ကို Mummy ဇာတ်ကားတွေနဲ့ တွဲဖက်မှတ်မိစေတဲ့အထိ သူတို့နှစ်ယောက်အတွဲက လိုက်ဖက်လွန်းခဲ့ပါတယ်။လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချစ်လျှက်နဲ့ မပေါင်းခဲ့ကြရတဲ့ချစ်သူနှစ်ဦး... အီဂျစ်ဘုရင်တို့ရဲ့ ရှေးဟောင်းကျိန်စာများကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်သူ နှစ်ဦးအကြောင်းကိုအစပြုလို့..... ဒီဖက်ခေတ် စာကြည့်တိုက်မှူးမိန်းကလေးတစ်ယောက်နဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာစွန့်စားခန်းများအကြောင်းနဲ့ ရှေးဟောင်းကျိန်စာများနိုးထလာတဲ့အခါ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနောက်ဆက်တွဲပါလာပုံတို့ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ File size…(4.3 GB) /(1.2 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:04:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie
The Mummy (1999)
1999
Paul Blart: Mall Cop(2009)
ဒီ ဇာတ်လမ်းလေးကတော့ ခပ်ဝဝနဲ့ စိတ်ကောင်းရှိတဲ့ ကုန်တိုက်လုံခြုံရေး ပေါလ်ဘလတ် ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ ။ Comedy, Actionအမျိုးအစားဖြစ်ပြီးတော့ မိသားစုနဲ့အတူတူကြည့်လို့ကောင်းမယ့် wholesomeဖြစ်တဲ့ ဇာတ်ကားမျိုးလေးလည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ဘလတ်က ဝက်စ်အောရိန့်ချ် ပါဗီလီယွန်ကုန်တိုက်ရဲ့ လုံခြုံရေးအစောင့်တစ်ယောက်၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ကြိုးစားနေပေမဲ့ သွေးတွင်းသကြားဓာတ်နည်းတဲ့ရောဂါကြောင့် အိပ်မက်က အလှမ်းဝေးနေတယ်။ ပေါလ်ရဲ့ မိခင်နဲ့ ပေါလ်ရဲ့မိတဆိုးသမီးလေးမာရာကတော့ ပေါလ်ကို ဂရုစိုက်ရှာပါတယ်။ ပေါလ်ကို လက်တွဲဖော်လေးတစ်ယောက်လည်း ရစေချင်ကြတယ်။ ပေါလ်မှာလည်း သူလုံခြုံရေးစောင့်တဲ့ ကုန်တိုက်ထဲမှာ ချစ်ရတဲ့crushလေးရှိလာတယ်။ တစ်နေ့ ပေါလ်တို့ရဲ့ ကုန်တိုက်ကို အကြမ်းဖက် လူဆိုးအုပ်စုက ဓားပြတိုက်ဖို့ ဝင်ရောက်စီးနင်းကြတယ်။ အဲဒီအချိန်မှာ ဓားစာခံမိထားတဲ့crushလေးကိုကယ်လိုဇောနဲ့ ပေါလ်တစ်ယောက်က လူဆိုး၈ယောက်ကို တစ်ကိုယ်တော်အစွမ်းနဲ့ တစ်ဆင့်ချင်း ဘယ်လိုဖြုတ်သွားမလဲဆိုတာကိုတော့ Paul Blart Mall Cop ဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလို့ရပါပြီFile size…(1.7GB) / ...
