Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emory Cohen
Rebel Ridge (2024)
နက်ဖလစ်က ထွက်တဲ့ အက်ရှင်ကားအသစ်ပါ။ ဂျက်ရိချာလိုပဲ စစ်ပြန်တစ်ယောက်နဲ့ မြို့ငယ်လေးတစ်ခုက အကျင့်ပျက်နေတဲ့ ရဲစခန်းတစ်ခုလုံး ရင်ဆိုင်ရတဲ့အမျိုးအစားပါပဲ။ ဒါရိုက်တာကလည်း True Detective အပိုင်းတွေ ရိုက်ဖူးတဲ့ Jeremy Saulnier မို့ ဥပဒေပိုင်း ရဲအပိုင်းတွေတော့ ပိုင်ပါတယ်။ RT 98 အထိ ရထားတာဆိုတော့ ဇာတ်လမ်းရောအက်ရှင်ရော ကောင်းတဲ့အထဲမှာပါပါတယ်။ အရမ်းကြီး ကြမ်းထော်နေတာလဲမဟုတ်ဘဲ True Detective လိုပဲ လူသားဆန်ဆန်ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းအကျဉ်းတယ်ရီဆိုတဲ့ စစ်ပြန်ဟာ သူ့ရဲ့ညီဝမ်းကွဲ ဆေးမှုနဲ့ အဖမ်းခံထားရတာကို အာမခံထုတ်ပေးဖို့ ငွေထုပ်ပိုက်ပြီး စက်ဘီးနဲ့ လာတဲ့လမ်းမှာ ရဲကားတစ်စီးက သူ့ကို တိုက်လိုက်တယ်။ ပြီးတော့ သူယူလာတဲ့ငွေတွေကို မသင်္ကာမှုနဲ့ပါ သိမ်းလိုက်တယ်။ သူက အဲဒီငွေတွေကို ပြန်ရဖို့နဲ့ သူ့ညီလွတ်ဖို့လောက်ပဲ ပြန်လိုက်ကြိုးစားပေမဲ့ ပြဿနာတွေက ရှုပ်လာပြီး ရစခန်းတစ်ခုလုံးရဲ့ ခြစားမှုတွေနဲ့ အရှုပ်တော်ပုံတွေထဲကို ကြားညပ်သွားပါတယ်။ သူနဲ့ သူ့ကိုကူညီနေတဲ့ ...
movie
Rebel Ridge (2024)
7.1
The Bikeriders (2024)
Sons of Anarchy စီးရီးကို ကြိုက်တဲ့လူတွေဆိုရင်ဒီမူဗီကို ကြိုက်မယ်လို့ ယုံကြည်ပါတယ်။Motorcycle Club က biker တွေရဲ့ အငွေ့အသက်တွေကိုအလွမ်းသယ်နိုင်မှာဖြစ်ပါတယ်။The Bikeriders မှာတော့ မင်းသားကြီး Tom Hardy,ပျိုမေတို့ အသည်းစွဲ Austin Butler နဲ့ မင်းသမီးJodie Comer တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။Jeff Nichols ရေးသားရိုက်ကူးပြီး Danny Lyons ရဲ့The Bikeriders photo book ကို မှီငြမ်းထားတယ်လို့သိရပါတယ်။ဒီမူဗီမှာတော့ ဗန်ဒယ်ဆိုတဲ့ မော်တော်ဆိုင်ကယ်ကလပ်ကအဖွဲ့သားတွေရဲ့ နေထိုင်ဖြတ်သန်းပုံ ဘဝအစဉ်အဆက်ကြမ်းကြပုံ ရမ်းကြပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။သူ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီဇာတ်ကြောင်းကိုဗန်ဒယ်ကလပ်နဲ့ နီးစပ်ခဲ့သူ အမျိုးသမီးတစ်ဦးက အဖွဲ့ဝင်ဟောင်းတစ်ယောက်ကို ဇာတ်ကြောင်း ပြန်ပြောပြတဲ့ စတိုင်လ်နဲ့အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ရိုက်ကူးပြထားခြင်းပါ။ဇာတ်ကြောင်းကို အင်ထရိုဝင်ပေးနေရင် ဇာတ်ပေါ့သွားနိုင်လို့ဇာတ်လမ်းကိုပဲ အပြေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။အကြိုက်တွေ့စေရမယ်လို့ အာမခံပါတယ်။ File ...
