Channel Myanmar

Emilio Gavira

The Coffee Table (2022) 6.7
The Coffee Table (2022) The coffee table ဇာတ်ကားလေးက 2022 မှာထွက်ရှိခဲ့ပြီးIMDb 6.7 ရရှိထားပြီး Rotten tomatoes 86%ရရှိထားတဲ့စပိန်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဟက်စွပ်နဲ့မာရီယာတို့ဇနီးမောင်နှံဟာ ပူပူနွေးနွေး မိဘတွေဖြစ်လာတဲ့သူတွေပါ။တစ်နေ့မှာ အိမ်အတွက် ကော်ဖီစားပွဲသွားဝယ်ကြပါတယ်။စားပွဲဝယ်လိုက်ကတည်းက တစ်ဆစ်ချိုးပြောင်းသွားတဲ့သူတို့ရဲ့ဘဝကို ရှုစားရမှာပါ။ ကံဆိုးမှုဆိုတာ တစ်ကောင်တည်းမလာဘူးအဖော်အပေါင်းနဲ့လာတယ်ဆိုတာဒီကားကိုကြည့်ရင်သိရမှာပါ။ဒါကြောင့် သဲထိတ်ရင်ဖိုကြိုက်တဲ့ပရိသတ်ကြီးတို့အတွက် Channelmyanmar ကနေThe coffee table ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။  File size…    1  GB /  490 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie

The Coffee Table (2022)

Camino (2008) 7.4
Camino (2008) မက်ဒရစ်မြို့မှာ နေထိုင်တဲ့ ၁၁ နှစ်အရွယ် ကာမီနိုဆိုတဲ့ကောင်မလေးဟာ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွင်စွာဖြတ်သန်းနေတဲ့ သာမန်ကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမတို့မိသားစုဟာ ဘာသာရေးကိုင်းရှိုင်းပြီးတော့ အမေဖြစ်သူဟာ ကာမီနိုအပေါ်မှာ ချုပ်ချယ်တတ်လို့ ကာမီနိုဟာ အမေထားပေးတဲ့ အချက်အပြုတ်သင်တန်းကို တက်နေရပေမယ့် ပြဇာတ်ကိုသာ စိတ်ဝင်စားနေရှာတာပါ။ ပြီးတော့ ကာမီနိုလေးဟာ ကျောရိုးအဆစ်လွဲနေတဲ့အတွက် ပုံမှန် ဆေးစစ်ရပါတယ်။ဒီလိုနဲ့ တစ်နေ့ ကာမီနိုလေးတစ်ယောက် ကျောရိုးက မခံမရပ်နိုင်အောင် နာကျင်လာတဲ့အတွက် ဆေးရုံမှာ ဆေးစစ်တဲ့အခါ ကျောရိုးအဆစ်လွဲနေတာမဟုတ်ဘဲ ကျောရိုးအဆစ်ပေါ်မှာ ကင်ဆာအကြိတ် တည်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ပုံမှန်ဆယ်ကျော်သက်ကျောင်းသူလေး ကာမီနိုရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတော့တယ်။ဒီဇာတ်ကားလေးမှာ ကာမီနိုက အရွယ်နဲ့မလိုက်အောင် ဘာသာရေးကိုင်းရှိုင်းပြီး ရင့်ကျက်ပုံတွေ၊ သာမာန်ကျောင်းသူတွေလို မနေရဘဲ ကင်ဆာကုသဖို့ စွန့်လွတ်လိုက်ရတာတွေ၊ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုကို မေးခွန်းထုတ်လာမိတာတွေကို ဝမ်းနည်းဖွယ်ရာရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေခံဇာတ်ကားလေးဖြစ်ပါတယ်။ File size…(2.6 GB)/(1.3 GB) Quality….Blu-Ray 1080p ...
movie

Camino (2008)

The Photographer of Mauthausen(2018) 6.7
The Photographer of Mauthausen(2018) The Photographer of Mauthausen(2018) IMDb..6.7 ကမ္ဘာပေါ်တွင် ခေတ်အဆက်ဆက်စစ်ပွဲတွေဖြစ်လာခဲ့ကြသည်။ အတော်များများသည် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားပေးပြီး စစ်ရဲ့ဆိုးကျိုးတွေနဲ့ စစ်ပွဲဖြစ်ရသည့်အကြောင်းများ ငြိမ်းချမ်းရေးစာချုပ်များသည် မည်မျှအရေးကြီးကြောင်းစတာတွေကိုသင်ကြားပါသည်.... ဒီကားလေးကတော့  ဒုတိယကမ္ဘာစစ်ကာလမှာ ဖရန်စစ်ဘော့ရှ် ဆိုတဲ့ စပိန်သား တစ်ယောက်ဟာ သြစတြီးယားနိုင်ငံထဲက အကျဉ်းစခန်းလေးတစ်ခုမှာ အကျဉ်းသားဖြစ်နေခဲ့တယ်.... ဒုတိယကမ္ဘာစစ်က နာဇိတွေဟာ အကျဉ်းသားတွေကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်မှုတွေကို အားလုံးလည်းကြားဖူးနေကြမှာပါ.... ဒီလို လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖရန်စစ်ဘော့ရှ်  ဟာ ကမ္ဘာတစ်ဝှမ်းသိစေဖို့ သက်သေပြချင်တယ်...ဒါ့ကြောင့် သက်သေတွေရှာဖွေပြီး  ကမ္ဘာကိုသိအောင် ကြိုးစားပါတော့တယ်.. အကျဉ်းသားတစ်ယောက်အနေနဲ့ လုပ်ရတာ  အချိန်မရွေးအသက်ပျောက်နိုင်တဲ့ အပြင် အန္တရယ်ပေါင်းများစွာ သူ့ကိုဝန်းရံနေတော့ သူအောင်မြင်ပါ့လား... ခံစားကြည့်လိုက်ပါဦး.... ဖြစ်ရပ်မှန်အပေါ် အခြေပြုပြီး ရိုက်ထားတဲ့ ဇာတ်ကားကောင်းမို့ ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRNပဲဖြစ်ပါတယ်.... File Size : (950 MB) and (320 MB) Quality : Blu-Ray 720p Format…mp4 Duration…01:50:00 Genre :  Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie


2018