Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emi Shinohara
Appleseed (2004)
အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ နာမည်ကြီး japanese manga ကို movieအဖြစ်အသက်သွင်းထားတဲ့ Appleseed ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက 2131ခုနှစ်ကိုဇာတ်အိမ်တည်ထားပါတယ် လူသားတွေရဲ့ အမုန်းတရားတွေ အမျက်ဒေါသတွေ မတော်လောဘတွေကြောင့် တစ်ကမ္ဘာလုံးစစ်မြေပြင်ဖြစ်သွားပြီး အားလုံးနီးပါးပျက်စီးပြီးသွားတဲ့အချိန်မှာ တိုးတက်လှတဲ့နည်းပညာတွေနဲ့ဖန်တီးတည်ဆောက်ထားတဲ့ အိုလံပတ်စ်ဆိုတဲ့ စိတ်ကူးယဥ်နိုင်ငံလေးက တစ်ကမ္ဘာလုံးကိုအုပ်ချုပ်လျက်ရှိပါတယ်ဒူနန်နွန့် ဆိုတဲ့အမျိုးသမီးစစ်သည်တော်လေးဟာ တိုက်ရည်ခိုက်ရည်မှာထူးချွန်တာကြောင့်ရော ချောမောလှပသောရုပ်ရည်ရှိတာကြောင့်ရော ထင်ရှားကျော်ကြားတဲ့သူပါ သူမကို သူမရဲ့ချစ်သူဟောင်းဖြစ်တဲ့ ဘရီယာရီယိုစ်က စစ်မြေပြင်ကနေ ကယ်ဆယ်ပြီး အိုလံပတ်စ်ကိုခေါ်လာပေးခဲ့ပါတယ် ဘရီယာရီယိုစ်ကယခုအချိန်မှာစက်ရုပ်ခန္ဓာကိုယ်တပ်ဆင်ထားရတဲ့စက်ရုပ်တစ်ပိုင်းဖြစ်နေပါပြီ အဲ့ဒီအိုလံပတ်စ်ဆိုတဲ့စိတ်ကူးယဥ်နိုင်ငံလေးမှာ လူသားတွေနဲ့ထပ်တူကျအောင်ဖန်တီးထားတဲ့ ဘိုင်အိုရွိုက်ဆိုတဲ့ လူသားကလုန်းတွေက လူဦးရေတစ်ဝက်လောက်ရှိပါတယ် "ဘိုင်အိုရွိုက်"တွေဟာ တိကျတဲ့ စိတ်ခံစားမှုတွေမရှိဘဲ သူတို့ရဲ့အဓိကတာဝန်က လူသားတွေအတွက် ငြိမ်းချမ်းမျှတအောင်ထိန်းညှိပေးဖို့ပဲဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာနေရာရထားတဲ့ ဘိုင်အိုရွိုက်တွေကို မကျေမနပ်ဖြစ်ပြီး အတိုက်အခံလုပ်နေတဲ့ လူသားတစ်စုလည်းရှိပါတယ် အဲ့ဒါကြောင့် လူသားနဲ့ဘိုင်အိုရွိုက်တွေ့ရဲ့ကြားမှာ တင်းမာမှုတွေ ပဋိပက္ခတွေရှိနေပါတယ် ဒူနန်တစ်ယောက် အိုလံပတ်စ်ကိုရောက်သွားပြီးနောက်မှာ အိုလံပတ်စ်ကိုထိပါးလာတဲ့ လူတစ်စုရဲ့တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရင်း သူမ,မမှတ်မိတဲ့ သူမရဲ့အတိတ်ကအကြောင်းတွေကိုပါ သိရှိလိုက်ရပါတယ်..... File size…(2.2 GB)/(1.2 ...
