Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emma Stone
6.9
Kinds of Kindness (2024)
အမ်မာစတုန်းနဲ့ ဝီလီယံဒဖိုးရဲ့ Poor Things စတိုင် နောက်ထပ်Dark Comedy အသစ်လာပါပြီ။ ဒါရိုက်တာကလည်း Poor Things၊The Favourite နဲ့ The Killing of a Sacred Deer ကိုဖန်တီးခဲ့တဲ့ Yorgos Lanthimos ပါပဲ။သူ့ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ကွယ်က အဓိပ္ပါယ်ကိုတွေးချင်သလိုတွေး၊ ယူဆချင်သလိုယူဆ၊ မတွေးချင်လည်းမေ့ပစ်လိုက်၊ ငါတော့ ငါပြချင်တာ ပြပြီးပြီ ကျန်တာသောက်ဂရုမစိုက်ဘူးဆိုတဲ့ စတိုင်နဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း***************ဒီရုပ်ရှင်က ၂ နာရီ ၄၅ မိနစ်ကြာမြင့်ပြီး အပိုင်း-၃ ပိုင်း တည်ဆောက်ထားပါတယ်။ တစ်ပိုင်းချင်းဆီမှာ ဝက်သာဖက် ဝက်သာဖက်ဆိုပြီးရွတ်ပြီး ကြည့်ရမဲ့ ဇာတ်လမ်းတွေ ပါပါတယ်။အများကြီးလည်းမညွှန်းချင်ပါဘူး ခေါင်းကိုက်လို့ပါ။ပထမပိုင်းမှာ လူတစ်ယောက်ကိုအလုပ်ခန့်ပြီး တစ်ဘဝလုံးစာ စားချိန်၊အိပ်ချိန်၊ အဝတ်အစား၊ နေစရာ၊ မိန်းမယူတာ၊ ကလေးယူမယူ၊လိင်ဆက်ဆံချိန်ကအစ လိုက်ထိန်းချုပ်ထားတဲ့ လူတစ်ယောက်အကြောင်းကိုပြတာပါ။ သူနဲ့ထိန်းချုပ်ခံကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေပေါ့။ဒုတိယပိုင်းက လှေမှောက်ပြီး ...
movie
Kinds of Kindness (2024)
4K HEVC
8.4
(18+) Poor Things (2023)
အော်စကာ အကောင်းဆုံးရုပ်ရှင်ဆု၊ မင်းသမီးဆု၊ ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ နောက်ခံဂီတဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ရိုက်ကွင်းဆု၊ မိတ်ကပ်ဆံပင်ဆု၊ တည်းဖြတ်ဆုတွေ ဆန်ကာတင် ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးပွဲမှာလည်း အကောင်းဆုံး မင်းသမီး၊ မင်းသား၊ ဇာတ်ပို့၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဂီတဆုတွေ ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ Alasdair Gray ရဲ့ ၁၉၉၂ ထုတ် Poor Things စာအုပ်ကို အခြေခံထားတာပါ။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ Emma Stone, Mark Ruffalo, Willem Dafoe, Ramy Youssef, Christopher Abbott, နဲ့ ...
movie
(18+) Poor Things (2023)
4K HEVC
Paper Man (2009)
ဖလင်ပိုစတာမှာ ကိုဒတ်ပူး(Ryan Reynolds)ကို ကြောင်တောင်ကျားဝတ်စုံနဲ့ မြင်လိုက်ရလို့ ဒီကားကို ဟာသကားလို့ မထင်လိုက်ပါနဲ့ အဓိကဇာတ်ကောင်နှစ်ယောက်က အမ်မာကျောက်တုံးလေး Emma Stone နဲ့ Jeff Daniels တို့ဖြစ်ပြီး Deadpool ကတော့ Jeff Daniels ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းအနေနဲ့ပဲ ပါဝင်ထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့Richard ဆိုတဲ့ သက်လတ်ပိုင်း စာရေးဆရာတစ်ယောက်က စာရေးသူတို့ထုံးစံ idea မထွက်ပဲ ဒီပျက်ရှင်ဝင်တဲ့အချိန်ကျရောက်နေပြီး အိမ်ထောင်ရေးလည်း မစိုပြေတော့တဲ့အချိန် မိန်းမဖြစ်သူနဲ့ နှစ်ဦးသဘောတူ ခေတ္တအိမ်ခွဲနေဖို့ ဆိပ်ကမ်းမြို့လေးကို ရောက်လာပါတယ်...ဒီအချိန်မှာပဲ သူ့လိုမျိုး lost soul တစ်ယောက်ဖြစ်တဲ့ ဖော်ရွေပေမယ့် တခါတလေ ဝမ်းနည်းနေတတ်တဲ့ ကောင်မလေး Abby(Emma Stone) နဲ့ သိကျွမ်းခဲ့တယ် ဒီစာကိုဖတ်ပြီး သတ်လတ်ပိုင်းယောကျာ်းနဲ့ ကျောင်းသူအရွယ်မိန်းကလေးတို့ရဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်လမ်းလို့ ထင်နေရင် သင်မှားသွားပါလိမ့်မယ်ဘာလို့ဆို ရိုမန့်တစ် interest ပုံစံဖော်ထားတာမဟုတ်ပဲ Abby ...
