Channel Myanmar

Ence Bagus

Funny Couple (2024) 6.3
Funny Couple (2024)  Funny Couple (2024) Pasutri Gaje ********************************* သိပ်မကြာသေးခင်ကတင် အသစ်ထွက်ထားတဲ့အင်ဒိုမိသားစုဟာသကားလေးနဲ့မိတ်ဆက်ပေးပါစေ.ဒီကားလေးတော့ နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့Pasutri Gaje ကိုဇာတ်ကားအနေနဲ့အသက်သွင်းထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းပုံစံလေးကတော့ အဒီးမတ်စ်နဲ့ အဒီလီယာဆိုတဲ့ကြင်စဦးဇနီမောင်နှံနှစ်ယောက် တစ်ဦးထံတစ်ဦးကိုချစ်ပြီးချစ်ဇာတ်ကြောင်းတွေကို ရယ်ရမြူးရစေတဲ့ ဇာတ်လမ်းလေးပါဒါပေမယ့် လင်မယားနှစ်ဦးကိုပတ်ဝန်းကျင်က ကလေးယူဖို့အတွက် ဖိအားတွေပေးလာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခါမှာတော့…………….မိသားစု ဟာသကားလေးတင်မဟုတ်ပဲ အင်ဒိုတွေရဲ့ယဉ်ကျေးမှုပတ်ဝန်းကျင်ကိုလည်းတွေ့မြင်ရမှာဖြစ်ပြီးမြန်မာပရိတ်သတ်တွေအကြိုက်ဆုံးပွဲတော်တစ်ခုကိုလည်းဇာတ်ကားထဲမှာတွေ့မြင်ရမှာပါဒီခေတ်ကြီးထဲ အမောပြေစေတဲ့ အချစ်ရေးနဲ့ပတ်သတ်ရင်healing ဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားကြည့်ချင်ရင်တော့ဒီကားလေးကိုမလွတ်တမ်းကြည့်ဖို့ ညွန်းလိုက်ရပါတယ်.. File size…1.74GB / 898MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

Funny Couple (2024)

Father & Son (2023) 6.1
Father & Son (2023) Father & Son (2023)===============အကြောဆွဲပြီး အိပ်ရာပေါ်လဲနေတဲ့ အဖေကိုပြုစုရလို့ 12တန်းကျောင်းသားလေးအီမန်က အမြဲတမ်းကျောင်းမှာနောက်ကျပြီး မြောက်ကြွကြွကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို နေ့တိုင်းခံနေရလေ့ရှိတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အီမန့်အဖေဆုံးသွားပြီး အီမန် အတန်းထဲမှာ သူ့အဖေဆုံးတဲ့စိတ်ကြောင့် စိတ်တိုရာကနေ ဆရာ့ကိုထိုးမိသွားလို့ ကျောင်းနှစ်ပတ် ရပ်နားခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ သူ့အဖေရဲ့ဝိဉာဥ်က အီမန့်ဆီကိုရောက်လာပြီး သူ့သားကို ကောင်မလေးရဖို့၊ ကျောင်းက အနိုင်ကျင့်သမားတွေကို ပြန်တိုက်ဖို့နဲ့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် နောင်တမရှိအောင်ရှင်သန်ဖို့ ဘယ်လိုတွေလမ်းညွှန်သွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:18:00 Genre_Drama, Fantasy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Father & Son (2023)

