Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emma Reinagel
Arctic Armageddon (2023)
ဒီကားလေးကတော့ ပြီးခဲ့တဲ့နှစ်ကမှ ထွက်ရှိခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဘူမိဗေဒသိပ္ပံပညာရှင်နှစ်ယောက် အတ္တလန်တိတ်သမုဒ္ဒရာမှာ အချက်အလက်ယူဖို့ ရေကြောင်းပြဗော်ယာတွေကိုနေရာချနေရင်း ငလျင်ကြီးလှုပ်ခတ်ပြီး သမုဒ္ဒရာကြီး ရုတ်တရက်စတင်အေးခဲလာပြီး အဲဒီပညာရှင်နှစ်ယောက်သေဆုံးသွားပါတယ်။အဲဒီအဖြစ်အပျက်ကြောင့် စီနီယာဘူမိသိပ္ပံပညာရှင်နှစ်ယောက်ကို ပင်တဂွန်ရဲ့ အတွင်းရေးမှူးက ခေါ်ယူပြီးဖြေရှင်းချက်ရှာကြပါတယ်။ ငလျင်ကြောင့် အပျက်အစီးရေခဲထုကြီးဖြစ်လာပြီး ပင်လယ်ရေအောက်ရေနွေးစီးကြောင်းကိုပိတ်ဆို့နေတာကြောင့် အပူချိန်ထိုးကျပြီး သမုဒ္ဒရာတစ်ခုလုံးခဲသွားတဲ့အပြင် ကုန်းမြေတွေပါ ထိခိုက်လာပါတယ်။ အဲဒါကြောင့် ရေငုပ်သင်္ဘောလွှတ်ပြီး ဒေတာယူ အပျက်အစီးရေခဲထုကြီးကိုဖျက်ဆီးဖို့ ကြိုးစားကြပုံတွေကို စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။File size…(1.3 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Science Fiction, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe
movie
Arctic Armageddon (2023)
5.8
Monster Mash ( 2024 )
ဒီရုပ်ရှင်ဟာဆိုရင်တော့ ဒရက်ကူလာ၊ ကိုယ်ပျောက်လူသား၊ မံမီ၊ သမန်းဝံပုလွေ၊ ဖရန်ကင်စတိုင်း၊ အစရှိတဲ့ ဒဏ္ဍာရီတွင်တဲ့ သတ္တဝါကြီးတွေ၊ ဇာတ်လမ်းတွေ အကုန်လုံးကို ပေါင်းထားတာပါ။ Hotel Transylvania ရုပ်ရှင်ထဲကလိုမျိုးပါပဲ။ Tom Cruise ရဲ့ The Mummy ရုပ်ရှင်နဲ့အစပြုလို့ Universal Studio ကနေ တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ Dark Universe ရဲ့ ဖြစ်လာသင့်တဲ့ ပုံစံမျိုးလို့ ပြောရမှာပါ။ဒါပေမယ့် ဒါကတော့ low budget အမျိုးအစားဖြစ်လို့ တချို့နေရာတွေမှာ လိုအပ်ချက်တော့ ရှိနေမှာပါ။ အတည်ပေါက်လုပ်ထားပေမယ့် တချို့ ကြောင်တောင်တောင် အကွက်တွေ ပါနေတာမျိုးကိုတော့ သည်းခံကြည့်ရမှာပါ။ ဒါပေမယ့် ရှေးဟောင်းစတိုင် Horror ရှပ်ရှင်ပုံစံမျိုး ရိုက်ကူးထားတာမို့ ကြည့်ရတာ တော့ တစ်မျိုးဆန်းနေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကန်ဒယ်ဝုဒ်ရွာလေးရဲ့ တစ်နေရာတွေဆီမှာ ဒရက်ကူလာ၊ မံမီ၊ သမန်းဝံပုလွေနဲ့ ကိုယ်ပျောက်လူသားတို့ဟာ အသီးသီး လူသားတွေနဲ့ ဝေးရာမှာ ပုန်းကွယ်ကြီးနေကြပါတယ်။ ဖရန်ကင်စတိုင်း ဖန်တီးထားတဲ့ သတ္တဝါကြီးဟာ ဒရက်ကူလာရဲ့ သမီး အယ်လီဆာဘက်တာ့ကို ဖမ်းသွားပါတယ်။ ဒါပေမယ့် ဖရန်ကင်စတိုင်းဟာ အဲမှာတင် ရပ်မနေဘဲ ...
movie
Monster Mash ( 2024 )
The Exorcists (2023)
ဇာတ်လမ်းအစမှာ ဖာသာ ရိုင်လန်ဆီကို လူတစ်ယောက်ရောက်လာတယ်။ရွံ့ကျိုးတဲ့ပုံစံနဲ့ ကိုယ့်ကိုယ်ကို ဖာသာ ရောလ်ကိုတက်စ်ဖြစ်ကြောင်းနှုတ်ဆက်လိုက်ပြီးပရောဂကုပေးဖို့အကူအညီတစ်ခုတောင်းလိုက်တယ်။သူနဲ့အတူ အပနှင်ခဲ့တဲ့သူ ဂျွန်မာဖီဟာသေဆုံးသွားပြီဖြစ်တဲ့အတွက် မသေခင်မှာဖာသာရိုင်လန်ကိုသွားရှာပါလို့မှာခဲ့တဲ့အတွက် လာရောက်ခြင်းဖြစ်ကြောင်းရှင်းပြလိုက်တယ်။ဆရာလည်းဖြစ် မိတ်ဆွေလည်းဖြစ်တဲ့ ဂျွန်မာဖီရဲ့ တောင်းဆိုချက်ကြောင့် လက်ခံလိုက်တယ်။တစ်ဖက်မှာ စစ္စတာ ကယ်ရိုလိုင်းဟာ စိတ်ရောဂါကုဆရာဝန်ဒေါက်တာ ဘတ်ခ်တက်ကိုအကူအညီတောင်းနေတယ်။လက်ရှိဖြစ်နေတဲ့ မကောင်းဆိုးဝါးဝင်ပူးခံထားရတဲ့ ကလေးဟာ ဒေါက်တာဘတ်ခ်တက်ကိုမဖြစ်မနေခေါ်လာခိုင်းတာဖြစ်ကြောင်းရှင်းပြတယ်။ အစပိုင်းမှာ မယုံကြည်ပေမယ့်နောက်ဆုံးမှာ စစ္စတာကယ်ရိုလိုင်းထုတ်ပေးလိုက်တဲ့ဖိုင်ကို ကြည့်ပြီးတော့ လက်ခံလိုက်တယ်။ဒါတင်အားမရသေးဘဲ စစ္စတာကယ်ရိုလိုင်းဟာ နောက်ထပ် အမျိုးသမီး အပနှင် သူဘတ်တစ်ဘုန်းတော်ကြီးကို အကူအညီထပ်တောင်းရပြန်တယ်။ ဒီလို အင်အားကြီးအတွေ့အကြုံရင့်သန်သူတွေကိုအကူအညီတောင်းပြီးနောက်မှာ ကလေးပေါ်မှာဝင်ပူးနေတဲ့မကောင်းဆိုးဝါးကို စတင်ချွတ်ပါတော့တယ်။ File size…905MB / 435MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 24m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
The Exorcists (2023)