movie
Paper Man (2009)
Marmaduke (2010)
Marmaduke (2010) ==================ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိအမျိုးစုံ ဆိုဒ်စုံတွေကို တယုတယမွေးပြီးသားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။ တခါတလေကျ သူတို့စိတ်ထဲငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာသိချင်စိတ်လေးဖြစ်မိကြမှာပါ။ ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ် မာမဒုခ်ဆိုတဲ့ခွေးလေးကအဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီးComputer Animation နဲ့ သူတို့အတွေးတွေစကားပြောတာတွေကို ရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပဲ ခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါအနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။ ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ ဘရိုင်ယန်ဆိုတဲ့သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။မာမဒုခ်ဟာ Great Dane မျိုးနွယ်ဖြစ်တာကြောင့်သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။ တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့မိသားစုကပါ လိုက်ပြောင်းရတော့မှာပါ။ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင်မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျနေတဲ့ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ ရည်းစားဖြစ်တဲ့ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာမာမဒုခ်နဲ့ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာအဆင်ပြေဖို့ကြိုးစားရပုံတွေ၊ မိသားစုအတွင်းရေးပြဿနာတွေကိုဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက်ခွေးချစ်သူတွေသာမက မိသားစုနဲ့ အေးဆေးအနားယူချင်သူတွေDrama ကြိုက်သူတွေပါ သဘောကျမယ့်ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။ File size… 2 GB ...
movie
Marmaduke (2010)
2010
8.1
The Help (2011)
IMDb Rating (8.1)အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ဒီဇာတ်လမ်းကို Kathryn Stockettရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားကာRatingအနေနဲ့ကတော့ 8.1အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။The Shawshank Redemption တို့လို Tom Hanksရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးပါ။ဒီဇာတ်လမ်းလေးကိုတော့ အမေရိကန်ပြည်ထောင်စု Mississippi တိုင်း Jacksonမြို့က၁၉၆၀ခုနှစ်လောက်ကဖြစ်ရပ် အပေါ်အခြေခံထားတဲ့ ဝတ္ထုအပေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။တစ်နည်းပြောရရင် လူဖြူလူမဲခွဲခြားဆက်ဆံတဲ့အချိန်လေးပေါ့။ဒါပေမဲ့ ဇာတ်လမ်းမှာ ပျင်းစရာနိုင်ငံရေးတွေ ကြွေးကြော်သံတွေပါတာမျိုးမရှိပါဘူး။လူတိုင်းကြည့် ထိုက်တဲ့ ဇာတ်ကားကောင်းလို့မြင်ပါတယ်....Review Crd File size…(3.9 GB)/(1.2 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:26:35 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH
