Channel Myanmar

Eric Hanson

Adam the First (2024)
Adam the First (2024)  ငယ်ငယ်လေးကတည်းက မွေးစားမိဘတွေနဲ့အတူနေထိုင်လာခဲ့တဲ့ အာဒံဟာ သိချင်စိတ်, စူးစမ်းချင်စိတ်ပြင်းတဲ့ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့မိဘအရင်းတွေကို သိချင်လာပါတော့တယ်။ ငယ်စဉ်ကတည်းက မွေးစားမိဘတွေနဲ့အတူတူ တောထဲမှာပဲ နေခဲ့ပြီးတော့ အတန်းပညာမတတ်ပေမယ့် မွေးစားအဖေဟာ အသက်ရှင်နေထိုင်နိုင်မယ့် နည်းလမ်းများကိုတော့ စုံလင်အောင် သင်ကြားပေးခဲ့ပါတယ်။တရက်မှာတော့ မွေးစားမိဘတွေရဲ့ နေရာကို ရဲတွေရောက်လာရင်း ရုန်းရင်းဆန်ခတ်ဖြစ်ခါ မိဘနှစ်ပါးလုံး သေနတ်နဲ့အပစ်ခံရတာကို မြင်လိုက်ရတဲ့ အာဒံဟာ ထွက်ပြေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဘယ်ကိုသွားရမှန်းမသိတဲ့ အာဒံဟာ သူ့ရဲ့ မိဘအရင်းတွေကို လိုက်ရှာဖို့ ခရီးထွက်လာပါတော့တယ်။ မိဘအရင်းတွေရဲ့အကြောင်းဆိုလို့ သူ့အဖေအရင်းနာမည်ဟာ ဂျေကော့ဘ်ဝါတာဆန်ဆိုတာကလွဲရင် ဘာမှမသိရပါဘူး။အဖေရင်းရှာပုံတော်ဖွင့်ရင်းကနေ အာဒံတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲ ...... နောက်ဆုံးမှာရော အဖေအရင်းနဲ့ တွေ့ခွင့်ရခဲ့မလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(1.4 GB)/(710 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Drama Subtitle….Myanmar ...
movie

Adam the First (2024)

Nefarious (2023)
Nefarious (2023) Nefarious (2023)တကယ်လို့ သင်က Mystery အမျိုးအစားကြိုက်တယ်ဆိုရင်တော့ ဒီကားကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က IMDb rating 6.3 ရရှိထားပေမယ့် Rotten Tomatoes ကတော့ 33% ပဲ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းအရ ကောင်းပေမယ့် တချို့လူတွေ သဘောမတွေ့နိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်နေလို့ပါ။ ရုပ်ရှင်မှာလည်း နာမည်ကြီးမင်းသား မင်းသမီးတွေ မပါဝင်သလို Low budget နဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဲလို ရိုက်ထူးထားတာဆိုပေမယ့်လည်း သူ့အတိုင်းတာနဲ့သူ အောင်မြင်ခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁.၃ သန်း ပြန်မြတ်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားပြည်နယ်မှာ အဆိုးဆုံးကွင်းဆက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ လူသတ်သမား အက်ဝါ့ဒ်ဝိန်းဘရက်ဒီကို လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးဖို့အတွက် ထောင်မှာ သီးသန့်ချုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အပြစ်သားရဲ့ စိတ်အခြေအနေဟာ အရမ်းကို ရူးသွပ်နေတယ်ဆိုရင် ပြည်နယ်ဥပဒေအရ သေဒဏ်ချဖို့ မဖြစ်နိုင်တာကြောင့် သေဒဏ်ချဖို့ကို ရွှေ့ဆိုင်းထားရတာပါ။ သူ့အခြေအနေကို လေ့လာဆန်းစစ်နေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် ...
movie

Nefarious (2023)

