Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eric Stoltz
6.9
Memphis Belle (1990)
အချိန်အားဖြင့် ဒုတိယကမ္ဘာစစ် ၁၉၄၃ မှာ တည်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတွေ ဒရာမာချိုးတာတွေ သိပ်မပါပေမယ့်လည်း ဟာသနဲ့ ဒရာမာ စစ်ဆင်ရေးနဲ့ မြေပြင်စခန်းက activity တွေကို မျှမျှတတ ရောစပ်ထားတဲ့ စစ်ကားလေးဖြစ်ပါတယ်Memphis Belle ဆိုတဲ့ B17 လေယာဥ်နဲ့အတူ တိုက်လေယာဥ်တပ်စုဟာ ဂျာမနီက လက်နက်စက်ရုံကို ဗုံးကြဲမယ့် စစ်ဆင်ရေးကို လုပ်ကြရမှာပါ မစ်ရှင် ၂၄ ခုအထိ အောင်မြင်ခဲ့ပြီး ၂၅ ခုမြောက်ပြည့်ရင် မှတ်ကျောက်တင်ခံရမယ့်အရေးမို့ စိတ်အားတက်ကြွနေကြပြီး စိုးရိမ်စိတ်လေးတွေကလည်း တွဲလျက်ပေါ့သူတို့ရဲ့ စစ်ဆင်ရေးခရီးစဥ်မှာကြုံတွေ့ရတဲ့ အခက်အခဲ ဘေးဒုက္ခတွေနဲ့အတူ ဝမ်းနည်းစရာတွေကို ဟာသတွေနဲ့ ဖုံးဖိလို့ သမိုင်းတစ်ခေတ်က အဖြစ်အပျက်သေးသေးလေးတစ်ခုကနေ ခံစားချက်မျိုးစုံရနိုင်မဲ့ ရုပ်ရှင်လေးတစ်ကားလို့ ညွှန်းလိုက်ရပါတယ် File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Action, Drama, War Subtitle….Myanmar ...
movie
Memphis Belle (1990)
8.9
Pulp Fiction (1994)
Pulp Fiction (1994) IMDb Rating (8.9) / Rotten Tomatoes (94%) အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီး ရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. ကောင်းဆို ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာက သူ့ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဒီဖက်ခေတ်ရဲ့ လွမ်းမိုးမှုကြီးမားတဲ့ ဒါရိုက်တာ Quentin Tarantino ဖြစ်ပါတယ်... Pulp Fiction (1994) က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကားကနေ သူဟာ နာမည်ကျော်ဒါရိုက်တာဘဝကို စလှမ်းနိုင်ခဲ့တယ် ဆိုရပါမယ်။ .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်... အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်.. တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်....ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့...ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ...
movie
Pulp Fiction (1994)
1994
4K HEVC
7.3
Little Women (1994)
အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie
Little Women (1994)
7.3
Say Anything… (1989)
Say Anything... (1989)~ IMDb - 7.3/10, RT - 98%, Meta - 86% ~Say Anything က Ghostတို့ Titanicတို့ 10 Things I Hate About You တို့လို When Harry Met Sally... တို့လို Classic Romance ကားပဲ။ အနီးစပ်ဆုံးအရသာတူတာကတော့ When Harry Met Sally... နဲ့လို့ ပြောရမယ်။ တစ်နှစ်တည်းထွက်တဲ့ ရိုမန့်ဟာသကားချင်းအတူတူကိုး။ သူ့ဇာတ်ကတော့ အထက်တန်းကျောင်း ကျောင်းဆင်းပွဲနေ့ကနေစတယ်။ ကျောင်းက အရာရာတော်နေတဲ့ ထက်မြက်တဲ့ကျောင်းသူလေးကို သွားကြိုက်မိတဲ့ ပေတေတေနေတဲ့ကောင်လေးတစ်ယောက်က သူအဲဒီကောင်မလေးကို ချစ်မိနေတဲ့အကြောင်း သူ့ဘော်ဒါနှစ်ယောက်ကို ပြောရာကစတယ်။သူ့ဘော်ဒါမတွေကတော့ သူ့ကို မဖြစ်နိုင်တာတွေ မလုပ်နဲ့ ဘာညာ တားကြပေမဲ့ သူကတော့ ရအောင်လိုက်မယ်ဆိုပြီး ...