Pamali: The Corpse Village (2023) 6.4
Pamali: The Corpse Village (2023) Pamali : The Corpse Village [2023) (IMDb 6.8/10)ရွာတစ်ရွာမှာ အမည်မသိပလိပ်ရောဂါဆိုးကြီး ပျံ့နှံ့ကူးစက်နေတဲ့အတွက်ကြောင့် ခရိုင်ရုံးက ကျန်းမာရေးဝန်ထမ်းအချို့ကို စေလွှတ်လိုက်ပါတယ်... ရွာက အခေါင်အဖျားကျတဲ့အပြင် လူဦးရေနည်းပါတဲ့အပြင် မပြင်းထန်လွန်ဘူးလို့ ယူဆတာကြောင့် ဝန်ထမ်း ၃ယောက်ကိုသာ စေလွှတ်လိုက်ပါတယ်... ရွာကို လှေစီးသွားခါနီးမှာ မီလာတို့ ၃ယောက်အပြင် အခြားရွာက သုဘရာဇာ၂ယောက်လည်း ပါလာပါတော့တယ်.... အကြောင်းကတော့ ရွာမှာ လူသေအလောင်းတွေ မတရားစုပုံနေတဲ့အပြင် မြှုပ်ပေးမယ့် သုဘရာဇာကိုယ်တိုင် ရောဂါကူးစက်သွားတာကြောင့်ပဲဖြစ်ပါတယ်... အစမှာတော့ အရာရာက ပုံမှန်လို လည်ပတ်နေပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းထူးဆန်းတဲ့ အရာတွေ ဖြစ်လာပြီးတော့ ညဆိုရင် အစ္စလာမ်ဘာသာအယူအဆရ သေသူကို အဝတ်နဲ့ စည်းနှောင်ထားတဲ့ပုံစံနဲ့ ပိုချွန်းလို့ အမည်ရတဲ့ သရဲရုပ်အလောင်းကောင်တွေက ခြောက်လှန့်လာပါတော့တယ်... ဒီလိုအဖြစ်ဆိုးကြီးက ဘာကြောင့်ဘယ်လိုဖြစ်နေမှန်း မသိပေမယ့် တနေ့ထက်တနေ့ ဆိုးဝါးလာပြီး လူသားတွေပါ ဒုက္ခရောက်တဲ့အထိ ဖြစ်လာပါတော့တယ်... ဇာတ်လမ်းရဲ့ အဆုံးမှာ ဘာတွေဖြစ်ပြီး ဘယ်လိုအလှည့်အပြောင်းတွေ ထိတ်လှန့်ခြောက်ခြားစရာတွေနဲ့ တွေ့ကြုံရမလဲဆိုတာ ကိုယ်တိုင်ရှုစားလိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Pamali: The Corpse Village (2023)

2023
The Haunted Hotel (2023) 5.5
The Haunted Hotel (2023)  cm ပရိသတ်ကြီးကို အင်ဒိုနီးရှား သရဲကားကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကို ဂျာဗားကျွန်းဆွယ်စကားနဲ့"Panggonan Wingit" လို့လည်း ခေါ်ပါတယ်။ဇာတ်ကြောင်းက ရိန်နာနဲ့ ဖေးဆိုတဲ့ ညီအစ်မနှစ်ယောက်ကဖခင် ဆုံးပါးပြီးနောက်မှာ ဟိုတယ်တစ်လုံးကို အမွေရရှိခဲ့ပါတယ်။ ဒီဟိုတယ်ရဲ့ တတိယထပ်မှာအခန်းနံပါတ်မရှိတဲ့ အခန်းတစ်ခန်းရှိနေတာပါ။ဒီဟိုတယ် တတိယထပ်ကို မသွားဖို့ အဖွားဖြစ်သူကပြောထားပေမယ့် ရိန်နာတစ်ယောက် ညဘက်ကြီးငိုကြွေးသံတွေကြားလို့ ဒီအခန်းထဲကို ဝင်လိုက်တဲ့အခါအခန်းထဲမှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့မိန်းကလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ ရိန်နာတို့ ညီအစ်မနှစ်ယောက်ကံကြမ္မာက ဘာတွေ ပြောင်းလဲသွားမလဲ။ဒီကျိန်စာသင့်အခန်းထဲက မိန်းကလေးက ဟိုတယ်နဲ့ဘာတွေပတ်သတ်မှု ရှိနေတာလဲ....။ File size…1.37GB / 665MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 50m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

The Haunted Hotel (2023)