movie
The Bikeriders (2024)
5.5
American Outlaws (2023)
American Outlaws ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာတော့လီဂရေ့စ် ဒေလန်ရိုင်ယန်လို့ခေါ်တဲ့ ဒိုဟာတီမိသားစုဝင် မောင်နှမသုံးယောက်ရဲ့ ဝရမ်းပြေးဘဝကိုအသေးစိတ်ရိုက်ကူးပြသထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။သူတို့မောင်နှမသုံးယောက်ဘယ်လိုဝရမ်းပြေးတွေဖြစ်လာသလဲဆိုတာကိုပြောရရင်ရိုင်ယန်ကခံဝန်နဲ့လွတ်ထားတာမကြာသေးပဲ စောင့်ကြည့်ခံထားရတဲ့အပြင်မှတ်ပုံတင်ပါမရှိတဲ့အတွက် နှစ်ရက်နေရင်အဖမ်းခံရတော့မှာပဲဖြစ်ပါတယ်။သူတို့မောင်နှမသုံးယောက်ကလည်း အရမ်းဆင်းရဲတဲ့အတွက် ကျရာအလုပ်လုပ်ကိုင်နေရတဲ့သူတွေဖြစ်ပါတယ်။ဒီလိုနဲ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ ဒေလန်ကသုံးယောက်သား တခြားနိုင်ငံကိုထွက်ပြေးနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။သူတို့မောင်နှမသုံးယောက်လည်း သေချာစဉ်းစားဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့နယ်စပ်ကိုခိုးဖြတ်ဝင်ဖို့အတွက် သဘောတူခဲ့ကြပါတော့တယ်။ရိုင်ယန်လည်းသူ့ရဲ့မွေးဖွားခါနီးကောင်မလေးကိုထားခဲ့ရပြီး ထွက်လာခဲ့ပါတော့တယ်။ဒါပေမယ့်လမ်းမှာကားကို အရှိန်တင်မောင်းလို့ ရဲကားအလိုက်ခံရတဲ့အချိန်မှာသေနတ်နဲ့ပြန်ပစ်လို့ အမှုပတ်သွားပါတော့တယ်။ဒီလိုနဲ့သူတို့လည်းဆက်ထွက်ပြေးရင်းနဲ့ပိုက်ဆံလိုအပ်လာတဲ့အတွက်ဘဏ်ကိုပါဓားပြဝင်တိုက်ခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်မှုကနေနှစ်မှုဆင့်လာပြီး နောက်မှာတော့ သတင်းတွေထဲမှာရောရေဒီယိုတွေထဲမှာပါနာမည်ကြီးလာတဲ့ ဝရမ်းပြေးတွေဖြစ်လာခဲ့ပါတယ်။တခြားနိုင်ငံကိုကူးဖို့နယ်စပ်တောင်မရောက်သေးပဲ နဲ့ဒီလောက်အမှုတွေကြီးနေတဲ့ ဝရမ်းပြေးမောင်နှမသုံးယောက်ထွက်ပြေးဖို့ဆိုတာဖြစ်နိုင်ဦးပါ့မလား။သူတို့ရဲ့ဝရမ်းပြေးဘဝတွေမှာဘယ်လိုနေထိုင်ရလဲ သူတို့ရဲ့ငယ်ဘဝတွေကရောဘယ်လိုတွေဖြစ်ခဲ့လို့ဒီလောက်ဆိုးသွမ်းနေတဲ့လူတွေဖြစ်ရတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.73 GB / 730 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
American Outlaws (2023)
5.7
Killerman(2019)