movie
Paul Blart: Mall Cop(2009)
7.0
Mr. Deeds(2002)
Mr. Deeds(2002) အညွှန်း*********************Adam Sandler ဆိုတာ အခြားမင်းသားတွေလို ရူပါ မဖြူးသလိုစွဲမက်ဖွယ် ခပ်ဖြောင့်ဖြောင့် body ရှိသူလည်းမဟုတ်ပါဘူး...သို့ပေမဲ့သူရိုက်တဲ့ romance ,drama တွေဟာ ကျွန်တော်တို့ ရင်ထဲကိုအမျိုးမျိုးသော ရသတွေရောက်ရှိအောင် ပို့ဆောင်နိုင်သူပါ...ဒီဇာတ်ကားလေးဟာ ဒါရိုက်တာ Steven Brill ရိုက်ကူးထားပြီး အားလုံးသိတဲ့မင်းသားကြီး Adam Sandler နဲ့ မင်းသမီး Winona Ryder တို့အပြင် အခြားသောသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဘလိတ်မီဒီယာရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူပရက်စတန်ဘလိတ်ရဲ့သေဆုံးမှုကြောင့် သူ့ရဲ့ကျန်ရှိတဲ့ အမွေပစ္စည်းတွေနဲ့ရှယ်ယာတွေကိုဆက်ခံမယ့်သူလိုက်ရှာရာမှာ လူမသိသူမသိမြို့လေးတစ်ခုမှာနေထိုင်နေတဲ့ ဘလိတ်ရဲ့တူ လောင်းဖဲလိုးဒိစ် (Adam Sandler)ကို သွားတွေ့ပါတော့တယ်။ဒီတော့ ဒိစ်ဟာစာရွက်စာတမ်းကိစ္စတွေနဲ့ နယူးယောက်မြို့ကိုလိုက်လာရင်း ရိုးအေးပြီးကူညီချင်စိတ်အပြည့်ရှိတဲ့ဒိစ်ဟာမီဒီယာတစ်ခုရဲ့သတင်းထောက်ဖြစ်သူ ပန်ဒေါ်ဆန်(Winona Ryder) နဲ့တွေ့ဆုံပြီးဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာကိုတော့... File Size : (3.5GB )(995 MB) and (465 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:36:00 Genre : Comedy ,Romance Subtitle : Myanmar Subtitle (Hard ...
movie
Mr. Deeds(2002)
5.8
The Glass House (2001)
The Glass House (2001)Thriller/MysteryChannel Myanmar ရဲ့ပရိတ်သတ်တွေအတွက်ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ ဒီလိုရုပ်ရှင်မျိုးတွေကို တစ်ဖန်ပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရုံတင်ငွေ 23.6 သန်းအထိရထားတဲ့ဒါရိုက်တာ Daniel Sackheim ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။Daniel Sackheim ဆိုရင် Game of thrones , The Walking Dead ဒီလိုဝက်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ။ ဒီတော့ The Glass House မှာလည်းဘယ်လိုလက်စွမ်းပြထားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦးဗျာ။ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရူဘီဟာ သောက်စား ပျော်ပါးဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။တစ်ရက်တော့ ဘဝဟာ ကံဆိုးမိုးမှောင်ကျပြီး မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရပါတယ်။အဲဒီနောက်တော့ ရူဘီနဲ့ သူ့မောင်လေး ရက်တ်ဟာ သူတို့ရဲ့ အိမ်နီးချင်းဟောင်းဂလပ်စ်တို့ လင်မယားဆီမှာ မွေးစားခံလိုက်ရပါတယ်။ပြီးတော့ ဂလပ်စ်တို့လင်မယားရဲ့ မယ်လ်ဘူက အိမ်ကိုပြောင်းရွေ့ခဲ့ကြတာပေါ့။ဂလပ်စ်တို့မိသားစုက ကြင်နာတတ်ပြီး ငွေကြေးဥစ္စာလည်း ကြွယ်ဝကြပါတယ်။ခိုးကိုးရာမဲ့နေတဲ့ မောင်နှမတွေအတွက်တော့ သူတို့က ဘုရားသခင်လိုပဲပေါ့။ဒါပေမယ့် ...
