Channel Myanmar

Emily Tennant

The Wedding March (2016) 6.3
The Wedding March (2016) The Wedding March (2016) IMDb - 6.3/10ခြောက်ကားမြောက်ထိထွက်ရှိခဲ့တဲ့ အမေရိကန်-ကနေဒီယန် rom-comရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကျော် Before trilogyလို ရသမျိုးကို သူ့နည်းသူ့ဟန်နဲ့ ခံစားရစေမယ်လို့ ထင်ပါတယ်။ရည်းစားဦးကို မြေးဦးရတဲ့ထိတောင် မေ့မရပါဘူးတဲ့။ မစ်ခ်နဲ့ အိုလီဗီယာဆိုတဲ့ စုံတွဲလေးကလည်း ငါ့ကို အသဲခွဲသွားတာဆိုတဲ့ တစ်ဖက်သက်ခံစားချက်ကိုယ်စီနဲ့ ဝေးကွာခဲ့ကြတဲ့ရည်းစားဦးတွေ။မစ်ခ်ကတော့ သမီးတစ်ယောက်အဖေ မုဆိုးဖိုအဖြစ်နဲ့ သာယာလှပတဲ့ရေကန်အနီးက ဟိုတယ်အသေးစားလေးကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်။ ငယ်ရွယ်စဉ်က အောင်မြင်တဲ့အဆိုတော်ဖြစ်ခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့သူ။ တစ်နေ့ သူ့ဟိုတယ်လေးမှာ မင်္ဂလာဆောင်မဲ့ အောင်မြင်နေတဲ့အိမ်ခြံမြေပွဲစားတွေအတွက် မဖြစ်မနေ ဧည့်ခံသီချင်းဆိုပေးဖို့ ကြုံလာပါတော့တယ်။ ဖြစ်ချင်တော့ သတို့သမီးက သူ့ငယ်ချစ်ဦး အိုလီဗီယာဖြစ်နေပါရော။ အိုလီဗီယာမှာလည်း ပထမအိမ်ထောင်နဲ့ရတဲ့ မစ်ခ်ရဲ့သမီးနဲ့ရွယ်တူ သမီးတစ်ယောက်ရှိနေပါတယ်။ ငါ့အသဲကိုခွဲသွားတာဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်မရဖြစ်နေရာကနေ အကြောင်းအရင်းမှန်ကို သိလိုက်ရတဲ့နောက်မှာ။ မစ်ခ်နဲ့ အိုလီဗီယာတို့ရဲ့ ဇာတ်လမ်းလေးကို တစ်ကားချင်းစီမှာ ရသအမျိုးမျိုးခံစားရစေမှာမို့ အားပေးကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Comedy, Drama, Family Quality…. 1080p | 720p File size… 1.3GB, 678MB Format… ...
movie

The Wedding March (2016)

2016
The Baby Swindler (2023)
The Baby Swindler (2023)  ယောကျ်ားဖြစ်တဲ့သူ ဆုံးသွားပြီးတဲ့နောက်မှာ ဘဝကို တစ်ယောက်တည်းဖြတ်သန်းနေရတဲ့ ဆူဇီ ဆိုတဲ့မိန်းကလေးတစ်ယောက်...... ဆူဇီ အတွက်သူ့ယောက်ျားကအသက်အာမခံငွေတွေနဲ့ ပိုင်ဆိုင်မှုတွေအများကြီးချန်ပေးထားခဲ့တယ်...နှစ်ယောက်သား ကလေးယူဖို့ကြိုးစားနေပြီးတော့ ဆူဇီ ရဲ့အားနည်းချက်ကြောင့် ကိုယ်ဝန်မဆောင်နိုင်တဲ့အချိန်မှာ ဆေးရုံမှာအေးခဲထားတဲ့ သူ့တို့ရဲ့သန္ဓေသားလောင်းလေးကို အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့အတွက် မိန်းကလေးတစ်ယောက်ကို အသည်းအသန်လိုက်ရှာခဲ့ရတယ်..... ဆူဇီ အစားအငှားကိုယ်ဝန်ဆောင်ပေးတဲ့မိန်းကလေးဟာ ကိုယ်ဝန်ဆောင်ပေးနေစဉ်မှာပဲ ရုတ်တရက်ပျောက်သွားရာကနေ.....ဆူဇီ လုံးဝမျှော်လင့်မထားတဲ့ အန္တရာယ်တွေ၊ လှည့်စားမှုတွေ၊ လိမ်ညာမှုတွေနဲ့၊ ဘယ်လိုဒုက္ခမျိုးတွေနဲ့တွေ့ကြုံရမလဲဆိုတာကိုတော့....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.2 GB)/(619 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Thriller, Tv Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