movie
The Help (2011)
2011
Irrational Man (2015)
Irrational Man (2015)အချစ်နဲ့အမှန်တရား ယှဉ်ရွေးဖို့လိုလာတဲ့အခါ အချစ်ကို ရွေးချယ်မလား အမှန်တရားကို ရွေးချယ်မလား...မတရားမှုကို တရားသောနည်းလမ်းနဲ့ယှဉ်ဖို့ မဖြစ်နိုင်တဲ့အခါ ကံစီမံရာအတိုင်းလို့ သဘောထားပြီး မတရားမှုကို ငြိမ်ခံမလား ကိုယ်တိုင်က မကောင်းဆိုးဝါးဖြစ်လာပြီး တရားမျှတမှုကို ရယူမလား.. အသိဉာဏ်ကြီးမြင့်သူတစ်ယောက်က ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ ပြီးပြည့်စုံတဲ့ရာဇဝတ်မှုတစ်ခု ဖြစ်လာနိုင်မှာလား....ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Irrational man (2015)ဆိုတဲ့ကားလေးပါ အဓိက သရုပ်ဆောင်တွေကတော့ Joker မင်းသားကြီး Joaquin Phoenix နဲ့ မင်းသမီးချော Emma Stone (La La Land) ပါပဲ..ဇာတ်လမ်းအကျဉ်း အေ့ဘ်က မိန်းမဖြစ်သူ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက် ဘဝကို ဆက်ရှင်သန်ဖို့ အဓိပ္ပါယ်ပျောက်ဆုံးနေတဲ့ ဒဿနိကဗေဒဆရာတစ်ယောက်ပါ.. ကျောင်းပြောင်းရဖို့ ဖြစ်လာပြီး ဘရေလင်းတက္ကသိုလ် ဒဿနိကဗေဒဌာနကို ပြောင်းလာခဲ့ရချိန်မှာပဲ သူ့ဘဝရဲ့ ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေမယ့် ဂျေလ်ဆိုတဲ့ ကျောင်းသူလေးနဲ့ တွေ့ဆုံခဲ့ရပါတော့တယ်... ဂျေလ်က လှပပြီးအသိဉာဏ်ရှိတဲ့ ချစ်သူကောင်လေးက အရမ်းဂရုစိုက်တာကိုခံရတဲ့ ပျော်ရွှင်တက်ကြွတဲ့ ကောင်မလေးပေါ့ .. ပုံမှန်ဘဝကို ဖြတ်သန်းနေရင်းနဲ့ အေ့ဘ် ကျောင်းပြောင်းလာပြီး ဂျေလ်ကို သူ့စာတမ်းနဲ့ ...
movie
Irrational Man (2015)
5.4
Aloha (2015)
Emma Stone နဲ့ Rachel McAdams ကို မြင်တာနဲ့တင် ကြည့်ကြတော့မယ်ဆိုတာ သိပေမယ့် ရီဗျူးလေးတော့ ဖတ်သွားပါဦး ညိုကီတို့ဇာတ်လမ်းကတော့ Romance-Comedy ဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးရယ်ပါပဲ။ အပျင်းပြေ အချစ်ဒဿနတွေ ဖွင့်ရင်း မမတွေရဲ့ အလှကို ခံစားလို့ ကောင်းမယ့်ကားလေးပါပဲ။ဘရိုင်ယန်က စစ်တပ်ကန်ထရိုက်တာ တစ်ယောက်ပါ။ အတိတ်တုန်းက စောင်ပြဿနာတွေ ရှာခဲ့လို့ အော်ပရေးရှင်းအကြောင်းတွေ အခြေခံကစ ထိပ်ဆုံးထိ နားလည်ပါလျက် အလုပ်ပြုတ်ခဲ့ပြီး အခုမှ ဒုတိယ အခွင့်အရေး ထပ်ရသူပေါ့။ ဒီလိုနဲ့ သူ့ရဲ့ မစ်ရှင်အတွက် ဟာဝိုင်အီကို ပြန်ရောက်လာခဲ့တယ်။ ဟာဝိုင်အီမှာ လင်နဲ့သားနဲ့ ဖြစ်နေပြီ ဖြစ်တဲ့ သူ့ရဲ့ ရည်းစားဟောင်း ထရေစီနဲ့ ပြန်ဆုံတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ တွဲဖက်ကောင်မလေး ကပ္ပတိန် အယ်လီဆန် အင်ဆိုတဲ့ ခပ်ချောချော ချာတိတ်မလေးတို့နဲ့ ရေစက်ဆုံလာရာမှာ တာ၀န်တွေနဲ့ အချစ်ရေးကြား ...
movie
Aloha (2015)
8.4
La La Land (2016)
(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။)IMDb - (8/10) / Rotten Tomatoes (91%)၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို ...
movie
La La Land (2016)
2016
4K HEVC
6.7
The Amazing Spider-Man 2 (2014)
ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ...