movie
Say Anything… (1989)
1989
6.5
2 Days in the Valley (1996)
2 Days in the Valley (1996) =================== IMDb Rating - 6.5/10မကြည့်ဖူးဘူးဆိုတာ မရှိရလေအောင် ပရိသတ်ကြီးအတွက် မင်းသမီးချောကြီး Charlize Theron ငယ်ငယ်က ရိုက်ကူးခဲ့တဲ့ Crime/Comedy တစ်ကား တင် ဆက်ပေးလိုက်ရပါတယ်။ စနေနှစ်ခိုင်တွေ ပွတ်ပွတ်ပွတ်တွေ အနည်းငယ် ပါလို့ မိသားစုနဲ့တော့ အတူမကြည့်နဲ့ပေါ့ဗျာ။ဇာတ်လမ်းအသွားအလာကတော့ သူ့ခေတ်သူ့အခါဆန်ဆန် အဖြစ်အပျက်(၂)ခု၊ (၃)ခုကို အဆုံးမှာ ချိတ်ဆက်ထားပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဒုစရိုက်သမားက နှစ်ယောက်၊ ရဲကနှစ်ယောက်၊ ဒီလေးယောက်နဲ့ ဇာတ်လမ်းလာနွယ်မယ့် ကာရိုက်တာတွေ ပါကြသဗျ။ဇာတ်လမ်းကတော့ အိုလံပစ် အားကစားမယ်တစ်ယောက်ရဲ့ ခင်ပွန်းဟောင်းကို ကြေးစားနှစ်ယောက်က သတ်တာနဲ့ အစပျိုးထားပါတယ်။ နောက်တော့ ကြေးစားချင်း သဘောထားကွဲ လူကွဲပြီး ဟိုပြေးဒီပြေးနဲ့ သူ့ဇာတ်ကိုယ့်ဇာတ်တွေ ကွဲကုန်တာပါပဲ။ အထက်မှာပြောခဲ့သလို အဖြစ်အပျက်တစ်ခုမကလို့ သိပ်မစပွိုင်းဘဲကြည့်ခိုင်းလိုက်တာက ပိုအဆင်ပြေမယ်ထင်လို့ ဘွားတော်ကြီးရဲ့ ဆက်စီတွေ မြင်ချင် ကြည့်၊ မမြင်ချင် နေလို့ပဲ ပြောလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.78 GB) / ...
movie
2 Days in the Valley (1996)
1996
7.6
The Butterfly Effect (2004)
The butterfly effectButterfly effect ဆိုတာကတော့အသေးအမွှားလေးပြောင်းလဲလိုက်ရာကနေ ထင်မထားဘဲ ကြီးကြီးမားမားပြောင်းလဲကုန်တာမျိုးပါ။ Evan ဟာငယ်စဉ်တည်းက စိတ်ထိခိုက်စရာ တခုခုကြုံတွေ့ရတိုင်း blackout(မှတ်ဉာဏ်ပျောက်) သွားတတ်ပြီး ဖြစ်ပြီးတော့မှ သတိပြန်လည်လာတတ်ပါတယ်။ဆရာ၀န်တွေနဲ့သူ့အမေကတော့ စိတ်ရောဂါတစ်ခုလို့ထင်ပြီး သူ့မှတ်ဉာဏ်အတွက်အထောက်အကူဖြစ်စေဖို့ နေ့စဉ်မှတ်တမ်းရေးခိုင်းပါတယ်။သူကြီးပြင်းလာချိန်မှာတော့ ငယ်ငယ်ကရေးခဲ့တဲ့နေ့စဉ်မှတ်တမ်းကိုပြန်ဖတ်ရင် သူအရင်ကသတိလစ်နေခဲ့တဲ့အချိန်ကို ပြန်ရောက်သွားတာကို သိလိုက်ရပါတယ်။Evan ဟာအဲဒီအစွမ်းကိုအသုံးချပြီး