movie
Appleseed (2004)
7.6
Road to Ninja: Naruto the Movie(2012)
Naruto shippuden movie 6 : Road to Ninja ==================================Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်ကနာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece,bleach, naruto)ပါခဲ့ပြီး သူ့ခေတ်သူ့အခါအချိန်တုန်းကကြည့်ရှုသူတွေရဲ့ပါးစပ်ဖျားမှာ never give up,this is my way of ninja, Dattebayo 😅ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့အထိ motiပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အနေနဲ့လည်းကလေးဘဝကို ၃ကားထွက်ခဲ့ပြီး shippudenလူငယ်ဘဝကတော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ဒီကားကတော့ shippuden ရုပ်ရှင်တွေထဲမှာ ဆဌမကားဖြစ်ပြီးIMDb 7.6/10 My anime list 7.7/10ရထားပါတယ်ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့Konohaရွာကို Akatsukiကြေးစားအဖွဲ့က ဝင်တိုက်ခိုက်ပါတယ်။ ထူးဆန်းတာက Narutoတို့သုတ်သင်ခဲ့တဲ့Akatsukiအဖွဲ့သားအဟောင်းတွေပါ ပြန်ထွက်လာတာပါ။Narutoတို့တွေခုခံတာကြောင့် Akatsukiတွေဟာထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ညအချိန် Narutoနဲ့Sakuraနှစ်ယောက်ထဲရှိချိန်မှာ Madaraဟာပေါ်လာပြီး Narutoတို့ကိုကမ္ဘာတခုစီပို့လိုက်ပါတယ်။ အဲ့ဒီကမ္ဘာမှာ သေသွားတဲ့သူတွေဟာ မသေပဲဆက်ရှင်သန်နေပြီး Naruto ရဲ့မိဘတွေဟာလည်း အကောင်းအတိုင်းရှိနေဆဲပါ။ ကျန်တာတော့ကိုယ်တိုင်ဆက်ကြည့်လိုက်ပါ။ ဒီကားမှာသဘောကျမိတာကNarutoရဲ့မိဘတွေနဲ့အတူတူရှိချိန်မှာဖြစ်ပေါ်လာတဲ့ခံစားချက်တွေပါ။ တစ်ရှူးလေးဆောင်ပြီးကြည့်လိုက်ကြနော်။ File size…1.17GB / 600MB Quality…1080p ...
movie
Road to Ninja: Naruto the Movie(2012)
8.4
Violet Evergarden: The Movie (2020)
Violet Evergarden : The Movie(2020)---------------------------------------------------IMDb Rating - 8.4/10Rotten Tomatoes- 99%ဒီကားကိုတော့ အားလုံးသိကြမှာပါ။Release Dateပြန်ပြန်ရွှေ့ခဲ့ရပေါင်းလည်း မနည်းပါဘူး။2019ကတည်းက ထွက်လာခဲ့သင့်ပေမယ့် Kyoto Animationစတူဒီယိုမီးရှို့ခံခဲ့ရတာကြောင့်2020 ကိုမှ ထွက်လာနိုင်ခဲ့ပါတယ်။April 2020မှာ ရုံတင်ဖို့ စီစဉ်ထားပေမယ် ကိုဗစ်-၁၉ကြောင့် September အထိ ထပ်ရွှေ့သွားပါတယ်။အကြည်(CamRip)ကတော့ ဒီလမှ ထွက်လာတာပေါ့။ဒီကားက 2018က ထွက်ခဲ့တဲ့ Violet Evergarden စီးရီးနဲ့ 2019တုန်းက ထွက်ခဲ့တဲ့Violet Evergarden: Eternity and the Auto Memory Dollဇာတ်ကားရဲ့အဆက်ပါအဆက်ဆိုပေမယ့်လည်း ရှေ့ကားတွေမကြည့်ဘဲ ဒီတိုင်းတန်းကြည့်လို့ရတဲ့ကားပါဇာတ်လမ်းအကျဉ်းကတော့…Violet Evergardenက စစ်ဖြစ်နေချိန်အတွင်းမှာ လက်နက်အနေနဲ့ အသုံးချခံခဲ့ရတဲ့ ကလေးစစ်သားတစ်ယောက်ပါ။အဲ့စစ်ပွဲကြောင့်ပဲ သူလက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရတဲ့သူပါ။ စစ်ပြီးသွားတဲ့နောက်မှာတော့ ဆုံးရှုံးလက်နှစ်ဖက်လုံးနေရာမှာ လက်အတု(စက်)ကိုအစားထိုးခဲ့တယ်။ နောက်တော့ စစ်တုန်းက သိခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးအကူအညီနဲ့ ...