Suzzanna: Kliwon Friday Night (2023) 5.8
Suzzanna: Kliwon Friday Night (2023) Suzzanna Kilwon Friday Night 2023CM ပရိသတ်ကြီးအတွက် ခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ငယ်ငယ်တုန်းက ကြည့်နေကျ မလေးရှားစုန်းဇာတ်ကားတွေလိုမျိုး အောက်လမ်းပညာတွေ စုန်းကဝေတွေအကြောင်း ပါဝင်တဲ့ အင်ဒိုသရဲကားလေးပဲ ဖြစ်ပါတယ်ဆူဇနာနဲ့ ဆူရာဟာအရမ်းချစ်မြတ်နိုးကြတဲ့ စုံတွဲလေးပါ မကြာခင်မှာလက်ထပ်ဖို့လည်း ရည်ရွယ်ထားပြီး စေ့စပ်ပြီးကြပါပြီ ဒါပေမဲ့ ဘဝဆိုတာ ကိုယ်စီမံသလိုဖြစ်မလာပဲ လောင်းကစားမက်တဲ့ ဆူဇနာရဲ့အဖေကြောင့် ဆူဇနာဟာ ရွာသူဌေး ရာဒန်ရဲ့အကြွေးနဲ့သိမ်း မယားငယ်လုပ်ခြင်းကို ခံလိုက်ရပါတော့တယ် ဒါကိုပဲ မယားကြီးဖြစ်သူက မကျေနပ်လို့ အောက်လမ်းနဲ့ပြုစားတဲ့ ဘာတွေဖြစ်လာမလဲ ဆူဇနာကိုဆုံးရှုံးလိုက်ရပေမယ့် အချစ်မပြယ်သေးတဲ့ ဆူရာကရော ဘာတွေဆက်လုပ်မလဲဆိုတာ ရင်နာနာနဲ့ မျက်ရည်လဲဝဲ ကြောက်လဲကြောက်ရင်း ကြည့်ရှုရမှာမို့ ဒီလိုမျိုး ဖျော်ဖြေမှုအသားပေး ငယ်ဘဝအမှတ်တရ စုန်းသရဲကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Drama, Fantasy, Horror Quality…. 1080p | 720p File size… 1.6GB | 841MB Format… mp4 Duration…. 2h 12min Subtitle…. Myanmar ...
movie

Suzzanna: Kliwon Friday Night (2023)

2023
Star Syndrome (2023) 9
Star Syndrome (2023) ဒီတစ်ခေါက်မှာတော့ အင်ဒို Musical ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Jay and the others လို့ခေါ်တဲ့ Malay Rock Pop တီးဝိုင်းကတော့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့ပြီး ဆုတွေလည်း သိမ်းပိုက်နိုင်ခဲ့သူပါ။ သူတို့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Simpang Siur ဆိုတာလည်း အင်ဒိုက လူတိုင်းလိုက်ဆိုခဲ့ကြတဲ့သီချင်းအပါအဝင်ပါပဲ။ Vocalist ဖြစ်တဲ့ ဂျေအက်ဒီအနားယူသွားပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဂျေအက်ဒီတစ်ယောက် single တစ်ပုဒ် နောက်ဆုံးအနေနဲ့ ပြချပြဖို့ ကြိုးစားလာပါတယ်။ ဖြစ်ချင်တော့ လူတွေလည်း သူ့ကိုသိပ်မသိတော့တဲ့အပြင် လူကြီးတစ်ချို့သာ သိကြပြီး ပြင်ပ Unplugged ဆိုင်တွေကလည်း သူ့ကိုမခေါ်ချင်ဖြစ်လာပါတယ်။ အဲတော့ သူ့အနေနဲ့ လူငယ်တွေရဲ့ ခေတ်ရေစီးကြောင်းကို အမိအရလိုက်ရပြီး . တွဲဖက်အဆိုတော် အနေနဲ့ နွန် ဆိုတဲ့ ကောင်မလေးကို သူနဲ့တူတူတွဲဆိုစေပြီး သီချင်းကို ပြီးပြည့်စုံစေခဲ့ပါတယ်။ အဲသီချင်းကို ယခုခေတ်လူငယ်ကြားမှာ ဘယ်လိုခေတ်ထအောင်လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေးပဲ ကြည့်ရှုလိုက်ပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ထားတာကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Star Syndrome (2023)