သူနဲ့သူ့သူငယ်ချင်းတွေ ကြုံခဲ့ရတဲ့အတိတ်က တုန်လှုပ်စရာအဖြစ်အပျက်တွေကိုပြန်ပြင်ဖို့ ကြိုးစားပါတယ်။ဒါပေမယ့် Butterfly effect ဆိုတဲ့အတိုင်း ပြင်လိုက်တဲ့အခေါက်တိုင်းမှာ မလိုလားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာပါတယ်။ Evan တစ်ယောက်သူနဲ့သူချစ်ရသူတွေကို ကယ်တင်နိုင်ဖို့ ဘယ်လောက် စွန့်စားမလဲဆိုတာ ကြည့်ရှုရမှာပါ။Final destination ရုပ်ရှင်တွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Eric Brass နဲ့J Mackye Gruber တို့ရိုက်ကူးထားပြီး Ashton Kutcher,Amy Smart, William Lee Scot တို့ပါဝင်ထားပါတယ်။Time travel ကိုစိတ်၀င်စားသူတွေအတွက် Cult-Classic ကားလေးပါ။ File size…(2.79GB)/(1.54Gb)/(779Mb) Quality….Webrip 1080p / 720p / ...
movie
The Butterfly Effect (2004)
6.9
Rob Roy (1995)
Rob Roy (1995)အင်္ဂလိပ် နန်းတွင်း ကိစ္စရေးရာကိုမှ အခုလို ဆောင်းတွင်းအေးအေးလေးမှာ အချိန်ယူပြီး အေးဆေးကြည့်လို့ရမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။မင်းသားကလည်း နာမည်ကြီး Liam Neeson ဖြစ်ပါတယ်။ ဘုရင်မျိုးနွယ်ဖြစ်ခဲ့ဖူးတဲ့ ရော့ဘ်တစ်ယောက်အခုတော့ နွားကျောင်းသားဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူ့ဂုဏ်သိက္ခာ၊ သူ့မာနနဲ့ ခက်ထန်တဲ့ သူတစ်ယောက်ပေါ့။အင်္ဂလန် မင်းမျိုးကြီးတွေရဲ့ ကောက်ကျစ်မှုတွေ၊ ရှုပ်ထွေးမှုတွေကြားထဲ သူ့မာနနဲ့သူနေနေတဲ့ ရော့ဘ်တစ်ယောက်မှာ ပြဿနာတွေတက်လာတဲ့အခါ... ဇာတ်လမ်းက အေးပေမယ့် စိတ်ဝင်စားစရာကောင်းလွန်းပါတယ်။အတိုက်အခိုက်အရှုပ်အထွေးတွေကြားထဲ ရော့ဘ်တစ်ယောက်ဘယ်လိုရုန်းထွက်မလဲ၊ ရော့ဘ်ရဲ့ မာနတွေ၊ မိသားစုချစ်စိတ်တွေ၊ တာဝန်သိတတ်မှုတွေက အင်္ဂလိပ်မင်းကြီးတွေကို ဘယ်လိုတုန်လှုပ်စေမလဲဆိုတာကိုတော့ ဇာတ်ကားအဆုံးထိ ဆက်ကြည့်ပြီး ရှူစားကြစေချင်ပါတယ်...(ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်)Size - 2.1GB, 1.3GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 19Min Type ...
