Channel Myanmar

Emma Pasarow

Am I OK? (2024) 6.5
Am I OK? (2024)  Am I OK? ရုပ်ရှပ်ပိုစတာကမင်းသမီးငိုနေတဲ့ပုံဖြစ်နေပေမယ့် တကယ်ကတော့Comedy ၊ Drama နဲ့ Romance အမျိုးအစားပဲဖြစ်ပါတယ်။Fifty Shades of Grey နဲ့လူသိများမင်းသမီးဖြစ်တဲ့Dakota Johnson က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချစ်ဆုံးသူငယ်ချင်းတွေရဲ့ ခံစားချက်လေးတွေကိုပြန်လည်တူးဆွကြည့်ချင်နေတဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ကကွက်တိပါပဲ။အလှအပစပါးတစ်ခုရဲ့ဧည့်ကြိုကောင်တာမှာအလုပ်လုပ်တဲ့ အသက် ၃၂ နှစ်အရွယ်လူစီမှာ ဂျိန်းဆိုတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။ လူစီနဲ့ဂျိန်းဟာ အချင်းချင်းအရမ်းချစ်ကြပြီးအသေးအမွှားလေးတွေကအစ တစ်ယောက်ကိုတစ်ယောက်ပြောပြလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ဂျိန်းကကောင်မလေးတစ်ယောက်ကို နမ်းဖူးတယ်လို့ပြောပြလာတဲ့အချိန်မှ လူစီက သူဟာလိင်တူချင်းချစ်သူတစ်ယောက်ပါလို့ဝန်ခံလာခဲ့ပါတယ်။ လူစီက လိင်တူချစ်ခင်သူဆိုတာကိုတခြားသူတွေသိသွားမှာစိုးရိမ်နေပြီး အချစ်ရေးမှာမဝံ့မရဲတွေဖြစ်နေတာကြောင့် ဂျိန်းကပဲ အစစအရာရာလိုက်ကူညီခဲ့ရပါတယ်။ ဒါပေမဲ့ ဂျိန်းက အလုပ်ရာထူးတိုးနဲ့လန်ဒန်ကိုပြောင်းရတော့မယ့်အချိန်မှာ လူစီနဲ့ဂျိန်းတို့အကြီးအကျယ်ရန်ဖြစ်ခဲ့ကြပါတယ်။တစ်ယောက်နဲ့တစ်ယောက်မခေါ်ဘဲနေတဲ့ အချိန်ကြာလာတာနဲ့အမျှ အချင်းချင်းထောက်ပြခဲ့ကြတဲ့ ကိုယ့်အားနည်းချက်တွေကိုယ်ပြန်လည်ဆန်းစစ်ပြုပြင်ခဲ့ကြပါတယ်။တစ်ယောက်တစ်နေရာစီဝေးကွာသွားကြတော့မယ့် အချစ်ဆုံးသူငယ်ချင်းတွေဟာ အချင်းချင်းမာနတွေတင်းခံပြီးတစ်သက်လုံးမခေါ်ဘဲနေကြတော့မှာလား။ဂျိန်းလန်ဒန်ကိုမသွားခင် လူစီနဲ့ဂျိန်းတို့ ပြန်လည်သင့်မြတ်သွားမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.55GB / 542MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Comedy  , Drama , ...
movie

Am I OK? (2024)

Along for the Ride (2022) 6.0
Along for the Ride (2022) Along for the ride (2022)==================IMDb Rating - 6.0/10Netflix ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့ Family, Drama, Romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... မိသားစုရဲ့နွေးထွေးမှုကို မရရှိတဲ့ ကောင်မလေးနဲ့ ရည်မှန်းချက်တွေ ကွယ်ပျောက်နေတဲ့ ကောင်လေးအကြောင်းကို အဓိကရိုက်ကူးထား တာပါ.......အာဒန်ဆိုတဲ့ အထက်တန်းကျောင်းသူလေးက ကျောင်းပြီးတော့ သူ့အဖေနဲ့ သူ့မိထွေးရှိရာ ကိုဘီမြို့ကိုထွက်လာခဲ့ပါတယ်။ အကြောင်း အရင်းကတော့ ကိုယ့်ကိုယ်ကိုရှာဖွေဖို့အတွက်ပါ။ ကိုဘီမြို့က သူ့မိထွေး ဆိုင်လေးမှာ စာရင်းကိုင်အလုပ်ဝင်လုပ်ပြီး အမှတ်မထင် စက်ဘီးစီးတဲ့ ကောင်လေး အီလိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်..... အဲ့တော့ ဒီတွေ့ဆုံမှုတွေရဲ့နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အာဒန်ဆိုတဲ့ ကောင်မလေးရော ကိုဘီမြို့မှာ သူငယ်ချင်းအသစ်တွေ ရနိုင်ပါ့မလား၊ အာဒန်နဲ့အီလိုင် ဘယ်လိုတွေ့ခဲ့ကြလဲ၊ သူတို့နှစ်ဦးမှာရှိတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားကြမလဲဆိုတာ ဆက်လက်စောင့်ကြည့် ပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.56 GB) / (760 MB) / (760 MB) Quality – Web-Rip 1080p/ 720p / ...
movie

Along for the Ride (2022)