2023
Di Bawah Umur (2020) 5.5
Di Bawah Umur (2020) Di Bawah Umur [2020](IMDb 5.5/10)အာယိုတို့ ကျောင်းကို ကျောင်းသူအသစ်ကလေးတစ်ယောက် ရောက်လာပါတယ်.. သူ့နာမည်က လာနာတဲ့... လာနာကို အာယို သဘောကျတယ် ဒါပေမဲ့ ခက်တာက လာနာဟာ အာယိုတချိန်က အရမ်းခင်ခဲ့တဲ့ ကယ်ဗင်ရဲ့ ညီမဝမ်းကွဲဖြစ်နေပါတယ်... အာယိုနဲ့ ကယ်ဗင် ခွာပြဲရခြင်းကလည်း အကြောင်းအရင်းသက်သက် ရှိလို့နေပြန်ပါတယ်... ခွာပြဲတာမှ တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင် လုံးထွေးသတ်ပုတ်တဲ့အဆင့်ပါပဲ... တစ်ဖက်မှာလည်း လာနာ ဂျာကာတာကို ကျောင်းပြောင်းလာရခြင်းဟာ သူ့အစ်မ အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိသွားတာကြောင့် သူတို့မိသားစုက လာနာကို ဒီလိုအဖြစ်မျိုးက ကင်းဝေးအောင် အဒေါ်တွေရှိရာ ကယ်ဗင်တို့အိမ်ကို ပို့ထားတာပဲ ဖြစ်ပါတယ်... အထက်ကျောင်းသားကျောင်းသူတွေ ဖြစ်ကြတာမို့ ဇယားရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ လိင်မှုကိစ္စတွေကလည်း လက်တည့်စမ်းကြနဲ့ ကောလဟာလတွေကလည်း ပျံ့လို့နှံ့လို့ပေါ့... ဒီလိုအနေအထားမျိုးမှာ စော်ကြည်ဘဲ အာယိုတစ်ယောက် ရည်းစားမထားဖို့ တားမြစ်ခံထားရတဲ့ လာနာ့အချစ်ကို ဘယ်လိုမျိုး သိမ်းပိုက်မိအောင် ကြိုးစားမလဲ ရှုစားကြရမှာပဲဖြစ်ပါတယ်အညွှန်း န့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

Di Bawah Umur (2020)

2020
Tabu: Mengusik Gerbang Iblis (2019) 5.5
Tabu: Mengusik Gerbang Iblis (2019) Tabu: Mengusik Gerbang Iblis (2019)အခုနောက်ပိုင်းမှာ အင်ဒိုသရဲကားလေးတွေက အတော်လေးလက်စွမ်းပြလာကြတာဆိုတော့ ဒီနေ့မှာလည်း IMDb 5.5ရထားတဲ့ Indo horrorလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရဲကား မိနစ် 90 စာ ကြည့်ရင် 113 ကယ်လိုရီကျစေနိုင်တယ်ဆိုတော့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမလုပ်ဘဲ သရဲကားအဝကြည့်ပါလို့ အကြံပြုရင်း...ဇာတ်လမ်းအစမှာတော့ သရဲကားထုံးစံအတိုင်းပဲ အရာရာကို စူးစမ်းစမ်းသပ်ချင်တဲ့ သူငယ်ချင်းတစ်စုဟာ ပိတ်ရက်တိုင်းမှာ သရဲခြောက်တဲ့နေရာတွေကိုသွားပြီး စပ်စုစိန်လုပ်လေ့ရှိတယ်။ ဒီတစ်ခါမှာတော့ ပုံမှန်နေရာတွေထက်ပိုကြမ်းတဲ့ လျူဝန်ဟီဂျိုဆိုတဲ့နေရာကို ရွေးပြီးတော့ ထုံးစံအတိုင်းပဲ ကားတစ်စီးနဲ့ ထွက်လာကြတာပေါ့။တောနက်ထဲအရောက်မှာ သူငယ်ချင်းတစ်စု အိမ်သာသွားရင်းနဲ့ သူတို့အဖွဲ့ထဲက ဒီယက်ဇ်တစ်ယောက် ရုတ်တရက်ပျောက်သွားပြီးတော့ တောထဲက ဘယ်ကမှန်းမသိတဲ့ စကားမပြောတတ်တဲ့ကလေးတစ်ယောက်ကို ကူရှာခိုင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီယက်ဇ်ကိုတွေ့တဲ့အချိန်မှာ သရဲပူးပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေပေမဲ့ ဒီကလေးကိုမြင်တော့ ထူးထူးဆန်းဆန်း ငြိမ်ကျသွားတာကြောင့် သရဲခြောက်တဲ့တောထဲကနေ ဘယ်ကမှန်းမသိတဲ့ကလေးကိုပါခေါ်ခဲ့ဖို့ မိုက်ရူးရဲစွာနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ...တောထဲကနေထွက်လာပြီး ကိစ္စပြတ်ပြီလို့ထင်နေပေမဲ့ သူတို့ထင်သလောက်မရိုးရှင်းနေတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ တောထဲကနေခေါ်လာတဲ့ကလေးကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ...
movie

