Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emily Chu Bo-Yee
6.9
The Millionaires’ Express ( 1986 )
ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p ( HEVC ) Format : mp4 Genres ...
movie
The Millionaires’ Express ( 1986 )
7.3
A Better Tomorrow II (1987)
A Better Tomorrow II (1987)IMDb Rating - 7.3 Directed By John Wooဂျွန်ဝူးရဲ့ ဂန်းကားတွေမှာ ကျွန်တော်အကြိုက်ဆုံး အချက်ကိုပြောရရင် သူ့ထဲက ဇာတ်ကောင်တွေ, အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဇာတ်ကောင်တွေဟာ မိတ်ကောင်းဆွေကောင်း အရမ်းဆန်ပြီး သူတို့မိတ်ဆွေတွေအတွက် အသက်ကိုတောင် မမှုတဲ့လူတွေ ဖြစ်နေတာကိုပါပဲ။ ကျွန်တော်တို့ရော အဲဒီလောက် မိတ်ဆွေကောင်းပီသနိုင်ပါ့မလား,အဲဒီလို မိတ်ဆွေမျိုးရော ရနိုင်ပါ့မလား,မသေချာပေမဲ့ သူတို့တွေရဲ့ မိတ်ဆွေကောင်းပီသမှုကတော့ ကျွန်တော်တို့ရင်ထဲကို အနည်းနဲ့အများတော့ ထိလောက်မှာပါပဲ။ချောင်ယွန်ဖတ်ဟာ လက်တွေ့ဘ၀မှာလည်း ကိုယ်ကျိုးမကြည့်တဲ့ လူကောင်းတစ်ယောက်ပါ။လက်ရှိထိ နာမည်အကြီးဆုံး သက်တမ်းအရင့်ဆုံး မင်းသားကြီးပေမဲ့ ဟောင်ကောင်ရဲ့လမ်းမတွေ မုန့်ဆိုင်တွေမှာ ရိုးရိုးကုတ်ကုတ်ပုံစံနဲ့ပဲ တွေ့ရတတ်တယ်။ သူသေပြီးရင် သူ့စည်းစိမ်တွေအားလုံးကို ပရဟိတအဖွဲ့တွေကို ပေးပစ်ဖို့ပါ အစီအစဉ်ချထားတဲ့သူပါ။ သူရှာထားသမျှတွေကို သူ့ကိုယ်ကျိုးအတွက် သုံးတာ အင်မတန်နည်းတယ်လို့လည်း ငယ်ငယ်က သတင်းစာမှာ ဖတ်ခဲ့ဖူးတယ်။ ဒီလိုသဘောထားကြီးတဲ့ ချောင်ယွန်ဖတ်ဟာ ရုပ်ရှင်ထဲက ...
movie
A Better Tomorrow II (1987)
1987
7.5
A Better Tomorrow (1986)
A Better Tomorrow (1986)~ IMDb - 7.5/10, RT - 93%, Meta - 78% ~ကျွန်တော်တို့ ငယ်ငယ်ကတော့ ဂျက်လီတို့ ဂျက်ကီချမ်းတို့ ချောင်ယွန်ဖတ်တို့ကားတွေ ခေတ်စားခဲ့တာပေါ့။ ဘူမသိ ကိုးမသိ ငယ်ဘ၀ကတော့ ချောင်ယွန်ဖတ်ကို ဆရာကျမှန်း မသိခဲ့သေးပေမဲ့ ဆေးလိပ်မီးကို ဒေါ်လာတစ်ရာတန်နဲ့ ဟန်ပါပါညှိပြသွားတဲ့ ချောင်ယွန်ဖတ်ရဲ့ဟန်ကိုတော့ ကျွန်တော်တို့တွေ အတော်ညိခဲ့ကြတယ်။Redcliff 1 2, face/off , Hard boiled, The Killer, Bullet in the Head တို့ကို ရိုက်ခဲ့တဲ့ နာမည်ကျော် အက်ရှင်ဒါရိုက်တာဖြစ်တဲ့ ဂျွန်ဝူးကိုတော့ မသိတဲ့လူ မရှိလောက်ပါဘူး။ ဂျွန်ဝူးဟာ ကိုယ်ပိုင် Themeရှိတဲ့ ဒါရိုက်တာပါ။ သူ့Theme ကိုတော့ Heroic Bloodshed Theme လို့ခေါ်ပါတယ်။ ဒီကားဟာ သူ့Themeရဲ့ ကနဦးကားပါပဲ။ ဒါကြောင့်လည်း သမိုင်းကြီးပါတယ်။(မာဗယ်မှာ မန်ဒရင်းလုပ်မယ့် ...
movie
A Better Tomorrow (1986)
1986