movie
The Amazing Spider-Man 2 (2014)
2014
4K HEVC
7.0
The Amazing Spider-Man (2012)
ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာSpiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီးသူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီးသုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီးSpidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie
The Amazing Spider-Man (2012)
2012
4K HEVC
6.7
Zombieland: Double Tap (2019)
IMDb (6.7) / Rotten Tomatoes (69%)Zombieland (2009) ထွက်ပြီး ၁၀ နှစ်အကြာမှာ Zombieland 2 အနေနဲ့ ဒီဇာတ်ကားထွက်ရှိခဲ့ပါတယ်..ပထမဇာတ်ကားက သရုပ်ဆောင်တွေပဲ အဓိကပါဝင်ထားပြီး မပျင်းရအောင် ရယ်ရ ကြောက်ရတုန်းပါပဲ...Rating တွေလဲ ကောင်းဆဲဖြစ်ပြီး ဇာတ်လမ်းတည်ဆောက်ထားပုံလဲ လတ်ဆတ်ပါတယ်...Zombie တွေ ဒီကမ္ဘာမှာ တကယ်ရှိလာနိုင်တာမို့ Zombieland ဇာတ်ကားတွေ ကြည့်ထားဖို့ဖိတ်ခေါ်ပါတယ်။ :P File Size : (1.7 GB),(990 MB) Quality : Blu-Ray (1080p 5.1,720p) Running Time : 1hr 39min Format : Mp4 Genre : Adventure, Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Nyeinsaeya ...
movie
Zombieland: Double Tap (2019)
7.6
Zombieland (2009) Zombie Land
IMDb Rating (7.6) / Rotten Tomatoes (89%)အီမာစတုန်းတို့လို နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ခေတ်ကိုသရော်ထားတဲ့ Zombie ဟာသဇာတ်ကားပါ...Rating တွေမြင့်သလို အကောင်းဆုံး Zombie ဇာတ်ကားတွေထဲမှာပါဝင်ပါတယ်...ကိုလမ်ဘတ်(စ်) လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်ဟာသူအသက်ရှင်နေထိုင်နိုင်ဖို့အတွက် သူကိုယ်တိုင်ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုတိတိကျကျ လိုက်နာပြီး Zombie တွေသာကျန်ရှိတော့တဲ့ တိုင်းပြည်မှာ ရှင်သန်နေထိုင်လျှက်ရှိပါတယ်အမေရိကန်ပြည်မှာ ရောဂါပိုး ကူးစက်ခံရတာကနေတစ်ဆင့်လူတွေအားလုံးဟာ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြပါတယ်ဒီအချိန်မှာတော့ လူငယ်လေးကိုလမ်ဘတ်(စ်)တစ်ယောက် သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ ဆက်လက်ရှင်သန်နိုင်ခဲ့ပါတယ်တစ်နေ့မှာတော့ သူ့လိုပဲ အသက်ရှင်ကျန်ရစ်တဲ့ တယ်လာဟေဆီ ဆိုတဲ့ဖုတ်ကောင်တွေသတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးအိုဟိုင်းရိုး ပြည်နယ်ကို ခရီးဆက်ခဲ့ကြပါတယ်ဒီလိုနဲ့ ခရီးဆက်ရင်း သူတို့ဟာ ဈေးဝယ်စင်တာ တစ်ခုမှာလိုအပ်တဲ့ ရိက္ခာတွေ ဖြည့်တင်းရင်းကနေမှ အသက်ရှင်ကျန်ရစ်နေသေးတဲ့ညီအမနှစ်ဦးနဲ့တွေ့ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် အလိမ်ခံခဲ့ရပါတယ်နောက်ပိုင်းမှာတော့ သူတို့၄ ယောက်ပေါင်းမိသွားကြပြီးလိုရာခရီးကို ဆက်သွားခဲ့ကြတယ်နောက်ပိုင်းမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ သူတို့၄ယောက်ဖုတ်ကောင်တွေ မဝင်ရောက်သေးဘူးလို့သူတို့ထင်နေခဲ့ကြတဲ့ပစိဖိတ် ပေးလန်း(ဒ်) ကစားကွင်းကို သွားဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါပေမဲ့ သူတို့ထင်ထားခဲ့သလိုတွေ မဖြစ်လာခဲ့ပဲ ဖုတ်ကောင်မြောက်မြားစွာနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရတာတွေကို ရိုက်ကူးပုံဖော်ထားတဲ့Zombie ...