Killerman(2019)============= Liam Hemsworthပါဝင်ထားတဲ့ Killermanဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ရတနာကုန်သည်တဖြစ်လည်း ငွေကြေးခဝါချသူလည်းဖြစ်တဲ့ မိုးဒိုင်းမွန်းဟာ သူ့သူငယ်ချင်းစကန့်နဲ့ပေါင်းပြီး ကြေးကြီးတဲ့အလုပ်ကိုလက်ခံထားပါတယ်။ အလုပ်အပ်သူက စကန့်ရဲ့ဦးလေး။အလုပ်မပြီးသေးခင် စကန့်ဦးလေးက ပိုက်ဆံကိုခဏသိမ်းထားပြီး အလုပ်ကိုလည်းဆိုင်းထားဖို့ပြောလာတယ်။အဲဒါကိုစကန့်က လက်ထဲမှာရှိနေတဲ့ သူ့ဦးလေးပိုက်ဆံနဲ့ ဆေးကုန်ကူးဖို့လုပ်တယ်။အရောင်းအဝယ်လုပ်နေတုန်းရဲတွေလာဖမ်းလို့ထွက်ပြေးကြရင်း ကားမတော်တဆမှုဖြစ်ပြီး မိုးကအတိတ်မေ့သွားပါတော့တယ်။အဲဒီကနေစလို့ အရာရာဟာလွဲကုန်ပါတော့တယ်။ File size…1.87GB / 680MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 52m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hmu Khin
movie
Killerman(2019)
7.3
The Place Beyond the Pines(2012)
ဒီတစ်ခါတော့ ပရိသတ်ကြီးကို ၂၀၁၂ခုနှစ်က ကားကောင်းလေးတစ်ကား တင်ဆက်ပေးပါတော့မယ် တကယ့်ကို သရုပ်ဆောင်ထားတာ ရသမြောက်ပြီးတော့ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေထဲမှာ စီးမျောသွားရလောက်အောင်ကို ကောင်းတဲ့ကားကောင်းလေး တစ်ကားပါပဲ IMDP 7.3 အထိရရှိထားပြီး ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း Ryan Goslingရယ် Eva Mendesရယ် Bradley Cooperရယ်ဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ ဇာတ်လမ်းအကျဉ်း လုခ်ဆိုတဲ့ ဆိုင်ကယ်စတန့်မောင်းသမားက သူ့မှာကလေးရှိတာကိုသိသွားတဲ့အခါမှာတော့ ဘာကိုမှဂရုမစိုက်ဘဲ လေလွင့်နေတာကနေ သူ့သားလေးကို စောင့်ရှောက်ဖို့အတွက် သူ့သားလေးရှိတဲ့မြို့မှာပဲ နေမယ်ဆိုပြီး ဆိုင်ကယ်စတန့်မောင်းတဲ့ အလုပ်ကနေထွက်ခဲ့တာပါ အဲဒီမှာပဲ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အဖော်ကောင်းတာနဲ့ ဘဏ်ဓားပြတိုက်ပါလေရော သူ့သားလေးရဲ့ အမေ သူ့ရည်းစားကလည်း သူက လေလွင့်နေတာဆိုတော့ တခြားတစ်ယောက်နဲ့ယူပြီး ဘဝအသစ်တစ်ခုဖြစ်နေခဲ့တာပေါ့ အဲဒီလိုနဲ့ ဓားပြတိုက်ရင်ရလာတဲ့ ငွေလေးနဲ့ သူ့သားအတွက် ပစ္စည်းလေးတွေသွားပို့ရင်း သူ့မိန်းမရဲ့ လက်ရှိယောကျာ်းနဲ့ ရန်ဖြစ်ရာကနေ အဖမ်းခံရပါလေရော အဲဒီလိုနဲ့ သူရဲ့ ဓားပြတိုက်ဖော်တိုက်ဖက် က သူ့ကို ဒေါ်လာ ...