Tabu: Mengusik Gerbang Iblis (2019)

2019
Kukira Kau Rumah(2022) 6.0
Kukira Kau Rumah(2022) Kukira Kau Rumah(2022)***********************နာမည်ကျော် တီးဝိုင်း bandတစ်ခုဖြစ်တဲ့Amigdala ရဲ့ Kukira Kau Rumah( I thought You were Home)ဆိုတဲ့ သီချင်းလေးကိုရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါ။ သီချင်းလေးက တကယ်နားထောင်ကောင်းတဲ့ ဆွေးဆွေးအေးအေးလေးဖြစ်သလို ဇာတ်လမ်းကိုလည်း ထိုအတိုင်းပုံဖော်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဇာတ်ဆောင်မင်းသမီးဖြစ်သူဟာ စိတ်မူမမှန်ဝေဒနာကို ခံစားနေရသူပါ။ဒါကြောင့်လည်း ငယ်ကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတွေပဲရှိပြီး အားလုံးက အရိပ်တကြည့်ကြည့်နေလာသူပါ။ မင်းသားကတော့ ဂီတဘက်ကိုစိတ်ဝင်စားပြီး တသီးတသန့်နေတတ်တဲ့ ဂီတာသမားလေးပါ။ သူတို့နှစ်ယောက်ဆုံတွေ့ဖြစ်ပုံကတော့ ရိုးရိုးလေးပါပဲ။ လူငယ်သဘာဝ သူတို့နှစ်ယောက် ခင်မင်သွားကြ ပျော်ပါးကြရင်းနဲ့.....။ ဇာတ်လမ်းက ရိုးရိုးလေးပေမယ့် Acoustic Musicလေးတွေ ကြားစီးမျှောရင်းတွေးချင်ဆွေးချင်သူတွေအတွက်တော့ကွက်တိပါပဲ။ ခံစားကြည့်လိုက်ပါဦး။File Size : (1.1GB) and (528MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:53:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Kukira Kau Rumah(2022)

My Sassy Girl (2023) 7.1
My Sassy Girl (2023) My Sassy Girl (2023)အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ ‌အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ "မိထူးဆန်း" လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ "မ"ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ...
movie

My Sassy Girl (2023)

Keramat 2 Caruban Larang(2022) 6.7
Keramat 2 Caruban Larang(2022) Keramat 2 Caruban Larang(2022)******************************2009 ခုနှစ်ကထွက်ခဲ့တဲ့ကားကို ကြည့်ဖူးတယ်ဆိုရင် ဒီကားက သူ့ရဲ့အဆက်ပါ... ဒီဇာတ်လမ်းမှာ အကမေဂျာက ကျောင်းသူတွေနဲ့ ရုပ်ရှင်မေဂျာက ကျောင်းသားတွေပေါင်းပြီးစာတမ်းတွေနဲ့ ဗီဒီယိုတွေလုပ်ဖို့ Cirebon ဆိုတဲ့မြို့ကို ထွက်ခဲ့ပါတယ်... အဲ့ဒီမြို့မှာ တစ်ချိန်က သိပ်ကိုနာမည်ကြီးလှတဲ့ Mimi Kemuning ဆိုတဲ့အကသမားလေးတစ်ယောက်ရှိခဲ့ပါတယ်..သူဟာ တစ်နေ့မှာ ပြဿနာတစ်ခုတက်ခဲ့ပြီး အကလောကကနေရော Cirebon မြို့ကနေရော အပြီးတိုင်ပျောက်ကွယ်သွားခဲ့ပါတယ်... သူ့ရဲ့ကိစ္စကို အကမေဂျာက ကျောင်းသူလေးတွေက သိချင်တာမို့လို့ လိုက်စပ်စုရင်းကနေဘာတွေဖြစ်ကြမလဲ။ 2009 ခုနှစ်က ထွက်ခဲ့တဲ့ ကားထဲက အဖွဲ့နဲ့ရော ဘယ်နေရာမှာဘယ်လိုတွေ ပြန်တွေ့ကြမလဲဆိုတာကတော့ ... File Size :(1.5GB) and (596MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:34:00 Genre :Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Keramat 2 Caruban Larang(2022)