movie
Rob Roy (1995)
1995
[18+] Fast Times at Ridgemont High (1982)
IMDb Rating (7.2)/Rotten Tomatoes (77%)Simple is beautiful ဆိုတာ ဒါမျိုးပေါ့...ဒီဇာတ်ကားက ဘာ Plot Twist မှ မပါဘဲ တကယ့်ကို ရိုးရိုးလေးတင်ဆက်ထားတာပါ...ဒါပေမယ့် ရိုးလွန်းတဲ့အလှတရားတွေနဲ့ လူ့သဘောလေးတွေကို မြင်နေရတာ သိပ်သဘာဝကျပါတယ်...လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေကို အများကြီးတန်ဖိုးထားပြီး တည်ဆောက်ထားတဲ့အနောက်တိုင်းလူနေမှုဘဝကိုမြင်တွေ့ရတာလဲ အားကျကျေနပ်စရာပါ...ဇာတ်ကားကြည့်နေစဉ်တစ်လျှောက်လုံး မျက်နှာကြီးပြုံးဖြီးနေအောင် ကျေနပ်စွာကြည့်ရှုရမယ့်Teen Comedy Romance Drama ဇာတ်ကားလေးပါ။ဒီဇာတ်ကားထဲမှာ တခြားနာမည်ကြီးတဲ့ ဝိသေသတွေရှိပါသေးတယ်...ကြည့်နေရင်း နောက်ပြန်ရစ်လိုက် ပြန်ကြည့်လိုက်နဲ့Pause လုပ် အခံရဆုံး ဇာတ်ကားတွေထဲကတစ်ကားအဖြစ် နာမည်ကြီးတာပါ။ဒီထဲက မင်းသမီးနှစ်ယောက်လုံးရဲ့ တကယ့်ကို နုပျိုလှပတဲ့အရွယ်မှာ ရိုးရိုးရှင်းရှင်း အကုန်ချပြ ရိုက်ကူးထားတာကိုး။မင်းသားရှောင်ပိန်းလဲပါတယ်..တခြားနာမည်ကြီးတွေလဲပါတယ်..ပါဆို နီကိုလပ်ကေ့ချ်တောင် ဖြတ်လျှောက်ပါသေးတယ်။ဇာတ်လမ်းကိုအနည်းငယ်ပြောရမယ်ဆိုရင်..ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် Stacy ဆိုတဲ့ကောင်မလေးက ချိန်းတွေ့တဲ့နေရာမှာ အတွေ့အကြုံမရှိသူပီပီချိန်းတွေ့တဲ့အတွေ့အကြုံကို အရမ်းခံစားဖူးချင်နေတဲ့သူပါ။ဒါကြောင့် အဲ့ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့ သူငယ်ချင်းရဲ့အကြံပြုချက်အတိုင်းလိုက်နာရင်း၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲသို့ ကျရောက်သွားပါတော့တယ်။အိမ်မှာ အဖေတို့ အမေတို့ ဦးလေးတို့ကငါတို့ခေတ်တုန်းက ...
movie
[18+] Fast Times at Ridgemont High (1982)
5.5
Anaconda (1997)
[Unicode]Anaconda (1997)ဒီဇာတ်လမ်းလေးမှာတော့ အမေဇုန်တောနက်ကြီးထဲမှာရှိတဲ့ အလွန်တွေ့ရခဲတဲ့ ရှီရီရှားမားလူမျိုးစုတွေကို ပထမဆုံးမှတ်တမ်းရုပ်ရှင်ရိုက်နိုင်သူတွေဖြစ်ဖို့ ကြိုးစားနေတဲ့ ပရော်ဖက်ဆာ ကေး တို့အဖွဲ့ဟာလူမျိုးစုကိုရှာဖို့ ခရီးစတင်ချိန်မှာ မထင်မှတ်ပဲ ဒေသခံလူတစ်စုရဲ့ Anaconda ကြီးကို ဖမ်းဖို့အတွက်လုပ်ထားတဲ့ အကွက်ချစီစဉ်မှုကြီးထဲရောက်သွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲကြုံလာတဲ့အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့မလားသူတို့မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ကြိုးစားနေတဲ့ ရှီရီရှားမားလူမျိုးစုတွေနဲ့ရော တွေ့ခွင့်ရပါ့မလားဆိုတာကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်နောက်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ဒီကားထဲမှာ မင်းသမီးအနေနဲ့ပါဝင်ထားတဲ့ မစ်ဖရောရက်စ်က အရမ်း Hot တယ်ဆိုတာပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Aung hein htet ပါ ) [Zawgyi]Anaconda (1997)ဒီဇာတ်လမ်းလေးမှာတော့ အမေဇုန်တောနက်ကြီးထဲမှာရှိတဲ့ အလွန်တွေ့ရခဲတဲ့ ရှီရီရှားမားလူမျိုးစုတွေကို ပထမဆုံးမှတ်တမ်းရုပ်ရှင်ရိုက်နိုင်သူတွေဖြစ်ဖို့ ကြိုးစားနေတဲ့ ပရော်ဖက်ဆာ ကေး တို့အဖွဲ့ဟာလူမျိုးစုကိုရှာဖို့ ခရီးစတင်ချိန်မှာ မထင်မှတ်ပဲ ဒေသခံလူတစ်စုရဲ့ Anaconda ကြီးကို ဖမ်းဖို့အတွက်လုပ်ထားတဲ့ အကွက်ချစီစဉ်မှုကြီးထဲရောက်သွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲကြုံလာတဲ့အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့မလားသူတို့မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ကြိုးစားနေတဲ့ ရှီရီရှားမားလူမျိုးစုတွေနဲ့ရော တွေ့ခွင့်ရပါ့မလားဆိုတာကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်နောက်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ဒီကားထဲမှာ မင်းသမီးအနေနဲ့ပါဝင်ထားတဲ့ ...
movie
Anaconda (1997)
HEVC 1080p 5.1
6.2
Her Smell (2019)
အောင်မြင်ကျော်ကြားနေတဲ့ရော့ခ်အဆိုတော်တစ်ယောက်ရဲ့အခက်အခဲတွေကိုရသအမျိုးမျိုးနဲ့ရိုက်ပြထားတဲ့ကားလေးတစ်ကားပါဘက်ကီဆမ်းသင်းဆိုတဲ့ ရှေးအယူအဆတွေနတ်ဘုရားကိုးကွယ်မှုတွေကိုအယူသည်းနေတဲ့အောင်မြင်နေတဲ့ရော့ခ်အဆိုတော်တစ်ယောက် ပတ်ဝန်းကျင်မှာရှိတဲ့ဆွေမျိုးတွေအဖွဲ့ဝင်တွေနဲ့အမြဲတမ်းပြဿနာဖြစ်နေခဲ့ပြီး နောက်ဆုံးအကုန်လုံးကစွန့်ခွာသွားချိန်မှာ..... အသက်ငယ်ငယ်ကောင်မလေးချောချောလေးတွေနဲ့ဖွဲ့စည်းထားတဲ့ရော့ခ်အဖွဲ့ကသူတို့နေရာကိုဝင်လာချိန်မှာ...သမီးလေးတစ်ယောက်ရှိပေမယ့်လည်းအောင်မြင်ချိန်မှာသူ့ရဲ့အယူသည်းမှုတွေကြောင့်သမီးကိုအနားမှာမထားရဲတဲ့ဘဝနောက်ဆုံးအောင်မြင်မှုဒဏ်ကိုမခံစားနိုင်ဘဲသမီးကိုအရမ်းချစ်လို့အကုန်လုံးကိုစွန့်လွှတ်ပြီးတစ်ယောက်တည်းနေဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာရော... သမီးနဲ့ရောအဆင်ပြေနိုင်မလား...