movie
Zombieland (2009) Zombie Land
7.6
Superbad (2007)
Superbad (2007) IMDB (7.5/10) Rotten Tomatoes (88%) ======================== ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး ဟာသကား မျှော်နေသူတွေအတွက် ကားကောင်းလေးတစ်ကားကို တင်ပေးလိုက်ပါတယ်။ American pie လိုမျိုး ကျောင်းသားလူငယ်ဟာသကားမျိုးဖြစ်ပြီး လူငယ်သဘာဝ အလွဲတွေကို အဓိကအသားပေး ရိုက်ပြထားလို့ ကြည့်ကောင်းတဲ့ ကားလေးပါ။ ဇာတ်လမ်းထဲမှာ ဆက်သ် နဲ့ အီဗန် တို့ဟာ သူတို့သဘောကျနေတဲ့ ကောင်မလေးတွေကို အထင်ကြီးအောင် လုပ်ဖို့အတွက် ပါတီပွဲမှာ လိုတဲ့အရက်တွေဝယ်ဖို့ တာဝန်ယူလိုက်ပါတယ်။ ပြဿနာကတော့ သူတို့က 21 နှစ်မပြည့်သေးပါဘူး။ အမေရိကန်မှာ 21 နှစ်မပြည့်သူကို အရက်ရောင်းခွင့်မရှိတဲ့အတွက် သူတို့လိုနေတဲ့ အရက်တွေကို ဘယ်လိုရအောင် လုပ်ကြမလဲ။ အရက်ဝယ်ဖို့ကို သေရေးရှင်ရေးလို တွေးနေတဲ့ ဆက်သ်ကတော့ ဘာပဲလုပ်ရလုပ်ရလုပ်ဖို့ အသင့်ပါပဲ။ ဒီလိုနဲ့ ငယ်သူငယ်ချင်းနှစ်ယောက် စော်ရဖို့အရေး အရက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။ ဒီကားမှာ သရုပ်ဆောင်တွေအနေနဲ့ Comedy လောကမှာ နာမည်ကြီးတဲ့ Michael Cera နဲ့ ...
movie
Superbad (2007)
HEVC 1080p 5.1
7.1
Cruella 2021
ခရူရယ်လာဆိုတဲ့ ဒစ်စနေးရဲ့ နာမည်ကျော် ဗီလိန်ကြီးလာပါပြီ။ ကျတော်တို့ငယ်ငယ်ကတည်းက ခွေးလေးတွေကို လိုက်ဒုက္ခပေးချင်တဲ့ ဒီမိန်းမကြီးကို မြင်တာနဲ့ မုန်းခဲ့တာပါ။ အခုတော့ သူ့နေရာကို အမ်မာကျောက်တုံးလေးက ဝင်ပြီး သရုပ်ဆောင်လိုက်တော့လည်း မုန်းလို့မရတော့ပါဘူး။ မယ်လီဖီးဆန့် ဂျိုလီကို မုန်းလို့မရသလိုပေါ့။ ဒီ Live action အသစ်ကတော့ အတော်ကောင်းတဲ့အထဲမှာ ပါပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လည်း အဆင်ပြေတယ်။ ခရူရယ်လာဆိုတဲ့ သူဌေးမကြီးဘယ်လိုဖြစ်လာသလဲဆိုတာကို ကောင်းကောင်းပြထားတာပါပဲ။ ရိုက်ထားတာတွေ ဖက်ရှင်တွေကလည်းအတော်ကိုကောင်းပါတယ်။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ခရူရယ်လာ အကြောင်းကို ပြန်ကြည့်ချင်ရင်တော ့ 101 dalmatians နဲ့ 102 dalmatians ဆိုတဲ့ ရုပ်ရှင်နှစ်ကားရှိပါသေးတယ်။ ဒါကိုလည်း တစ်ခါတည်း တင်ထားပေးပါတယ်။ File size…(2 GB) and (1.4 GB) Quality….Webrip 1080p and 720p Format…mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Mr.Andreson
movie
Cruella 2021
6.5
The Interview (2014)
The Interview (2014)#ရုပ်ရှင်မိတ်ဆက်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို သရော်တဲ့ဇာတ်ကားတွေထဲ ဒီကားကတော့ အတော်နာမည်ကြီးပါတယ်။၂၀၁၄ တုန်းက Sony က ပြမယ်ပြောလိုက် မပြဘူးပြောလိုက် လုပ်နေရာက နေ Youtube, Google Play စတဲ့ အွန်လိုင်း Video Hosting တွေကနေ စတင် ငှားရမ်း ပြသရာကနေ ရုံတင်ခဲ့တဲ့ဇာတ်ကားပါ။ဇာတ်လမ်းက James Franco က Talk Show Host တစ်ယောက်ဖြစ်ပြီး Seth Rogen က Producer ဖြစ်ပါတယ်။ သူတို့ရဲ့ Show က အတည်ပေါက် Interview မဟုတ်ပဲနဲ့ ဟာသဆန်ဆန်ဖြစ်နေတာကြောင့် လူတွေလေးစားလောက်မယ့် Interview မျိုးလုပ်ချင်နေပါတယ်။ တစ်နေ့မှာ စာစောင်တစ်ခုက ဆောင်းပါးမှာ Kim Jong-un က သူတို့ Show ရဲ့ ပရိတ်သတ်ဖြစ်တယ်လို့ သိသွားရာကနေ Interview ...