Ashiap Man (2022) 5
Ashiap Man (2022) Ashiap Man (2022)"ကောင်လေး ရေပို့ပေးပါဦး" "အဆင်သင့်ပဲဗျို့" "ကောင်လေး ခေါင်မိုးလေးပြင်ပေးပါဦး" "အဆင်သင့်ပဲ"လူတွေကိုကူညီဖို့ဆိုရင် အသင့်လူသား(Ashiap Man)က အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ ငယ်ငယ်လေးတည်းက မိဘရဲ့ဆုံးမသွန်သင်မှုကြောင့် လူတကာကိုကူညီတတ်သူ၊ သာမန်လူတစ်ယောက်လို ဉာဏ်ရည်ဉာဏ်သွေးမျိုးမရှိပေမယ့် ကိုယ်ချစ်တဲ့သူတွေကိုတော့ အမြဲတမ်းကာကွယ်ပေးချင်တဲ့သူ၊ လူစွမ်းကောင်းဖြစ်ဖို့ကိုရူးသွပ်ပြီး သူ့ရဲ့အစွမ်းတွေနဲ့ လူတွေကိုကူညီဖို့အမြဲတမ်းအဆင်သင့်ရှိနေသူ အသင့်လူသားတစ်ဖြစ်လည်း ဇူးဟာဆိုရင် ငယ်ရွယ်စဉ်ကတည်း အများအကျိုးကိုသယ်ပိုးဖို့ ဆန္ဒပြင်းပြခဲ့သူပါ။သူကိုယ်တိုင် ဆန္ဒပြင်းပြသလိုပဲ သူ့တစ်ရွာလုံးဟာဆိုရင်လည်း သူ့အပေါ်ယုံကြည်ကိုးစားပြီး ချစ်ခင်ခြင်းကိုခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့သူတို့နေတဲ့ရွာကို မိန်းကလေးတစ်ယောက်ရောက်လာပြီး အဲ့ဒီမိန်းကလေးကို ဇူးတစ်ယောက်သဘောကျမိပါတော့တယ်။ တစ်ဖက်မှာလည်း သူတို့ရွာနေရာမှာ အိမ်ရာစီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ရွာသားတွေကိုဖိအားပေးနှင်ထုတ်ခံရတဲ့အခါမှာတော့ အမြဲတမ်းအဆင်သင့်ရှိခဲ့တဲ့အသင့်လူသား ဘယ်လိုမျိုးရွာကိုကာကွယ်ပေးသွားမလဲ။ဒီမိန်းကလေးရဲ့နောက်ကြောင်းကရော ဘာတွေရှိနေမလဲ?ဇူးတစ်ယောက် လူစွမ်းကောင်းဖြစ်ဖို့ ကြိုးစားပုံတွေ သူ့ရဲ့ရပ်ရွာကို ဘယ်လောက်အထိချစ်တယ်ဆိုတာတွေ သူချစ်တဲ့သူတွေအတွက် ဘယ်လောက်အထိအသင့်ရှိလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးမိသားစုရုပ်ရှင်တစ်ခုအဖြစ် ကြည့်ရှုခံစားရမယ့် အင်ဒိုနီးရှားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က APP ပါ။)File Size          : 1.8GB, 806MB, 422MB Quality      ...
movie

Ashiap Man (2022)