movie
The Glass House (2001)
2001
6.3
The Librarian: Return to King Solomon’s Mines (2006)
အင်ဒီယာနာဂျုံးတို့ အလန်ကွာတာမိန်းတို့လို မှော်စွန့်စားခရီးသွားဇာတ်ကားတစ်ကားပါပဲဒီဇာတ်ကားကတော့ ဆော်လမွန်သိုက်ဒဏ္ဏာရီကို အခြေတည်ထားပါတယ်...ဖလင်းဟာ အစွမ်းထက်တဲ့ရှေးဟောင်းပစ္စည်းတွေကို မသမာသူတွေလက်ထဲမရောက်အောင် ကာကွယ်ထိန်းသိမ်းပေးတဲ့ စာကြည့်တိုက်မှူးတစ်ယောက်ပါ၊၊ တစ်နေ့သူ့ဆီကို စာလိပ်တစ်စောင်ရောက်လာပါတယ်၊ မကြာခင်မှာပဲ သူ့တိုက်ခန်းကို လူတစ်ယောက်ကဝင်မွှေကာ ခိုးယူသွားခဲ့ပါတယ်။ဒီအကြောင်းကို သူ့အထက်လူကြီး ဂျက်ဆန်ကိုပြောပြရင်းနဲ့ ထိုစာလိပ်ဟာ ဆော်လမွန်သိုက်မြေပုံမှန်း ဖလင်းတစ်ယောက်သိလိုက်ရပါတယ်၊၊ ဆော်လမွန်သိုက်ထဲမှာ ရတနာတွေအပြင် အရမ်းအစွမ်းထက်တဲ့ ဂန္ဘီရစာအုပ်တွေလည်းရှိနေတာမို့ မသမာသူတွေလက်ထဲမရောက်အောင် ဖလင်းတစ်ယောက် အစွမ်းကုန် ကြိုးစားရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။IMDB 6.3 ရထားတဲ့ ကြည့်လို့ကောင်းတဲ့ စိတ်ကူးယဉ်ခရီးသွားစွန့်စားခန်းတစ်ကားဖြစ်လို့ ကြည့်ရသူတွေ အပျင်းပြေမှာ အမှန်ပါပဲ။ File size…(1.5 GB)/(700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:32:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
The Librarian: Return to King Solomon’s Mines (2006)
7.3
The Beast of War (1988)
CM Fan တွေအတွက် တိပ်ခွေခေတ်က ကြည့်ခဲ့ရဖူးတဲ့ Old But Gold စစ်ကား တစ်ကား တင်ဆက်ပေးလိုက်ပါတယ် သမိုင်းကြောင်းအရ အာဖကန်အစိုးရသည် မူဂျာဟစ် သူပုန်တွေကို တိုက်ထုတ်ဖို့ရန် အင်အားမရှိချိန် ဆိုဗီယက်တို့က ကွန်မြူနစ် ကမ္ဘာကြီးတည်ထောင်ရန်ကြိုးပမ်းချိန် အာဖကန်အား ကွန်မြူနစ်အတွင်းသွတ်သွင်းရန်ကြိုးပမ်းပြီး အာဖကန်အစိုးရဘက်မှ မူဂျာဟစ် သူပုန်တွေကို ကူညီတိုက်ခိုက်ပေးခဲ့ရာ နောက်ပိုင်းပြောက်ကျားစစ်ကို အလူးလဲခံရလာပြီး ရွာအလိုက်ရှင်းလင်းရေးတွေလုပ်ဆောင်လာခဲ့ရာ beast ခေါ် သားရဲတင့်ကားကြီးအား မူဂျာဟစ်တို့မှ တိုက်ခိုက်ရန်ကြိုးပမ်းလာရာ သားရဲကြီးပဲ နှိမ်နင်းခံရမလား မူဂျာဟစ်တို့ဘဲ အနိုင်ရမလား အာဖကန်နစ်စတန် ပြည်သူတွေက အများထင်နေကြသလို အရိုင်းအစိုင်းတွေလား သူတို့ရဲ့ ယဉ်ကျေးမှုတွေ အကျင့်စရိုက်တွေ ရုရှားတို့ရဲ့ နိုင်ငံချစ်စိတ်တွေ ကိုယ့်နိုင်ငံကို ကာကွယ်ခြင်းမဟုတ်ဘဲ သူတပါးနိုင်ငံအား ကျုးကျော်စစ်တိုက်ရာ ကြုံတွေ့ပုံများ စစ်မြေပြင်မှာ ဖြစ်တတ်သည့် စစ်ရာဇဝတ်မှုများ စတဲ့ အရာများအားလုံးကို စိတ်ဝင်တစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် Quality - 1080P & 720P WebripSubtitle - BurmeseDuration - 1h 51minFormat - MP4File Size - 1.33 GB & 785.4 MBEncoder ...