Big George Foreman (2023) 6.5
Big George Foreman (2023) Big George Foreman (2023)~ IMDb rating - 6.5/10 ~Muhammad Ali တို့ Joe Frazier တို့နဲ့ ခေတ်ပြိုင် ဂန္ထဝင်မြောက် GOAT ကြီးဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝတစ်လျှောက်ဖြစ်သမျှဇာတ်လမ်းအဖုံဖုံကိုတော့ Biography အဖြစ်နဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆင်းရဲလွန်းလို့မုန့်တစ်ခုတောင် မောင်နှမတွေခွဲဝေစားခဲ့ရတဲ့ဘဝတွေ၊ ဒုစရိုက်တောကြီးထဲကနေမှ လက်ဝှေ့ကြောင့် လမ်းမှားမရောက်ခဲ့တာတွေ၊ ဘာသာရေးနဲ့ George ကြားမှာဖြစ်ခဲ့တဲ့ Inner Conflict တွေစသည်ဖြင့် အတက်အကျတော်တော်မြန်မြန်နဲ့ ရှုထောင့်ရော ရသရောကို တော်တော်စုံတယ်လို့ပဲပြောရမှာဗျ။လက်ဝှေ့သမားဘဝကနား၊ သင်းအုပ်ဆရာသွားလုပ်၊ ဆယ်နှစ်လောက်နားပြီးမှ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတယ်ဆိုတော့လည်း သူ့ဘဝက ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာတော့ တော်တော်တော့ကြည့်ကောင်းသားဗျ။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်မှာ လက်ဝှေ့ထိုးနိုင်သေးတယ်ဆိုတာ သာမန်လူတွေအဖို့ မဖြစ်နိုင်တော့တဲ့အရာပါပဲ။ ဒါကို Foreman ဟာ ကမ္ဘာကြီးကို ၁၉ နှစ်သားမှာတစ်ခါ၊ ...
movie

Big George Foreman (2023)

2023
Running the Bases (2022) 5
Running the Bases (2022) Running the Bases (2022)ငယ်စဉ်ကတည်းက ​ဘေ့စ်​ဘောကစားနည်းကို ဝါသနာကြီးသလို ကစားတာလည်းထူးချွန်တဲ့ ​ဂျော့ရှ်နဲ့လုခ်ဆိုပြီး ညီအစ်ကို၂​ယောက် ရှိရာ ကံမ​ကောင်းစွာပဲ အစ်ကိုဖြစ်သူ ​ဂျော့ရှ်က နှလုံးအားနည်းတဲ့ ​ရောဂါ​ကြောင့် ကွင်းထဲမှာပဲ ရုတ်တရက်​သေသွားသလို ညီဖြစ်သူ လုခ်လည်း အလားတူ​ရောဂါမျိုးဆေးစစ်​တွေ့ရှိခဲ့လို့ ဝါသနာကြီးတဲ့ ​ဘေ့စ်​ဘောကစားခြင်းကို စွန့်လွှတ်လိုက်ရပါတယ်။ဒါ​ပေမဲ့တစ်​နေ့မှာ သူချစ်တဲ့​ဘေ့စ်​ဘော​လောကထဲ တဖန်ပြန်ဝင်ဖို့ လမ်းစရပြီး ​ဘေ့စ်​​​ဘောနည်းပြတစ်ဦးဖြစ်လာကာ ဇာတိမြို့ငယ်ရဲ့ ​ကျောင်းအသင်း​လေးကို ဆုဖလား၉ကြိမ်​ရ​အောင် ဦး​ဆောင်နိုင်သူ ဖြစ်လာပါတယ်။ ဒီလိုနဲ့တက္ကဆက်က ​ကျောင်းကြီးတစ်​ကျောင်းက သူ့ကို နည်းပြလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ ရလာတဲ့အခွင့်အ​​​ရေးကို လက်လွတ်မခံနိုင်ဖို့ လက်ခံလိုက်ပါတယ်။ဇာတိမြို့အသင်းကို ကိုင်တွယ်စဉ်က ဖိအား​​တွေ သိပ်မရှိခဲ့​ပေမယ့် မြို့ကြီးပြကြီးမှာ ​ကျောင်းကြီးတစ်​ကျောင်းရဲ့အသင်းကို ကိုင်တွယ် ရတဲ့အခါ ထင်​သ​လောက်မလွယ်ဘဲ ဘက်​ပေါင်းစုံက​ အခက်အခဲ များစွာ ကြုံလာရတဲ့အခါ လုခ်အ​နေနဲ့ ဘေ့စ်​ဘောချစ်စိတ်တစ်ခုနဲ့ ဘယ်လိုရင်​ဆိုင်​ကျော်ဖြတ်ပြမလဲ။ သူကိုင်တွယ်ရတဲ့ အသင်းကို ​အောင်မြင်​အောင် စွမ်း​ဆောင်​ပေးနိုင်မလား ​စောင့်ကြည့်ရမှာပါ။အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။Genre.....Drama, Family Quality…. 1080p | 720p | 480p File size…2.1GB | 1.1GB ...
movie

Running the Bases (2022)

2022