movie
The Place Beyond the Pines(2012)
7.2
Blue Bayou (2021)
Blue Bayou (2021)==============IMDb Rating - 7.2/10၂၀၂၁ ထွက် Drama ကားကောင်းလေးကို cm ပရိတ်သတ်များအတွက် တင်ဆက်ပေးချင်ပါတယ်။အညွှန်း −သူ့နာမည်က အန်တိုနီယိုလဘလန့်စ်။ ငယ်စဥ်ကတည်းက ကိုရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံကိုမွေးစားခံရပြီးရောက်လာရတဲ့သူ။ ဒါပေမဲ့ အခုထိနိုင်ငံသားမဖြစ်သေးပဲ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ(သို့)ဒုက္ခသည်အဖြစ်နဲ့ပဲနေနေရတဲ့သူက ကတ်သီဆိုတဲ့အမျိုးသမီးနဲ့အတူနေပြီး ပျော်ရွှင်တဲ့မိသားစုဘဝကိုကြိုးစားထူထောင်နေတာပေါ့။ ဒါပေမယ့် ကံတရားဆိုတာဟာ အမြဲတမ်းအဆိုးနဲ့အကောင်းဒွန်တွဲနေတတ်တာပဲမဟုတ်လား။ ဒီတော့ ကံစေရာသွားနေရတဲ့ဘဝမှာ ဘလန့်စ်တစ်ယောက်လည်း အဆိုးအကောင်းကိုကြုံတွေ့ရပြီပေါ့။ အဲ့တော့ . . . ဇာတ်လမ်းအကြောင်းအရာကို ပေါ်လွင်စေသွားနိုင်တာမို့ အညွှန်းကိုဒီလောက်ပဲပြောပါစေ .တစ်ခြားဆက်ပြောချင်တာက ဒီဇာတ်ကားထဲက character တွေရဲ့ သရုပ်ဆောင်မှုတွေဟာ ပိရိသေသပ်လှပြီး၊ပျော်ရွှင်ခြင်း . ရယ်မောခြင်းတွေကို အလှည့်ကျရိုက်ပြသွားတာဟာလည်း ဇာတ်လမ်းကို ဟာကွက်မရှိဖြစ်စေပါတယ်။IMDb Rating အနေနဲ့လည်း 7.2/10 ရရှိထားတဲ့ Drama ကားကောင်းလေးမို့ အကုန်လုံးကို ကြည့်စေချင်တဲ့စိတ်နဲ့တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chite Tee မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ ...
movie
Blue Bayou (2021)
2021
6.1
The Gambler (2014)
The Gambler (2014)ဖဲကစားကြမယ်!!! လူအတော်များများ 21 ဖဲကိုဆော့ဖူးကြမှာပါ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဂျင်ဘန်းနက်ဟာ 21 ကစားနည်းတစ်မျိုးကို အဓိကထားပြီး ဆော့တာကို တွေ့ရမှာပါ သူက တက္ကသိုလ်မှာ ရသစာပေသင်ကြားနေတဲ့ဆရာတစ်ဦးအနေနဲ့ဘဝတစ်ခုရှိနေပေမယ့် တစ်ဖက်မှာလည်း မစွန့်လွှတ်နိုင်တဲ့ဝါသနာကြောင့် လောင်းကစားရုံတွေကိုသွားပြီး အချီကြီးလောင်းကြေးထပ်တတ်တဲ့လောင်းကစားသမားအဖြစ် ဘဝတစ်ခုရှိနေပါတယ် မင်းသမီးအဖြစ်ပါဝင်ထားတဲ့ မမမာဗယ်ကတော့ ဆရာ့အတန်းမှာလာတက်တဲ့ ဉာဏ်ကောင်းတဲ့တက္ကသိုလ်ကျောင်းသူလေးပေါ့ ကဲ ဒီထဲမှာ ဂျင်ရဲ့ပြဿနာကဘာလဲဆိုတော့ လောင်းကြေးထပ်လိုက်ရင် ပုံမှန်ကြေးမဟုတ်ပဲ ရှိသမျှပုံအောလောင်းတတ်တဲ့ All or nothingဆိုတဲ့ ဉာဉ်လေးပါပဲ ဒါကြောင့်လည်း ဟို့လူ့ဆီကချေး ဒီလူ့ဆီကချေးနဲ့ နောက်ဆုံးအကြွေးတွေတင်လာတဲ့အခါ.....သူဘာဆက်လုပ်မလဲ??? ချေးမိတဲ့သူတွေကလည်း ဂိုဏ်းစတားတွေဖြစ်နေတဲ့အတွက် သူနဲ့သူ့ဘေးကလူတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်လာတဲ့အခါ.....သူ ဘယ်လိုဖြေရှင်းမလဲ ??? ကျောင်းသူလေး မမမာဗယ်နဲ့ရော .... ???ဒီဇာတ်လမ်းလေးထဲမှာတော့ လောင်းကစားသမားတွေရဲ့ဘဝတွေ၊ မင်းသားရဲ့ စွန့်စွန့်စားစားလောင်းကြေးထပ်တဲ့အခန်းတွေနဲ့ မျှော်လင့်မထားတဲ့လှည့်ကွက်တွေနဲ့ အကြွေးပြန်ဆပ်ဖို့ပိုက်ဆံပြန်ရှာတဲ့ ဂျင်ရဲ့ဉာဏ်ပြေးမှုတွေကို ရင်တထိတ်ထိတ်နဲ့မြင်တွေ့ရမှာပါပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲ ဖြစ်ပါတယ်။Quality__1080p, 720p IMDb ...
