Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emma Elle Roberts
5.7
Steal Your Heart (2023)
Ro တာလေးတွေကိုမှကြည့်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားနာမည်အတိုင်းပရိသတ်တွေရဲ့အသည်းနှလုံးကိုခိုးသွားမဲ့Steal Your Heart ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.7 ရရှိထားပြီးအချစ်ကားငြိမ့်ငြိမ့်လေးတွေကြည့်ချင်တဲ့သူတွေအတွက်တော့အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ဒီကားထဲမှာအဓိကဇာတ်ကောင်တွေကတော့ဂျိတ်နဲ့မလစ်ဆာတို့ဖြစ်ပြီးဂျိတ်က ဗလဲ လို့ခေါ်တဲ့ဒီဇိုင်နာကုမ္ပဏီကြီးရဲ့အကြီးတန်းဒီဇိုင်နာဖြစ်သလိုကုမ္ပဏီဥက္ကဌရဲ့သားလည်းဖြစ်ပါတယ်။မလစ်ဆာဆိုတဲ့ ကောင်မလေးကတော့ အစ်မဖြစ်သူနဲ့အတူတူဖက်ရှင်ဆိုင်လေးဖွင့်ထားတဲ့ လက်ဝတ်လက်စား ဒီဇိုင်းဆွဲပြီး လုပ်ရောင်းရတာကို ဝါသနာပါတဲ့ သာမန်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဝါသနာတွေကတူညီကြပေမဲ့ အခြေအနေတွေကတော့မိုးနဲ့ မြေလိုကွာခြားနေကြပါတယ်။ဒီလိုကွာခြားနေတဲ့ လူနှစ်ယောက်ကိုဆုံစည်းစေခဲ့တာကတော့ဂျိတ်အမေကော်ဒီလီယာပဲဖြစ်ပါတယ်။ကော်ဒီလီယာကမလစ်ဆာရဲ့ဆိုင်လေးမှာ ပစ္စည်းလေးတစ်ခုသွားဝယ်ရင်းနဲ့ မလစ်ဆာတို့မိသားစုအတွက် အရမ်းအရေးကြီးတဲ့ ဆောင်းနှင်းဆီဆိုတဲ့လည်ဆွဲလေးမှားပါသွားပါတော့တယ်။အဲ့ဒါနဲ့ မလစ်ဆာပြန်သွားတောင်းတဲ့အခါမှာတော့ ဂျိတ်နဲ့ဆုံစည်းခဲ့ပြီး သူတို့နှစ်ယောက်အတူတူမဖြစ်မနေလက်တွဲလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘယ်သူက ဘယ်သူ့အသည်းနှလုံးကိုခိုးယူသွားမလဲဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်.. File size…2.13GB / 964MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Steal Your Heart (2023)
6.6
The Hunger Games: Mockingjay – Part 2 (2015)
The Hunger Games: Mockingjay - Part 2 (2015)IMDb Rating (6.5) / Rotten Tomatoes (70%)ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie
The Hunger Games: Mockingjay – Part 2 (2015)
2015
4K HEVC
6.6
The Hunger Games: Mockingjay – Part 1 (2014)
The Hunger Games: Mockingjay - Part 1 (2014)IMDb Rating (6.6) / Rotten Tomatoes (70%)ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie
The Hunger Games: Mockingjay – Part 1 (2014)
2014
4K HEVC
5.8
Unplanned (2019)
Unplanned (2019)_____IMDb - 5.8/10 ဒါကတော့ အက်ဘီဂျွန်ဆင်ဆိုတဲ့အမျိုးသမီးတစ်ယောက်က သူ့ရဲ့ဖြစ်ရပ်မှန်တွေကိုရေးသားထားတဲ့စာအုပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Dramaကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ သူ့မှာကြင်နာတဲ့ယောက်ျား၊ ချစ်စရာကောင်းတဲ့သမီးလေးနှင့် ပံ့ပိုးတဲ့မိဘတွေရှိပြီး ပျော်ရွှင်ရပေမယ့် သူ့မိသားစုကသူ့အလုပ်အကိုင်ကိုတော့လုံးဝအားမပေးပါဘူး။ ဘာလို့ဆိုသူက Planned Parenthoodဆိုတဲ့ အမျိုးသမီးကျန်းမာရေးဆေးခန်းမှာ သမိုင်းတစ်လျှောက်အငယ်ဆုံးဒါရိုက်တာအဖြစ်အလုပ်လုပ်လို့ပါပဲ။ အဲ့ဆေးခန်းကတခြားကျန်းမာရေးကိစ္စတွေလည်းလုပ်ပေးပေမယ့် အဓိကကတော့ကိုယ်ဝန်ဖျက်ချပေးတဲ့ကိစ္စကိုလုပ်ပေးတာပါ။ ဒီကားမှာ ကိုယ်ဝန်ဖျက်ချတာကိုအမျိုးသမီးအခွင့်အရေးအဖြစ်လက်ခံတဲ့သူတွေနဲ့ ဒါဟာအသက်တစ်ချောင်းဖြစ်လို့လုံးဝလက်မခံနိုင်တဲ့သူတွေကြား ပဋိပက္ခတွေလည်းဖြစ်နေကြကိုလည်း မီးမောင်းထိုးပြထားပြီး သူအလုပ်လုပ်နေတဲ့အချိန်တစ်လျှောက် တွေ့ကြုံရတဲ့ကိုယ်ဝန်ဖျက်ချမှုရဲ့အကျိုးအပြစ်တွေကိုလည်း သေချာကြီးကိုရိုက်ပြထားတာပါ။ ဒီကားဟာသူ့အတွေ့အကြုံတွေကိုရိုက်ပြထားပေမယ့် လုံးဝပျင်းစရာမကောင်းခဲ့ပါဘူး။ Dramaကားဆိုပေမယ့်တစ်ချို့အခန်းတွေဆိုရင် ရင်တမမနဲ့ကြည့်ရှုရပြီး တစ်ချို့အခန်းတွေကတော့တော်တော်ကြေကွဲဖို့ကောင်းပါတယ်။ ကိုယ်ဝန်ဖျက်ချမူတွေကိုသေချာရိုက်ပြထားလို့ပဲ ဒီကားကို PG13ကနေ R ratedအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ရပါတယ်။ ဒါကတော့ 2019မှာထွက်ထားတဲ့ Dramaကားကောင်းတွေထဲကတစ်ခုဆိုတာကတော့ အသေအချာပါပဲ။ File Size : ( 1 GB ) Quality : WEB-DL 720p Running Time : 1 hr 49 min Format : Mp4 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin
movie
Unplanned (2019)