2022
Dilan 1991 (2019) 6.5
Dilan 1991 (2019) Dilan 1991(2019)IMDb~ 6.5/10အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံး အချစ်ဇာတ်လမ်းလို့ ပြောလိုက်ရင် စာရေးဆရာ Pidi Baiq ရဲ့ Dilan စီးရီးက မပါမဖြစ်ပါDilan 1990(2018)၊ Dilan 1991(2019) နဲ့ Milae(2020) ဆိုပြီး ဇာတ်ကား သုံးကား ထွက်ရှိထားပါတယ်အခု တင်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ခဲ့တဲ့ Dilan 1991 ပဲ ဖြစ်ပါတယ် (ကျန်တဲ့ နှစ်ကားကိုလည်း CM မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်)ဒါကတော့ Dilan 1990 (2018) ပါ https://channelmyanmar.to/dilan-1990-2018/ဒါကတော့ Milae (2020) ပါ https://channelmyanmar.to/milea-2020/Dilan 1990(2018) မှာတုန်းက ဒီလန် နဲ့ မီလယ်ရာတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်ချစ်သူတွေဖြစ်ပြီးတဲ့နောက် ပေပေတေတေနေတတ်တဲ့ ဆိုင်ကယ်ဂန်းစတားလေး ဒီလန် နဲ့ ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တဲ့ မီလယ်ရာတို့အကြား ပဋိပက္ခတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာပါတော့တယ်အဲဒီပဋိပက္ခတွေ ကြားထဲမှာ ဒီလန် နဲ့ မီလယ်ရာတို့ ချစ်ခြင်းမေတ္တာကို ဆက်လက် ပုံဖော်နိုင်ပါ့မလားဆိုတာကတော့....အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ...
movie

Dilan 1991 (2019)

2019
Makmum 2 (2021) 5.2
Makmum 2 (2021) Makmum1 ကိုကြည့်ရှုလိုပါက ဒီ Link လေးမှာကြည့်ရှုနိုင်ပါတယ် >>Makmum1(2019) Makmum 2021မှာတော့ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ ရင်နီဟာ အိမ်ထောင်ကျပြီး ဟာဖစ်ဇ် ဆိုတဲ့ ကလေးလေးတစ်ယောက် ပိုင်ဆိုင်ထားပါပြီ အမျိုးသားကတော့ ဆုံးပါးသွားပြီဖြစ်ပြီး ချစ်ရတဲ့သူကို လွမ်းတဲ့စိတ်နဲ့ ပူဆွေးနေတဲ့ ရင်နီတစ်ယောက် ဇာတိရွာလေးက အဒေါ်ကပါ ထပ်မံဆုံးပါးသွားတဲ့အခါ ရင်နီရဲ့ သောကအပူမီးတွေ နှစ်ဆတိုးလာရပါတော့တယ် သားလေးကိုခေါ်ပြီး နာရေးအတွက် ရွာကို ပြန်လာခဲ့ရင်းက ရွာမှာ ဗလီအသစ်ကြီး ဆောက်လုပ်နေတာကို မြင်ခဲ့ရတယ် ရွာကိုရောက်ပြီးတဲ့နောက်မှာတော့ ရင်ရဲ့သား ဟာဖစ်ဇ်ဟာ ကစားနေရင်း ပျောက်ဆုံးသွားပြီး တောအုပ်ကြီးရဲ့ အလယ်မှာ သတိလစ်လျက် ပြန်တွေ့ခဲ့ရတယ် ကလေးတွေ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ခြောက်လှန့်မှုတွေက ပိုပိုဆိုးရွားလာခဲ့သလို ဆောက်လက်စ ဗလီအသစ်ကြီးမှာလည်း ပြဿနာအမျိုးမျိုးတက်ခဲ့ရတယ် အဲဒီလိုနဲ့ ရင်နီဟာ ပြဿနာကို အဖြေရှာဖို့ ကြိုးစားရင်းကနေ ဘယ်လိုမျိုးပုံစံတွေနဲ့ ပူးကပ်ခံရမလဲ ကလေးတွေကို ဘယ်လိုကယ်မလဲ ရွာသားတွေရော ဘယ်လို ခြောက်လှန့်မှုတွေနဲ့ကြုံရမလဲဆိုတာကို မိုးအေးအေးမှာ စောင်လေးခြုံပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် သရဲကားကောင်းလေး နှစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။    File size…1.46GB / 621MB Quality…1080p NF WEB DL AAC5.1CH / ...
movie

Makmum 2 (2021)