movie
The Gambler (2014)
6.4
Hot Summer Nights 2017
၁၉၉၁ ခုနှစ်၀န်းကျင်က နွေကာလတစ်ခုကို အခြေခံရိုက်ကူးထားပြီး ပျိုပျိုမေတို့ အသဲစွဲ Timothee Chalamet ၊ Maika Monroe နဲ့ Alex Roe တို့က အဓိကပါ၀င် သရုပ်ဆောင်ထားပါတယ်။ ဒန်နီရယ်ဟာ အဖေဖြစ်သူဆုံးပြီးနောက်ပိုင်း ဘ၀ကို လေလေလွင့်လွင့်ဖြတ်သန်းနေသူဖြစ်ပါတယ်။ တစ်နေ့သူ့ရဲ့ အမေဖြစ်သူဟာ အဒေါ်ဖြစ်သူနဲ့ နွေရာသီမှာ သွားနေဖို့အတွက် Cape Cod ဆိုတဲ့ Massachusetts ပြည်နယ်က ကမ်းရိုးတန်းဒေသတစ်ခုကို လွှတ်လိုက်ပါတယ်။ အဲ့ဒီဒေသလေးဟာ နွေရာသီဆို ခရီးသွားတွေနဲ့ပြည့်နေပြီး မူးယစ်ဆေးဝါးတွေနဲ့ ပြည့်နက်နေတဲ့ အရပ်ဒေသတစ်ခုပါ။ လူသစ်ဖြစ်တဲ့ ဒန်နီရယ်တစ်ယောက် ဟန်တာ ဆိုတဲ့ လူတစ်ယောက်နဲ့ ပေါင်းမိပြီး မူးယစ်ဆေးလောကထဲကို အခြေချမိသွားပြီး မူးယစ်ဆေးဝါးတွေ ရောင်းတဲ့သူတစ်ယောက်ဖြစ်သွားပါတော့တယ်။ မူးယစ်ဆေးရောင်းရင်း ရေလျှံလာပြီး ပင်လယ်ရေလို သောက်လေငတ်မပြေဖြစ်သွားတဲ့ ဒန်နီရယ်တစ်ယောက် ဘယ်လိုအဖြစ်တွေကြုံရမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားလိုက်ပါ ဒီဇာတ်လမ်းထဲက အဖြစ်အပျက်အများစုဟာ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ ဆဲရေးတိုင်ထွာတဲ့စကားတွေ သွေးထွက်သံယိုတွေပါတဲ့အတွက် Rated R အဖြစ်သတ်မှတ်ထားပါတယ် File size…(1.3 GB) and (700 Mb) Quality….BluRay 1080p and 720p Format…Mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Yoon Sandi Aung
movie
Hot Summer Nights 2017
6.4
Sweetheart (2019)
ဒီကားလေးကတော့ဂျန်ဆိုတဲ့ကောင်မလေးတစ်ယောက်သူငယ်ချင်းတွေနဲ့ခရီးထွက်လာရင်းမုန်တိုင်းမိပြီးကမ်းခြေမှာရှင်သန်ဖို့ကြိုးစားရတဲ့အကြောင်းကိုhorroဆန်ဆန်ရိုက်ကူးထားတာပါသူတစ်ယောက်တည်းရှင်သန်ရတော့မယ်ထင်နေပေမယ့်ရက်အနည်းငယ်အကြာမှာသူ့ကောင်လေးနဲ့သူငယ်ချင်းဖြစ်သူတို့ပါရောက်လာတဲ့အခါ..ညဘက်ဆိုပင်လယ်ထဲကနေတက်လာပြီးကမ်းပေါ်ကစားစရာတွေလာလာဆွဲတဲ့မကောင်းဆိုးဝါးတစ်ကောင်ရှိနေတာကိုပြောပြခဲ့ပေမယ့်မယုံကြတဲ့အခါမှာသူတစ်ယောက်ထဲလွတ်မြောက်ဖို့ဘယ်လိုကြိုးစားမလဲအတူရှိနေတဲ့သူတွေလက်တွေ့အဲဒီမကောင်းဆိုးဝါးကိုမြင်လိုက်ရတဲ့အချိန်ဘာတွေဆက်ဖြစ်မလဲသူတို့လွတ်မြောက်ပါ့မလားဆိုတာကိုသည်းထိတ်ရင်ဖိုကြည့်ရမှာပါ File Size : ( 774 MB , 289 MB)Quality : WEB-DL 720pRunning Time : 1 hr 22 minFormat : Mp4Genre : Horror , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Sweetheart (2019)