The Baby Swindler (2023)

Polly Pocket Sparkle Cove Adventure (2023) 6.8
Polly Pocket Sparkle Cove Adventure (2023) Polly Pocket Sparkle Cove Adventure (2023) ================================ IMDb Rating - 6.8/10သာမန်လူသားတွေ မမြင်နိုင်တဲ့ Dimension တွေမှာ Pockite လို့ခေါ်တဲ့ မှော်ကျောက်မျက်မျိုးစုံ ပျံ့နှံ့တည်ရှိနေပါတယ်။ Pockite အရောင်ကွဲတွေ တိုင်းမှာ ကိုယ်စီအစွမ်းသတ္တိတစ်မျိုးစီ ရှိကြတာပါ။ ဒီကျောက်မျက်ကို မျိုးရိုး စဉ်ဆက် လက်ဆင့်ကမ်းအသုံးချတဲ့ Pockite ကိုင်ဆောင်သူတွေလည်း ကမ္ဘာ အနှံ့၊ Dimension အစုံမှာ ရှိနေကြပါသေးတယ်။ Pockite တို့ပေါ်ရာမြေကို တော့ Sparkle Cove လို့ခေါ်ပြီး Prudence Pocket ဆိုတဲ့ နယ်လှည့်ခရီး သည်မိန်းကလေးတစ်ယောက်က Pockite ပေါင်း ၃၀၀ ကျော်ကို ရှာဖွေတွေ့ ရှိခဲ့တာပါ။ မှော်အစွမ်းမျိုးစုံနဲ့ Pockite တွေအားလုံးကို ကိုယ့်အမျိုးအတွက်ပဲ သုံးမယ့်အစား Prudence က သူ့မျိုးဆက်တွေကို ခရမ်းရောင် Pockite တစ် မျိုးပဲ အမွေပေးပါတယ်။ချုံ့/ချဲ့သတ္တိရှိတဲ့ ခရမ်းရောင် Pockite လေးကို အဆင့်ဆင့်လက်ဆင့်ကမ်းလာ ရင်း Prudence မျိုးဆက်ပီသပြီး စွန့်စားရတာကြိုက်တဲ့ ...
movie

Polly Pocket Sparkle Cove Adventure (2023)

