Channel Myanmar

Eric Zuckerman

War of the Worlds (2005) 6.5
War of the Worlds (2005) War of the Worlds (2005)IMDb Rating  (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့  Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie

War of the Worlds (2005)

4K HEVC
What Happens in Vegas (2008)
What Happens in Vegas (2008)  ဗီးဂတ်စ်မှာ ဘာဖြစ်ခဲ့သလဲ ဆိုတဲ့ 2008ခုနှစ်ထွက် rom-com ရုပ်ရှင်မှာ မင်းသမီး Cameron Diaz နဲ့ မင်းသား Ashton Kutcher တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။IMDb 6.1/10 ရထားပြီး Box Officeမှာလည်း $219.3 millionရရှိထားလို့ အတော်အသင့်အောင်မြင်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Vegasမှာ တစ်ညလုံးပျော်ပျော်ပါးပါးကဲခဲ့ပြီးနောက်မှာ Jack နဲ့ Joy နဲ့က မူးမူးရူးရူးနဲ့ လက်ထပ်မိခဲ့ကြပါတယ်။ နောက်နေ့မနက် လောင်းကစားစက်မှာ နှစ်ယောက်လုံး ဒေါ်လာ ၃မီလီယံ ပေါက်သွားခဲ့ပြီး ဘာတွေဖြစ်ကြမလဲ ဆက်ကြည့်ရှုရမှာပါ။ မင်းသားနဲ့ မင်းသမီးရဲ့ ဘုနဲ့ဘောက် ဟာသတွေနဲ့အတူ rom-com ချစ်သူတို့ အကြိုက်တွေ့စေမှာပါ။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun 
movie

What Happens in Vegas (2008)

The Bounty Hunter(2010) 5.7
The Bounty Hunter(2010)  ဒီတစ်ခေါက်မှာတော့ အချစ်နဲ့အက်ရှင်ရောစပ်ထားတဲ့ တစ်ကားလုံးခွီနေရမဲ့ Rom-com လေးတစ်ပုဒ်ကိုမိတ်ဆက်ပေးပါရစေ။အဓိကသရုပ်ဆောင်တွေအဖြစ်နဲ့ 300 မင်းသားကြီး Gerard Bulter ၊မင်းသမီးချော Jennifer Aniston တို့ပါဝင်သရုပ်ဆောင်ထားပြီး Jason Sudeikis နဲ့ မင်းသမီးကြီး Christine Baranski တို့ကအားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့မိုင်လိုဟာရဲဝန်ထမ်းဟောင်းတစ်ဉီးဖြစ်ပြီးတော့ မကြာသေးခင်ကမှမိန်းမနဲ့ကွဲပြီးအရက်သောက်ကွဲပြဲကာတပ်ဖွဲ့မှအထုတ်ခံလိုက်ပါတယ်။ထို့ပြင်သူကလောင်းကစားလည်းအတော်လုပ်တတ်တဲ့သူဖြစ်ပြီး ရှုံးကြွေးတွေတင်နေလို့အကြွေးရှင်တွေလိုက်ဖမ်းတာကိုခံနေရပါတယ်။အဲ့လိုနဲ့တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ကြေးစားလူဆိုးဖမ်းပေးတဲ့ကုမ္ပဏီကနေစာချုပ်တစ်ခုကိုရလိုက်ပါတယ်။အဲ့တာကတော့ ယာဉ်ကြောစည်းကမ်းဖျက်မှုမှာ အာမခံရုံးချိန်းကိုရောက်မလာတဲ့ သူ့မိန်းမဟောင်းဖြစ်တဲ့ သတင်းသမားနစ်ကိုးလ်ကိုဖမ်းခေါ်လာခဲ့ဖို့ပါ။အကြွေးထူနေတာတွေကြောင့်ရော လောလောဆယ်ပိုက်ဆံလိုနေတဲ့မိုင်လိုကစာချုပ်ကိုလက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ နစ်ကိုးလ်ဟာသေကြောင်းကြံမှုတစ်ခုအကြောင်းကိုစုံစမ်းရင်း ထိုအမှုဟာရိုးရိုးမတော်တဆမှုမဟုတ်မှန်းသံသယဖြစ်စရာတွေပေါ်လာတဲ့အလျောက် လူသိမများခင်တစ်ဉီးတည်းတစ်ကိုယ်တော်စုံစမ်းနေတာပါ။သူ့ ex လိုက်ဖမ်းတာခံရတဲ့အခါမှာတော့ နှစ်ယောက်သားဖမ်းမိရင်းလွတ်အောင်ပြေးရင်းနဲ့ အလွဲဟာသပေါင်းစုံကိုတွေ့မြင်ရမှာပါ။အမှုနောက်ကိုလိုက်ရင်းကလည်း တဖြည်းဖြည်းဝင်ပါလာမိတဲ့အခါမကျေနပ်တဲ့ဆိုင်ရာသူတွေက နစ်ခ်ကိုသတ်ဖို့ကြိုးပမ်းပါတော့တယ်။အဲ့လိုနဲ့နှစ်ယောက်သားရဲ့ခရီးစဉ်က အသက်အန္တရာယ်ကလွတ်အောင်အတူကြိုးပမ်းကြရတဲ့ဆီကိုရောက်လာပါတော့တယ်။တစ်ဖက်မှာလည်းမိုင်လိုရဲ့အကြွေးရှင်တွေက သူ့ကိုဖမ်းမိဖို့အသည်းအသန်လိုက်လာကြပါတယ်။ထိုဗရုတ်သုတ်ခနှစ်ခုကြား သူတို့အဆက်ဟောင်းနှစ်ဉီးပြဿနာတွေရင်ဆိုင်ရင်း မေတ္တာတွေကျန်ရှိနေကြတုန်းပဲဆိုတာသိလိုက်ရပါတယ်။အန္တရာယ်ကြားက အိမ်ထောင်ရေးကိုပြင်ဆင်ဖို့ဒုတိယအခွင့်အရေးကို ပိုင်နိုင်စွာအသုံးချသွားကြမလားဆိုတာကိုတော့ ဒီကားလေးကိုဆက်လက်ကြည့်ရှုရင်းအဖြေရှာလိုက်ကြပါစို့။ Box office မှာလည်း တော်တော်လေးအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.05 GB/ 806.1 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 50m Genre ..... Action , Comedy ...
movie

The Bounty Hunter(2010)