movie
The Beast of War (1988)
1988
2.5
Home Alone 4 (2002)
ခရစ်စမတ်ကာလရောက်ရင် ကြည့်ရမယ့်ဇာတ်ကားတွေထဲမှာ Home Alone ဇာတ်ကားတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။Comedy, Family အမျိုးအစားဖြစ်တာကြောင့် နားရက်မှာ မိသားစုနဲ့ အပန်းဖြေဖို့သင့်တော်တဲ့ဇာတ်ကားတွေပါ။Home Alone ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=home+alone မှာဒေါင်းလို့ရပါတယ်။++++++++++++Plot;Kevin McCallister's parents have split up. Now living with his mom, he decides to spend Christmas with his dad at the mansion of his father's rich girlfriend, Natalie. Meanwhile robber Marv Merchants, one of the villains from the first two movies, partners up with a ...
movie
Home Alone 4 (2002)
2002
8.1
Hachi: A Dog’s Tale ( 2009 )
ခွေးကလေး ဟာချီကိုအကြောင်း အားလုံးကြားဖူးမယ်ထင်ပါတယ် 1925 ဂျပန်နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတပုဒ်ပါ ဒါကိုမှီငြိမ်းပြီး ဇာတ်လမ်းပြန်လည် ရိုက်ကူးခဲ့ပါတယ် သစ္စာရှိလှတဲ့ ခွေးကလေး ဟာချီကိုဟာ သူ့သခင်ကိုနေ့တိုင်းနေ့တိုင်း ၉နှစ်ထိတိုင် သူမသေဆုံးခင်ထိ စောင့်မျှော်နေခဲ့တယ်.. သူ့သခင်ကတော့ ဘယ်တော့မှ သူ့ဆီပြန်မလာဘူးဆိုတာတော့ သူသိနိုင်မှာမဟုတ်ပါဘူး ဘာကြောင့်လဲဆိုရင် သူ့သခင် က ဆုံးသွားပြီဖြစ်လို့ပါပဲ ဒီခွေးကလေးကို ဇာတ်ကြောင်း တည်ပီးဘယ်လိုတွေ ရိုက်ကူးတင် ဆက်ထားလဲဆိုတာ ခံစားကြည့်ရအောင် ဘာသာပြန်သူ Ei Pyae ဖြစ်ပါတယ်
movie
Hachi: A Dog’s Tale ( 2009 )
2009
7.1
Stargate (1994)
ကျွန်တော်တို့တွေ အီဂျစ်မှာရှိတဲ့ ပိရမစ်ကြီးတွေ စဖင့်ရုပ်တုတွေအကြောင်းကို အကုန်လုံးကြားဖူးမြင်ဖူးကြမှာပါ။ထူးခြားဆန်းကျယ်တဲ့ တည်ဆောက်မှု့တွေ ဖြစ်သလို အရမ်းကို တိကျလွန်းတဲ့ တစ်လက်မတောင်မလွဲတဲ့ ဗိသုကာစကေးတွေနဲ့ တည်ဆောက်ထားတာတွေကိုတွေ့ရမှာပါ။ ဒီတော့ တစ်ချို့လူတွေ တွေးတာက ဒီလောက် တိကျလွန်းပြီး နက္ခတဗေဒ အရကော သင်္ချာနည်းအရပါ ထူးခြားတိကျလောက်အောင် တည်ဆောက်ထားတာ ရှေးခေတ် အီဂျစ်တွေမဟုတ်နိုင်ဘူး သူတို့ထက် ယဉ်ကျေးမှု့ ပိုမြင့်တဲ့ လူ့အဖွဲ့အစည်းတစ်ခုခု ဖြစ်မယ်ပေါ့ဗျာ။ ဒီဇာတ်ကားမှာလဲ အဲ့အမြင်ကို ချပြသွားပါတယ်။ ဇာတ်လမ်းကို အနည်းငယ်ပြောပြရရင် ၁၉၂၈ ခုနှစ် အီဂျစ်မှာ ရှေးဟောင်းပိရမစ်ကို တူးဖော်ရင်းနဲ့ ထူးဆန်းတဲ့ Device တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ Device ပေါ်မှာ ထူးခြားတဲ့ အရုပ်စာတွေပါပါတယ်။ အဲ့ကတည်းက အဲ့အရုပ်စာကို အဓိပ္ပာယ်ဖော်ခဲ့ကြပါတယ်။ဒါပေမဲ့ မဖော်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ နှစ်တွေ များစွာကြာပြီးတဲ့နောက် အပေါ်က တင်ပြခဲ့တဲ့ အမြင်မျိုးရှိတဲ့ ဒေါက်တာ ဒန်နီရယ်လ်ဂျက်ဆန် ဆိုတဲ့ ပညာရှင်တစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။တစ်ရက်မှာ သူ့အမြင်ကိုတင်ပြဟောပြောပွဲအပြီးမှာပဲ သူ့ကို ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးက ဖိတ်ခေါ်ခဲ့ပါတယ်။သူလည်းအဲ့အမျိုးသမီးဖိတ်ခေါ်တဲ့နေရာကို လိုက်သွားတာပေါ့ အဲ့လို လိုက်သွားမှပဲ သိရတာက အဲ့နေရာဟာ အထူးနိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်ပြီး ၁၉၂၈ ကတွေ့ခဲ့တဲ့ စက်ပစ္စည်းကို ...