သူအရမ်းမြတ်နိုးတဲ့ရော့ခ်ဂီတကိုရောပြန်လည်ခြေလှမ်းနိုင်မလားဆိုတာ... (ဒီကားထဲမှာအကုန်လုံးနဲ့မစိမ်းတဲ့မော်ဒယ်မင်းသမီးချောလေး ကာရာဒယ်လီဗင်းလဲပါဝင်ပါတယ်) File Size : (1 GB ) & (245 MB)Quality :Web-DL 720pRunning Time :2 hr 14 minFormat : Mp4Genre : Crime , Drama , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Her Smell (2019)
2018
7.3
Jerry Maguire (1996)
Jerry Maguire(1996) IMDb ....7.3 ,,,,Rotten 83% ဒီကားထဲမှာ မင်းသားTom Cruise က Jerry Maguire အမည်နဲ့ အားကစား အေးဂျင့်အဖြစ်သရုပ်ဆောင်ထားတယ် စကားလုံးလှလှတွေကိုအသုံးပြုပြီး အောင်မြင်တဲ့အားကစားသမားတွေနဲ့ အားကစားအသင်းတွေကြားမှာ ငွေကြေး ကစားနေတဲ့သူတစ်ယောက်ပေါ့.အချစ်ဆိုတာကိုလည်း စာရွက်ပေါ်က ဂဏန်းတွေလို တွက်ချက်ပြီး အကျိုးအမြတ်ယူတတ်သူ .....သူဟာနာမည်ကျော်အေးဂျင့်အဖြစ်ကာလတစ်ခုထိနေနိုင်ခဲ့ပေမဲ့ တစ်နေ့တော့ ဘယ်သူမှ သူနဲ့စာချုပ်မချုပ်ချင်လောက်အောင် ဆိုးတဲ့အခြေအနေရောက်သွားတယ်......... ကျွန်တော်တို့ရှင်သန်ရင်း ဘဝတစ်ခုတည်ဆောက်တဲ့အခါမှ အချစ်ရယ် အလုပ်ရယ် ငွေကြေး ရယ် ကြားမှာ ပင်ပန်းနွမ်းနယ်နေတယ်........နှလုံးသားနဲ့ဦးဏှောက် ပေါင်းစပ်မှုကြောင့် စကားတွေပြောတယ် ဟန်အမူအရာတွေပေါ်ပေါက်လာတယ်.... တစ်ချို့သောအလုပ်တွေမှာ ဦးဏှောက်ကရာနှုန်းပြည့်ဆုံးဖြတ်ပေးပေမဲ့ နှလုံးသားကြောင့် ယိမ်းယိုင်ခဲ့တာ ရှိတယ် နှလုံးသားရဲ့ အသိပေးမှုအောက်မှာလည်း ဦးဏှောက်ရဲ့ တစ်ချို့သော တလွဲ မာနတွေ အတ္တတွေကြောင့်ပြိုလဲခဲ့တာရှိတယ်...ကိုယ့်အတွက် တကယ့်ပျော်ရွှင်မှုဆိုတာအဲ့အချိန်ရောက်ရင် လက်တစ်ကမ်းအလိုမှာပဲ လေတစ်ချက်အဝှေ့ခံလိုက်ရတဲ့ အခိုးအငွေ့လေးလိုပဲပျောက်သွားတတ်တယ် ပျော်ရွှင်မှုရဖို့အတွက် အတ္တတွေ မာနတွေကို အချိန်ကိုက် ခဝါချတတ်ဖို့လိုသလို ကိုယ့်နှလုံးသားရဲ့လိုအပ်ချက်အစစ်အမှန်ကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်...ကျွန်တော်ဘာလို့ဒါတွေပြောနေတာလဲဆိုတော့ ဒီကားကိုကြည့်လိုက်ရင်ခင်ဗျားတို့သဘောပေါက်သွားမယ်ထင်တယ် ဒီဇာတ်ကားမှာ တွမ်ခရုဟာ Golden Globe Award for Best Actor ဆုရသွားတယ် ဒါ့အပြင် ရုပ်ရှင်ဆုပေါင်း ဆယ့်တစ်ဆုလည်း ရခဲ့တယ် IMDb Rotten...ကလည်းကောင်းတယ်...ဒီအချက်အလက်တွေအရ ...
movie
Jerry Maguire (1996)
1996