movie
Violet Evergarden: The Movie (2020)
2020
8
Perfect Blue (1997)
ℙ𝕖𝕣𝕗𝕖𝕔𝕥 𝔹𝕝𝕦𝕖 (𝟙𝟡𝟡𝟟) ===========IMDb Rating- 8/10 Rotten Tomatoes- 80% MyAnimeList- 8.5/10တစ်ခါတလေများ ရေသောက်နေရင်းဖြစ်ဖြစ် ထိုင်နေရင်းဖြစ်ဖြစ် ဆေးလိပ်သောက်နေရင်းဖြစ်ဖြစ် တစ်ချိန်ချိန်မှာ အတွေးဟာ အပြင်ကိုမရောက်ဘဲ အတွင်းထဲကို ရောက်သွားတဲ့ အခိုက်အတန့်တစ်ခုကို လူအတော်များများ ကြုံဖူးကြမယ်ထင်တာပဲ။ ကျွန်တော်တော့ ရံဖန်ရံခါဆိုသလိုဖြစ်တတ်တယ်။ အဲ့ဒီအခိုက်အတန့်ကလေးမှာ အတွေးဟာ ပြင်ပ အကြောင်းအဖြစ်တွေဆီ ရောက်မသွားဘဲ "ငါ"ဆိုတဲ့ အတွင်းကအရာဆီပြန်ရောက်သွားတယ်။ အဲ့ဒီအခိုက်အတန့်ဟာ တကယ့်ကိုခဏလေး ဒါပေမဲ့အတော်ကြာသလိုလည်းခံစားရတယ်။ အတိအကျတော့မပြောတတ်တော့ပေမဲ့ သေချာတာကတော့ အဲ့ဒီအချိန်မှာဖြစ်တဲ့ ခံစားမှုဟာ "ငါ"ဆိုတာရဲ့လုံး၀ကိုအဓိပ္ပာယ်မဲ့နေမှုကြီး။ ဒီခန္ဓာဒီနာမည်နဲ့လူဟာ ငါဟုတ်ရဲ့လားတောင် တွေးမိတဲ့အထိပဲ။ ကိုယ်ရှင်နေတဲ့ ဘ၀ကြီးကို အရှိတရားရောဟုတ်ရဲ့လားလို့ သံသယ၀င်မိတဲ့ အခိုက်အတန့်တစ်ခုလို့ဆိုရမယ်။အဲ့ဒီလိုအခိုက်အတန့်ကို ခံစားဖူးတဲ့လူတိုင်း ဒီAnimeထဲက ဇာတ်ကောင်ရဲ့ ဘ၀ကို နားလည်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီထဲကဇာတ်ကောင်ကို နားလည်သွားရင် ဒီ Anime ဟာ ခင်ဗျားအတွက် တကယ့် Masterpiece တစ်ခုဖြစ်သွားမှာတော့ သေချာတယ်။သတိထားမိသလောက်ဆိုရင် တစ်ချို့ဒါရိုက်တာတွေဟာ လူ့ဘ၀လို့ ကျွန်တော်တို့အားလုံး ခေါ်ကြတဲ့အရာဟာ အရှိတရားဟုတ်ရဲ့လား? အိပ်မက်တစ်ခုများလား? ဆိုတဲ့ တူညီတဲ့ သံသယတစ်ခု သူတို့ခေါင်းထဲရှိနေတာ သူတို့ရုပ်ရှင်တွေမှာ အတော်တွေ့ရတယ်။Satoshi Kon ဟာလည်း အဲ့ဒီလို အရှိတရားကို သံသယ၀င်တဲ့သူတွေထဲက တစ်ယောက်ပဲလို့ ကျွန်တော်တော့ယုံတယ်။ Perfect Blue မှာ အရှိတရားကို ဝေခွဲဖို့ အတော်ခက်တယ်။ လက်တွေ့မှာ အရှိတရားကိုယ်တိုင်ကလည်း ဝေခွဲဖို့ခက်တဲ့အတွက် အရှိတရားကို ဝေခွဲရခက်တဲ့ရုပ်ရှင်တွေဟာ ကျွန်တော်တို့ စိတ်တွေကို တစ်နည်းတစ်ဖုံနဲ့ ဖမ်းစားထားနိုင်ခဲ့တယ်။Black ...
movie
Perfect Blue (1997)
1997