Channel Myanmar

Eric Schanker

Don’t Let Me Stay (2023)
Don’t Let Me Stay (2023)  ဒီတစ်ခါမှာတော့ Don’t Let Me Stay ဆိုတဲ့ 2023 ထွက် horror/thriller ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ အိုဟောင်းနေတဲ့ စံအိမ်ကြီးတွေဟာ ခေတ်အဆက်ဆက်ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ရှင်တွေရဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေပြီး နံရံကအစကြမ်းပြင်အထိ ပြောပြစရာ ပုံပြင်ဟောင်းတွေရှိနေတယ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ် ။ဂျက်ဆင်နဲ့သောမတ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး ကောလိပ်ပြီးသွားတဲ့အခါမှာ သောမတ်ဟာ သူစိတ်ဝင်စားတဲ့ ဗိသုကာလက်ရာတွေလေ့လာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ကနေထွက်သွားခဲ့ပါတယ်။ အဆက်အသွယ်လုံးဝမလုပ်ခဲ့တဲ့ သောမတ်ဟာ နှစ်အနည်းငယ်ကြာမှ မြို့ကိုပြန်ရောက်လာခဲ့ပြီး ဂျက်ဆင်အပြင် ကောလိပ်ကသူငယ်ချင်းတွေဖြစ်ကြတဲ့ ကလိုက်ထ်, ဒါကိုတာ, ဝယ်လ်, ကော်နီ တို့ကို သူဝယ်ထားတဲ့ ရှေးဟောင်းအိမ်ကြီးမှာ ပိတ်ရက်အပန်းဖြေဖို့ဆိုပြီး ဖိတ်ခေါ်လာပါတယ်။ ထူးဆန်းတယ်လို့ ခံစားရပေမယ့် မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းက ဖိတ်ခေါ်လို့သွားခဲ့တဲ့ ဂျက်ဆင်နဲ့သူငယ်ချင်းတစ်သိုက်ဟာ သူတို့ရဲ့ငယ်ငယ်က ဆရာဟောင်းဖြစ်တဲ့ မစ္စတာ ပီတာဆင်အပြင် သောမတ်ရဲ့ညီငယ် ဒန်နီရယ်ပါ အိမ်ကြီးမှ ရောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုနဲ့ဆရာဟောင်းတို့ ...
movie

Don’t Let Me Stay (2023)