2021
The East(2021) 7.0
The East(2021) The East(2021) အညွှန်း*******************IMDb...7.0အင်ဒိုနီးရှားလွတ်လပ်ရေးစစ်ပွဲအတွင်းမှာ ဒုတိယကမ္ဘာစစ်လွန်သူပုန်တွေကို ကိုင်တွယ်နှိမ်နင်းဖို့စေလွှတ်လိုက်တဲ့တပ်ဖွဲ့တစ်ဖွဲ့ထဲမှာ ယိုဟန် ဆိုတဲ့လူငယ်စစ်သားလေးတစ်ယောက်ပါဝင်ခဲ့ပါတယ်။ဘာကိုမှအတွေ့အကြုံမရှိ အစိမ်းသက်သက် ဘဝကနေ မဟုတ်မခံမှန်ရာကိုလုပ်တတ်တဲ့ဉာဉ် အရိုးခံစိတ်ထားတွေကြောင့်"The Turk." လို့အများခေါ်ကြတဲ့ ကပ္ပတိန်က မျက်စိကျပြီး သူ့အနီးကပ်လူယုံတစ်ယောက်ဖြစ်လာခဲ့တဲ့အထိ အဆင့်မြင့်လာခဲ့ပါတယ်။အဲ့ဒါနဲ့အတူတူ စစ်ရဲ့ အနိဌာရုံတွေ၊ အထက်အမိန့်ဆိုတဲ့ ပြန်လှန်မေးခွန်းထုတ်ချင်စရာလုပ်ရပ်တွေနဲ့အတူ တာဝန်နဲ့ အသိစိတ်ကြားမှာ သူဟာ တခြားသူတစ်ယောက်လိုဖြစ်သွားတယ်....ဒီလိုနဲ့ တစ်ခုခုဆိုပြတ်သားလွန်းလှတဲ့ ဟင် ဆိုပြန်လှည့်မကြည့်တတ်တဲ့ တစ်ဇွတ်ထိုးတဇောက်ကန်း သူ့ဆရာ တာကီသားနဲ့ သဘောထားကွဲလွဲလာရင်း သူကိုယ်တိုင်သူပုန်အဖြစ် စာရင်းသွင်းခံလိုက်ရတော့တဲ့အခါမှာတော့..။တွေ့ရခဲတဲ့ အင်ဒိုနီးရှားနိုင်ငံနောက်ခံနဲ့ ဖြစ်ရပ်မှန်သမိုင်းတွေအပေါ်အခြေခံထားတဲ့စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။   File Size :(2.6GB)(1.1GB) and (435MB) Quality : Blu-Ray 720p Format…mp4 Duration…02:17:00 Genre : War , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie

The East(2021)

Suzzanna: Buried Alive (2019) 6.1
Suzzanna: Buried Alive (2019) Suzzanna Buried Alive ဆိုတဲ့ ၂၀၁၈ ထွက် Indo ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။Drama, Thriller အမျိုးအစားဖြစ်ပြီး IMDB Rating ကတော့ 6.5 ရရှိထားပါတယ်။အင်ဒိုနီးရှား တစ္ဆေပုံပြင်တွေထဲမှာပါပါနေတဲ့ Sundel bolong ဆိုတဲ့ ကိုယ်ဝန်ဆောင် သရဲအကြောင်း ဇာတ်လမ်းတစ်ပုဒ်ပါ။ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ကိစ္စနဲ့ ခင်ပွန်းဖြစ်သူ အဝေးရောက်နေချိန်မှာ Suzzanna တစ်ယောက် သူ့အိမ်ကို ဝင်ခိုးတဲ့သူတွေနဲ့ တွေ့မိပြီးဝင်ခိုးတဲ့သူတွေက မတော်တဆ သတ်မိရာက Sundel bolong တစ်ကောင်ဖြစ်လာပြီး သူ့နဲ့ သူ့ရဲ့ကလေးကို အသက်ဆုံးရှုံးစေခဲ့တဲ့သူတွေကို ပြန်ပြီးလက်စားချေတာပါ။သူ့ကိုသတ်မိတဲ့သူတွေကလည်း ပယောဂဆရာတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကိုတားဆီးဖို့ ကြိုးစားကြပါတယ်။Suzzanna ရဲ့ခင်ပွန်းဖြစ်သူလည်း ခရီးကပြန်လာပြီး ဇနီးသည်နဲ့တွေ့တဲ့အခါမှာ အရင်လိုမဟုတ်တော့တဲ့ ဇနီးသည်နဲ့ ဘာတွေဆက်ဖြစ်ကြလဲဆိုတာတော့ ကြည့်လိုက်ပါတော့ဗျာ။ (d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (950 MB) and (450 MB) Quality : NF ...
movie


2019