2023
Influencer (2022) 6.1
Influencer (2022)  အရမ်းလည်း dark မဖြစ်ဘဲ တထိတ်ထိတ်နဲ့ရင်ခုန်ရမဲ့ mystery ဆန်ဆန် movie ကောင်းလေးတွေကို နှစ်သက်တတ်တဲ့သူတွေအတွက် (၂၀၂၃) ထွက် အသစ်ဆက်ဆက် mystery ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ မက်ဒီဆင်က နာမည်သိပ်မရှိတဲ့ သာမန် social influencer တစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံကို အလည်အပတ်ခရီးစဉ်အနေနဲ့ရော၊ ကြော်ငြာပစ္စည်းတွေအတွက် blog တွေရိုက်ကူးဖို့အတွက်ရော ရောက်ရှိလာခဲ့ပါတယ်။မပြေလည်တဲ့ rs ပြဿနာတွေအတွက်ရော၊ မအောင်မြင်တဲ့ သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကြောင့်ရော စိတ်ဖိစီးမှုတွေများနေစဉ်မှာပဲ CW လို့ခေါ်တဲ့ ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့ စတွေ့ခဲ့ပါတယ်။ CW က ဖော်ရွေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး သူ့အတွက်လည်း အများကြီးကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပါ။ ဒါပေမဲ့လည်း မက်ဒီဆင်ထိုင်းနိုင်ငံကပြန်ခါနီးမှာပဲ ပက်စပို့ခိုးခံလိုက်ရပြီး ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းက ပုံမှန်နဲ့မတူတဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးထားတာဖြစ်ပြီး IMDB rating ကလည်း 6.1 အထိရရှိထားတာမို့ mystery ဆန်ဆန်ဇာတ်ကားတွေကို နှစ်သက်တတ်တဲ့သူတွေအတွက် ကြည့်ရအဆင်ပြေစေမဲ့ ...
movie

Influencer (2022)

Jennifer’s Body (2009) 5.3
Jennifer’s Body (2009) ဒီဇာတ်ကားကတော့ မင်းသမီး မီဂန်ဖောက်ရဲ့ နာမည်ကြီး Horror ဇာတ်ကားပါ...Megan Fox အပြင် Amanda Seyfried လဲပါပါသေးတယ်...Horror ကားကောင်းလေးတစ်ကားဖြစ်တာနဲ့အညီ ကြည့်ရတာလည်း တော်တော့်ကိုကောင်းတဲ့ကားလေးကားလေးတစ်ကားလို့ဆိုထိုက်တယ်ဗျ။ ၂၀၀၉ ခုနှစ်ရဲ့ အချောလေးနှစ်ယောက် သူပြိုင်ကိုယ်ပြိုင်ဇာတ်ကောင်စရိုက်ယှဉ်ပြိုင်မှုတွေကလည်း နင်လား ငါလားနဲ့ကိုကြည့်ရတာအရသာတွေ့လှသလို မျက်စိပသာဒလည်းတော်တော်ဖြစ်တယ်ပေါ့လေ။ဂျနီဖာဟာတစ်‌ကျောင်းလုံးရဲ့အချစ်တော်အချောလေးဗျ။ အချောလေးဆိုတဲ့အတိုင်း အထက်‌တန်းကျောင်းပထမနှစ်လောက်တည်းကစပြီး ဘာညာကိစ္စနဲ့ပက်သက်လို့အတွေ့အကြုံရှိဖူးတယ်ပေါ့လေ။ပင်တိုင်ရည်းစားလေးရှိပေမဲ့ တစ်ခါတလေသဘောကျတဲ့ကောင်ချောလေးတွေတွေ့ရင် ကောက်ကောက်စားတတ်တဲ့ကောင်မလေးပေါ့။နိဒီကတော့ ဂျနီဖာရဲ့အချစ်ဆုံးသူငယ်ချင်းမလေးပေါ့ဗျာ။ ငယ်ငယ်တည်းကခင်လာကြတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့စရိုက်တွေကတော့ ဆန့်ကျင်ဖက်တွေပါ.. တစ်ယောက်က တစ်ကျောင်းလုံးရဲ့အလှပဂေးဖြစ်သလို ခေတ်ရှေ့ကိုနှစ်ဆလောက်ပြေးနေတဲ့သူ ၊ တစ်ယောက်ကတော့စာကြမ်းပိုးဗိုင်းကောင်းကျောက်ဖိ လူမသိသူမသိလေးဆိုတော့ ဇာတ်ကောင်ပိုင်းအရဆို ဆန့်ကျင်ဖက်နှစ်‌ယောက်ကသူငယ်ချင်းတွေဖြစ်နေတယ်ဆိုပါတော့ဗျာ။ဇာတ်လမ်းစတာကတော့ သူတို့ရဲ့နယ်မြို့လေး‌ဆီကိုမြို့ကြီးပြကြီးကရော့ခ်ဂီတတီးဝိုင်းအဖွဲ့ရောက်လာတဲ့အခါ ခေါင်းဆောင်အဆိုတော် ကောင်ချောလေးပါမှန်း သိလိုက်တဲ့ဂျနီဖာက တစ်စခန်းထရာက စပါတယ်...သူစခန်းထတာမှာ အဖော်ပါဖို့ နိဒီကိုပါခေါ်ပြီး ရှိုးပွဲသွားကြရင်း ဘယ်လိုကြောက်မက်ဖွယ်အဖြစ်အပျက်တွေကြုံကြရမလဲဆိုတာ.....။Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်နဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါလို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ထားပါတယ်။)  File size…(1.8 GB) / (999 MB)/ (500 MB) Quality…BluRay Unrated 1080p/720p/480p Format…mp4 Duration….01:47:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Jennifer’s Body (2009)