2019
6.4
Lords of Chaos (2018)
အခုတစ်ခါ ကျွန်တော်တို့ တင်ဆက်ပေးချင်တာကတော့ မက်တယ်ဟက်တွေ ရော်ကာတွေ လက်မလွှတ်သင့်တဲ့ ၂၀၁၉ ခုနှစ်ထဲထွက်ရှိထားတဲ့\နော်ဝေ Black Metal ဂီတကိုဖန်တီးခဲ့ပြီး Mayhem တီးဝိုင်းကိုလည်း တည်ထောင်ခဲ့တဲ့Euronymous ရဲ့ ဘဝအစိတ်အပိုင်းတစ်ခုကို ရိုက်ပြထားတဲ့ Lords of Chaos ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်…။၁၉၈၇ ခုနှစ် နော်ဝေနိုင်ငံ အော်စ်လိုမြို့မှာ ၁၇ နှစ်အရွယ် နော်ဝေလူငယ်လေးတစ်ယောက်ဟာ Mayhem တီးဝိုင်းကို စတင်တည်ထောင်ခဲ့ပါတယ်..Mayhem တီးဝိုင်းကို အနာဂတ်မှာ(ယနေ့မှာ) နော်ဝေ ဘလက်ခ် မက်တယ် ဂီတကို စတင်ဖန်တီးခဲ့သူတွေထဲက တီးဝိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုထားကြပါတယ်…သူတို့ရဲ့ဂီတတွေဟာ ဘလက်ခ် မက်တယ် ဂီတလောကကို လွှမ်းမိုးမှုတွေ အများအပြားရှိနေပါတယ်…ဒီဇာတ်ကားထဲမှာ သူတို့တွေရဲ့ စိတ်အားထက်သန်မှုတွေ ကစဥ့်ကလျားဖြစ်မှုတွေ သောင်းကျန်းမှုတွေ အကြောင်းကို မျက်ဝါးထင်ထင်မြင်ရမှာဖြစ်ပါတယ်…ရက်စက်တဲ့ လူသတ်မှုတစ်ချို့ ပါဝင်တဲ့အတွက် ၁၈ ပြည့်မှ ကြည့်ကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်….။(သေချာတာကတော့ ကလေးကြိုက်ကားလည်း မဟုတ်ပါဘူး)IMDb ...
movie
Lords of Chaos (2018)
2018
7.5
Brooklyn (2015)
movie
Brooklyn (2015)
7.5
Shot Caller (2017)
ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ်နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင်မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက်တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလိုတစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်းမဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင်လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကိုပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်းမိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ)Quality : Bluray 720p Running Time : 2hr 01minutes Format : Mp4 Genre : Crime, ...
movie
Shot Caller (2017)
2017