movie
The Interview (2014)
7.1
The Croods: A New Age
The Croods: A New Age (2020) ဂိုင်းဆိုတဲ့တစ်ကောင်ကြွက်လေးတစ်ယောက် မိဘတေွကွယ်လွန်ခါနီးမှာခဲ့တဲ့ "မနက်ဖြန်"ဆိုတဲ့နေရာလေးကို ရှာဖွေရင်း တစ်နေ့မှာ ဂူတေွထဲနေထိုင်ကျက်စားကြတဲ့ ခရုစ်စ်မိသားစုနဲ့တွေ့ပြီး ရင်းနှီးသွားပြီး ခရုစ်မိသားစုရဲ့သမီးပျိုလေး အိနဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒီလိုနဲ့ ခရုစ်မိသားစုဟာလည်း ဒီဂူတွေထက်ပိုကောင်းပြီး အစာရေစာပေါများတဲ့ "မနက်ဖြန်"ဆိုတဲ့နေရာလေးကို ဂိုင်းနဲ့တူတူ ရှာပုံတော်ထွက်ခဲ့ကြပါတော့တယ် ဒီလိုနဲ့ခရီးဆက်ရင်း နတ်ပြည္ကြီးလိုလှပပြီး အစာရေစာလည်းပေါများတဲ့ နေရာလေးတစ်ခုကိုရောက်သွားတဲ့အခါမှာ အဲဒီနေရာလေးက ဂိုင်းမိဘတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ ဘတ်တားမန်းမိသားစုရဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာ ဘတ်တားမန်းမိသားစုရဲ့သမီးပျိုလေး ဒေါန်ကလည်း ဂိုင်းရဲ့အခင်ဆုံးငယ်သူငယ်ချင်းဖြစ်နေတဲ့အခါမှာ မိသားစုရဲ့နှစ်စုရဲ့ မတူညီတဲ့ယဥ်ကျေးမှုတွေကနေ ဘယ်လိုပဋိပက္ခလေးတွေဖြစ်လာမလဲ တောရိုင်းတိရစ္ဆာန်ရဲ့အန္တရာယ်တွေကနေရော ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမှာလဲဆိုတာကို မိဘမေတ္တာ၊ သူငယ်ချင်းသံယောဇဥ်လေးတွေကိုပါ ထည့်သွင်းပုံဖော်ထားတဲ့ ဒီ comedy-adventure animation movie လေးမှာ ခံစားကြည့်ရှုလိုက်ကြပါဦး File Size - 2.2GB, 1GB Quality - 1080P HEVC, 720P Subtitle - Myanamr (Hardsub) Genre - Comedy, Adventure, Animation Translator - August, Jerrica, MTA Encoder - ...