Juno (2007) 7.5

Juno (2007)

2007
I, Robot (2004) 7.1
I, Robot (2004) AI နည်းပညာကို Phone တွေထဲ ထည့်သွင်းဖို့ ကြိုးစားနေကြတဲ့သတင်း ဖတ်မိတော့i,Robot ဆိုတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားလေးကို သွားသတိရမိပါတယ်ဒီဇာတ်ကားဟာ Artificial Intelligence (ဉာဏ်ရည်တု) နည်းပညာရဲ့ကောင်းကျိုးဆိုးကျိုးတွေကို ထည့်သွင်းရိုက်ကူးထားတာကြောင့်ပညာပေးဇာတ်ကားတစ်ကားလို့တောင် ဆိုနိုင်ပါတယ်i,Robot ကို ဒါရိုက်တာ Alex Proyas ရိုက်ကူးခဲ့ပြီး မင်းသားကြီး Will Smith နဲ့မင်းသမီး Bridget Moynahan တို့က ဦးဆောင်ပါဝင်ထားပါတယ်IMDb 7.1 ရရှိထားတာကြောင့် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဆိုတာ သေချာပါတယ်ဒီဇာတ်ကားကို ကြည့်ရှုနေစဉ်မှာပင် ဇာတ်ဆောင်တွေ နဲ့ ဇာတ်လမ်းထဲကဇာတ်ရုပ်တွေအလွန်လိုက်ဖက်လွန်းတာကို သတိထားမိကြပါလိမ့်မယ်ဇာတ်လမ်းအကျဉ်း 2035 ခုနှစ် ချီကာဂိုမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်ကမ္ဘာ့အကြီးဆုံး ရိုဘော့ထုတ်လုပ်ရေးကုမ္ပဏီ USR အဆောက်အဦးမှာကိုယ့်ကိုယ်ကိုယ်သတ်သေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်သေဆုံးသူကတော့ ရိုဘော့ပညာရှင် ဒေါက်တာအဲလ်ဖရက်လန်နင် ဖြစ်ပါတယ်ထူးခြားတာာက ဒီအမှုကိုကိုင်တွယ်ဖို့ စုံထောက်တစ်ယောက်ကိုသေဆုံးသူက ကြိုတင်ရွေးချယ်ထားတာပါ သူရွေးချယ်ခဲ့တဲ့စုံထောက်ကတော့ရိုဘော့တွေကို နဂိုတည်းက မုန်းတီးရင်းစွဲစိတ်အခြေခံရှိထားတဲ့ စုံထောက်စပွန်နာ ဖြစ်ပါတယ်အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ ပုန်းအောင်းနေတဲ့ NS-5 ရိုဘော့တစ်ကောင်ကိုစုံထောက်စပွန်နာ ရှာတွေ့ခဲ့တဲ့အခါမှာတော့.....အဲလ်ဖရက်လန်နင်က ...
movie

I, Robot (2004)

2004