movie
Stargate (1994)
1994
6.7
Project Eden: Vol. I (2017)
စစ်ပွဲဆိုတာဟာ အနိဠာရုံတွေနဲ့ ပြည့်နှက်နေတဲ့ မကောင်းမှုရဲ့ အမှတ်အသားတစ်ခု... ဒီစစ်ပွဲကြောင့် ဆုံးရှုံးရတဲ့ အရာတွေအများကြီး ရှိခဲ့ပြီးပြီ... သံယောဇဉ်ကြိုးဘယ်နှချောင်းကိုများ စစ်ပွဲဆိုတဲ့ စေတန်ရဲ့ နောက်လိုက်ကြီးက ဖြတ်ပစ်ပြီးပြီလဲ...အီဗလင်ရဲ့ ခင်ပွန်းဟာ စစ်ပွဲရဲ့ သားကောင်ဖြစ်ခဲ့ရတယ်။ သူတို့သားလေး ကိုယ်ဝန်ရဲ့ ခြောက်လအကြာမှာ သတင်းဆိုးတစ်ခုရောက်လာခြင်းက အစပေါ့။ နောက်မကြာခင်မှာ သူတို့သားလေး မွေးဖွားလာခဲ့ပေမယ့် ကံတရားဟာ ပြုံးပြုံးကြီး ကလူကျီစယ်သွားခဲ့တယ်။ ခင်ပွန်းဆုံးပြီးတဲ့နောက် သားကိုပဲ ပုံချစ်လိုက်ချင်ပေမယ့် သားကလည်း အမျိုးအမည်မသိရတဲ့ ရောဂါဝေဒနာရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နေပြန်တဲ့အခါ... ဒါပေမယ့် အီဗလင်းဟာ သူ့ရဲ့သားကို လက်မလွှတ်ခဲ့ဘူး။ ခြောက်နှစ်အကြာထိ စောင့်ရှောက်ကုသပေးခဲ့တယ်။ မျှော်လင့်ချက်အမျှင်လေးတစ်စလောက်နဲ့ပေါ့။ ဒါပေမယ့်လည်း ဒီမျှော်လင့်ချက်ဟာ သူရဲ့တိုက်ခန်းကို လူတစ်ယောက်ရောက်လာခြင်းနဲ့ အတူ ပိုမို တောက်ပလာတော့တယ်။ဒီရောဂါဝေဒနာဟာ သူရဲ့သားတစ်ယောက်တည်းပဲ မဟုတ်သလို နောက်ကွယ်မှာလည်း ရိုးရိုးသာမန်လူတွေရှိနေတာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကနေ အခုထိ အာဏာတည်တံ့မြဲဖြစ်တဲ့ Freemasons အသင်းတော်ကြီးဆိုတာ သိလိုက်ရတော့တယ်...ဒီကားဟာ Budget ကားတစ်ကားဖြစ်တဲ့အတွက် ...
movie
Project Eden: Vol. I (2017)
2017
5.3
Daredevil (2003)
movie
Daredevil (2003)
2003