movie
The Croods: A New Age
2020
7.2
The Croods (2013)
Croods 2 ထွက်တော့မှာဆိုတော့ Croods ကို ပြန်နွေးတဲ့ အနေနဲ့ ကြည့်မိတယ် ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးက သူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေက ကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီး သမီးလေး အိဗ်တောင် အရွယ်ရောက်ခဲ့ပြီပေါ့... ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသား ကောင်လေး တစ်ယောက်က ပေါက်ချလာပြီး ကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီး မီးကို စတင် ဖန်တီးပြတော့တာပဲ ဂိုင်း က သူတို့ နဲ့ မတူတဲ့ အချက် ရှိတယ် သူက မကြောက်တက်သလို တီထွင်ဖန်တီးတက်တယ် ဂရုစ် တို့ အုပ်စု ကြ တစ်ခုခုဆို ဂူထဲ ပဲ ပြေးအောင်းတက်ကြတာ ဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစု က ဂိုင်း ရဲ့ လမ်းပြမှုနဲ့ ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို စတင် ထွက်ကြတော့တာပဲ ဒီဇတ်လမ်းမှာ ဘာတွေ တွေ့ရလဲ ဆိုတော့ မိသားစု စိတ်ဓါတ်ရယ် အဖေတစ်ယောက် ရဲ့ စိုးရိမ်မှုတွေ ပူပန်မှုတွေ အပြင် အသက်ရှင်နေထိုင်ဖို့ ...
movie
The Croods (2013)
2013
7.8
The Favourite (2018)
Director- Yorgos Lanthimos ရိုက်ကူးပုံဖော်ထားပြီးမင်းသမီး Olivia Colman, Emma Stone, Rachel Weisz တို့အပြိုင်သရုပ်ဆောင်ထားတဲ့ ၁၈ ရာစုခေတ်အင်္ဂလန်ရာဇဝင်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။IMDb ration 7.7, Rotten Tomatoes 93% rating ရထားပြီး ၉၁ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ မင်းသမီး ၃ ယောက်လုံးAcademy Nomiation ဝင်ခဲ့ပြီး ဇာတ်လမ်း၊ဇာတ်ညွှန်းဒါရိုက်တာ ဓါတ်ပုံ အဝတ်အစားဒီဇိုင်း စတာတွေအတွက်Nomination ဆု (၁၀) ခုထိ ဝင်ထားပြီး Best Actress ဆုကိုမင်းသမီးကြီး Olivia Colman က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကလေးကတော့ ၁၈ ရာစုခေတ်မှာအင်္ဂလန်နဲ့ ပြင်သစ်က စစ်ပွဲတွေ ဆင်နွဲနေတဲ့အချိန်ပါ။မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးမရှိတဲ့ ဘုရင်မကြီး အန်းနီကတော့အင်္ဂလန်ထီးနန်းကို ဆက်ခံနေပြီး သူ့ငယ်သူငယ်ချင်း ဆာရာကအကြံပေးတဲ့အတိုင်း တိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။ဘုရင်မကြီး အန်းနီက အာဏာရှိပေမယ့် ရိုးအပြီးပညာမဲ့ထုံထိုင်းတဲ့သူမို့ ...
movie
The Favourite (2018)
2018
Friends with Benefits (2011)
