Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emma Corrin
8.3
Deadpool & Wolverine (2024)
Deadpool & Wolverine (2024)IMDb Rating (8.3) / Rotten Tomatoes (80%)HDTS TELESYNC Version အသစ်ထွက်လာပြီး ရုပ်သံ တော်တော်လေး ကြည်လင်တာမလို့ ထပ်မံ Update တင်ဆက်လိုက်ပါတယ်။ ဒီ Version မှာ အသံက အဆင်ပြေသွားပြီး ရုပ်ထွက်လဲ နဂိုထက်ပိုကောင်းလာသလို ကြော်ငြာတွေရှုပ်နေတာမျိုးမရှိတော့ပါဘူး။ ဘာသာပြန်ကတော့ Official Engsub စာဖိုင်မထွက်သေးတာမို့ နားထောင်လို့ရသလောက် အကောင်းဆုံး ပြန်ပေးထားပါတယ်။ အရင် Version က လိုတာပိုတာလေးတွေလဲ ထပ်မံပြင်ဆင်ထားသလို Timing တွေကစလို့ တိကျအောင်ပြန်ပြင်ထားပေးပါတယ်။ဒီရုပ်ရှင်အပြင် အရင်ထွက်ခဲ့တဲ့ Deadpool နှစ်ကားကိုလည်း Channel Myanmar Web and App မှာ ကြည့်နိုင်ပါပြီ။ ပြီးတော့ ဒီရုပ်ရှင်နဲ့ဆက်စပ်တဲ့ MCU ရုပ်ရှင်အကုန်၊ Fantastic Four နှစ်ကား၊ Blade ၃ ကား၊ Loki စီးရီး ...
movie
Deadpool & Wolverine (2024)
HDTS
6.4
Good Grief (2023)
Good Grief (2023)~ IMDb - 6.4/10, RT - 78%, Meta - 60% ~Schitt's Creek Sitcom နဲ့ နာမည်စရလာခဲ့သလို Schitt's Creek ရဲ့နောက်ဆုံးစီဆန်ကိုလည်း ကိုယ်တိုင်ရေးသား ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့ Emmy လေးဆုပိုင်ရှင် Dan Levy ကိုယ်တိုင် ရေးသား ရိုက်ကူး သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ Dan Levy ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဟုတ်တယ်။ Rotten Tomatoes - 78% ရထားတော့ ပွဲဦးထွက်အနေနဲ့ဆို အရည်အချင်းရှိတယ်ပြောရမှာပါပဲ။ နက်ဖလစ်ကနေ ဖြန့်ပေးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်ကတော့ လိင်တူအချစ်ကို Focus ထားပြသလိုပြနေရင်းက သူငယ်ချင်းတစ်အုပ်ကြားကအချစ်ကို Focus ထားပြထားတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။မက်ဆိုတဲ့ ဂေးတစ်ယောက်ရှိတယ်။ သူက ပန်းချီဆွဲတဲ့အလုပ်လုပ်တယ်။ ပြောရရင်သရုပ်ဖော်ပုံဆွဲတာပေါ့။ စာအုပ်အဖုံးတို့ ...
movie
Good Grief (2023)
2023
6.9
[18+] Lady Chatterley’s Lover (2022)
Lady Chatterley's Lover (2022)(18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ)1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ...
movie
[18+] Lady Chatterley’s Lover (2022)
2022
6.3
My Policeman (2022)
My Policeman (2022) ================ IMDb Rating - 6.3/10One Direction အဖွဲ့က ဟယ်ရီစတိုင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့ BL ရုပ်ရှင်အသစ်တစ်ကားဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရဲသားကြီးဆိုတဲ့နာမည်နဲ့ နာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ကူးထားတာပါ။ Firebird ဇာတ်လမ်းနဲ့ဆင်သလိုလိုပဲလို့ ပြောရမှာပါပဲ။ Call Me by Your Name ကိုမမီပေမဲ့ အတော်လေးကောင်းတဲ့ ဗြိတိန်အချစ်ဇာတ်လမ်းပါပဲ။ဇာတ်လမ်းအကျဉ်း ============= တွမ်ဟာ စိတ်ထားကောင်းပြီး ယဉ်ကျေးတဲ့ ရဲတပ်သားလေးတစ်ယောက် ပါပဲ။ တွမ့်ကိုအရမ်းကြိုက်နေတဲ့ မာရီရွန်ဆိုတဲ့ကောင်မလေးကတော့ ကျောင်းဆရာမလေးပေါ့။ သူတို့နှစ်ယောက်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်လာသူကတော့ ပြတိုက်မှူး ပန်းချီဆရာ ပတ်ထရစ်ပါပဲ။ဇာတ်အိမ်တည်ထားတာက ဗြိတိန်ရဲ့ ၁၉၅၀ ကျော်ကာလဖြစ်လို့ လိင်တူ ချစ်ကြိုက်မှုဟာ ပြစ်မှုမြောက်ပါတယ်။ ထောင်ကျပါတယ်။ ဒီတော့ သူတို့ သုံးယောက်ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သိုင်းချခန်းအချို့ပါဝင်လို့ မိသားစုနဲ့တော့ ကြည့်လို့မသင့်တော်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(500 MB) Quality............Web-DL 720p Duration.........1Hr 53mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Mr.Anderson Encoder..........SWM
movie
My Policeman (2022)
2022
5.9
Misbehaviour (2020)
1970 ခုနှစ် Miss World ပြိုင်ပွဲနဲ့ပက်သတ်ပြီး ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။Feminist Comedy ဇာတ်လမ်းအမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းကတော့ အမျိုးသမီးတွေယောက်ျားကြီးစိုးမှုကို ဆန့်ကျင်ဖို့ လုပ်ရာကနေ စတာပါ။၁၉၇၀ ခုနှစ် မယ်ကမ္ဘာရွေးပွဲအတွက် နိုင်ငံအသီးသီးကအချောဆုံးအလှဆုံးတွေက ဗြိတိန်နိုင်ငံမှာ စုရုံးနေကြပါပြီ။မယ်ရွေးပွဲမှာလည်း လူမျိုးရေးခွဲခြားမှုတွေက ရှိနေပြန်တယ်။ဒီကြားထဲ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေလည်း ကြုံနေပြန်။ဒီလိုအခက်အခဲအမျိုးမျိုးကြားကနေ Miss World ပြိုင်ပွဲကြီးကိုယောက်ျားကြီးစိုးမှုဆန့်ကျင်ရေး အမျိုးသမီးအဖွဲ့တွေ တားဆီးကြတဲ့အကြောင်းဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : ( 993 MB , 362 MB) Quality : WEBRip 720p Running Time : 1 hr 46 min Format : Mp4 Genre ...
movie
Misbehaviour (2020)