မင်းသားကတော့ နာမည်ကျော် အဆိုတော် ဂျက်စတင်တင်းဘားလိတ်...မင်းသမီးက နာမည်ကြီးမော်ဒယ်သရုပ်ဆောင် မီလာကူးနစ်....မင်းသားရော မင်းသမီးရောက အချစ်ရေးမှာ မျှော်လင့်ချက်တွေအကြီးကြီး ထားမိပြီး အဲ့ဒီ့မျှော်လင့်ချက်တွေ အလွယ်တကူကွဲအက်သွားတာကို မချိမဆန့်ခံနေရသူတွေပါ။တစ်နေ့မှာ သူတို့နှစ်ယောက် အလုပ်ကိစ္စတစ်ခုကြောင့် ထိပ်တိုက်တွေ့ဆုံ ခင်မင်လာရာကနေ....အချစ်ဆိုရင် ကြောက်နေမိတဲ့ သူတို့နှစ်ယောက် အချစ်မပါတဲ့ တွယ်ညှိမှုတွေကို ဘယ်လိုတည်ဆောက်မလဲ....Friends with Benefits ဆိုတဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက် Just Sex ယုံကလွဲပြီး သူငယ်ချင်းလို နေကြတာဟာ အဆင်ချောမွေ့ပါ့မလားဆိုတာ....။IMDb Rating (6.6) ရရှိထားတဲ့ Romance/Comedy ဇာတ်ကားလေးကို ကြည့်ရှုခံစားပေးပါဦး။(သူငယ်ချင်းလိုကနေ Just Sex ယုံပဲ..ကျန်တာဘာအကန့်မှ မရှိဘူးဆိုတဲ့ Relationship ကြီးကတော့ အဆန်းကြီးနော်...အဲ့လို RS ကို အားကျနေမိရင် ကိုယ့်သူငယ်ချင်းတွေကိုလဲ Friends with Benefits မလားလို့ လိုက်မေးကြည့်လေ...:P) File size…(999 MB) Quality…BluRay Rip 720p Format…mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
7.0
Battle of the Sexes (2017)
ဒီကားကတော့ ၂၀၁၇ခုနှစ်ထွက်Biography/Comedy-Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဒီကားလေးဟာ ၁၉၇၃ခုနှစ် အမေရိကန်ပြည်ထောင်စုတွင် ဟိုးလေးတကျော်ဖြစ်ကာ ပြောစမှတ်တွင်ရလောက်တဲ့အထိ ဖြစ်ပွားခဲ့တဲ့ တင်းနစ်ပြိုင်ပွဲအကြောင်းပါပဲ။ဒီတင်းနစ်ပြိုင်ပွဲဟာ သာမန်ပြိုင်ပွဲတွေနဲ့မတူပါဘူး။ထိုခေတ်ကာလတွင်း အမျိုးသမီးတင်းနစ်ကစားသမားများဟာ အမျိုးသားများနှင့် တန်းတူရပိုင်ခွင့်တွေ ခံစားခွင့်မရကြပါဘူး။ဒါကြောင့် ကမ္ဘာ့နံပါတ်တစ် အကောင်းဆုံးအမျိုးသမီးတင်းနစ်ကစားသမားဖြစ်တဲ့ ဘီလီဂျင်းကင်းဟာ အဲဒီအတွက်ကနေဦး တောင်းဆိုဆန္ဒပြခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ယောက်ဖြစ်လာပါတယ်။အဲဒီကနေစပြီး အမျိုးသမီးများ အမျိုးသားများနှင့်တန်းတူညီမျှအခွင့်အရေးခံစားခွင့်ရှိခြင်း၊ လိင်တူရပိုင်ခွင့်များနှင့် လူ့အခွင့်အရေးဆိုတာတွေ ဆက်လက်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်း ဘီလီဂျင်းကင်းကိုပါရမီဖြည့်ပေးရှာသည့်သူကတော့ ဘော်ဘီရစ်ခ်ျဆိုတဲ့ နာမည်ကျော်တင်းနစ်ကစားသမားတစ်ယောက်ပါ။သူ့ရဲ့ဝါသနာက လောင်းကစားလုပ်ခြင်းပါပဲ။အခွင့်အရေးတွေကိုချောင်းနေတဲ့ဘော်ဘီတစ်ယောက် ဘီလီကင်းကိုမျက်စိကျသွားပါတော့တယ်။သူ့ရဲ့အတိတ်ကရွှေရောင်နေ့ရက်တွေကိုပြန်လည်ရယူရင်း လောင်းကစားပါလုပ်လို့ရမည့်အကွက်ကို တွေ့သွားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဘီလီဂျင်းကင်းကိုစိန်ခေါ်ပြီး တင်းနစ်ကစားပွဲပြုလုပ်ကာ အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရသင့်ကြောင်း သက်သေပြရအောင်ဖန်တီးပါတော့တယ်။အဲဒီပြိုင်ပွဲဟာ တင်းနစ်အားကစားသမိုင်းတစ်လျှောက်တွင် လူကြည့်အများဆုံးသော ကစားပွဲဖြစ်ခဲ့တာဖြစ်ပြီး ဘီလီဂျင်းကင်းနဲ့ ဘော်ဘီရစ်ခ်ျတို့ရဲ့ အပြိုင်အဆိုင် စကားနာထိုးမှုတွေ၊ အားပြိုင်မှုတွေဟာ ကစားကွင်းမတိုင်ခင်ကတည်းက ပုဂ္ဂိုလ်ရေးဆိုင်ရာအရရော၊ အခြားသော ...
movie
Battle of the Sexes (2017)
2017
1
2
Next